Skip to product information
1 of 4

Other Websites

နန္ဒာမိုးကြယ် - သင့်ဘဝအောင်မြင်ရေးအတွက် သော့ချက်များ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

တစ်ခုတည်းသော ဦးတည်ချက်

          နောင်တော်စာရေးဆရာတစ်ယောက်က သြဝါဒစကား ဆို ခဲ့ဖူးသည်။

          “ ငါ့ညီ... မင်းဘဝမှာ မင်း ဘာဖြစ်ချင်သလဲ။ ဖြစ် ' ချင်တာကို အသေအချာစဉ်းစား၊ စဉ်းစားပြီးမှ ဆုံးဖြတ် ပါ။ အဲသည် ဆုံးဖြတ်ချက်ဟာ ဘယ်အကြောင်းကိစ္စနဲ့မှ ယိမ်းယိုင်မသွားပါနဲ့။ ဖြစ်ချင်တာသေချာပြီဆိုရင် သတ် သတ်မှတ်မှတ် ဦးတည်ချက် တစ်ခုတည်းပဲ ထားရမယ်။ - ဟိုလူပြော... ဟုတ်နိုး၊ သည်လူပြော... ဟုတ်နိုးဆိုရင်သွားပြီသာမှတ်တော့” တဲ့။ .

          စေ့စေ့တွေးကြည့်တော့ သည်စကားက သွေးထွက်အောင် မှန်လှချေ၏။ မိမိ၏ ဖြတ်သန်းမှုကာလတစ်လျှောက်၌ ဟိုနေရာ စပ်စပ်၊ သည်နေရာစပ်စပ်၊ ဟိုနေရာဝင်လုပ်လိုက်၊ သည်နေရာ ဝင်လုပ်လိုက်နှင့် ဦးတည်ချက်ဝေဝါး၊ . ထွေပြားနေသူတွေကို တွေ့ခဲ့ရဖူးသည်။ ထိုသူတို့မှာ ချွန်ထွက်သွားလေ့မရှိ။ အောင် မြင်မှုတွေမှာလည်း အလွဲလွဲအချော်ချော်။

          မိမိတို့ တက္ကသိုလ်စာသင်သားဘဝတုန်းကလည်း သည်လို လွဲချော်သည့်ဖြစ်ရပ် သာဓကတွေကို တွေ့ဖူးသည်။ အရောင်း အဝယ်၊ ကုန်သွယ်မှုအပေါ် ဝါသနာပါသော သူငယ်ချင်း တစ် ယောက်။ အမှန်တကယ် သူရွေးချယ့်တက်သင့်သည်က စီးပွား ရေး တက္ကသိုလ်သာဖြစ်၏။ သို့ရာတွင် စာပေသမားတစ်ယောက် ဖြစ်ရန် ဝါသနာထုံသော မိမိအား ခင်မင်မှုကိုအကြောင်းပြု၍ စီးပွားရေးတက္ကသိုလ်မတက်ဘဲ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တက်ကာ မိမိယူသော မြန်မာစာဘာသာရပ်ကို လိုက်သည်။ စာဖတ် ဝါသနာမပါ။ ကဗျာမပြောနှင့် ခေတ်ကာလပေါ် ဝတ္ထုတစ်ပုဒ် တလေမျှကိုပင်လျှင် ခံစားဖတ်ရှုခြင်းမရှိသောသူ့အဖို့ စာသင်နှစ်တွေကုန်ဆုံးတော့ ဝိဇ္ဇာဘွဲ့ရိုးရိုးကလေးတစ်ခုသာ ပိုက်သွားနိုင် ခဲ့သည်။ ဘာမျှ ထူးထူးခြားခြား ဖြစ်မလာခဲ့။ တကယ်ဆိုလျှင် စီးပွားရေးတက္ကသိုလ်သာသူ တက်ရောက်ဖြစ်ခဲ့ပါက ထူးချွန်ကောင်း ထူးချွန်လာနိုင်သည်။ သို့တည်းမဟုတ် သူကျင်လည် ကျက်စားမည့် စီးပွားရေးဝန်းကျင်နယ်ပယ်၌ အောင်မြင်မှုရမှာ သေချာသည်။

