Skip to product information
1 of 3

Other Websites

နီကိုရဲ - ဇွတ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

( ၁ )

          တိတ်ဆိတ်နေသော အဆောင်ထဲသို့ ပျော်ရွှင်စွာဝင်လာသော တင်မောင်မင်းသိမ်းသည် အဆောင်တွင်ရှိသည့် ခုတင်လေးလုံးအနက်ထောင့်ဘက် ပြတင်းပေါက်နှစ်ပေါက်နှင့် ဆုံရာဖြစ်သော ခုတင်ပေါ်တွင် တင်ထားသည့် ဖာကြီးတစ်လုံးကို တွေ့လိုက်ရသောအခါ ဒေါသအမျက် ချောင်းချောင်း ထွက်သွားလေသည်။

          မနှစ်ကတည်းက တင်အောင်မင်းသိမ်းက ဒီအဆောင်မှာ နေခဲ့ သည်။ အပြင်ဆောင်ဆိုသော်လည်း သူတို့အဆောင်ပိုင်ရှင် အဘွားကြီးက အေးဆေးသည်။ ဒီအဆောင်မှာလည်း မနေ။ တခြားရပ်ကွက်တွင် အိမ် တစ်လုံးနှင့် နေ၏။ ပေလေးဆယခြောက်ဆယ် ခြံထဲတွင် သစ်သားအိမ် ကလေးတစ်လုံးရှိပြီး တစ်အိမ်လုံးမှာ လူလေးယောက်သာ ထားသည့် အတွက် သူတို့ နေရထိုင်ရ ချောင်ချိသည်။ ကျန်သည့်အဆောင်တွေဆို လျှင် နေရာကလေးပိုသမျှ အခန်းကန့်ကာ ငှားတတ်သဖြင့် နေရထိုင်ရတာ ကြပ်ညှပ်နေလေ့ရှိသည်။

          အခုတော့ အိမ်ရှင်အဘွားကြီးက လောဘမကြီး တစ်အိမ်လုံး လေးယောက်ပဲ ထားသည်။ တစ်ယောက်ကို တစ်ထောင်စီတော့ ဈေးပိုပေး ရ၏။ တစ်သောင်းပေးရကျိုးလည်း နပ်သည်။ သူတို့မှာ ဧည့်ခန်းနှင့်၊မီးဖိုချောင်နှင့် အိမ်သာဆိုလည်း လူ တန်းမစီရ။ ကိုယ့်အိမ်မှာကိုယ် နေရတာထက်ပင် အေးအေးဆေးဆေးရှိသည် မဟုတ်လား။

          မနှစ်က ဒီအဆောင်ကို သူ အရောက်နောက်ကျသဖြင့် အလယ် ခုတင်မှာ ရသည်။ ဒီနှစ်ကို တမင် ကျောင်းမဖွင့်ခင် တစ်ပတ်ကြိုရောက် ပြီး ပြတင်းပေါက်နှစ်ပေါက်ရှိသည့် ဘေးခုတင်ကို လာဦးမှ ဘယ်သကောင့် သားက ကြိုရောက်နေသနည်း။

          ဖာတစ်လုံးနှင့် ကျောင်းလာတက်သူဆိုတော့ တောသား တစ်ယောက်ပဲ ဖြစ်ဖို့များသည်။ ဘာပဲဖြစ်ဖြစ် ကိစ္စမရှိ။ သူက မနှစ် ကတည်းက နေခဲ့သူ။ သူကြိုက်ရာနေရာကို ရွေးခွင့်ရှိရမည်။ ခုတင်ပေါ်က ဖာကြီးကို ဘေးခုတင်သို့ ပို့ကာ သူ့ပစ္စည်းတွေကို နေသားတကျထားပြီး ခြင်ထောင်ကို ထောင်ကာ မောမောနှင့် လှဲမည်ကြံတုန်း

          "ဟာ...ကျွန်တော့်ပစ္စည်းတွေ ဘာဖြစ်လို့ ရွှေ့ထားရတာတုန်း။ အဲဒါ ကျွန်တော် ဦးထားတဲ့ နေရာခင်ဗျ"

