Skip to product information
1 of 2

Other Websites

နန္ဒာသိန်းဇံ - သမုဒ်ပင်လယ်ပြာနှိုင်းပမာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

သူတို့တွေနဲ့ မတူချင်

 

          ပင်လယ်ရေပြင်ကျယ်ကြီးနားရောက်တော့ လေပြင်းမုန်တိုင်းတွေ... သင်္ဘောပျက်တာတွေကိုလည်း မြင်ယောင်ကြည့်ဖြစ်နေ တယ်။ သင်္ဘောပျက်လို့ ဖောင်တစ်ခုပေါ် ရောက်နေတဲ့ လူတစ်စု အကြောင်းကိုလည်း အမှတ်ရပါရဲ့ မသေမပျောက်ပဲ ဖောင်ပေါ် ရောက်တဲ့အတွက် ကံကောင်းတယ်လို့ ယူဆရမှာလား ...။

          ဖောင်ပေါ်မှာက လူခုနစ်ဦး။ အဲဒီခုနစ်ဦးထဲက တစ်ဦးကတော့ ကံကောင်းလို့ ဖောင်ပေါ် ရောက်နေတာလို့ မြင်ပုံမရဘူး။ သူက တစ်လောကလုံးကို အမြဲပဲအဆိုးမြင်နေတတ်တဲ့ အဆိုးမြင်ဝါဒီ Pessimist ဖြစ်တယ်တဲ့။ လောကမှာ ကောင်းမြတ်ပါပေတယ်ဆိုတဲ့ အရာတွေဟာ တကယ်တော့ လူကို ဒုက္ခတွေပိုရောက်အောင် ဆွဲဆောင်လှည့်စားနေတာတွေဖြစ်တယ်။ ဒီတော့ .. ကောင်းမြတ် ပါပေတယ်ဆိုတာတွေဟာ တကယ်တော့ ကောင်းမြတ်တာတွေ မဟုတ်ဘူးလို့ သူကမြင်တယ်။ အခုလည်း သင်္ဘောပျက်ပြီး ဖောင်ပေါ် ရောက်နေတာဟာ ကံကောင်းလို့ ရောက်နေတာမဟုတ်ဖူး၊ ဒုက္ခ

များများ လူမှာရောက်ဖို့အတွက် အချိန်ဆွဲထားတဲ့ သဘောပဲလို့ သူမြင်တယ်။

 

          ဖောင်ပေါ်က နောက်တစ်ဦးကတော့ အတ္တဗဟိုပြုသမား Egocentricအတ္တဗဟိုပြုဝါဒီဖြစ်တယ်။ သူ့ရဲ့လက်သုံးစကားကတော့ ဒီကနေ့မှာ ရနိုင်သမျှ ကာမဂုဏ်အာရုံတွေကို ခံစားသာယာပစ်လိုက် ဆိုတာပဲတဲ့။ အခုလို ဖောင်ပေါ်ရောက်နေတုန်းမှာလည်း သက်သက် သာသာလေး နေလို့ရရင် သက်သက်သာသာပဲ နေလိုက်မယ်လို့ သူက သဘောထားတယ်။ အတ္တသမားပီပီ ဖောင်ပေါ်မှာ သူ့အတွက်သက်သက်သာသာ နေလို့ရအောင်၊ သူများတွေထက် နေရာကျယ်ကျယ်ရအောင်၊ ထိုင်နိုင် အိပ်နိုင်အောင် ယူထားတယ်။

 

          ဖောင်ပေါ်က နောက်တစ်ဦးကတော့ အကောင်းမြင်သမား Optimist ဖြစ်တယ်။ သူက အကောင်းမြင်သမားပီပီ မိုးကုတ်စက်ဝိုင်း ဆီ လှမ်းမျှော်ပြီး ကမ်းကိုမြင်ရတော့မှာပါလို့ ပြောနေတယ်။

 

