Skip to product information
1 of 3

Other Websites

နတ်နွယ် - အလည်လာတဲ့မိန်းကလေးရယ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း(၁)

          သူမ၏အဖြစ်က

          မိမိ၏ စိတ်အာရုံကို အမှောင်တိုက်အတွင်းသို့ ဖြန့်လွှတ်ကျင့်စား သည်။ မိမိ၏ အသိဉာဏ်ကို ဝဲပျံလှည့်လည်စေသည်။ ယင်းသို့ တပြီးလည်း မိမိ၏ စိတ်အာရုံတွင် မည်သည့် အခြင်းအရာမျှ မထင်လာချေတကား။

          သူမမာသည်၊ ရင်အစုံ တုန်တုန်ခုန်သည်။

          မိမိသည် ဘာကိုမျှမသိ၊ မိမိသည် ဘာကိုမျှ တွေး၍မရ၊ မိမိ၏ ပစ္ဆိမ တွင်လည်းကောင်း၊ မိမိ၏ မဇ္ဈိမတွင်လည်းကောင်း၊ မိမိ၏ ဒက္ခိဏတွင် လည်းကောင်း၊ မိမိ၏ ဥတ္တရတွင်လည်းကောင်း၊ ယူဇနာခြောက်ဆယ်ရှိ သော အမှောင်တောသည် လွှမ်းမိုးဖြစ်ရှိနေ၏။

          သူမ စဉ်းစားသည်။

          ယင်းသို့တပြီးလည်း မိမိအဘယ်အရပ်တွင် ရောက်ရှိနေသည်ကို မသိ ပါနိုင်။ မိမိအဘယ်နည်းဖြင့် ဤနေရာသို့ ရောက်ရှိနေသည်ကိုလည်း မသိ ပါနိုင်။ မိမိသိသည်က အမှောင်အမည်းသာ ဖြစ်ပါသည်။

          သူမ၏ အဖြစ်ကို ဆင်ခြင်ချင့်တွက်သည်းအချိန်ကာလတို့သည် အဘယ်မျှ ရွေ့ လျား ပြောင်းလဲလာပြီနည်း မြို့ မသိမိမိအဖို့မူ အလျားအနံ၊ အမြင့်သည်လည်း ပြောင်းလဲခြင်းမရိုးအချိန် ကာလသည်လည်း ပြောင်းလဲခြင်းမရှိ၊ အလုံးစုံသည် အမှောင့်အမည်း သာဖြစ်သည်။

          သူမတွင် အာရုံငါးပါး ရှိမရှိလည်း သံသယဖြစ်ရသည်။

          မိမိထင်မြင်ခြင်းလည်း မရှိ မိမိတွင် ကြားခြင်းလည်း မရှိ၊ မိမိတွင် ရနံ့လည်း ကင်းပြီထင်ရသည်။ နှာခေါင်းကို အသုံးပြုရန် ကြိုးစားတိုင်း မွန်းကျပ်ခြင်းသာ ဖြစ်ရသည်။ မိမိတွင် ဆာလောင်ခြင်းလည်း မရှိ၊ ခံတွင်း ချဉ်ခြင်းလည်း မရှိရင်လုပ်မောဟိုက်ခြင်းသာ ရှိသည်။

          မိမိ၏ ခန္ဓာကိုယ်အစက်အဖြာအားလုံးသည် မည်သည့်အရာနှင့်မျှ | ထိတွေ့ခြင်းမရှိဟု ထင်ရသည်းထုံထိုင်းခြင်းအထိ ဖြစ်နေသည်။ စကြ၀ဠာ တံတိုင်း၏ အပြင်ဘက်တွင် လွင့်မျောသွားနေသည်ဟု ထင်ရသည်။

          သူမတွင် အသိတစ်ခု ဝင်လာသည်။

          မိမိဆိုသည်မှာ အမှန်တကယ် ရှိနေပေသေးသည်။ မိမိသည် အကောင်အထည်မရှိသော စိတ္တဇရုပ်တစ်ခုကား မဟုတ်ပါသေးချေ၊ မိမိ တွင် ရှိသည်။ မိမိတွင် လက်ရှိသည်။ မိမိတွင် ခေါင်းရှိသည်။ မိမိသည် ဓာတ်လေးပါးဖြင့် ဖွဲ့စည်းအပ်သော လူသားတစ်ယောက်ဖြစ်သည်။

