Skip to product information
1 of 6

Other Websites

နီကိုရဲ - စျေးသည်အလွဲများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ကျွန်တော်နှင့် ဈေးသည်အလွဲများ  ၅

          ကျွန်တော်တို့ လူသားအားလုံးသည် ရောင်းရေးဝယ်တာနှင့် ကင်းနိုင်ကြသူများ မဟုတ်ကြပါ။ လူတိုင်းလူတိုင်း ဈေးမဝယ်ဘူးသူ ဈေးမရောင်းဘူးသူ မရှိဟု ထင်ပါသည်။ ဒီစကားကို ကျွန်တော်ပြောတော့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က “ငါက ဝန်ထမ်းကွ။ ဈေးမရောင်း ဘူး။ မင်းစကားက လွဲပြီ”ဟု သူ့ဘက်က ပိုင်နိုင်သောအပြုံးနှင့် ပြော၏။

          “ဝန်ထမ်းဆိုတာလည်း ကိုယ့်အချိန်နဲ့ ကိုယ့်လုပ်အား၊ ကိုယ့် ကျွမ်းကျင်မှုကို သတ်မှတ်ထားတဲ့အချိန်မှာ ရောင်းရတာပဲ မဟုတ်ဘူးလား”

          စကားဆုံးတော့ ကျွန်တော့်သူငယ်ချင်း ငြိမ်ကာသွားသည်။

          ကျွန်တော်တို့သည် တစ်ခုခုကိုရောင်းကာ တစ်ခုခုကို ဝယ်နေ သူတွေဆိုတာကို လက်ခံရမည်သာဖြစ်သည်။ အိမ်ထဲက အိမ်ပြင် မထွက်သော ကျွန်တော်သည်ပင်လျှင် ရောင်းရေးဝယ်တာအလုပ်နှင့် မကင်းပါး အနည်းဆုံး လမ်းထိပ်က မုန့်ဟင်းခါးဆိုင်မှာ မုန့်ဟင်းခါး ဝယ်ဖြစ်သည်။ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ဝယ်သောက်ဖြစ်သည်။ ပြီးတော့ဘောလ်ပင်၊ မောင်တိန်းမှင်အိုး၊ Colour Pacil၊ စက္ကူ စသည်တို့ကို ဝယ်ရသည်။ မိန်းမ မအားသည့်အခါတွင်လည်း ဈေးသွားကာ ဟင်းချက် စရာနှင့် လိုအပ်သော မီးဖိုချောင်သုံးပစ္စည်းကို ဝယ်ရတတ်သည်။

          ရောင်းသည့်ကိစ္စနှင့် ပတ်သက်၍တော့ အခုအချိန်မှာ ကျွန်တော် ရေသန့်ဘူးအနောက်၊ အချိုရည်ပုလင်း၊ သတင်းစာနှင့်စက္ကူများ၊ ပုလင်း များကို ရောင်းတတ်သည်။ ပြီးခဲ့သည့်လက အိမ်ရှေ့တွင်ရှိသော အုန်းပင် ငါးပင်မှ အုန်းသီးများကိုချရာ အုန်းသီးက အလုံးတစ်ရာကျော် ရသဖြင့် အုန်းသီးရောင်းသူပင် ဖြစ်သွားသေး၏။

          ရောင်းသူနှင့်ဝယ်သူ အသံတူသည်ဟူသော စကားရှိသည်။

          ရောင်းသူနှင့် ဝယ်သူကြားတွင် ရှိနေသောအရာသည် ကုန်ပစ္စည်း သာဖြစ်သည်။ ခက်သည်က ကုန်ပစ္စည်းတို့မည်သည်တွင် သတ်မှတ် ထားသောဈေးနှုန်းရှိသည့် ကုန်ပစ္စည်းနှင့် သတ်မှတ်ရန် ဈေးခက်ခဲကာရောင်းသူပြောသမျှ ဈေးကို လိုက်ဝယ်ရသော သို့မဟုတ်၊ ဝယ်သူဈေးကို လိုက်ရောင်းရသော ကုန်ပစ္စည်းဟူ၍ နှစ်မျိုးရှိသည်။