          ဖောင်ပေါ်က နောက်တစ်ဦးကတော့ စူးစမ်းလေ့လာရေး သမား Observer ဖြစ်တယ်။ စူးစမ်းလေ့လာရေးသမားပီပီ သူကတော့ ပင်လယ်ရဲ့ အနေအထား၊ လှိုင်းလေတွေရဲ့ အတိုး အဆုတ်၊ ဖောင်ပေါ်က လူတွေရဲ့ အပြုအမူ၊ အစာငတ် ရေငတ် ဖြစ်နေကြပုံ၊ မောင်ရဲ့ ပျက်စီးလုနီးနီး အခြေအနေ... ဒါတွေ ဒါတွေကို မှတ်တမ်းတင်ဖို့ ကြိုးစားနေတယ်။

 

            ဖောင်ပေါ်က နောက်တစ်ဦးကတော့ အများအကျိုး ဆောင်ရွက်တာကောင်းတယ်လို့ ယူဆတဲ့ ပရဟိတဝါဒီ Alturist ဖြစ်တယ်တဲ့။ ငါဟာ သူတစ်ပါးကို အကူအညီမပေးဘဲ မနေသင့်ဘူး သူတစ်ပါးအကျိုးကို ရွက်ဆောင်သင့်တယ်ဆိုတဲ့ အယူအဆ ခိုင်လုံ ဖို့အတွက် ဆင်ခြင်ဆင်လက်တွေကို သူကရှာနေတယ်တဲ့။

 

          ဖောင်ပေါ်က နောက်တစ်ဦးကတော့ အဆိုးအကောင်းဟူ သမျှကို ကြိတ်မှိတ်ပြီး ခံတတ်သူ Stoic ဖြစ်တယ်။ သူက ဘာကိုမှ မယုံကြည်ဘူး သူယုံကြည်တာက ပင်လယ်ထဲခုန်ချပြီး ဘဝကို မြန်မြန် အဆုံးစီရင်ပစ်လိုက်တော့မယ်... ဆိုတဲ့စိတ် ဖြစ်လာတိုင်း ခုန်မချ ဖြစ်အောင် အဆုံးမစီရင်ဖြစ်အောင် ငြင်းဆန်နေတဲ့ သူ့ရဲ့ငြင်းဆန် ချက်ကိုတော့ မှန်တယ်လို့ ယုံကြည်နေတာ... တဲ့။

 

ဖောင်ပေါ်က နောက်ဆုံးတစ်ဦးကတော့ လောကကြီး အကြောင်း ဘာဆိုဘာမှမသိတဲ့ ကလေးငယ်ကလေးဖြစ်တယ်။

 

ဖောင်ရဲ့ မခိုင်ခံ့တော့တဲ့အဖြစ် ညအမှောင်ထု ဖုံးလွှမ်းလာတော့မယ့် အဖြစ်ကို စိုးရိမ်ရကောင်းမှန်းလည်းမသိ။ မုန်တိုင်းလာတော့မယ့် အတိတ်နိမိတ်တွေကိုလည်း ကလေးငယ်ဟာ ကြောက်ရကောင်းမှန်း မသိဘူး။ ကလေးငယ်အတွက်တော့ ဖောင်ပျက်ရင်လည်း ပျက်တဲ့ အထဲပါမယ်၊ ပင်လယ်ရေထဲကျမယ်၊ ဒီအတွက် ကလေးငယ်ဟာ တွေးလည်းမတွေးတတ်ဘူး၊ ဒီတော့ ကြောက်ရကောင်းမှန်းလည်း မသိဘူး၊ စိုးရိမ်ထိတ်လန့်မှုလည်း မရှိဘူး။ အခြေအနေပေးရင်လည်း မိုးလင်းတဲ့အခါ ကမ်းခြေကို မောင်ဆိုက်မယ်။ ကလေးငယ်ဟာကမ်းပေါ် ရောက်မယ်။ ကလေးငယ်ရဲ့ ဘဝဟာ အခြေအနေတွေက ဖန်တီးတဲ့အတိုင်း ဖြစ်မှာပဲဖောင်ပေါ်က လူခုနစ်ဦးဟာ လောကမှာရှိတဲ့ လူတွေမှာ ဖြစ်တတ်တဲ့ သဘောထားခုနစ်မျိုးကို ရည်ညွှန်းထားတာလောကနဲ့ဘဝကို အကောင်းမြင်တဲ့လူရှိတယ်။ အကောင်းမြင်ပေမယ့် လက်တွေ့ မှာ ကောင်းတာ၊ မှန်တာတွေကို မလုပ်နိုင်သူ မဖြစ်ဖို့လည်း လိုမှာပဲ။

