Skip to product information
1 of 3

Other Websites

နီကိုရဲ - ဒုတိယသစ်ခက်ငါး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          “ဒီကားက အစ်ကို့ကားလားဟင်"

          အောင်ခန့်စကားကြောင့် ရွှေဘုန်းလူက လှည့်ကာကြည့်သည်။ မျက်မှောင်ကို အနည်းငယ် ကြုတ်ကာထားသဖြင့် အသိအကျွမ်း မဟုတ် ဘဲ အတင်းလာရောက် စပ်စုသော လူနှစ်ယောက်ကို မကျေနပ်ဟန်လည်း ရှိသည်။

          “တစ်မျိုးမထင်ပါနဲ့ အစ်ကိုရာ၊ အစ်ကို့ကားက ကြည့်ရတာ အရမ်းခန့်လို့ သဘောကျပြီး လာမေးတာပါ... အရမ်းသဘောကျတယ် "

          ရည်ရည်မွန်မွန်နှင့် အထင်ကြီးအားကျသော မြတ်ဆွေလေသံကို ကြားတော့မှ ရွှေဘုန်းလူ မျက်မှောင်ကြုတ်တာကို ဖြေသည်။ ဘာမှတော့ မပြော သစ်ခက်ရှေ့မှာ သူပိုင်ဆိုင်သော ကားကို မက်မက်မောမော လာရောက်ချီးကျူးတာကိုတော့ သဘောကျ ကျေနပ်ဟန်ရှိသည်။

           “ဒီကောင် ဘယ်လောက်ရှိလဲ အစ်ကို"

           အောင်ခန့်က ကားဘော်ဒီကို လက်နှင့် မရဲတရဲ ပွတ်ကြည့်ကာမေးသည်။ ရွှေဘုန်းလူ နှုတ်ခမ်းကလေး တွန့်ကာပြုံး၏၊ ဘာမှတော့ ပြန်မပြော။ ပုဆိုးတစ်ပတ်နွမ်း ဝတ်ထားတဲ့ ကျောင်းသားနှစ်ယောက်ကို သူ့ကားစျေး ပြောနေလို့က လေကုန်ရုံသာ ရှိမည်ဟု ရွှေဘုန်းလူက တွက် ပုံရသည်။

          “ဝယ်နိုင်လို့တော့ မဟုတ်ပါဘူးဗျာ၊ ဒီကောင်က နှစ်ရာကျော် လောက်တော့ ရှိမယ်တဲ့၊ ကျွန်တော်က မကနိုင်ဘူး ပြောတာ သူက မယုံလို့ပါ "

          ရွှေဘုန်းလူ ဆတ်ခနဲ တွန့်ကာသွား၏၊ သူ့နှုတ်ခမ်းက အပြုံး လည်း ပျောက်သွားကာ ခေါင်းကို ခါယမ်းရင်း...

          “ဟိုက, လှမ်းမှာတာ၊ ဒီအရောက် (၈၀၀)လောက် ကျတယ်၊ ကိုယ့်စိတ်တိုင်းကျ ဆင်ပြီး လိုအပ်တာတွေ ထပ်ထည့်တာနဲ့ဘာနဲ့ဆို (၈၅၀)လောက် ကျတာပေါ့။”

          “အား... (၈၅၀)"

          မြတ်ဆွေက ပခုံးကို ကြောက်လန့်စွာ တွန့်ရင်း ကားကို ဖွဖွ ကလေး ကိုင်ပြန်သည်။ အောင်ခန့်နှင့်မြတ်ဆွေ အနားကို ရောက်လာ ကတည်းက တစ်ခုခု လုပ်တော့မည် ဆိုတာကို သစ်ခက် သိပါသည်။ သို့သော် ဘာလုပ်မလဲဆိုတာကိုတော့ သစ်ခက် မခန့်မှန်းတတ်။ ငါ့ကို ဘာမှမလုပ်ပါနဲ့ဟု သေသေချာချာ ကတိတောင်းထားရက်နဲ့၊ ဘာမှ ရုပ်ပျက်ဆင်းပျက် မဖြစ်ပါစေနဲ့ ဟုပဲ သစ်ခက် ဆုတောင်းနေရသည်။

          “ ကိုယ်ပြောတာ မကြားဘူးလား သစ်ခက်လေး " .