          မိမိတွင် တင်သားများ ရှိသည်။ မိမိတွင် ရင်သားများ ရှိသည်။ မိမိ သည် မိန်းမသားတစ်ဦးဖြစ်သည်။ မိမိ၏ တင်သားများသည် ဖွံ့ဖြိုးခြင်း ဖြင့် ပြီး၏ မိမိ၏ ရင်သားများသည် ဖွံ့ဖြိုးခြင်းဖြင့် ပြီး၏။

          ယင်းသို့ တပြီးလည်း သူမ၏ စိတ်များ ထွေပြားနေသည်း ဝေဝါးနေ သည်။

          မိမိဘယ်မှာ ရောက်နေသနည်း။ မိမိဘာဖြစ်နေသနည်း။ မိမိမည်သူ နည်။ မိမိမည်သို့မျှ မသိနိုင် ရှိသည်။ မိမိ၏ အရပ် ဆယ်မျက်နှာသည် ပိန်းပိန်းပိတ်နေသည် ။

          သူမ၏ အတွင်းစိတ်တစ်နေရာတွင် ရုတ်တရက် လျှပ်ရောင်ဖြိုးပြက် သည်။

          မိမိ၏ အတိတ်ကို အမှောင်ထဲတွင် ဖွေရှာ၍ မရနိုင်သော်လည်း မိမိ ၏ ပစ္စုပ္ပန်မှာမူ မိမိနှင့်အတူ ရှိနေပေသည်။ မိမိ၏ ပစ္စုပ္ပန်ကို မိမိသိနေ သည်။

          မိမိရှိနေသည်။ မိမိသည် တစ်နေရာတွင် ရှိနေသည်။ မိမိသည် တစ်နေရာတွင် တစ်စုံတစ်ခုသော အကြောင်းခြင်းရာနှင့် အတူရှိနေပေသည်။

          ယင်းသို့ဆိုလျှင် အမှောင်တိုက်၏ အခြားတစ်ဖက်တွင် အနာဂတ် ဆိုသည်မှာ ရှိနေပေလိမ့်မည်။ အမှောင်တိုက်ကို မိမိထွင်းဖောက်ရပေလိမ့် မည်။ တောင်းကိုမဖောက်၊ တောင်ကိုဖောက်သည့် စိန်ကျောက်အလား ဖြစ်ရပါမည်။

          သူမ၏ ကျောပြင်လွန့်လူးသည်။ ထိတွေ့မှု ရှိသည်။ မာကျောသည်။ အေးစက်သည့် အုတ်သားပြင်ဖြစ်သည်။

          စကြဝဠာတံတိုင်းဆိုသည်မှာ ဤသည်ပင်လား။ == သူမ၏ တင်သားများကို လွန့်လူးသည်။ ထိုတွေ့မှုရှိသည်။ မာကျော သည်း အေးစက်သည်။ အုတ်သားပြင်ဖြစ်သည်။

          ဥယျာဉ်အတွင်းမှ ကျောက်ဖျာပြင် ဖြစ်ချေသည်လား။ “ သူမ၏ လက်နှစ်ဖက်ကို လှုပ်ရှားသည်။ ဆန့်တန်းသည်။ ဝှေ့ယမ်း - သည်း၊ ထိကိုင်သည်။ ပွတ်သပ်သည်။

          မိမိ၏ အဖြစ်ကို ရုတ်တရက် သိရသည်။ မိမိသည် မှောင်မည်းသော တိုက်ခန်းတစ်ခုအတွင်း၌ ရောက်ရှိနေသည်။ အုတ်နံရံကို ကျောမှီပြီး သမံ တလင်းပေါ်တွင် ထိုင်နေသည် ။

          အဘယ်မျှ ကြာခဲ့ပြီကိုကား မိမိမပြောတတ်၊ အဘယ်ပုံရောက်ခဲ့သည် ကိုလည်း မိမိမစဉ်းစားတတ်။