 

လောကနဲ့ဘဝကို အဆိုးဘက်က ကြည့်မြင်တဲ့လူလည်းရှိတာပဲ။ အဆိုးမြင်ရာကနေပြီး စိတ်ဓာတ်တွေကျဆင်း ပြိုကွဲသွားသူမျိုးမဖြစ်ဖို့လည်း လိုလိမ့်မယ်။ ပြီးတော့ ... လူ့လောကမှာ အတ္တဗဟိုပြုသမားတွေလည်းရှိတယ်။ ဒီလူတွေကတော့ ဘယ်သူသေသေ၊ ငတေမာပြီးရော... ဆိုတာလို သူတစ်ပါးတွေ ဘယ်လိုဒုက္ခတွေရောက်ရောက်၊ ငါကောင်းစားချမ်းသာရင် ပြီးရောဆိုပြီး သဘောထားတယ်၊ ဒီသဘောထားနဲ့ ကိုယ့်အကျိုးကိုယ့်စီးပွားကိုပဲ ရှာရင်း လောကကြီးကို အရုပ်ဆိုးအောင်လုပ်ကြတယ်။

 

ပရသမားကတော့ အများအကျိုး သယ်ပိုးခြင်းဟာ ကောင်း တယ်လို့မြင်တယ်။ ဒါပေမယ့် ပရသမား အရေအတွက်က လူ့လောကမှာ အရေအတွက်အားဖြင့် သိပ်ကိုနည်းတယ်ဆိုတာ တွေ့နိုင်တယ်။

ဖောင်ပေါ်က ကလေးငယ်လို ဘာကိုမှ အလေးအနက် မသိသူ... ဘာကိုမှ အလေးအနက်မထားသူ.. ဖြစ်သလို ကြုံသလိုနေသူတွေလည်းရှိမယ်။ ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန်ပျက် သူ့သဘော သူဆောင်သွားလိမ့်မယ်လို့ သဘောထားသူတွေလည်း ရှိမယ်။ အများကြီးရှိနေကြလိမ့်မယ်... လို့ တွေးရင်း..

ဖောင်ပေါ်က လူအမျိုးအစား ခုနစ်မျိုးထဲမှာ ငါ.. ဘယ် အမျိုးအစားမှာ ပါသလဲ... လို့ တွေးတယ်၊ ဘယ်အမျိုးအစားထဲ မှာမှ မပါချင်ဘူးလို့ စိတ်ထဲမှာ ပြောလည်းပြောလိုက်ရော...

 

ကျောက်ဆောင်ကို ရိုက်လိုက်တဲ့ လှိုင်းကနေ စင်လာတဲ့ ရေတွေက တစ်ကိုယ်လုံးကို တုပ်တုပ်နစ်အောင် ရွှဲစိုသွားတယ်၊ ပြန်လှည့်ဆင်း သွားတဲ့ ပင်လယ်ရေရဲ့ အသံက တဟားဟားရယ်မောသွား သလိုပဲ...။

 

ဘယ်သောခါမှ...