          အနည်းငယ်အံ့ဩသော၊ မကျေနပ်ပုံရသော မျက်နှာထားဖြင့် သူ့ကိုကြည့်နေသော၊ သူ့ထက် အသက်အနည်းငယ် ငယ်မည်ထင်ရသည့် ကျောင်းသားနှစ်ယောက်ကို တွေ့ရသည်။ တစ်ယောက်က အခုမှ ပစ္စည်း တွေ သယ်လာသူ ဖြစ်၏။ ဖာပိုင်ရှင်က သူထင်သလို တောသားလိုတော့ ဝတ်၍ မထား။ ဂျင်းဘောင်းဘီနှင့်၊ ဘာနှင့်ဖြစ်၏။ သို့သော် မြို့သားပုံစံ တမင်ပေါက်အောင် ဝတ်ထားသော တောသားမှန်းတော့ သိသာလေ သည်။ တင်အောင်မင်းသိမ်း တစ်ချက်ပြုံးလိုက်သည်။

          "ဪ...ဒါ ညီတို့ပစ္စည်းတွေလား။ အေးကွာ..ကိုယ်က မနှစ်ကတည်းက ဒီအဆောင်မှာ နေလာတာကွ။ ဒီနှစ်လည်း ဒီမှာပဲပေါ့ ကွာ။ အိမ်ရှင်အဘွားကြီးနဲ့က သားအမိတွေလိုတောင် ဖြစ်နေတာ။ မနှစ်ကလည်း ဒီနေရာမှာဆိုတော့ ဒီနှစ်လည်း ဒီနေရာမှာပဲဆိုပါတော့။ ညီတို့ ဟိုဘက် ပြောင်းလိုက်ပေါ့ကွာ...။ ဟုတ်လား”

          တင်အောင်မင်းသိမ်းက သူတို့မျက်နှာကို မကြည့်ဘဲ အသံနေ အသံထား အထက်စီးနှင့်ပြောကာ ခြေထောက်ကို တမင်ချိတ်ပစ်လိုက် သည်။ သို့သော်---သူ့စကားဆုံးပြီး တစ်မိနစ်လောက်ကြာတော့မှ တဟား ဟား ---အော်ရယ်သံကို ကြားရ၏။

          "(ဟား...ဟား)...ညာ.....ခင်ဗျားက ဘွားလေးမာ နဲ့ သားအမိလိုတောင် ဖြစ်နေတာ။ ဟုတ်လား...။ ဒီမှာ ကျွန်တော်က ဒီအဆောင်ပိုင်ရှင် ဘွားလေးမာရဲ့ မြေးဗျ..သိရဲ့လား။ ဘွားလေးမာက ကျွန်တော့်အမေကြီးရဲ့ ညီမ ဒီအဆောင်နဲ့ပတ်သက်လို့ ကျွန်တော့်ကို အားလုံးအပ်ထားတာ။ ခင်ဗျားတို့အဆောင်လခလည်း ကျွန်တော့်ကိုပဲ ပေးရလိမ့်မယ်။ ဒီတော့ ကိုယ့်ဆရာ။ ကျွန်တော် နေချင်တဲ့နေရာလေး တော့ နေခွင့်ရပါစေဗျာ။ ဟုတ်ပြီလား”

          စကားဆုံးတော့ တင်အောင်မင်းသိမ်း နည်းနည်းလန့်ကာသွား သည်။ ဒီကောင်က ဒီအဆောင်ပိုင်ရှင် အဘွားကြီးရဲ့ မြေး ဆိုပါကလား။ သူ နည်းနည်းတော့ ကျွတ်ကာသွား၏။ အမှန်တော့ ဒီအဆောင်မှာ ဘယ်နေရာ နေရနေရ တခြားအဆောင်တွေထက်စာလျှင် များစွာအဆင် ပြေတာ အမှန်ပင်ဖြစ်သည်။ အဆောင်ပိုင်ရှင်မြေးနှင့်ပြဿနာဖြစ်ခြင်းသည် ကိုယ့်ဘက်က မကောင်းတာတော့ အမှန်ပင်ဖြစ်၏။ သူ ဒီအဆောင်က ပြောင်းမသွားချင်ပါ။

          "ဒီလိုဆိုရင်တော့ ကိုယ်က အလျှော့ပေးရတော့မှာပေါ့။ ကိုယ်က လည်း ဘာရယ်မဟုတ်ပါဘူး။ မနှစ်က နေခဲ့တဲ့ နေရာလေးဆိုတော့ သံယောဇဉ်အရပါ။ ကိုယ်က တင်အောင်မင်းသိမ်းပါ။ Playsis မေဂျာက