          လက်နှစ်ဖက်ကို အားပြုပြီး အုတ်နံရံကို ကျော်ဖြင့် ပွတ်တိုက်လျက် တဖြည်းဖြည်းချင်း သူမထသည်။ သူမ ထိုင်ခဲ့စဉ်ကလည်း ဤသို့ပင် အုတ် နံရံကို ကျော်ဖြင့် ပွတ်တိုက်ပြီး တဖြည်းဖြည်းချင်း သမံတလင်းပေါ်သို့ ကျရောက်သွားခဲ့ချေသည်လား။

          ရုတ်တရက် သူမတွင် ကြောက်ရွံ့ စိတ် ဝင်လာသည်။ သူမ၏ ဒူးနှစ် ဖက် တဆတ်ဆတ်တုန်နေသည်။ သူမ၏ ရင်အစုံ ခုန်နေသည်။

          အမှောင်ထဲတွင် ခြေတစ်ဖက်လှမ်းလိုက်သည်။ နောက်တစ်ဖက်ရပ်လိုက်သည်။

          လှမ်းပြန်သည်။

          တစ်စုံတစ်ခုကို ဘယ်ဘက်ခြေဖျားဖြင့် တို့ခတ်မိသည်။ ထိုအရာ ရွေ့လျားသွားသည်း သူမ၏ ခေါင်းတွင် ထိန်းခနဲဖြစ်သွားသည်။

          ထို့နောက် သူမကုန်းငုံ့ပြီး ခြေဖြင့် ခတ်မိသော အရာဝတ္ထုကို လက် တစ်ဖက်ဖြင့် စမ်းသည်။           ပထမက အေးစက်သော သမံတလင်းကို စမ်း မိသည်။ ထို့နောက်တွင်မှ ပူနွေးသော ခြောက်သွေ့သော ရွေ့လျားသော အရာကို လက်ဖျားဖြင့် တို့ထိမိသည်။ သားရေ သို့မဟုတ် ပလပ်စတစ်ဖြစ် သည်။ လက်ကိုင်အိတ်တစ်ခုဖြစ်သည်။ ။

          လက်ကိုင်အိတ်ကို ကောက်ယူလိုက်သည်။ ရင်ခွင်ထဲတွင် ကပ်ထား လိုက်ပြီး လက်နှစ်ဖက်နှင့် ဖွင့်ရန် ကြိုးစားကြည့်သည်။ မည်ကဲ့သို့ ဖွင့်ရ မည်နည်း။ မည်သည့်နေရာတွင် ဖွင့်ရမည်နည်း။ လက်ကိုင်အိတ်သည် သူမနှင့် စိမ်းသလိုဖြစ်နေသည်။ မိမိလက်ကိုင်အိတ်သာဆိုလျှင် အလင်းတွင် ဖြစ်စေ၊ အမှောင်တွင်ဖြစ်စေ၊ အလွယ်တကူ ဖွင့်နိုင်ရမည်ဖြစ်သည်။ ယခု တော့ သူမ၏ သွယ်လျသော လက်ချောင်းများသည် ဟိုစမ်းစမ်း စမ်းစမ်း..

          ထို့နောက် အိတ်ပွင့်သွားသည်။ အိတ်ထဲသို့ လက်နှိုက်ပြီး စမ်းကြည့် ပြန်သည်။ အေးစက်မာကြောသော အရာဝတ္ထုတစ်ခုကို စမ်းမိသည်။ သေ နတ်လား။ လက်တွန့်သွားသည်။ သို့သော် မဟုတ်ပါ၊ မီးခြစ်လား၊ ထပ်ပြီး စမ်းကြည့်သည်။ မီးခြစ်လည်း မဟုတ်ပါ။ သေးငယ်သော အိတ်ဆောင် လက်နှိပ်ဓာတ်မီးကလေး ဖြစ်သည်။