          ထို့ကြောင့် ဈေးဆစ်သည်ဟူသော စကားပေါ်လာသည်ဟု ကျွန်တော်ထင်သည်။ ကျွန်တော်တို့ ငယ်စဉ်က ကျွန်တော့် အဒေါ်တွေက ဗိုလ်ချုပ်ဈေးကို သွားဝယ်လျှင် ဈေးသည်ပြောတာထက် ထက်ဝက် ဆစ်ပါဟု အချင်းချင်း ပြောတတ်ကြသည်။ သူတို့က တန်ရာတန်ကြေး ထက် အမြဲပိုကာ တင်ထားတတ်ကြသည်ဟု ဆိုသည်။

          တစ်ညတော့ ကျွန်တော့်အဒေါ်နှစ်ယောက် ထရန်ဖြစ်ကြ၏။

          ပြဿနာက ထဘီတစ်ထည်က အစပြုခြင်းဖြစ်သည်။ ကျွန်တော့် အဒေါ်အကြီးက ထဘီတစ်ထည်ကို ဗိုလ်ချုပ်ဈေးမှ ဝယ်ကာလာသည်။ တန်ဖိုးက ကျွန်တော် ဆယ်နှစ်သားအရွယ် ၁၉၇၆ ခုနှစ်က တစ်ရာ တစ်ဆယ်ဖြစ်သည်။ ထိုဈေးက တစ်ရာ့ရှစ်ဆယ်ကို ကျွန်တော့်အဒေါ်ကြီး က တစ်ရာနှင့်ဆစ်ရင်း နောက်ဆုံး တစ်ရာ့တစ်ဆယ်မှာ ဈေးတည့်ကာ အရောင်းအဝယ်ဖြစ်သွားကြ၏။

          ထိုသို့ ဈေးဆစ်၍ရသောကိစ္စကို ပြေရင်းနှင့် သူဝယ်လာသော ပါတိတ်ဆင်ကို ထုတ်ပြရာ ကျွန်တော့် အဒေါ်ငယ်က သဘောကျပြီး သူ့ထံမှ ပြန်ကာဝယ်သည်။ အဒေါ်ကြီးက ချက်ချင်းမရောင်းသေးဘဲသူကြိုက်လို့ ဝယ်လာတာဟုဆိုတာ တင်းခံနေသေး၏။ နောက်ဆုံး အားလုံးဝိုင်းပြောတော့မှ စိတ်လျှော့ကာ အဒေါ်အကြီးက သူ့ဝယ်ရင်း တစ်ရာ့တစ်ဆယ်ဖြင့် အဒေါ်ငယ်ကို ရောင်းသည်။ ဒါတောင်မှ ချို့ယွင်းချက် က ရှိသေးသည်။ အခုလက်ငင်း ငွေချေရမည်ဟူသော တောင်းဆိုချက် ဖြစ်၏။ ကျွန်တော့်အဒေါ်ငယ်က ခြေကိုဆောင့်ကာ ထသွားရင်း တစ်ရာ့ ကိုးကျပ်ကိုပေးသည်။ တစ်ကျပ်က အထက်ဆင်ဟုဆိုသည်။ ထပ်မံ ရန်ဖြစ်ရန် ကြံကြသေးသော်လည်း အားလုံးက ဝိုင်းပြန်ဖြေသဖြင့် ထို ထဘီတစ်ထည်သည် တစ်ရာ့ကိုးကျပ်ဖြင့် မိသားစုတွင်း အရောင်းအဝယ် တည့်ကာသွားသည်။

          ကျွန်တော့်အဒေါ်ငယ်က ထိုစဉ်က ကုန်သွယ်ရေးရုံးမှာ လုပ် သည်။ အဒေါ်အကြီးက ငွေစာရင်းကိုင်ဟုပြောသည်။ ဘယ်ဌာနမှာ လည်းတော့ ကျွန်တော် မမှတ်မိတော့ပါ။ အဒေါ်ငယ်ကလည်း တစ်ရာ ကိုးကျပ်ဖြင့် သူဝယ်ထားခဲ့ရသော ပါတိတ်ထဘီကို နေ့ချင်းပြီးချုပ်၊ အထက်ဆင်တပ်ကာ နောက်တစ်နေ့မှာ ဝတ်လေသည်။ ထို့အတွက် ပြဿနာက သူ့လုပ်ဖော်ကိုင်ဖက်မိန်းကလေးများက ထိုအဆင်ကို သိပ် ကြိုက်ကြသည်ဟု ပြောကြခြင်းပင်ဖြစ်ပါသည်။