          ရွှေဘုန်းလူက ရုတ်တရက် ပခုံးကို လာကိုင်သဖြင့် သစ်ခက် တွန့်ကာသွား၏၊ ကိုယ်ကလည်း ဆတ်ခနဲ နောက်သို့ ကြိုးပစ်လိုက်သည်။

          “ ဘာလဲ... ဘာပြောလိုက်တာလဲ၊ မကြာဘူး ”

-           သူ့ပခုံးကို ထီမီတာနှင့် သစ်ခက် နောက်တစ်လှမ်း ဆုတ်သွား ကာ လေသံနည်းနည်းမာသွားတာကို ရွှေဘုန်းလူ သိလိုက်သည်။ စိတ်ထဲ မှာ မခံချင်တော့ ဖြစ်သွားမိ၏ ဒီလောက်ကလေးမှပင် သူ့မှာ အခွင့် အရေး မရှိတော့ဘူးတဲ့လား၊ သူ့စိတ်ကို သူ အချိန်မီ ထိန်းလိုက်သည်။ ကိုယ် အရမ်းလိုချင်နေသောပစ္စည်းက ဈေးသိပ်ကြီးနေလျှင် ဘယ်လိုနေရ မည်ဆိုတာကို စီးပွားရေးသမားဖြစ်သည့် သူ နားလည်ပါသည်။

          သစ်ခက်လေးကလည်း... ကိုယ်ပြောတာက သစ်ခက်လေး ဗိုက်ဆာနေရင် ဒီမှာပဲ စားမလား၊ မြို့ထဲမှာပဲ စားမလားလို့...”

          " ဟင့်အင်း... ဒီမှာလည်း မစားဘူး။ မြို့ထဲမှာလည်း မစားဘူး။ ဘယ်မှမသွားတော့ဘူး”

          “ ဟာ... သစ်ခက်လေးကလည်း ဒီလိုမလုပ်နဲ့လေး ကိုယ် သစ်ခက်ကို ပြောစရာရှိတယ်လို့ ပြောထားတဲ့ဥစ္စာ"

          “ရှေ့ ဘန်ကာက တော်တော်မိုက်တယ်ကွာ၊ အဲဒါကြောင့် ပိုခန့် နေတာက္ခ”

          ' တော်ရုံ အက်စီး ဒင့် လောက်ဆိုရင် ကားဘော်ဒီကို မထိတော့ဘူးပေါ့ကွာ”

          ရွှေဘုန်းလူက သစ်ခက်ကို ပြုံးကြည့်နေသည်။ သူ့ကားကြီးကို တအံ့တသြ ငေးမောကာ ချီးကျူးနေသော စကားများအပေါ် အလွန် ဂုဏ်ယူနေဟန်လည်း တူ၏။ သစ်ခက်ကတော့ ရင်တထိတ်ထိတ် တုန်ကာ နေသည်။ အောင်ခန့်နှင့် မြတ်ဆွေတို့ ဘယ်လို ဉာဏ်နီ၊ ဉာဏ်နက် ဉာဏ်ပြာ၊ ဉာဏ်ဝါတွေနှင့် ဒုက္ခပေးမှာလဲဆိုတာကို သူလည်း မခန့်မှန်း တက် ပြီးတော့... ငါး ၊ ငါး ဘာတွေကြံစည်ပြီး လွှတ်လိုက်သလဲ။

          ဖြစ်နိုင်ရင်တော့... ဒီကိစ္စမှာ ငါးနှင့်ဒီလူ့ကို ထိပ်တိုက် မတွေစေချင်ပါ။ သူ့ဘာသာသူပဲ ဖြေရှင်းချင်ပါသည်။ ဘယ်လောက်ညံ့သည့် မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်နှလုံးသားနှင့် ဣနြေကို ချက်ချင်းကာကွယ်နိုင် သော စွမ်းရည်ရှိကြသည် မဟုတ်လား။

          အောင်ခန့်နှင့် မြတ်ဆွေက ရောက်လာကတည်းက သစ်ခက်ကို - လုံးဝမသိသောပုံစံမျိုးနှင့် ဆက်ဆံခဲ့သဖြင့် အခုချိန်မှ “နင်တို့ သွားကြတော့” ဟု ဆိုလျှင် ရွှေဘုန်းလူက သူ့ကို မသင်္ကာ ဖြစ်တော့မည်။ ဒီတော့ ရင်တထိတ်ထိတ်ဖြင့် စောင့်နေရုံမှလွဲ၍ ဘာမျှမတတ်နိုင်တော့။