          “လူတိုင်းလူတိုင်းတွင် မမြင်နိုင်သောစွမ်းအားများ ရှိကြ၏။ သည်စွမ်းအားများကို ခိုင်ခိုင်မာမာ ချမှတ်ထားသည့် ဦးတည် ချက်တစ်ခုတည်းနှင့် ပေါင်းစပ်လိုက်ပါက အောင်မြင်မှု ရလိမ့် မည်မှာ အသေအချာပင်။

          ဦးတည်ချက် တစ်ခုတည်း မရှိသူ၊ တစ်သမတ်တည်း မရှိသူအဖို့ အောင်မြင်မှုဟူသည် မလိုလိုနှင့် ဝေးတတ်စမြဲဖြစ်သည်။ စွမ်းအင်တို့ စုစည်းမှုမရှိဘဲ ပြန့်ကျဲနေပါက အာရုံ စူးစိုက်မှုတို့မှာလည်း ပျက်ပြားတတ်သည်သာပင်။

          လူအချို့သည် တစ်ခုမကောင်း၊ တစ်ခုပြောင်းတတ်ကြ 'သည်။ ထိုသူတို့အဖို့ နကို မူလကတည်းက ဦးတည်ချက်တစ်ခု တည်း ထားရှိခြင်းမဟုတ်သည့်အတွက် ဟိုပြောင်း၊ သည်ပြောင်း လုပ်နေကြခြင်းဖြစ်ပေရာ အောင်မြင်မှုဟူသည်မှာလည်း အလွဲ လွဲ အချော်ချော် ဖြစ်နေတတ်ပေသည်။ တစ်ခုမကောင်း၍ တစ်ခုခု ပြောင်းလိုက်သည့်အတွက် အချိန်တွေကုန်ခဲ့ရ၏။ ပြောင်းလိုက် သောတစ်ခုအတွက်လည်း အချိန်တွေပေးရဦးတော့မည်။ အခြေ အနေကို ကနဦးမှစရသည့်အတွက် ရလဒ်အဖြေမှာလည်း အောင် မြင်မည် မအောင်မြင်မည် မသေချာပေ။

          သို့ဖြစ်၍ ဘဝ၌ `မိမိရည်မှန်းရာသို့ ရောက်ရှိအောင်မြင် လိုသူအဖို့ တစ်ခုတည်းသော ဦးတည်ချက်ကို ချမှတ်လျက် " ဦးတည်ရာလမ်းကြောင်းအတိုင်း အာရုံစူးစိုက်ကာ လှေခွက်ချည်းကျန် အလံမလှဲစတမ်း စိတ်ဓာတ်ကို ထားရပေလိမ့်မည်။ ' ယနေ့လက်ရှိ အောင်မြင်နေကြသူတို့ကို လေ့လာဆန်းစစ် ကြည့်လျှင် စိုင်ကော်၍ ချုံပေါ်သို့ ရောက်ကြခြင်းမဟုတ်။ - “ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်” ဆိုသော စိတ်ဓာတ်မျိုးဖြင့်လောကကို ကြံ့ကြံ့ခံကာ လုံ့လအားထုတ်ခဲ့ခြင်းကြောင့်သာ ဖြစ်ပေ၏။

 