“ငွေ”ဆိုတာကို ကုန်ပစ္စည်းချင်း လဲလှယ်ရာမှာ လွယ်ကူအောင် ဆိုပြီး တီထွင်ခဲ့ကြတာပဲ။ ကုန်ပစ္စည်းချင်း လဲလှယ်ရာမှာ... ကုန်ကူးသန်းရောင်းဝယ်ရာမှာ ငွေကို ကြားခံကိရိယာကြားနေ ကိရိယာ အဖြစ် တီထွင်အသုံးပြုတဲ့အခါမှာ လွယ်ကူမှုတွေ ဖြစ်လာ တယ်။

 

ရှေးခေတ် လူ့အဖွဲ့အစည်းတွေမှာ ပစ္စည်းချင်းလဲလှယ်ရာမှာ တိရစ္ဆာန်တွေကို ကြားခံငွေကြေးအဖြစ် အသုံးပြုခဲ့ကြတယ်။ လူတစ် ဦးက အခြားလူတစ်ဦးရဲ့ လယ်မြေကို လိုချင်တဲ့အခါ နွားအကောင်ရေ ဘယ်၍ဘယ်မျှ ပေးမယ်ဆိုပြီး လဲလှယ်တယ်။ ဒါဟာ နွားကို ငွေကြေးအဖြစ် အသုံးပြုတာပါ။ တချို့က နွားအစား ဆိတ်၊ တချို့က ဆိတ်အစား သိုး စသည်ဖြင့် တိရစ္ဆာန်တွေကို ပစ္စည်ဖလှယ်ရာမှာ ကုန်ရောင်း ကုန်ဝယ်ပြုတဲ့အခါမှာ ငွေအဖြစ် အသုံးပြုခဲ့ကြတယ်။ ဒါပေမယ့် ရေရှည်မှာ တိရစ္ဆာန်ကို ငွေကြေး အဖြစ် အသုံးပြုရတောမှာ အဆင်မပြေမှုတွေ ရှိလာတယ်။ နွားတွေဆိတ်တွေကို ထိန်းသိမ်းရ ခက်ခဲခြင်းနဲ့ အခြားအခက်အခဲတွေ့ ရှိလာတယ်။

 

တစ်နေရာမှ အခြားတစ်နေရာကို ဒီနွားတွေ ဆိတ်တွေကို ယူသွားပြီး အခြားပစ္စည်းတွေနဲ့ လဲလှယ်ဖို့ရန်လည်း ခက်ခဲတယ်။ ဒါကြောင့် တိရစ္ဆာန်အစား ရွှေ၊ ငွေ ဒါမှမဟုတ် ကြေးသတ္တုကိုငွေအဖြစ်၊ ကြားနေကိရိယာအဖြစ် အသုံးပြုကြည့် လာခဲ့ကြတယ်။ ရွှေ ငွေ အစရှိတဲ့ သတ္တုတွေကို ငွေအဖြစ် အသုံးပြုတာဟာ တိရစ္ဆာန်တွေကို အသုံးပြုတာထက်တော့ ပိုပြီး လွယ်ကူလာတယ်။ ရပ်ဝေးကို သယ်ယူပြီး လိုချင်တဲ့ပစ္စည်းကို ဒီသတ္တုတွေနဲ့ လဲလှယ် နိုင်တဲ့အတွက် အလုပ်တွင်ကျယ်တယ်။

 

ဒါပေမယ့် အခက်အခဲ ကလေးတွေ ရှိလာပြန်တယ်။ ဘာလဲဆိုတော့ ရွှေ ငွေ စတဲ့ သတ္တုကိုငွေအဖြစ် ဖြတ်တောက် အသုံးပြုရတာဟာ ထင်သလောက် မလွယ်ကူဘူး။ ကုန်ရောင်းကုန်ဝယ် လုပ်ရာမှာ သတ္တုတွေကို ကြားခံကိရိယာအဖြစ် အသုံးပြုတဲ့အခါ ရွှေ ငွေကို လက်ခံသူအတွက် ရွှေ စစ် မစစ် စစ်ဆေးဖို့၊ ငွေ စစ် မစစ် စစ်ဆေးဖို့ အလုပ်တွေ ပိုလာတယ်။ ရွှေစ ငွေစ ဖြတ်တောက်တဲ့အခါ တိကျတဲ့ တန်ဖိုး အနေနဲ့ ရဖို့လည်း မလွယ်ဘူး ဖြစ်လာတယ်။