          " သစ်ခက်... ကားပေါ် တက်လေ၊ ကိုယ်ပြောတာ ကြားရဲ့လား "

          ရွှေဘုန်းလူက သူ့ပခုံးကို ဒုတိယအကြိမ် လာထိပြန်သဖြင့် ပခုံးကို တစ်ချက်ရုတ်ကာ အသိပြန်ဝင်လာသည်။ ခေါင်းက တစ်ဆက် တည်း ခါပြီးသားလည်း ဖြစ်၏။

          “ဟား.. သစ်ခက်ကကွာ”

          “ ဟာ... မြတ်ဆွေ၊ ဒီမှာ ရှေ့ မီးလုံးကြီး ကွဲနေပါလားကွ၊ ဒီမှာ ကြည့်စမ်း”

          “ဘာ . . မီးလုံး၊ ဟေ့ကောင် သွားမကိုင်နဲ့၊ ကိုယ့်ကြောင့် ဖြစ် နေဦးမယ်၊ သွားမကိုင်နဲ့... မကိုင်နဲ့”

          သစ်ခက်ကို အိုက်တင်ပေးနေရာမှ ရွှေဘုန်းလူ ဆတ်ခနဲ တွန့် ကာသွား၏။

          ကားမီးလုံး... မီးလုံးကွဲတယ်ဆိုပါလား။ သူ့ကားရှေ့မီးလုံး တစ်စုံတန်ဖိုးက အနည်းဆုံး သိန်း(၂၀)အထက်မှာ ရှိသည့်အတွက် သစ်ခက်ကိုပင် ခဏမေ့ကာ ကားရှေ့သို့ ဝုန်းခနဲ ရောက်ကာသွားသည်။

          “ဘာကွဲတာလဲ. . . ဘယ်မှာလဲ... ဘယ်မှာလဲ"

,           " ဒီမှာ... ဟောဒီမှာ "

          ရွှေဘုန်းလူ  မွှန်ထုကာသူများသည်။ သူ့ကားရှေ့ မီးလုံးမှာ အနက် ရောင် အစင်းကြီး။ ဒီနှစ်ယောက် သူ့ကားကို တစ်ခုခုများ လုပ်သလား။ ဒီနှစ်ယောက်ကို အစကတည်းက မသင်္ကာထားသဖြင့် မလွတ်အောင် သတိတစ်ချက် ထားရင်း သမီးလေးကို အသာကိုင်ကြည့်ရသည်။ ဒီတော့မှ အနက်ရောင် အပ်ချည်ကြိုးကလေးတစ်ချောင်း ကပ်နေခြင်းသာ ဖြစ် သည်။

          “ ဟာ... အပ်ချည်ကြိုးပါဗျာ ခင်ဗျားတို့ကလည်း  "

          ဒီတော့မှ ကျောင်းသားနှစ်ယောက်က သူ့ကို စပ်ဖြဲဖြဲနှင့် ကြည့် သည်။ ပြီးတော့..... တစ်ယောက်နှင့်တစ်ယောက်လည်း လှည့်ကာပြုံးပြ ကြသည်။

          “ တော်ပါသေးရဲ့ဗျာ... လန့်သွားတာပဲ ”

          ရွှေဘုန်းလူ ဒီနှစ်ယောက်ကို သိပ်သဘောမကျချင်တော့ သူ့ ကားကို စိတ်ဝင်စားလို့ စပ်စုတာ မဟုတ်ဘဲ တမင်ပြဿနာ ရှာနေသလို  ခံစားရသည်။ သူ မျက်နှာကို တင်းကာ သစ်ခက်အနား ပြန်လာရင်း..