အလေးအနက်ထားပါ
သွေးပျက်မသွားပါနဲ့

          ဘဝဟူသည် အမိဝမ်းမှကျွတ်ပြီး ကွယ်လွန်ချိန်အထိဟု အချို့က ဆိုကြ၏။ အချို့ကလည်း ဘဝဟူသည် လောကဓံ | နှင့် စီးချင်းထိုးခြင်းဟူ၍လည်း ကဗျာဆန်ဆန် ပြောကြ၏။ အချို့ကလည်း ဘဝဟူသည် တိုက်ပွဲဟူ၍လည်း ပြတ်ပြတ်သား | သား ဆိုကြ၏။ သူ့အမြင်နှင့်သူ၊ သူ့ဒဿနနှင့်သူ မှန်ကန်ကောင်း မှန်ကန်နေပေလိမ့်မည်။

          ဘဝတစ်ခုဖြစ်တည်လာလျှင် အောင်မြင်စွာ တည်ဆောက် နိုင်ဖို့ လိုပေလိမ့်မည်။ ဘဝ၌ အောင်မြင်နေသူတို့ကို လေ့လာ ကြည့်လျှင် သွေးကြောင်၍ ဘေးရှောင်နေသူများ မဟုတ်ကြ။ သွေးပျက်၍ ဘေးထွက်နေသူများ မဟုတ်ကြ။ သူတို့သည် ဘဝ တစ်ခုကို အလေးအနက်ထားကာ လောကဓံကို ကြံ့ကြံ့ခံနိုင်ခဲ့ ကြသူများ ဖြစ်နေကြသည်။

          သူတို့မှာ ဦးတည်ချက်ရှိသည်။

          ရည်ရွယ်ထားသော ပန်းတိုင်ရှိသည်။ သူတို့၌ရှိသော ဦးတည်ချက်ကို သံမှိုစွဲလျက် ရည်ရွယ်ထား သော ပန်းတိုင်ရှိရာထံ လျှောက်လှမ်းကြသော်လည်း မည်သို့သော အခါမျှ ပေါ့ပေါ့ဆဆ မနေခဲ့ကြ။ မပြောမဆိုခဲ့ကြ။ မလုပ်ကိုင် ခဲ့ကြ။ အသေးအဖွဲကိစ္စကလေးများကို လျစ်လျူရှုခြင်း မပြုဘဲ - အလေးအနက်ထားလုပ်ဆောင်ခဲ့ကြသည်။

          ဓမ္မပဒုမှ မဂ္ဂဝဂ်လာ ပေါဋ္ဌိလမထေရ်ဆိုလျှင် ပိဋကတ်သုံးပုံ ကို.အာဂုံဆောင်နိုင်သော မထေရ်ဖြစ်၏။ သို့ရာတွင် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရန်အတွက် အားထုတ်ခြင်းမပြုဘဲ T ပညာမာန်ယစ်နေသူ ဖြစ်၏။ သည့်အတွက် ဂေါတမဘုရားရှင် [ က ပေါဋ္ဌိလမထေရ်ကို မြင်လေတိုင်း အချည်းနှီးပေါဋ္ဌိလ..အချည်းနှီးပေါဋ္ဌိလ” ဟူ၍ပင် စကားချီလေ့ရှိ၏။ ထိုသို့ ကြား ရဖန်များသည့်အခါ ထိတ်လန့်လာခဲ့၏။

“ငါဟာ အဋ္ဌကထာနဲ့တကွ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်သူ ဖြစ်ပေတယ်။ ရဟန်းငါးရာတို့ကိုလည်း - သင်ကြားပို့ချပေးနေတဲ့သူ။ ဒါပေမဲ့ ဘုရားရှင်က ငါနဲ့တွေ့ဆုံလေတိုင်း “အချည်းနှီး ပေါဋ္ဌိလ” လို့ပဲ မိန့်တော် ``မူခဲ့တယ်။ ဒါဟာ ငါ့အနေနဲ့ ရဟန်းကိစ္စ မပြီးသေးလို့ပါ”