          သူမ၏ လက်ကိုင်အိတ်ဖြစ်ပါလိမ့်မည်။ သူမ၏ လက်နှိပ်ဓာတ်မီးပဲ ဖြစ်ပါလိမ့်မည်။ ဤအရာများနှင့် မိမိအကျွမ်းဝင်သည်ဟု သူမ၏ စိတ်ထဲ တွင် ရုတ်တရက် ထင်မြင်လာသည်။ ဤအခန်းထဲသို့ သူမဝင်လာစဉ်က ဤလက်ကိုင်အိတ် အကြောင်းတစ်ခုကြောင့် လွတ်ကျသွားခြင်း ဖြစ်ပါလိမ့်မည်။

          ဤအခန်းထဲသို့ အဘယ်ကြောင့် မိမိရောက်လာရသနည်း။

           သူမ မသီ ပါး၊ သူမ စဉ်းစား၍ မရပါ။ မည်သည့်အရပ် မည်သည့်ဌာနဟု မိမိစဉ်းစား ၍ မရပါ။

          မိမိသိတာ တစ်ခုတော့ ရှိသည်။ ဤအခန်းထဲတွင် တစ်စုံတစ်ယောက် သေဆုံးလျက်ရှိသည်။ သမံတလင်းပေါ်တွင် လဲကျနေသည်။ ယင်းအချက် ကို မိမိဘယ်ကဲ့သို့ သိသည်ကိုတော့ မပြောတတ်ပါ။ စိတ်ထဲမှာ သိနေတာ ပဲ ဖြစ်သည်။

          “အို...ငါ ဒီက မြန်မြန်သွားမှ မြန်မြန်သွားမှ

          သူမ ရုတ်တရက် တုန်လှုပ်လာသည်။ ကြောက်လန့်လာသည်။ ဤ နေရာမှ ထွက်ခွာသည်။ တစ်လှမ်း၊

          နောက်တစ်လှမ်းလှမ်းရမည်ကို စိတ်ထဲတွင် မရဲဘဲ ဖြစ်နေသည်။ မှောင်နေသည်။ အမှောင်က မိမိကို ပြုစားချေပြီ။

          ရုတ်တရက်ဆိုသလို လက်နှိပ်ဓာတ်မီးကို သတိရလိုက်မိပြန်သည်။ ခံမိရှေ့ အမှောင်ထဲတွင် အမျိုးသမီးတစ်ယောက် သေဆုံးနေသည်။ သေ သွားသည်။ သူ့ကို မိမိကိုယ်တိုင် တွေ့မြင်ပြီးဟန်ရှိသည်။ သို့သော် ပိုပြီး သေချာအောင် ထပ်မံပြီး ကြည့်ချင်သည်။

          လက်ကိုင်အိတ်ထဲက လက်နှိပ်ဓာတ်မီးကို ထုတ်ယူလိုက်သည်။ ခလုတ်ကလေးကို လက်မဖြင့် ဖိပြီး ရှေ့သို့ တိုးလိုက်သည်။ သေးငယ်သော အလင်းရောင်တန်းကလေးသည် အမှောင်ကို ထွင်းဖောက်သည်။ တစ်စုံ တစ်ခုပေါ်သို့ ကျရောက်သည်။

          မိမိထင်ထားသည့်အတိုင်းပင်။

          အမှန်တော့ မိမိသိထားသည့်အတိုင်း ပင်းဟု ဆိုရပေမည်။

          သမံတလင်းပေါ်တွင် အမျိုးသမီးတစ်ယောက် လဲနေသည်။ -

           ခြေသလုံး၊ ပေါင်တံ၊ တင်ပါးဆုံ၊ ကျော၊ ခေါင်း၊ အားလျား မှောက်လျှက်ဖြစ် သည်။ ခေါင်းတွင် ဒဏ်ရာရှိသည်။ သေနတ်ကျည်ဆန် ထိမှန်ထားခြင်းဖြစ် သည်။ လက်နှစ်ဖက်သည် ရှေ့သို့ ဆန့်တန်းလျက် ရှိသည်။

 

          သူမ ရှေ့ သို့ တိုးသွားသည်။ လက်နှိပ်ဓာတ်မီးကို သတိထားပြီး အသုံး ပြုသည်။ အထူးသဖြင့် နောက်စေ့ပွင့်ထွက်နေသော ခေါင်းကို မတိုးမိစေရန် ရှောင်သည်။ လဲနေသူ၏ အနီးတွင် သူမ ထိုင်ချလိုက်သည်။ လဲနေသူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကြည့်သည်။ အေးနေသည်။ တောင့်နေ သည်။ သွေးတိုးခြင်း၊ သွေးခုန်ခြင်း လုံးဝမရှိတော့ ။