          "  ကဲ ...  သစ်ခက်၊ ကားပေါ် တက်ကွာ၊ တစ်နေရာ သွားရ အောင် "

          “ Sorry နော် အစ်ကို၊ ကျွန်တော်တို့က ကွဲနေတယ် ထင်လို့

          “ ရတယ်... ကိစ္စမရှိဘူး၊ ကဲ... သစ်ခက်၊ ကားပေါ် တက် ကွာ ”

          ပြဿနာ စပြီဟု သစ်ခက် သဘောပေါက်က ဒီထက် ပိုလက်မလွန်ခင် ရွှေဘုန်းလူကို ဆွဲထုတ်သွားတာ အကောင်း ခင်း သဘောထားပြီး သစ်ခက် ကားပေါ် တက်ရန်အသွားတွင်.....

 

          “ အာ... ခွေးချေးနံ့ နံတယ်ကွ၊ ဟေ့ကောင် အောင်ခန့်၊ မင်းနင်းထားသလား ”

          မြတ်ဆွေ၏အထိတ်တလန့် အော်သံကြောင့် လေးယောက်စလုံး ခဏငြိမ်သွားပြီး တစ်ယောက်နှင့်တစ်ယောက် ကြည့်ကြသည်။ ဟုတ် သည်။ မြတ်ဆွေ အော်သောအနံ့က အားလုံး၏နှာခေါင်းဝမှာ ရွှင်ရွှင်ပျပျ ကြီးကို ရကာနေသည်။

          အောင်ခန့် အထိတ်တလန့်ဖြစ်ကာ သူ့ဖိနပ်ကို မရဲတရဲ လှန် တာကြည့်၏။

          “ မဟုတ်ပါဘူးကွ...  ခွီးပဲ.. မင်းနင်းတာ ဖြစ်မှာပေါ့ "

          မြတ်ဆွေကလည်း သူ့ဖိနပ်ကို ခပ်ဖြေးဖြေး လှန်ကာကြည့် သည်။ နှစ်ဖက်စလုံး ဘာမှမရှိ

          “ ငါလည်း မဟုတ်ဘူးကွ... နံလိုက်တာကွာ "

          စကားဆုံးသည်နှင့် မြတ်ဆွေနှင့် အောင်ခန့်တို့နှစ်ယောက် မျက် လုံးများက ရွှေဘုန်းလူကို စူးစူးစိုက်စိုက် ကြည့်လိုက်ကြသည်။ အနံ့က လည်း ကြိုင်လှိုင်နေတုန်း။ သစ်ခက်ကလည်း လက်ကိုင်ပုဝါနှင့် နှာခေါင်း ထို ပိတ်ထားရင်၊ ရွှေဘုန်းလူကို လှမ်းကြည့်သဖြင့် ရွှေဘုန်းလူလည်း သူ့တာဝန်အရ သူ့အကောင်းစား ခွာမြင့် ဒေါက်ထူ ရှူးဖိနပ်ကြီးကို လှန်ကာကြည့်ရသည်။

          “ ဟာ... အများကြီးပဲ ရွံစရာကောင်းလိုက်တာကွာ၊ ရွံစရာကြီး လာလာ... ဟေ့ကောင်”

          ရွှေဘုန်းလူ လူအဖြစ်မှ ခဏသတိပျောက်ကာသွား၏။

          သတိရတော့ ရှက်စိတ်က သူ့ဘဝကို အားနှင့်အင်နှင့် ဝင်ကာ ကိုက်သည်။ မယုံကြည်နိုင်စိတ်နှင့် ထပ်ကြည့်တော့ သူ့ ဖိနပ်နှစ်ဖက်စလုံးမှာ မြင်မကောင်းအောင် ပေပွကာ နေ၏။ မြင်ကွင်းနှင့် အနံ့အသက်ကြောင့် ပျို့ကာ အန်မီတော့မလို ဖြစ်သွားသည်။ သစ်ခက်က လက်ကိုင် ပုဝါကို ခပ်တင်းတင်း အုပ်ထားကာ သူနှင့် ဝေးရာသို့' ပြေး၏။

          ဟိုလူနှစ်ယောက်,,,

          သတိရသဖြင့် ကားရှေ့ကို လှမ်းကြည့်တော့ အားရပါးရ နင်း ထားသော သူ့ ဖိနပ်ခြေရာကို တွေ့သည်။ သူ စနစ်တကျ အလုပ်ကြံခံ လိုက်ရပြီဖြစ်ကြောင်း ကောင်းကောင်း သဘောပေါက်သွား၏။          

          အဆိုးဝါး ဆုံးက ဖိနပ်အောက်အထိ ရောက်နေသော သူ့ဂျင်းဘောင်းဘီအနား များ...