 

 ဒါကြောင့် ဒင်္ဂါးတွေ သွန်းလုပ်ပြီး ငွေအဖြစ် အသုံးပြုလာခဲ့ကြပြန်တယ်။

ဒီမှာလည်း အခက်အခဲက ရှိလာပြန်တာပဲ။ ကြီးကြီးမားမား အရောင်းအဝယ်တွေ ပြုလုပ်ဖို့ ရှိလာတဲ့အခါ ရပ်ဝေးမှာ သွားပြီး အရောင်းအဝယ်လုပ်ဖို့ ရှိလာတဲ့အခါမှာ ဒင်္ဂါးတွေကို သယ်ယူဖို့ ခက်တယ်။ လေးလံများပြားတဲ့ ဒင်္ဂါးတွေကို လုံခြုံစွာနဲ့ သယ်ယူသွားဖို့ လည်း ခက်တယ်။

 

 ဒါကြောင့် ငွေစက္ကူ တီထွင်လာပြီးတော့ ပစ္စည်းချင်း ဖလှယ်ရာမှာ ကြားနေကိရိယာအဖြစ် အသုံးပြုလာခဲ့ကြ ခြင်းဖြစ်တယ်။ ဒီလိုကြားနေ ကိရိယာဖြစ်တဲ့ ငွေအပေါ်မှာအလိုလောဘတွေ ရှိကြတဲ့ လူတွေရဲ့ အမြင်ဟာ ထွေထူးဆန်းပြား လာတယ်။

 

စာရေးဆရာကြီး ချားလ်ဒစ်ကင်း Charles Dicken ကသူနဲ့ Dombey and Son ဆိုတဲ့ ဝတ္ထုထဲမှာ ငွေအကြောင်းကို ဖော်ပြ ထားတဲ့ ဇာတ်ကွက်တစ်ခုရှိတယ်။ ကုန်သည်ကြီးဖြစ်တဲ့ Mr.Dombey က သူနဲ့ အလုပ်လက်တွဲလုပ်နိုင်မည့် သားတစ်ယောက်ရလာရင် သိပ်ကောင်းမှာပဲလို့ မျှော်လင့်တမ်းတနေခဲ့တယ်။ တစ်နေ့မှာတော့ သူ့မျှော်လင့်ချက် ပြည့်သွားတယ်။ သူ့ဇနီးမှာ ကိုယ်ဝန်ရှိလာတယ်။

 

အချိန်တန်တော့ သားယောက်ျားကလေး ဖွားမြင် ပေးတယ်။ ဇနီးသည်ဟာ ဒီကလေးကို မွေးဖွားပေးပြီး မကြာခင် ကွယ်လွန် သွားရှာတယ်။

 

သားလေး Paul ဟာ ငယ်ငယ်ရွယ်ရွယ်ကပဲ သူ့ဖခင်ရဲ့ လုပ်ငန်းနဲ့ ရင်းနှီးလာတယ်။ ငွေရရှိရေးအတွက် အာသာငမ်းငမ်းနဲ့ သူ့ဖခင် စီးပွားရေးလုပ်နေတာတွေကို မြင်တွေ့လာခဲ့ရသူလေး ဖြစ်တယ်။ မေးတတ်၊ မြန်းတတ်၊ စူးစမ်းတတ်တဲ့အရွယ်မှာ သားငယ် Paul က သူ့ဖခင် Mr.Domkey ကို...