          "ကျွန်တော်က မိုးကျော်ပါးဘိုကလေးကလာတာ။ စိတ်ပညာ က...။ ဒီကောင် ဝင်းနိုင်တဲ့.. - မြန်မာစာက။ ဝါသနာက စာရေးတယ်။ ကာတွန်းလေးဘာလေးလည်း ဝါသနာအရ ဆွဲတယ်” ။

          သုံးယောက်သား လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။ ဝင်းနိုင်ဆိုသည့်ကောင်က သူ့ကို ပါးစပ်ဟောင်းလောင်းနှင့် ကာ ကြည့်နေသည်။ လူပုံက ထောင်ထောင်မောင်းမောင်း၊ ပါးစုံအစ်အစ်၊ မျက်လုံးတွေက လောကကြီးကို သူ ဘာမှမသိပါဟု ပြောနေသည့်ပုံစံ၊ ဒီအသက်အရွယ်နှင့် ခေါင်းကဆံပင်တွေက ဖြူနေပြီ။ ကာတွန်းတွေဘာတွေ ဝါသနာပါပြီး စာလည်း မတောက်တခေါက်ရေးတယ်ဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့ ဟု သူ တွေးမိသည်။

          "ငါတို့က ဘယ်မှာနေရမှာလဲ...ကိုကျော်” ဝင်းနိုင်ဆိုသောလူက မေးသည်။

          "ငါကတော့ ပထမဦးထားတဲ့နေရာပဲလေ။ မင်းက ငါ့ဘေးနားမှာ နေ။ ကိုယ့်ဆရာကတော့ ကျန်တဲ့ နှစ်နေရာ ကြိုက်တဲ့နေရာမှာ နေပေါ့”

          ကိုယ့်ဆရာဆိုသော အသုံးအနှုန်းကြောင့် တင်အောင်မင်းသိမ်း လည်း အနည်းငယ်ကျေနပ်သွားကာ ဟိုးဘက်ထောင့် စွန်းနေရာသို့ ရွေးကာ ပစ္စည်းတွေချကြ၊ ပြောင်းကြသည်။

          “ဒီမှာ လေးယောက်ဆို...။ နောက်တစ်ယောက်ကဘယ်သူလဲ”

          မကြည့်ဘဲပြောရင်း တင်အောင်မင်းသိမ်း ခုတင်ပေါ်ပစ်ကာ လှသည်။ နောက်ရောက်လာမယ့်ကောင်နှင့် သူတို့ကို တစ်ခုတင် ခြား ထားလိုက်သည်။ သူ ဒီအဆောင်မှာ ဆရာကြီးလုပ်မည်ဆိုသည့် အစီအစဉ် ပျက်သွားသဖြင့် ရင်ထဲမှာတော့ သိပ်မခံချင်။ လက်ကနာရီကို ကြည့်တော့ ဆယ့်တစ်နာရီခွဲလုနေပြီ။ ခဏကြာရင် ထမင်းထွက်စားမှဟု စဉ်းစားရင်း... ထမင်းစားလျှင် ထမင်းဆိုင်ကို သိပုံမရသော ဒီနှစ်ကောင်ကို ချန်ထား ပစ်ခဲ့ဖို့ကိုလည်း စိတ်ထဲမှာ ထည့်ထားရသည်။ ပညာဆိုတာ အလကား ပြလို့မရ။ သိမှ ပြလို့ရတာ မဟုတ်လား။ ။

          တင်မောင်မင်းသိမ်း မျက်စေ့ကို မှိတ်ကာ အသာမှိန်းနေစဉ်

          “အရှင်ဘုရား ကြွပါဘုရာ့ ...ကြွပါ။ ဒီမှာ ခဏ သီတင်းသုံးပါ ဘုရာ့။ သီတင်း သုံးပါဘုရား...။ ဟေ့လူ ...အိပ်နေရသလား၊ ထလေး၊ထ။ အရှင်ဘုရား ဒီမှာ သီတင်းသုံးပါ ဘုရား။ ဆွမ်းကိစ္စ တပည့်တော် စီစဉ်ပါ့ မယ်” ။