          ဒီလိုဆိုတော့ အဒေါ်ငယ်က အဒေါ်အကြီးထံမှာ ဘယ်ဆိုင်က ဝယ်ခဲ့သလဲဆိုတာ မေးရ၏။ ဒီတော့ အဒေါ်အကြီးကလည်း ဝမ်းသာ အားရဖြင့် ဗိုလ်ချုပ်ဈေး ဘယ်ရုံ၊ ဘယ်နေရာက ဘယ်နားကိုကွေ့ရင် ရောက်တဲ့ဆိုင်တဲ့ လမ်းညွှန်ရှာပါသည်။ များသောအားဖြင့် မိန်းကလေး တွေက ကိုယ်ဝတ်သောပစ္စည်းကို ကြိုက်ကြသည်ဟုဆိုလျှင် ထိုပစ္စည်း ရနိုင်သောဆိုင်ကိုလမ်းညွှန်လေ့ရှိပါသည်။ ထို့အတွက်ကြောင့်ပဲ မိန်းကလေး ပစ္စည်းရောင်းဝယ်ကြသော စီးပွားရေးသမားများက မိန်းကလေးတစ်ယောက် သူတို့ပစ္စည်းကို စတင်ဝယ်လျှင် အောင်မြင်ပြီဟု ယူဆကြဟန်တူပါသည်။

          မိန်းကလေးဆိုတာကလည်း သူဝတ်နိုင်လျှင် ငါဝတ်နိုင်ရမည်။ သို့မဟုတ် သူနှင့်ငါ အရမ်းခင်သဖြင့် ဆင်တူဝတ်ကြမည်ဆိုသည့်သဘောအင်မတန်ရှိတတ်ကြသည်။ မိန်းကလေးများသည် ပြိုင်ဆိုင်ခြင်းနှင့် ချစ်ခင်ခြင်းကို အဝတ်အစားနှင့် အလှအပပစ္စည်းများတွင် ပြသလေ့ရှိပါ သည်။

          အဒေါ်ကြီး ညွှန်လိုက်သော ဈေးဆိုင်မှာပင် အဒေါ်ငယ်နှင့် သူ့သူငယ်ချင်းများ သွားဝယ်ကြသောအခါ ပြဿနာတစ်ခုက ထပ်တက် ပြန်၏။ ထိုပါတိတ်ဆင်း၊ ထိုဒီဇိုင်းကိုပင် ဆိုေတစ်ရာကို ရှစ်ဆယ်နှင့် ရလာသည်။ ဈေးက သုံးဆယ်ကွာနေခဲ့သည်။

          ထိုအတွက် အဒေါ်ငယ်က အဒေါ်အကြီးသည် သူ့ကို နှိပ်သည် ဟု စွပ်စွဲသည်။ အဒေါ်ကြီးကလည်း သူ့ ဝယ်သူ သူငယ်ချင်းများက နောက်တစ်ရက်တွင် ရောက်လာကာ အဒေါ်အကြီး ညွှန်သောဆိုင်ကပင် အဒေါ်အကြီးဝယ်သော ထဘီအတိုင်း သူတို့ ရှစ်ဆယ်နှင့် ရခဲ့ကြသည်ဟု သက်သေခံကြသောအခါ အဒေါ်အကြီးမှာ ဘာမှ ထပ်မပြောနိုင်တော့ဘဲ လှည့်ကာ ထွက်သွားခဲ့သည်။

          အိမ်ရှိလူအားလုံးကလည်း အဒေါ်အကြီး ဒါမျိုးမလုပ်သင့်ဟု အားလုံးက သတ်မှတ်ကြသည်။ ထိုသတ်မှတ်ချက်ကိုလည်း လွန်လွန်း သည် ပြောလို့မရ။ ထိုအချိန်တုန်းက စားကုန်သောက်ကုန် ပစ္စည်းပစ္စယ ဝန်ဆောင်မှုဈေးတွေ များသောအားဖြင့် အတူတူသာဖြစ်၏။