          သူမ ထလိုက်သည်။ အခန်းထဲတွင် အခြား ဘာမျှမရှိပါ။ လူလည်း မရှိ၊ ပရိဘောဂလည်း မရှိပါ၊ သေဆုံးသူ၏ ဘေးတွင် လက်နှိပ်ဓာတ်မီး တစ်လက် ရှိသည်။ နှစ်တောင့်ထိုးလား၊ သုံးတောင့်ထိုးလား မသိပါ။မှန် များ ကွဲကြေနေသည်။ စောစောက ယင်းလက်နှိပ်ဓာတ်မီးကို အသုံးပြုခဲ့ ဟန်ကူသည်။ ယင်းမီးရောင်ဖြင့် ဤမိန်းမငယ်ကို တွေ့ခဲ့ရခြင်း ဖြစ်သည်။ သို့သော် ယင်းလက်နှိပ်မီးသည် မိမိပစ္စည်းဟုတ်မဟုတ်ကို မပြောနိုင်ပါ။ မိမိလက်ထဲသို့ အဘယ်ပုံရောက်ခဲ့သည်ကို မိမိမသိပါ။ သို့သော် မိမိလက် ထဲမှ လွတ်ကျသည့်ဟု ထင်သည်။ မိမိကြောင့် မှန်ကွဲသွားသည်ဟု ထင် သည်။ သို့သော် ထိုလက်နှိပ်ဓာတ်မီးကို သူမ မကောက်ယူပါ။

          သူမအနေနှင့် ဤတွင် ဘာမျှလုပ်စရာမရှိပါ။ ဤနေရာမှ မြန်မြန် ထွက်ခွာသွားရန်သာ ဖြစ်သည်။ ခပ်ဟဟပွင့်နေသော တံခါးဆီသို့ နှစ်လှမ်း လှမ်းမိသည်။ သူမ၏ စိတ်ထဲတွင် ရုတ်တရက် ကြောက်စိတ်ဖြစ်ပေါ်လာ သည်။ သူမ၏ လက်ထဲတွင် မီးဖွင့်ထားသော လက်နှိပ်ဓာတ်မီး ရှိနေသည်။ မီး ပိတ်လိုက်သည်။ မှောင်သွားသည်။ မြင်ကွင်းတွင် ဘာမျှမရှိတော့။

          ရင်ခုန်ငြိမ်အောင် စောင့်သည်။ အတော်ကြာအောင် စောင့်ရသည်။ ထို့နောက် တံခါးပေါက်ဆီသို့ မှန်ပြီး လျှောက်ခဲ့သည်။

          တံခါးကို အသာတွန်းဖွင့်သည်။ အပြင်သို့ ကမန်းကတန်း ထွက်သည်။ ထို့နောက် ဘာဖြစ်သည်ကို မမှတ်မိတော့။ မိမိကိုယ်ကို နေရောင်ထဲတွင်တွေ့ရတော့မှ မိမိအိမ်အပြင်ဘက်သို့ ရောက်လာပြီဖြစ်ကြောင့် သတိပြုမိ သည်။ အိမ်ထဲမှ မည်သို့ထွက်ခဲ့မှန်းမသိ။ အိမ်ရှေ့တံခါးမကြီး ပိတ်မထားကြောင်း ရေးတေးတေး မှက်မိသည်။

          သည့်နောက် တစ်ဖန် မိမိကိုယ်ကိုမိမိ မေ့သွားပြန်သည်။ ကားသံတွေ ကြားမှ သတိပြန်ရသည်။ မိမိလမ်းမကြီးပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဘတ်စ်ကားမှတ်တိုင်တစ်ခုတွင် ရပ်နေသည်။ ဝန်းကျင်တွင် လူတွေ ရှိ သည်။ သူတို့ကို ဂရုမပြုမိပါ။ ရုတ်တရက် ထိုးဆိုက်လာသော ဘတ်စ်ကား ပေါ်သို့ တက်ခဲ့သည်။ ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်သည်။