          ဝုန်းဝုန်းဒိုင်းဒိုင်း အသံကြောင့် အားလုံး အလန့်တကြားဖြစ်ကာ သွားသည်။ ဘိုကလေးက မိုးကျော်ဆို သူ့ခုတင်မှာ ဘုန်းကြီးတစ်ပါးက ဝင်ကာထိုင်သည်။ အထုပ်တွေ၊ အပိုးတွေနှင့် လူတစ်ယောက်က ဦးအကြိမ်ကြိမ်ချရင်း မိုးကျော်ကို မောင်းချကာ ဘုန်းကြီးကို နေရာပေး သည်။ မိုးကျော်လည်း ဘာမှမတတ်နိုင်ဘဲ ခုတင်အောက်သို့ ဆင်းကာ လက်အုပ်ချီနေရသဖြင့် သူလည်း ယောင်တောင်တောင်ဖြင့် ဆင်းရသည်။

          “ဟေ့လူတွေ...ထမင်းဆိုင် ဒီနား ဘယ်မှာရှိတုန်း” “ထမင်းဆိုင်...။ မသိဘူးဗျ” “မင်းက ဘယ်သူလဲ”

          "အေး...ဒီတကာက ဒီအဆောင်မှာ တည်းမယ့် ဒကာပဲ။ ကဲ...ကဲ...သူမေးတာ ဖြေလိုက်ကြ။ အချိန်မရှိတော့ဘူးကွဲ”

          "ထမင်းဆိုင်မေးနေတာဗျာ။ ဆရာတော်က ဆွမ်းကိစ္စမပြီးသေး ဘူး။ အခု ဆယ့်နှစ်နာရီက ထိုးတော့မှာ။ ဘယ်နားမှာ ဆိုင်ရှိလဲ။ သိရင် ပြောစမ်းပါဗျာ။ မီပါတော့မလား မသိဘူး။ ဒုက္ခပါပဲ”

          “လူ့ဘဝဆိုတာ ရမှတော့ ဒုက္ခနဲ့ မကင်းကြပါဘူး။ ဒုက္ခအကြီး အသေးပဲ ကွာတာပါ။ ဆွမ်းမရလည်း ကိစ္စမရှိဘူး ရွှေက်။ ဦးပဉ္စင်း သည်းခံနိုင်ပါတယ”

          "ဟာ...ဦးပဉ္စင်းကလည်း မဟုတ်တာ။ ဟေ့လူတွေ ...ဒီနား ထမင်းဆိုင် ဘယ်မှာရှိလဲဗျ။ ပြောစမ်းပါ...။ အချိန်မရှိတော့ဘူး”

          "ဒီအဆောင်က ထွက်ထွက်ချင်း တစ်လမ်းကျော်မှာ ရှိတယ်"

“ဟုတ်လား ...။ အရှင်ဘုရား သည်းခံတော်မူပါဘုရာ့။ တပည့် တော် အခုပဲ အချိန်မီ လာပါ့မယ်”

          နောက် ရောက်လာသူ က ဝုန်းခနဲ ထထွက်သွားသည် ။တင်အောင်မင်းသိမ်း၏ ပညာခန်းကလေးသည် အချိန်နှင့်အရှိန်အကြားတွင် ဘာမှ မပြောနိုင်ဘဲ ပေးလိုက်ရလေသည်။

          “ကိုင်း ...မင်းတို့အားလုံး ဒီအဆောင်မှာနေပြီး ပညာသင်မယ့် သူတွေချည်းပဲလား"

          “ဟုတ်ပါတယ်”

           “ဟေ့ကောင်.....ဟုတ်ပါတယ် မပြောရဘူးကွ။ တင်ပါ့ဘုရား”

          "အိမ်း . .အိမ်း ဘာသာရေးနဲ့တော့ အတော်ဝေးတဲ့ သူတွေပါ။ ကဲ...ရှိစေတော့။ မင်းတို့အားလုံး ဗုဒ္ဓလာသာဝင်တွေချည်းပဲလား"

          “မှန်လှပါဘုရား"