          “ တောက်... တော်တော်ရိုင်းတဲ့ကောင်တွေကွာ၊ သစ်ခက်... ခဏလေး. .. စောင့်၊ ဏေလေး "

          သစ်ခက်ကို 'အော်ပြီး သူပြေးထွက်ခဲ့သည်။

          ပြေးထွက်သည်ဆိုသော်လည်း အများဆုံး နင်းမိထားသော ညာ ဖက်ခြေထောက်ကို ကြွကာ ဘယ်ခြေတစ်ဖက်တည်းနှင့် ခြေတစ်ပေါင်ကျိုး ခုန်ပြီ၊ သွားဖို့ သူ သတိမမေ့ခဲ့ပါ။ မဟုတ်လျှင် သူ့ဘောင်းဘီတွေ `ဒီထက်ဝေပြီး သူ့ကို စီအနံ့က နှိပ်စက်တော့မည် မဟုတ်လား။

          သူ ဒေါသနှင့် ဘေးဘီရှိ လူတွေကို ရပ်ကာကြည့်သည်။

          ခုနက ကျောင်းသားနှစ်ယောက်ကို မတွေ့တော့။ တွေ့လည်း - မှတ်မိမည် မထင်၊ ဒေါသနှင့် ရှက်စိတ်ကြောင့် သူ မြင်ရသောလူ၊ အရာဝတ္ထုအားလုံး ရောထွေးပူးကပ်ကာ ဝေ့ဝါးနေကြသည်။

          ရေ   ရေ. . . ဘယ်မှာ ရမလဲ။ သစ်ခက်ကို သတိရတော့ ရှက်စိတ်နှင့် ခြေတစ်ပေါင်ကျိုး ခုန်ကာ သူ ရှေ့သို့ ဆက်ကာလျှောက်သည်။

          တစ်ခုကို သတိရသော်လည်း တစ်ခုကိုတော့ သတိမေ့သွားခဲ့သည်။

          သတိရသည့်အချိန်မှာ သူ နောက်ကျသွားပြီဖြစ်၏။ သူ ခြေ တစ်ပေါင်ကျိုး ခုန်နည်းဖြင့် ခုန်ဆွခုန်ဆွ သွားနေသောနေရာက ကျောင်း သားတွေ၊ ကျောင်းသူတွေ တော်တော်စည်ကားသည့် ကန်တင်းရှေ့ ဖြစ်နေသည်။

          မကြာသေးမီအချိန်က အကောင်းစား ကားကြီးထဲ ဝင်လိုက်၊ Hand phone ကို ဖွင့်ဆက်လိုက်နှင့် စတိုင်လ်ကျခဲ့သော လူတစ်ယောက် ခြေတစ်ပေါင်ကြီး ခုန်ခုန်လာနေသည်ကို နားမလည်နိုင်စွာ ဝိုင်းကြည့်နေ ကြသော ကင်န်တင်းထဲမှ ကျောင်းသူများကို တွေ့ရတော့ သူ့မျက်နှာကို နပန်းသမားကြီးတစ်ဦးက ဖြန်းခနဲ ရိုက်ချခံလိုက်ရသလို ဖြစ်တာသွား သည်။ သူ လှုပ်လည်း မလုပ်ရဲ ပြန်လည်း မထွက်ရဲဘဲ ကြောင်ကာ ရပ်နေမိသည်။

          ကျောင်းသား ကျောင်းသူတွေက သူ့ကို ကြည့်သည်။ သူက္ ကျောင်းသားကျောင်းသူတွေကို အသိစိတ်ကင်းမဲ့စွာ ပြန်၍ကြည့်နေသည်။ ထိုအချိန်တွင် ကမ္ဘာလောကသည် တိတ်ဆိတ်ကာ နေ၏။

          " ဟေ့လူ ဟေ့လူ ၊ ဘာဖြစ်တာလဲ”

          သူ့ပခုံးကို ကိုင်ကာ မေးသူကြောင့် သူ အ သိပြန်ကာ ဝင်လာသည်း

          “ ခင်ဗျား ဘာဖြစ်တာလဲ၊ ခြေတစ်ပေါင်ကျိုး ခုန်လို့ရယ်.. ဘာဖြစ်တာလဲ"

          ထိုသူက သူ့ပခုံးကို လှုပ်ကာမေးသည်။

 

          “ ဟို.. ဟို... ခွေးချေး... ခွေးချေး..."