          ထိုသို့ဖြင့် ကျွန်တော့်အဒေါ်ငယ်နှင့် အဒေါ်အကြီး ငါးလခန့် စကားမပြောဘဲ နေကြရာမှာ ပြန်စကားပြောသောအဖြစ်ကိုလည်း ကျွန်တော် မှတ်မိနေသည်။ တစ်နေ့ ဗိုလ်ချုပ်မှပင် သူတို့ခေတ်က နာမည်ကြီး ပိတ်ဖြစ်သော လှိုင်းကြီးပိတ်စတစ်ပတ်စာ ဝယ်လာသည်။ ထုံးစံအတိုင်း ပင် အဒေါ်ငယ်၏သူငယ်ချင်းများက ကြိုက်သည်ဟုဆိုကာ အဒေါ်ဝယ်သောဆိုင်တွင်ပင် သွားဝယ်ရာ အဒေါ်ငယ်ဝယ်သော ဈေးထက် သုံးဆယ့် ငါးကျပ်လျော့ကာနေသည်။

          ဒီတော့ အဒေါ်ငယ်လည်း သဘောပေါက်သွား၏။ ဈေးသည် ဆိုသည်မှာ ကာလံဒေသံနှင့် လူအခြေအနေကိုကြည့်ကာ ဈေးစကားပြောတတ်ကြသည်ဆိုတာပဲ ဖြစ်သည်။ ထိုဖြစ်ရပ်မှနေ၍ သူတို့ထုတ် လိုက်ကြသည့်မှတ်ချက်က ဘယ်နေရာမှာဖြစ်ဖြစ် ဈေးဝယ်လျှင် ထက်ဝက် ဆစ်ဆိုတာပဲ ဖြစ်ပါသည်။

          ကျွန်တော့်စိတ်ထဲမှာ ထိုဖြစ်ရပ်ကို ငယ်စဉ်ကတည်းက စွဲနေခဲ့ သော်လည်း ယောက်ျားတို့၏ ဗီဇအရ ဈေးဝယ်လျှင် ထက်ဝက်မဆစ်ဝံ့ပါး အမေ၊ အဒေါ်၊ နှမသည့်လူများနှင့် အတူဝယ်သည့်အခါ သူတို့က ထက်ဝက်ဆစ်ကြသည့်အခါ ဈေးသည်ကို မျက်နှာအမြဲပူတတ်သည်။ ကျွန်တော်ကိုယ်တိုင်ကတော့ အဲဒီလောက် ဘယ်တုန်းကမှ မဆစ်ဖူးခဲ့။

          စတိုးဆိုင်တွေ  Mini Market တွေ  Plaza ezeu တွေ ပေါ်လာသော အခါ ကျွန်တော် သဘောကျ၏။ ပစ္စည်းတွင် သတ်မှတ်ထားသော ဈေးနှုန်း ကပ်ကာထား၏။ ကြိုက်လျှင်ဝယ်။ မကြိုက်လျှင် မဝယ်ယုံသာ။ ဈေးဆစ် ခြင်းတည်းဟူသော ကြီးလေးသည့် ဝန်ထုပ်ကြီးတစ်ခု လျော့ကာသွားသော ကြောင့်ဖြစ်၏။

          စတိုးတွေ၊ ပလာဇာတွေတင်မှ မဟုတ်ပါ။ ရပ်ကွက်ထဲမှာ အများလက်ခံထားကြသော ဈေးနှုန်းများနှင့် ပစ္စည်းများလည်း ဈေးဆစ် စရာမလိုပါ။ မုန့်ဟင်းခါးတစ်ပွဲကို ဈေးဆစ်စရာမလို။ ကောက်ညှင်းပေါင်း ကို ဈေးဆစ်စရာမလို။ မုန့်ကျွဲသည်းတစ်တုံး၊ ဆနွင်းမကင်းတစ်ခုနှင့် ကောက်လှိုင်းခြည်တစ်ထုပ်ကို ဈေးဆစ်စရာမလိုပါ။