          တင်အောင်မင်းသိမ်းက အလိုက်သင့်လျှောက်ရင်း မိုးကျော်ဆို သည့်ကောင်ကို ဟောက်ရသဖြင့် ဝမ်းသာကာ နေသည်။ ဟိုကောင်လည်း လက်အုပ်ကလေးချီကာ ဘာမှန်းမသိ ဖြစ်နေပုံရ၏။

          “ကိုင်း...ဒါဆို ကန်တော့ကြား ကန်တော့ကြ” ဦးပဉ္စင်းစကားဆုံးတော့ အားလုံး ကန်တော့ကြရသည်။

          “အေး ...ဦးပဉ္စင်းက ရန်ကုန်ကို ကျောင်းထိုင်ဆရာတော် သင်တန်းတက်ဖို့အတွက် ရွှေဘိုတစ်ဖက်ကမ်း ဆားလင်းကြီးရွာက လာ တာပါ။ ဦးပဉ္စင်းနဲ့အတူပါ ဒကာကတော့ ဒီမယ် ..လောကဓာတ် စာမေးပွဲဖြေဖို့ လာတာ။ ဒီအဆောင်ပိုင်ရှင်က ဦးပဉ္စင်းရဲ့ ဆရာရင်း၊ ဒကာရင်းပဲ။ ကိုင်း ..... မင်းတို့ကို ကြုံတုန်းဟောရဦးမယ်။ မင်းတို့ ဗုဒ္ဓ ဘာသာဝင်ဆိုတာ ဘာလဲ။ သိရဲ့လား”

          သူတို့အားလုံး လက်အုပ်ချီထားရင်း ဘာပြန်ပြောရမှန်း မသိကြ။

          “အင်း ... ဗုဒ္ဓဘာသာဝင်တွေချည်းပဲလို့ ပြောသော်လည်း ဗုဒ္ဓ ဘာသာဝင်ဆိုတာ ဘာလဲဆိုတာတော့ မသိကြဘူး မဟုတ်လား။ ခက် တော့တာပဲ။ ကဲ့...ရှိစေတော့...။ ဦးပဉ္စင်းက ဗုဒ္ဓဘာသာဝင်ဆိုတာ ဘာလဲဆိုတာကို ပြောမယ်ကွဲ။ ကဲ...အားလုံး အာရုံစိုက်ကြ”

          မည်သူမျှ ဘာစကားမျှ မပြောနိုင်တော့ဘဲ လက်အုပ်ချီကာ အာရုံစိုက်ကြရတော့၏။

          "အေး... လေးအသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီတော်ကို ဖြည့် ကျင့်တော်မူပြီး သဗ္ဗညုတဉာဏ်ကို ရတော်မူသော ဘုရားရှင်ကို ဗုဒ္ဓလို့ ခေါ်သည်။ ထိုဗုဒ္ဓရှင်တော်မြတ် ကျင့်သုံးသော တရားတော်ကို ဗုဒ္ဓ “ဘာသာဟု ခေါ်သည်။ ထိုဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ တရားတော် အတိုင်း လိုက်နာ၊ နေထိုင်၊ ကျင့်ကြံသူကိုမှ “ဗုဒ္ဓဘာသာဝင်” ဟူ၍ ခေါ်ထိုက်လေသည်။ ဟုတ်ရဲ့လား... ဒကာတို့”

          “မှန်လှပါဘုရား”

          "အိမ်... ဗုဒ္ဓဘာသာဝင်ဖြစ်လိုသူတွေဟာ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် သိခဲ့တဲ့တရား။ ထိုတရားကို ဟောကြားသော သံဃာ။ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ယုံကြည်ပြီး သရဏဂုံ သုံးပါးကို နေ့စဉ် ဆောက်တည်ယုံကြည်မှ ဗုဒ္ဓဘာသာဝင် အစစ်ဖြစ်မယ် ဒကာတို့ "

          “မှန်လှပါဘုရား”

          “ကိုင်း...မင်းတို့မှာလည်း တက္ကသိုလ်ပညာကို ဆည်းပူမယ့် လူတွေဆိုတော့ ပညာဉာဏ် မသေးလှပါဘူး။ ဒီတော့ မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ကို ယုံ ကြည်သက်ဝင်သော ဗုဒ္ဓဘာသာစစ်ဆို ရင် ဘုရားရှင်နဲ့ တရား၊ သံဃာတို့ကို ယုံကြည်သော သရဏဂုံကို ဆောက် တည်ကြပေတော့။ ကဲ...လိုက်ဆိုကြ"

          "အဟံဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံကတွာ သီလံဒေထ မေဘန္တေ”

          “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”

          “ဓမ္မံ သရဏံ ဂစ္ဆာမိ”

          “သံယံ သရဏံ ဂစ္ဆာမိ"

          “ဒုတိယမိ.