          “ အဟား. . . ဪ. . သိပြီ... သိပြီ၊ ခွေးချေးဆိုတာ စာရွက် မှာ ရေးပြီး ပြောင်းပြန်ထောင်ကြည့်ရင် ၉၅၊ -၉၅ပြား ဖြစ်တယ်လေဗျာ၊ ငယ်ငယ်တုန်းကတည်းက ကျောင်းမှာ စနေကျပဲ၊ အဲဒါနဲ့ ခင်ဗျားက ဘာဖြစ်လို့ ခြေတစ်ပေါင်ကျိုး ခုန်နေရတာလဲ"

          ရွှေဘုန်းလူ တော်တော် စိတ်ညစ်ကာ သွား၏။ ဘယ်လိုလူနဲ့ လာတွေ့နေပါလိမ့်။ ချွေးသီးချွေးပေါက် ကျလာသော်လည်း ဒီလူ့ကို သူလက်မလွှတ်ရဲ။ လက်မောင်းကို ဖမ်းကိုင်ထားရသည်။ ဒီကျောင်းမှာ သူ့အသိ တစ်ယောက်မှ မရှိ၊ သူ့ကို ကူညီမည့်သူ တစ်ဦးမျှမရှိ ။

          “ အစ်ကိုရာ... ကျွန်တော်ကို တစ်ခုကူညီပါဗျာ ကျွန်တော်... တို... ဟို ခွေးချေးနင်းမိလို့ ကောင်မလေးကလည်း ပါလာတော့ အဲဒါ .. ။

          “နင်းမိလို့... ဒါနဲ့ ခင်ဗျားက ဘာဖြစ်လို့ ခြေတစ်ပေါင်ကျိုး ခုန်နေရာလဲ”

          " ကျွန်တော်... ရေ .. ရေလိုချင်လို့ပါ အစ်ကိုရာ၊ ကျွန်တော့် ကို ကူညီပါ... ကူညီပါ အစ်ကို”

          “ ဟာ. . . ရေလိုချင်တာများကွာ၊ ကင်န်တင်းဘက် လာရတယ် လို့ ငတုံးရဲ့၊ ဟိုမှာ အင်းယားကန်ကြီးကို ဟီးလို့ မင်းတော်တော်ကြောင် တဲ့ကောင်ပဲ၊ ငပေါ... ငရူး လာ.. လာ...ငါနဲ့ လိုက်ခဲ့ မင်းကို ဝိုင်းကြည့်နေတဲ့လူတွေ မနည်းဘူး၊ ကြောပါ့  အသုံးမကျပါ ငါ့လူရာ... လာ၊ ခြေတစ်ပေါင်ကျိုး မခုန်နဲ့၊ ငါ့လက်မောင်းကို ကိုင်ပြီး ဣန္ဒြေမပျက် ခပ်ဖွဖွ လျှောက်ပြီး လိုက်ခဲ့”

          ရွှေဘုန်းလူဆိုသောလူ၏ဘဝမှာ ပထမဦးဆုံးအကြိမ် လူတစ်ယောက်ကို အသနားခံ တောင်းပန်ဖူးခြင်းဖြစ်ပြီး ပထမဦးဆုံးအကြိမ် သူ့ကို ပက်ပက်စက်စက် ငကြောင်၊ ငပေါ အရူး ဟု အပြောခံရ ခြင်းလည်း ဖြစ်ပါသည်။ သို့သော်... မတတ်နိုင်း သူ့ကို ကူညီတာကို တင် ကျေးဇူးတင်ရဦးမည်။ တစ်ယောက်တည်းဆိုလျှင် သွားပြီ။ ရွှေဘုန်းလူ ထိုသူ့လက်မောင်းကို မလွှတ်တမ်း ဆုပ်ထားကာ ညာခြေကို ခပ်ဖွဖွ နင်းကာ လျှောက်ရ၏။ ကင်န်တင်းထဲက သူ့ကို ဝိုင်းကြည့်နေသော မျက်ဝန်းများကို မမြင်ရအောင် ခေါင်းကိုလည်း ငါ့ကာ ထားရသေးသည်။

