နန်းစမ်းစမ်းအေး - ပျော်ရွှင်ပေါ့ပါးချက်စရာများ
မှိုထမင်းသုပ်
“မိညီမ၊ မနက်ဖြန် ငါ့မွေးနေ့”
‘နှင့်မွေးနေ့ ငါဘာလုပ်ရမှာလဲ”
နှစ်နှစ်ကြီးတဲ့ အစ်ကိုနဲ့ နှစ်နှစ်ငယ်တဲ့ ညီမနဲ့ အပြန်အလှန် စကား ပြောသံက ငစိန်ဆန်ကို ရေမစိမ်ဘဲ အရေးတကြီးချက်ထားတဲ့ အသံမျိုး ကိုယ်စီနဲ့။
“မွေးနေ့မို့ သက်သတ်လွတ်စားတယ်လေဟာ”
“စားပေါ့၊ ဆီဆား၊ မြေပဲဆန်နဲ့ ထမင်းရောနယ်လိုက်၊ မနက် ပြီးရော၊ နေ့လယ်ကျရင် ကုလားလေး ဗယာကြော်လာလိမ့်မယ်၊ ငရုတ် သီးစိမ်းနဲ့ ကိုက်စားလိုက်၊ ညစာကတော့ ကန်စွန်း..”
“တော်တော့၊ အဲဒါတွေ နင်ပဲစား”
“ဖြစ်တယ်”
“ခိုင်းမယ့်လူရဲ့ အသံက ချိုချိုသာသာဆိုရင်တော့လည်း ဖွယ်
ဖွယ်ရာရာ လုပ်ကျွေးရ ကောင်းသားပေါ့”
ဒီလိုကြေးလား၊ ငါ့ မွေးနေ့ပြီးရင် နှင့်မွေးနေ့ ရောက်တော့မှာပဲ၊ ပေးနေကျ လက်ဆောင်အစား တစ်မျိုးတစ်ဖုံ စဉ်းစားရဦးမှာပေါ့လေ”
“အဲဒီလိုဆိုရင်တော့လည်း ဒီထက်ကောင်းတဲ့ အစပ်အဟပ်လေး ညီမလေးစိတ်ကူးထဲမှာ ရှိပါတယ်၊ ကဲ ကိုကြီးဘာစားချင်လဲပြော”
“ဒီလို အမြင်မှန်လေးဘာလေး ရဦးမှပေါ့”
“ပြောခါမှပဲ၊ မနက်စာ ဘာအရင်စားမလဲ”
“အသီးအရွက် ထမင်းကြော်”
“ပဲပြားချိုချဉ် ထမင်းပေါင်း”
“ခေါက်ဆွဲ အခြောက်ကြော်”
“မှိုထမင်းသုပ်”
“ဟုတ်ပြီ၊ အဲဒီမှိုထမင်းသုပ် စားမယ်”
“အိုကေ၊ ကြိုက်ပြီပေါ့”
ထမင်းကတော့ ချက်ပြီးသားရှိတယ်။
ကောက်ရိုးမှိုအလုံးတွေ တစ်ဆယ်သားကို ပြောင်နေအောင် ခြစ်၊ ရေစင်စင်ဆေး၊ နှစ်ခြမ်းစီခြမ်းပြီး ပြုတ်မယ်။
မှိုထဲပါတဲ့ အရည်ခန်းရင် ပန်းကန်ထဲထည့်ပြီး အအေးခံထား မယ်။
ကြက်သွန်ဖြူငါးကျပ်သား အမှုန့်ဖြစ်အောင် ထောင်း၊ ပဲမှုန့်နှစ်ကျပ်ခွဲသား၊ သင်တန်း
ခရမ်းချဉ်သီး သုံးလုံး ပါးပါးလှီးအဆင်သင့်ပြင်ထားတယ်။ စားမယ်ဆိုရင် ထမင်းတစ်ပန်းကန်စာထဲ မှိုလက်တစ်ဆုပ်၊
မြေပဲမှုန့် နှစ်ဇွန်း၊ ပဲမှုန့်တစ်ဇွန်း၊ ခရမ်းချဉ်သီး တစ်ဇွန်းစာ၊ ဆား အနေတော်ထည့်ပြီး စေးသွားအောင် ရောနယ်လိုက်ရင် မှိုထမင်းသုပ်ဖြစ်ပြီ။
အလုံးလုံး၊ ကြက်သွန်ကြော်၊ မြေပဲဆန်လေးထပ်ဖြူးမယ်။
ဆီများများကြိုက်ရင် ဆီချက်ထပ်ဆမ်းလိုက်ရင် သက်သတ်လွတ် မှိုထမင်းသုပ် ရပြီ။
ဂျူးမြစ်၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ အတက်၊ ငရုတ်သီးအတောင့် ကြော်ရွရွလေးနဲ့ဆို တစ်ပွဲနဲ့ မဝဘူးဖြစ်သွားမယ်။ နောက်တစ်ပွဲအတွက် တော့ ကိုကြီးဘာသာ နယ်စားပေတော့။
မှိုထမင်းသုပ်အတွက် ပါဝင်သောပစ္စည်းများ
ကောက်ရိုးမှို တစ်ဆယ်သား
ကြက်သွန်ဖြူ ငါးကျပ်သား
ပဲမှုန့် နှစ်ကျပ်ခွဲသား
ခရမ်းချဉ်သီး သုံးလုံး
မြေပဲ ငါးကျပ်သား
ဆီ ငါးကျပ်သား
ဂျူးမြစ် အနည်းငယ်
ငရုတ်သီးတောင့်ကြော် ဆယ်တောင့်