          ထိုနေ့က မိုးစိုး၏ရည်ရွယ်ချက်က ကျောင်းပိတ်ရက်များအတွင်း ဝေးနေရသော သူငယ်ချင်းများနှင့် အားရပါးရ စကားပြောရန်သာ ဖြစ်သည်။ မီလေး၊ ခေမာနှင့် သာသာတို့ သုံးယောက်စလုံးကလည်း အဆောင်ကို မဝင်ခင် မိုးစိုး၏အိမ်ကို အရင်လာကြသည်။ မိုးစိုး၏အိမ်ကကျောင်းနှင့် နီးခြင်း၊ သူငယ်ချင်းတွေကလည်း မိုးစိုးတို့ရပ်ကွက်ထဲမှာပင် အဆောင်နေကြခြင်းဖြစ်သည့်အတွက် ကျောင်းမဖွင့်ခင် တစ်ရက်အလိုမှာ သူငယ်ချင်းတွေနှင့် ဆုံခွင့်ရသည်။ ကျောင်းပိတ်ထားသည့် ရက်များမှာ ထွေထွေထူးထူး ဘာမှ ပြောစရာမရှိလှသော်လည်း ဟိုအကြောင်းလုပြော၊ ဒီအကြောင်း လူပြောနှင့် စကားဝိုင်းက တော်တော်နှင့် မပြီးကြ။

          ဗိုက်ဆာလို့ပြန်မည်ဟု မိုးစိုးကပြောတော့ ခေမာက စိတ်ကောက် သည်။ သာသာက ခြေကို ဆောင့်၏။ ဒါနဲ့ပဲ သူတို့နှင့် အဆောင်မှာ ထမင်းအတူစားဖို့ သဘောတူပြီး လမ်းထိပ်က အန်တီကြီး အီတွန့်ပြွန်၏ ထမင်းဆိုင်မှာ ထမင်းသွားဝယ်ကာ အဆောင်မှာ စုထမင်းစားကြမည်ဟု စိတ်ကူးကြသည်။

          ဆိုင်ကိုရောက်တော့ အန်တီ အီတွန့်ပြွန်က ချွေးတလုံးလုံးနှင့် ရှိ၏။ သူ့ယောက်ျား ဦးရဲဝင်းကိုလည်း ဟိန်းလိုက် ဟောက်လိုက်နှင့် ရှိသည်။ အန်တီအီတွန့်ပြွန်က အလုပ်နှင့်လက် မပြတ်သလောက် သူ့ယောက်ျားကတော့ အမြဲနှေးကွေးလေးလံသူ ဖြစ်သည်။ အရက်ကလေး ကလည်း သောက်လိုက်သေး၏။ စကားရောဖောရောကလည်း အလွန် လုပ်သည်။ စကားတစ်လုံးရလျှင် အမျှင်မပြတ်တော့ တစ်ခါတစ်ရံလည်းသူ့စကားနှင့်သူ လုံးလည်လိုက်နေတတ်၏။

          "ရှင်က တောင်ပံတွေ မြည်းပစ်တော့ ကျုပ်က ဘာကို သွား | ရောင်းရမှာတော့လဲ။ ရှင် နောက်ကိုဆုတ်။ ကျွန်မဟင်းအိုးတွေနား မကပ်နဲ့"

          “တောင်ပံကလေး နှစ်ဖက်မြည်းမိတာကိုကွာ...။ ဒီမယ် မိန်းမ။ ကြက်မှာ အကောင်းဆုံးက တောင်ပံတဲ့။ ထိုတောင်ပံနှင့် ဘီအီးမြည်းသော် ဇရက်မင်းတို့၏ စည်းစိမ်ကို...”