          သို့သော် အရပ်ခပ်သိမ်းသော ပစ္စည်းတွေက ဈေးဆစ်စရာမလိုဘဲ ဖြစ်နေခြင်းတော့ မဟုတ်။ ဈေးဆစ်ရတော့မည့် ပစ္စည်းများနှင့် ကြုံသည့် အခါတွင် ကျွန်တော် ဈေးမဆင်တတ်ခြင်းမှာ ပထမအချက်က ထိုပစ္စည်း ပေါ်တွင် သူတို့အရင်း ဘယ်လောက်ရှိနေသလဲဆိုတာ ကျွန်တော် မခန့်မှန်း တတ်ခြင်းဖြစ်သည်။ ဒုတိယအချက်က ရောင်းသူသည် သူ့အရင်းအရ ထိုပစ္စည်းကို မြတ်မှရောင်းမည်ဆိုတာ သဘာဝကျကြောင်းကို ကျွန်တော် လက်ခံပါသည်။ တတိယအချက်က ကျွန်တော်က စာရေးဆရာဖြစ်သော ကြောင့်ဖြစ်သည်။

          ဆရာဇော်ဇော်အောင်စကားကို ငှားပြောရမည်ဆိုလျှင်တော့ တတိယအချက်ကို ရှင်းပါဦးမည်ပေါ့။ “ကျွန်တော်ရေးတဲ့စာတွေကို ကြိုက်လျှင်ဖတ်ပါ။ မကြိုက်လျှင် လုံးဝမဖတ်ပါနဲ့” ဟု ပြတ်သားရဲရင့်စွာ ပြောတတ်သော ကျွန်ုပ်တို့၏ ဆရာဇော်ပင်လျှင် တစ်ထောင်ဟုဆိုလာ သောဈေးသည်ကို “ငါးရာပဲကွာ---ကြိုက်ရင်ရောင်း၊ မကြိုက်ရင် မရောင်း နဲ့”ဟုဆိုကာ ပြောရဲလိမ့်မည်ဟု ကျွန်တော် မထင်ပါးကျွန်ုပ်၏ဆရာများဖြစ်ကြသော သစ္စာနီ၊ ကြည်သူ၊ ဒဂုံတာရာ၊ ပါရဂူ၊ မြသန်းတင့်၊ ပိုင်စိုးဝေ၊ နေမျိုး၊ တာရာမင်းဝေ စသည်လူများလည်းပြောထွက်ကြလိမ့်မည် မထင်ပါ။ ကျွန်ုပ်၏ မိတ်ဆွေများဖြစ်ကြကုန်သော များ၊ မေငြိမ်း၊ ခက်မာ၊ မိုးချိုသင်း၊ မိုနာ့၊ နှင်းဝေငြိမ်းနှင့် မအိတို့ကတော့ မပြောတတ်။ သူတို့က မိန်းကလေး စာရေးဆရာမတွေဆိုတော့ ဆစ်ချင်ဆစ်ကြပေလိမ့်မည်။ ကျွန်တော် သူတို့နှင့် ဈေးအတူမဝယ်ဖူး၍ အသေး စိတ် မသိသော်လည်း တစ်ထောင်ဟုပြောသော ဈေးသည်ကို “ငါးရာပဲ” ဟူ၍တော့ မဆစ်ကြကြောင်းကတော့ သေချာ၏။ ဆရာကြီး ရွှေဥဒေါင်း၏ စကားနှင့် ပြောရမည်ဆိုလျှင်တော့ ..... ။

          သူတို့ ထိုမျှမလုပ်ဝံ့ကြောင်း ကျွန်ုပ် ကျမ်းကိုင်၍ ပြောဝံ့ပါ သည်ပေါ့။

          ထိုသို့နှင့် တစ်နေ့ ကျွန်တော် ဈေးသည်တစ်ယောက်နှင့် တွေ့ကြ သည်။ ဈေးသည်က ဖျာသည်ဖြစ်၏။ ကျွန်တော့်အိမ်မှာ ဖျာတစ်ချပ်လိုနေ သည်မှာ ကြာပြီ။ ကျွန်တော့်အိမ်က ညအိပ်ဧည့်သည် မကြာခဏ လာတတ်သည်။ စာပေမိတ်ဆွေ ရပ်နီးရပ်ဝေးဆွေမျိုးနှင့် သူငယ်ချင်းများ ဖြစ်ကြ၏။ ဧည့်သည်တွေက ညအိပ်ကြသည့်အခါ နေရာကျယ်သော် လည်း နာမရှိသဖြင့် စောင်ကိုခင်းကာ နှပ်သူက နှပ်ရသည်။ ပုဆိုးခြုံကာ ကြမ်းပြင်ပေါ်မှာ ကွေးသူက ကွေးကြရ၏။