“ဖေဖေ... ငွေဆိုတာ ဘာလဲ”လို့ မေးတယ်။

 

ဖခင်ဖြစ်တဲ့ Domkey ကဖြေ ဖို့ခက်နေတယ်။ ငွေ လည်ပတ်မှု တွေ၊ ရွှေကို ငွေအဖြစ် အသုံးပြုနိုင်တာတွေ၊ ငွေလဲလှယ်နှုန်းတွေ အကြောင်း ကလေးငယ်ကို နားလည်အောင် ရှင်းပြဖို့မလွယ်ဘူး။ဒါနဲ့ Mr.Dombey ...က

 

“ဒီမှာ ရွှေတွေ၊ ငွေတွေ၊ ကြေးတွေ၊ ဂီနီတွေ၊ ရှီလင်တွေးပဲနီတွေ.. ဒါတွေဟာ ဘာလဲဆိုတာကို သားသိရဲ့လား”လို့မေးတယ်။ သားငယ်လေး Paul က ..

“သိတယ်၊ ဒါတွေဟာ ဘာတွေလဲဆိုတာကို ကျွန်တော် သိတယ်။ ကျွန်တော် မေးနေတာက ဒါတွေနဲ့ မဆိုင်ဘူး။ ကျွန်တော် မေးနေတာက ငွေဆိုတာ ဘာလုပ်နိုင်တယ်ဆိုတာကို ကျွန်တော် မေးနေတာ”လို့ဆိုတော့ ဖခင်ဖြစ်တဲ့ Mr.Dombey က... ။

 

“ငွေ... ဆိုတာ အရာရာကို လုပ်နိုင်တယ်၊ ဖန်တီးနိုင်တယ်။ Money can do anything” လို့ Paul ကို ပြောလိုက်တယ်။

 

ငွေဟာ အရာရာကို ဖန်တီးနိုင်တယ်ဆိုတာကို လက်မခံနိုင် ပေမယ့် ငွေဟာ တော်တော်များများကိုတော့ ဖန်တီးနိုင်တယ်။ ငွေဟာ လူကို အကောင်းအဆိုး အမျိုးမျိုးသော ဘဝမျိုးကို ရောက်အောင် ဖန်တီးနိုင်စွမ်းတယ်။ လူ့ဘဝ အခက်အခဲတွေကို ငွေနဲ့ကျော်လွှား နိုင်တယ်။ ငွေရှိရင်... ကိုယ့်ကို အဟန့်အတား ပြုနေကြတဲ့ သူတွေကို ကိုယ့်အောက်ဘို့လာရသည်အထိ ဖန်တီး နိုင်တယ်။ ကျန်းမာရေး အခက်အခဲတွေ၊ အခြားလူမှုရေး အခက်အခဲ တွေကိုလဲ ငွေရှိရင် ကျော်လွှားနိုင်တယ် “ငွေရှိရင် ဘယ်ခံတပ်မဆိုသိမ်းယူနိုင်တယ်။"There is no fortress that money cannot takeဆိုတဲ့ စကားတောင်ရှိတယ်။ ငွေဟာ အခက်အခဲဟူသမျှကို ကျော်လွှားနိုင်တယ်လို့ ဆိုလိုတာ ဖြစ်မှာပေါ့။

 

မိသားစု ပြိုကွဲသွားတာတွေလင်မယား ကွာရှင်းမှုတွေဟာ ငွေကြောင့် ဖြစ်တတ်ကြတာပဲ။ ငွေတွေ ချမ်းသာလွန်းလို့ သူ့ဆွေမျိုးဘက်၊ ကိုယ့်ဆွေမျိုးဘက်တွေ သဘောထား ကွဲလွဲမှုတွေ ဖြစ်တယ်။ ငွေကြေး ဆင်းရဲမွဲတေသွားမှုကြောင့်လဲ မိသားစု ပြိုကွဲသွားတတ်တယ်။ ငွေကြေးချမ်းသာမှုကြောင့်လည်း လင်ဘက် မယားဘက် ဆွေမျိုးအသိုင်းအဝိုင်းတွေ ရပိုင်ခွင့်တွေ မညီမျှလို့ သဘောထားတွေ ကွဲကြတယ်။ ငွေကြေး မရှာဖွေနိုင်ဘဲ ဆင်းရဲမွဲတေ

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)