          သည်သို့တွေးတော ဆင်ခြင်မိပြီးသည့်နောက် တောထွက် ခဲ့လေ၏။ တောကျောင်း၌ ရှိကြကုန်သော မထေရ်ကြီးများထံ တပည့်ခံ၏။ မထေရ်ကြီးတို့က လက်မခံဘဲ တစ်ပါး... တစ်ပါးစီ စေလွှတ်ရင်းမှ နှောက်ဆုံး ခုနစ်နှစ်အရွယ် သာမဏေငယ်လေး” ထံ ရောက်လာခဲ့၏။

          စင်စစ် မိမိက မထေရ်ကြီး။ သူက သာမဏေငယ်။

          သို့ရာတွင် သူသည် သွေးမပျက်ခဲ့။ အလေးအနက်ထားကာ သာမဏေငယ်ကလေးကိုပင် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးလျက် တပည့်ခံခဲ့၏။ (စင်စစ် သာမဏေငယ်လေးမှာ အရဟတ္တဖိုလ် ဆိုက်နေပြီးသား ဖြစ်၏) သာမဏေငယ်က ခိုင်းစေသမျှကို : ကျိုးနွံစွာ လုပ်ဆောင်၏။ သူ့အတွက် ဦးတည်ချက်လည်း ထား ရှိပြီး ဖြစ်၏။ ရည်မှန်းရာပန်းတိုင်လည်း ရှိနေပြီးဖြစ်၏။ ပန်းတိုင်ရောက်ဖို့ရာ အလေးအနက်ထား၏။

          ဤတွင် သာမဏေငယ်လေး ဥပမာပြသော ဖွတ်တောင်ပို့ ကို ဉာဏ်ဖြင့်ဆင်ခြင်ကာ မနောဒွါရမှအပ စက္ခုဒွါရ၊ သောတ / ဒွါရ၊ ဃနာဒွါရ၊ ဇိဝှာဒွါရ၊ ကာယဒွါရ... စသည့် ငါးဒွါရ ၊တို့ကို ပိတ်၍ မနောဒွါရ ကမ္မဋ္ဌာန်း စီးဖြန်းခြင်းဖြင့် ပန်းတိုင် { ဖြစ်သော အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ရသည် မဟုတ်ပါ

လော။ ...

          သို့ဖြစ်၍ အောင်မြင်ပေါက်ရောက်လိုသူတိုင်းအဖို့ အရာ ရာကို ဥပေက္ခာမထားဘဲ အလေးအနက်ရှိဖို့ လိုအပ်လှပါ၏။

 

ဘယ်အရပ်မှာ နေရမလဲ .

          မိမိဘဝမှာ အောင်မြင်၊ တိုးတက်၊ ကြီးပွားချမ်းသာလိုကြ သူများအနေဖြင့် ဘူမိနက်သန်နေရာမှန်ကို ရွေးချယ်တတ်ဖို့ လိုပေ လိမ့်မည်။ သည့်အတွက် “လူမှန် နေရာမှန်” ဆိုသည့်စကား ပေါ်ထွန်းလာခြင်း ဖြစ်ပေလိမ့်မည်။ ဂေါတမဘုရားရှင် ဟော ကြားတော်မူသည့် မင်္ဂလာသုတ်တော်တွင်

          “ပတိရူပ ဒေသ ဝါသောစ၊

          ဧတံ မင်္ဂလ မုတ္တမံ”

           ဟု တွေ့ရှိရသည်။ ဆိုလိုရင်းအနက်ကား -

          “သင့်တင့်လျောက်ပတ်သောအရပ်၌ နေရခြင်းသည် မြတ်သောမင်္ဂလာမည်၏”

          ဟူ၍ ဖြစ်လေ၏။

          အောင်မြင်လိုသူ၊ ကြီးပွားချမ်းသာလိုသူတို့အဖို့ မိမိတို့နေ . ထိုင်သင့်၊ နေထိုင်အပ်သော အရပ်ဒေသတို့ကို ရွေးချယ်နေထိုင် • တတ်ကြဖို့ လိုပေ၏။ ဘုရားဟောနိပါတ်တော်တစ်ခု၌ ဘီလုံး

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)