          ထိုထို ဧည့်သည်တွေက ထိုသို့နှပ်ရ ကွေးရသဖြင့် ဘာမှမပြော သော်လည်း ကျွန်တော့် လေဒီချပ်ပြားက မျက်နှာမကောင်း။ ဖျာတစ်ချပ်ဝယ်ရန် ကျွန်တော့်ကို အကြိမ်ပေါင်းများစွာ ပြောသော်လည်း ကျွန်တော်က ဈေးဝယ်ပျင်းတာကတစ်ကြောင်း ဖြောဆိုသည့်ပစ္စည်းက ကျွန်တော် သွားတတ်လာတတ်သည့်နေရာများတွင် မရှိတာကတစ်ကြောင်းကြောင့် တော်တော်နှင့် မဝယ်ဖြစ်ခဲ့။

          ထိုနေ့ နေ့လယ်ခင်းက ကျွန်တော် အိပ်ယာမှနိုးကာ ကျွန်တော် နှင့် လေဒီချပ်ပြားစကားပြောနေတုန်း “ဟောဒီက သဘာ့ဗျာ ထန်း ချောဗျာ၊ သင်ဖြူးဖျာတွေ” ဆိုသော အော်သံကိုကြားရ၏။ ကျွန်တော်က ပြောလက်စ စကားရှိနေသဖြင့် အော်သံကို သတိမထားမိ ချပ်ပြား ကလည်း ကျွန်တော့်စကားကို ဆက်နားထောင်နေပြီး သတိရကာ အလန့် တကြားအော်သည်။

          “ဗျာ။ ဖျား.. -ဖာသည်တဲ့။ ဝယ်ရမှာလေ”

           “ဟောဒီက သဘာ့ဗျာ၊ သင်ဖြူးဖျာ၊ ထန်းချောဖျာတွေ"

          “မင်းက ဝယ်မလို့လား”

          "ဟုတ်တယ်လေ...။ ဝယ်ဖို့ပြောတာ ဘယ်နှလ ဘယ်နှကြိမ် ရှိနေပြီလဲ။ လာတဲ့ဧည့်သည်တွေက ကြမ်းပြင်မှာ အိပ်နေရတာ ဧည့်သည် လာလည်း ခင်းစရာမရှိ ဘာမရှိနဲ့။ ပြီးတော့လာတာက မောင့်ဧည့်သည် ချည်းပဲ။ မပြောချင်ဘူး ..."

          မိန်းမဆိုတာ တစ်ခါတစ်ခါကျတော့ ဒီလိုပဲ စကားလေး နည်း နည်းရှည်ရမှ ကျေနပ်တတ်ကြ၏။ အကုန်လုံးပြောပြီးမှလည်း မပြောချင် ဘူး လုပ်တတ်ကြသည်။

          “ကဲ---  ဒါဆိုလည်း ခေါ် လာပါဦးဗျို့ဇာသည်လာပါဦး”

          ကျွန်တော့်အော်သံကို ကြားသော်လည်း ကျွန်တော့်အိမ်နှင့် အတော်ဝေးဝေးကိုရောက်ကာ ခေါင်းပေါ်မှာ စည်းကြီးတွေကို မနိုင် တစ်နိုင် ရွက်ထားရသော ဖျာသည်နှစ်ယောက်က ရုတ်တရက် ခေါင်းပြန် မလှည့်နိုင်ကြ ထိုအချက်ကို ကျွန်တော် တော်တော် အားနာသွားသည်။

အိမ်ရှေ့ရောက်တော့ သူတို့ခေါင်းပေါ်က ဖျာထုပ်ကြီးကို ဆောင့်

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)