          ပထမ....မြတ်ဆွေနှင့်အောင်ခန့် နှစ်ယောက်၊ သစ်ခက်နှင့် ဟိုကောင်အနားကို သွားကတည်းက ပြဿနာက စပြီဟု  စိုးချိန် သိသည်။ သို့သော်... ဘာဆက်လုပ်ကြမည် ဆိုတာကိုတော့ သူမသိ၊ ဘာတွေ ဖြစ်ကုန်ကြမှန်းလည်း သူမသိ။ ခဏကြာတော့ ဟိုကောင် ခြေတစ်ပေါင် ကျိုး ခုန်သည်။ မြတ်မိုးနှင့် တွေ့ကာ မြတ်မိုးက ခေါ်ထုတ်သွား၏။ သစ်ခက်က ကားနှင့် ခပ်လှမ်းလှမ်းမှာ ရပ်ကာနေသည်။ သူ ဘာလုပ်ရ မည်နည်း။

          “ ကဲ... ဟောဒီမှာ အင်းယားကန်ကြီးဗျာ၊ စိတ်ကြိုက်ဆေးပေတော့ "

          မွှန်ထူနေသော ရွှေဘုန်းလူ ညာဘက်ဖိနပ်ကို ချွတ်ကာ အုပ် ပတ်ထားသော ကန်ဘောင်ပေါ် ငုတ်တုတ်ထိုင်ရင်း ဆေးရန် လုပ်နေစဉ် ဇက်ပိုးကို အတုပ်ခံလိုက်ရ၏။ ။

           “ဟင်... ငတုံး .. ငပေါ... အရူး ဒီလိုဆေးလို့ မင်းကို လူ တွေ မြင်ကုန်မှာပေါ့ကွ ဒါလောက်တောင် မသိဘူးလား၊ ဟောဒီမှာ ကန်ဘောင်ပေါ်ကို ခြေနှစ်ချောင်း ဖင်ချပြီးထိုင် မင်းဖိနပ်ကို အသာလေး ချွတ်၊ ရေထဲ စိမ်ပြီး ကန်ဘောင်နဲ့ မသိမသာ တိုက်ဆေး... ဟုတ်ပြီလား..."

 

          ဇက်ပိုးအအုပ်ပါ ခံလိုက်ရသဖြင့် ဒေါသ ထောင်းခနဲ ထွက်သွား သော်လည်း ဘာမှပြန်မပြောသာ။ ထိုကျောင်းသား ခိုင်းသည့်အတိုင်းသာ လိုက်လုပ်ရသည်။

          “ အေး... အေး... ဟုတ်ပြီ၊ ငါ ဒီဘက်က လူကာပေးရင်း ရပ်နေမယ် သိလား၊ အေးအေးဆေးဆေး စင်အောင်ဆေး"

          အောင်ခန့်နှင့် မြတ်ဆွေက အင်းယားကန်နှင့် ပန်းခြံလုံခြုံရေး တာဝန်ကျ ၀န်ထမ်းအနီးတွင် ရပ်လိုက်ကြသည်။

          “ အစ်ကိုကြီး... ဟိုးမှာ ကန်ဘောင်ပေါ် ထိုင်နေတဲ့ကောင် တွေ့လား”

           လုံခြုံရေးဝန်ထမ်းက မျက်မှောင်ကြုတ်ကာ အောင်ခန့်တို့ကို ကြည့်သည်။

          “ အဲဒီကောင်က ကျွန်တော်တို့ ကျောင်းသားတွေ အမြတ်တနိုး တန်ဖိုးထားတဲ့ ဒီအင်းယားကန်ကြီးကို ဖျက်ဆီးနေတာ အစ်ကိုကြီး”

          “ ဟ... သူ့ဘာသာသူ ထိုင်နေတာ မဟုတ်လား "

          ဖိနပ်ကို ရေထဲမှာ နှစ်ကာလှုပ်ကာ ကန်ဘောင်နှင့် တိုက်ဆေး သော်လည်း အောက်ခြေအခံ ခွာထဲမှာ ဝင်နေသော ပစ္စည်းတွေက တော်တော်နှင့်မထွက်။ လက်နှင့် ကိုင်ကာ ဆေးဖို့ မဆိုထားနှင့် ပြောင်ပြီး လားဟု လှန်ကြည့်ရုံနှင့်ပင် သူ အန်ချင်လှပြီ။ ဒီတစ်ကြိမ်တော့ ခွာထဲမှာ ဝင်နေတာတွေ ထွက်ကျအောင် အားနှင့် လှုပ်ကာ ဆေးပစ်လိုက်သည်။