          “အောင်မာ...ဘာ ဇရပ်မင်းလဲ။ ရှင်က စာကလေးမင်းတောင် ဖြစ်မယ့်လူ မဟုတ်ဘဲနဲ့။ ဟိုနေ့ကလည်း ကြွက်နီနဲ့အသည်းအမြစ်တစ်တုံး မြည်းပြီးပြီ။ ရွှေဘုန်းဆိုတဲ့ လူကိုလည်း ငါးဖယ်နှစ်တုံး ခိုးပေးတယ်။ မျိုးဆွေသန်းဆိုတဲ့ ကျူရှင်ဆရာကိုလည်း ထမင်းကျွေးတာ အခုထိ ငွေမတောင်းနိုင်ဘူး၊ မနေ့က ခက်မာဆိုတဲ့ ကောင်မလေးကိုလည်း မရှိရင် နောက်မှပေးဆိုပြီး ရှင်က အကြွေးရောင်းတယ်ဆို..."

          “မချိုနဲ့ခက်မာက အိမ်က ငွေပို့တာနဲ့ ပေးမယ်ဆိုလို့ပါကွာ... မိန်းမကလဲ။ မျိုးဆွေသန်းက သူ့ရည်းစား မဌေးလာရင် ပေးမှာတဲ့။ ရွှေဘုန်းကတော့ နေဦးပေါ့ ကွာ။ ငါ ခိုးပေးတာကို သူက ပြန်ပြောရတယ် လို့ "

          “ဒီမှာ...ရှင် ကျွန်မ ဟင်းအိုးတွေနား မကပ်နဲ့။ သွား . . .။ နောက်တစ်ခါ ရှင့်လူတွေလာရင် ကျွန်မပါးစပ်နဲ့ တွေ့ပြီသာမှတ်လို့ ပြောလိုက်”

          ထိုအချိန်တွင် မိုးစိုးတို့ ထမင်းဆိုင်ထဲ ရောက်သွားခြင်းဖြစ်၏။ အန်တီအီတွန့်မွန်က သူ့ယောက်ျားကို ဒန်အိုးဖုံးနှင့်တီးရန် ရွယ်နေရင်းမှ မိုးစိုးနှင့်ခေမာတို့တွေ့တော့ ဒန်အိုးဖုံးကို ကောက်ဖုံးရင်း

          “ဟယ် ...ခေမာ၊ မိုးစိုး...။ အမယ်လေး ... မျှော်လိုက်ရတာ။ ဘယ်နေ့က အဆောင်ကို ရောက်တာလဲ"

          “အန်တီအီရေ...ဒီနေ့ပဲ။ သီးစုံကုလားဟင်း ရှိသေးလား”

           "ကုန်ပြီ..."

          "ကဲ...ကိုရွှေရဲဝင်း။ ရှင်...တိတ်တိတ်နေဆို မနေဘူးလား။ သွား..သွား...ဝေးရာကို သွား။ ဒီလို ခေမာရေး...။ သီးစုံကုလားဟင်း အကြောင်းတော့ မပြောချင်တော့ပါဘူး”

          အန်တီအီတွန့်ပြွန်က ပြောချင်လျှင် မပြောတော့ပါဘူးဟု စကားခံ လေ့ရှိသဖြင့် မိုးစိုးတို့ ဘာမှမပြောဘဲ ငြိမ်နေလိုက်ကြသည်။

          "ဇင်္ဂမာလမ်းထိပ်က အိမ်ဆောက်နေကြတဲ့ အိမ်မှာလေ။ အဲဒီ အိမ်ကပေါ့ ။ သီးစုံကုလားဟင်းကို ကြိုက်လှချည်ရဲ့ဆိုပြီး တစ်အိုးလုံး ဒယ်သွားတာ။ ဒါနဲ့ ပြောရဦးမယ်။ အိမ်တွေ ရေလိုက်ကြည့်နေတဲ့ သန်းသန်းဝင်းဆိုတဲ့ ကောင်မလေးလေ...။ ယောက်ျားနောက်ပါသွားပြီ ခေမာရဲ့။ ဆိုင်မျက်စောင်းထိုးက ဦးကိုကိုကြီးကိုလည်း ဘောလုံးပွဲရှုံးလို့ဆို ပြီး သူ့မိန်းမက နှင်ချလိုက်ပါရောလား။ အံမယ် ...(ကက)ဆရာကြီး ကိုဌေးဝေအဖြစ်က သာတောင်ရယ်စရာကောင်းသေး။ တစ်နေ့ သူက ...(ကက)မောင်းကောင်းလို့ လေကလေးချွန်ပြီး ပြန်လာတုန်း သူ့မိန်းမ မသိန်းအေးက ..."

