Skip to product information
1 of 2

Other Websites

နန္ဒာသိန်းဇံ - ကြာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

နိဒါန်း

ကြာသည် ရေကို

တန်ဆာဆင်ခြင်းငှာ ဖြစ်၏။ 

           ရေပြင်ကို ကြာက လှပသွားစေတတ်သည်။ သင်းပျံ့ ပန်းရနံ့ဖြင့် ရေပေါ်ဖြန့်မိုးရင်း တင့်တင့်တယ်တယ်ပွင့် နေသော ကြာက ရေကန်ကို ချမ်းမြေ့ ကြည်နူးဖွယ်ဖြစ်အောင် ဖန်တီးနေတတ်သည်။ လွလွဖိတ်ဖိတ် ကြာ၏အရောင်အသွေးကြောင့်လည်း ရေကန်က ပို၍ နှစ်လို မြတ်နိုးဖွယ် ဖြစ်နေတတ်လေသည်။

           လူ့လောက၌ ဉာဏ်အမြော်အမြင်ရှိသော သူသည် သူ၏ ပတ်ဝန်းကျင်ရှိ လူအများကို ငြိမ်းအေး ချမ်းမြေ့စေတတ်၏၊ အကျည်းတန်အရုပ်ဆိုးသည့် လူမှုအနိဋ္ဌာရုံတို့ကို ဖယ်ရှား၍ ဣဋ္ဌာရုံတို့ဖြင့် လှပတင့်တယ်စေတတ်၏။ ထိုသို့ မိမိဝန်းကျင်ကို ငြိမ်းအေး ချမ်းမြေ့အောင် လှပ တင့်တယ်အောင် ဖန်တီးတတ်သော ပညာရှိသူကို ကြာ နှင့် ခိုင်းနှိုင်းတတ်ကြသည်။

             “ဘေးရန် ဟူသမျှတို့သည် လူမိုက်ကြောင့် ဖြစ်ကုန်၏။ ပညာရှိ ကြောင့် မဖြစ်ကုန် ၊ ဖြစ်

ပေါ်လာသော မငြိမ်းအေးခြင်း မှန်သမျှတို့သည် လူမိုက်ကြောင့် ဖြစ်ကုန်၏။ ပညာရှိကြောင့် မဖြစ်ကုန်။ ပူဆွေးရမှု မှန်သမျှသည် ပညာရှိကြောင့် မဖြစ်ကုန်၊ ဥပမာအားဖြင့် ... ကျူမိုး အိမ်မှလည်းကောင်း၊ မြက်မိုး အိမ်မှ လည်းကောင်း လွင့်သောမီးသည် လေလုံကုန်သော အတွင်းအပြင် အင်္ဂတေ လိမ်းကျံအပ်ကုန်သော စေ့စပ်အပ်သော တံခါးဘောင်၊ တံခါးရွက်ရှိကုန်သော၊ လုံသော လေသာပြတင်း ရှိကုန်သော အထွတ်တပ်အပ်ကုန်သော အိမ်ကြီး အိမ်ကောင်း တို့ကိုလည်း လောင်ကျွမ်းသကဲ့သို့ ဤအတူသာ လျှင်ဘေးရန် ဟူသမျှတို့သည် လူမိုက်ကြောင့် ဖြစ် ကုန်၏။ ပညာရှိကြောင့် မဖြစ်ကုန်၊ဖြစ်ပေါ်လာ သမျှသော မငြိမ်းအေး မငြိမ်သက်မှု အားလုံး တို့သည် လူမိုက်ကြောင့် ဖြစ်ကုန်၏။ ပညာရှိကြောင့် မဖြစ်ကုန်၊ ပူဆွေးမှု၊ စိတ်ဆင်းရဲမှု အားလုံးတို့သည် လူမိုက်ကြောင့် ဖြစ်ပေါ် ကုန် ၏။ ပညာရှိကြောင့် မဖြစ်ပေါ်ကုန်”

                   ကြာသည် ၎င်း၏ ရှိနေ ဖြစ်နေမှု ကြောင့် ဝန်းကျင် ကို မနှစ်မြို့ဖွယ်ရာများဖြင့် ထိခိုက်စေခြင်း မရှိ။ ပညာ ရှိသော သူသည်လည်း ၎င်း၏ ရှိနေ ဖြစ်နေမှုကြောင့်၎င်း၏ လူမှုဝန်းကျင်ကို မနှစ်မြို့ဖွယ်ရာ များဖြင့် ထိခိုက် စေခြင်း မရှိ။ ဤသို့ ခိုင်းနှိုင်းရာမှ ကြာသည် ပညာရှိသောသူ (ဝါ) ပညာရှိခြင်း၏ အထိမ်းအမှတ် သင်္ကေတ ဖြစ်လာခဲ့သည်။

             ကြာသည် နုန်းညွှန်၌ အခြေခံ၍ ရေ၌ ဖြစ်သော် လည်းနန်းညွှန်နှင့်လည်းကောင်း၊ ရေဖြင့်လည်းကောင်း မလိမ်းကျံ မကပ်ငြိဘဲ နေရောင်၌ စင်ကြယ်စွာ ပွင့် သကဲ့သို့ သူတော်ကောင်းသည်လည်း ဤ မကောင်းမှု အညစ်အကြေးတို့ရှိရာ လူ့လောက၌ ဖြစ်လာသော်လည်း ဆန္ဒာ၊ ဒေါသာ၊ ဘယာ၊ မောဟာ ဟူသော အညစ်အကြေးများ၊ မဟုတ်မမှန် ကျင့်ကြံ ပြောဆိုခြင်း အစရှိသော အညစ်အကြေးများနှင့် လိမ်းကျံ ကပ်ညှိခြင်း မရှိ သူ ဖြစ်သည်။ ရေပေါ်၌ စင်ကြယ်စွာ ပွင့်လာသော ကြာသည် ၎င်း၏ ဝန်းကျင်ကို လှပတင့်တယ်စေခြင်းဖြင့် အကျိုးပြုသကဲ့သို့ သူတော်ကောင်း (ဝါ) အကျင့်သီလ စင်ကြယ်သူသည်လည်း သူ၏ လူမျိုး၊ သူ၏ ဝန်းကျင်ရှိ လူအများကို ကောင်းကျိုးစီးပွားတို့ဖြင့် အကျိုးပြုလိမ့် မည်သာ ဖြစ်သည်။ ဤသို့ ခိုင်းနှိုင်း ပြောဆိုရာမှ ကြာ သည် ဖြောင့်မတ် မှန်ကန်သော အကျင့်သီလ ရှိသူ (ဝါ) အကျင့်သီလ စင်ကြယ်ခြင်း၏ အထိမ်းအမှတ် သင်္ကေတ လည်း ဖြစ်လာခဲ့သည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)