          ထိုစဉ်... ။

          “ မောင်ရင်...ဒါဘာလုပ်တာတုန်း”

          မေးသံကြောင့် မော့ကြည့်တော့ စည်ပင်ဝတ်စုံနှင့် ဝန်ထမ်းတစ်ဦးကို တွေ့ရသည်။

          “ ဟို... ကျွန်တော်... ဟိုလေ..."

          “ မင်း ဟိုမှာရေးထားတဲ့ ဆိုင်းဘုတ်ကို မတွေ့ဘူးလား။ ကန်ထဲကို မသန့်ရှင်းတဲ့အခိုက် မပစ်ရဘူးဆိုတာ..."

          “ ကျွန်တော် ဘာအမှိုက်မှ မပစ်ပါဘူး" ။

          ဝန်ထမ်းက မျက်မှောင်တစ်ချက်ကြုတ်ကာ သူ့ခြေထောက် နှစ်ဖက်ကို ကျော်ပြီး ရေကန်အစပ်ကို ကြည့်သည်။ ပြီးတော့ သူ့ကို ကြည့်ကာ တစ်ချက်ပြုံးသည်။

          “ ဟိုကောင်တွေ သတင်းပေးသွားတာ မှန်သားပဲ၊ မင်း ညစ်ညစ် ပတ်ပတ်တွေ တက်နင်းလာပြီး ကန်ထဲကို ဖိနပ်နှစ်ဆေးနေတာ မဟုတ်လား "

          ရွှေဘုန်း ဘာတစ်ခွန်းမှ ပြန်မပြောနိုင်တော့။ ခုနက ကူညီ သော ကျောင်းသားကို အားကိုးတကြီး လှမ်းရှာတော့ မရှိတော့၊ ကားဆီ လှည့်ကြည့်လိုက်တော့ သစ်ခက်ကိုလည်း မတွေ့ရတော့။

          “ ကဲ... မောင်မင်းကြီးသား၊ လာ... အုပ်ချုပ်ရေးမှူး ရုံးခန်း ထဲသာ လိုက်ခဲ့တော့”

 

          “ အဲဒီကောင်ရဲ့ နေပုံထိုင်ပုံ ကြည့်မရတာရယ်၊ စိုးချိန် ဖြစ်နေပုံ ကို မကြည့်ရက်တာရယ်ကြောင့် ငါတို့သုံးယောက် တိုင်ပင်ပြီး လုပ်ကြတာ အဲဒီကိစ္စကို စိုးရှိန် ဘာမှမသိဘူး”

          မြတ်မိုး စကားကြောင့် ဒေါသဖြစ်နေသော သစ်ခက်မျက်နှာ ငြိမ်ကျသွားသည်။ ပန်းခြံထဲကို ရောက်ကတည်းက စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းငိုက်စိုက်ချထားသော စိုးချိန်ကို သစ်ခက် အသာ ကြည့်ရင်း စိတ်မကောင်း ဖြစ်ကာသွားသည်။

          “သစ်ခက် စိတ်ဆိုးတာက ဟိုကောင့်ဘက်က မခံနော်လို့ မဟုတ် ဘူးနော် ငါး၊ ဒီအဖြစ်တွေကတစ်ဆင့် သစ်ခက်နဲ့ငါးအကြောင်းကို သိသွား ပြီး ကို သွားချွန်မှာစိုးလို့ပါ၊ သစ်ခက်နဲ့သူနဲ့ ရှိနေတဲ့အချိန်မှာ ငါး ဘယ်လိုခံစားရမလဲဆိုတာ သစ်ခက် နားလည်ပါတယ် ငါးရယ် ”

သစ်ခက်က သူ့လက်ကလေးကို အသာဆုပ်ကိုင်ကာ သူ့ ပခုံး ဦးစွန်းကို မှီရင်း ငြိမ်ကာသွား၏။ သူ သစ်ခက် လက်နုနုကလေး

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)