          “အန်တီအီ...ဘာဟင်းတွေရှိလဲ။ သမီးတို့ ဗိုက်ဆာလှပြီ"

          "ဪ...အေးအေး...။ အဲဒီ သီးစုံကုလားဟင်းကိုပဲ ပြောတာ။ မရှိတော့ဘူး ...။ ဘဲဥဟင်း ရှိတယ်။ ကြက်သားကတော့ တစ်ပွဲစာပဲရှိတော့ တယ်။ ပြောင်းဖူးကြော်နဲ့ ပဲပင်ပေါက် ပဲပြားကိုတော့ နှစ်မျိုးတစ်ပွဲပဲ ယူတော့"

          "ဟင်...ဘဲဥဟင်းပဲ ရှိတော့တာလား ”

          “ဪ...ခက်ရချည်ရဲ့ မိုးစိုးကလည်း...။ ဒီမှာ ငါးသလဲထိုး အိုးကပ်ကလေးလည်း ကျန်ပါသေးတယ်။ သူများဆိုရင်တော့ ဒါကို နှစ်ပွဲပေါ့ နော်။ မိုးစိုးကတော့ တစ်ရာသီလုံး စားမယ့်ဖောက်သည်တွေမို့ တစ်ပွဲပဲယူ"

          အန်တီအီက ထုံးစံအတိုင်း အီလေသည်။ ဒါ့ကြောင့်လည်း အီတွန့်မွန်ဟု သူ့ကို ခေါ်ကြတာ ဖြစ်ဖို့များသည်။ သာသာက နှာခေါင်းရှုံး ကာ•••

          ဘဲဥတော့ မစားချင်ဘူးဟာ..."

          "သာရေ...။ ဘဲဥဆိုလို့ သူလိုငါလိုဘဲဥ မဟုတ်ဘူးနော်။ ကြက်သားဟင်းထဲထည့်ပြီး ပြုတ်ထားတဲ့ ဘဲဥဟင်း။ ဘဲဥကို တစ်ကိုယ်လုံး မွန်းထားလို့ ကြက်သားရေထိပြီး အိနေတာ။ စားကြည့်ဦး..သိရဲ့သားနဲ့”

          ဒီနေရာမှာတော့ မိုးစိုး ဝင်ရတော့သည်။ ဗိုက်ကလည်း ဆာလှပြီ။ သူ့ဟင်းကျန်တွေကို သူ အမွှန်းတင်နေတာသာ ထိုင်စောင့် နေလျှင် ဒီနေ့ ထမင်းစားရတော့မည် မထင်။

          "ကဲ...အန်တီအီ။ သမီးတို့လေးယောက်အတွက် အန်တီကို ဆီမှာ ကျန်တဲ့ဟင်းတွေ အကုန်သာ ထည့်လိုက်ပါတော့”

          မိုးစိုးစကားဆုံးတော့ အန်တီအီ ဝမ်းသာသွားပုံရသည်။ ကြွပ်ကြွပ် အိတ်ကို လှမ်းယူကာ အိုးအဖုံးတွေကို လှန်တုန်း ဆိုင်ထဲသို့ လူ တစ်ယောက် ပြေးဝင်လာကာလာ၏။

          “ထမင်း...ထမင်းပေးပါ”

          ဝင်လာသူက အော်ရင်းပြေးရင်း သောသော့ပခုံးလေးကို ဝင်ကာတိုက် သည်။ စကားနည်းသူ၊ အေးသူ သာသာနံဘေးတွင် ရပ်နေသော မိုးစိုးကို သာသာ ထပ်တိုက်သဖြင့် မိုးစိုးက ခေမာ့ကို တိုက်သည်။

          ခေမာက ဟင်းထည့်ရန် ပြင်နေသော အန်တီအီတွန့်ပြွန်ကို ထပ်တိုက်ကာ | ဟင်းအိုးကြီး လွတ်ကျသွားလေသည်။

          “ အမလေး ...."

          “ဟဲ ...ဟဲ””

“  ဂွမ်... "

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)