 

အခန်း(၂)

          ဘတ်စ်ကားပေါ်တွင် လူတွေ ထိုင်ခုံပြည့်လောက်ရှိသည်။ သို့သော် သူတို့ကို သူမ သတိမပြုမိပါ၊ သူတို့နှင့် မိမိဆက်စပ်သည်ဟု မထင်မိပါ။ သူတို့က တစ်ကမ္ဘာဟု ထင်ရသည်။ မိမိ၏ ကမ္ဘာသည် တောထဲတွင် လွင့် မျောလျက်ရှိသည်။

          သူမအနီးသို့ လက်မှတ်ရောင်း ရောက်လာသည်။ သူမက လက်ကိုင် ၊ အိတ်ကိုဖွင့်ပြီး ငါးကျပ်တန်တစ်ရွက် ပေးလိုက်သည်။ ပါးစပ်မှလည်း တစ်စုံတစ်ခု ပြောလိုက်မိသည်။ ဘာမှန်း မမှတ်မိပါ၊ လက်မှတ်ရောင်းက ကားလက်မှတ်နှင့် ပြန်အမ်းငွေများ ပေးသည်။

          ဘတ်စ်ကားသည် ရပ်လိုက်ထွက်လိုက် ဖြစ်သည်။ ခရီးသည်တွေ တက်လိုက်ဆင်းလိုက်ဖြစ်သည်။ နောက်ဆုံးတွင် ကားဆက်မသွားတော့ပါ။ အကြာကြီး ရပ်နေသည်။ ကားပေါ်လည်း လူတွေ မရှိတော့ပါ။

          “ဂိတ်ဆုံးရောက်နေပြီ၊ ညီမလေး ဘယ်သွားမှာလဲ”

          သူမ၏ လက်ယာဘက်မှ အသံကြားသဖြင့် လှည့်ကြည့်လိုက်သည်။ စကြံပေါ်တွင် ရပ်နေသော အမျိုးသမီးတစ်ယောက်ကို တွေ့ရသည်။ သူမ ကို ပြုံးပြီး ကြည့်နေသည်။ ကြင်နာချိုသာသော မျက်နှာရှိသည်။ သူမ ထက် အသက်အနည်းငယ် ကြီးပုံရသည်။ အင်္ကျီလက်ရှည်အဖြူ နှင့် တက် ထရွန်ထဘီအစိမ်းကို ဝတ်ထားသည်။ လက်ထဲတွင် စာအုပ်တွေ ထည့်ထား သော ကြိမ်ဆွဲခြင်းတစ်ခု ရှိသည်။ ကျောင်းဆရာမတစ်ယောက် ဖြစ်ပေမည်။

          “ဪ .ဟုတ်ကဲ့”

          သူမ ကားပေါ်မှ ကမန်းကတန်းဆင်းသည်။ အထလိုက်တွင် ခေါင်း မိုက်ခနဲ ဖြစ်သွားသည်။ ကားပေါ်မှအဆင်းတွင် ယိုင်သွားသည်။ ကျောင်း ဆရာမက သူမ၏ လက်မောင်းကို ဆုပ်ကိုင်ထားလိုက်သည်။

          “ကျေးဇူးတင်ပါတယ်ရှင်”

          “ညီမလေး နေမကောင်းဘူးထင်တယ်”

          “ကျွန်မ နေကောင်းပါတယ်"

          သို့သော် ကျောင်းဆရာမ သူမကို မလွှတ်ဘဲ အနီးရှိ အအေးဆိုင် တစ်ခုသို့ တွဲခေါ်သွားသည်။ စားပွဲတစ်ခုတွင် ထိုင်ကြသည် ။ ဆရာမက သံပရာရည်နှစ်ခွက် မှာသည်။

          “မမနာမည်က တင်တင်အေးပါ"

           “ဪ . ဟုတ်ကဲ့"

          “ညီမလေး နာမည်ကကော”

          “ ရှင် "

          သူမ၏ မျက်လုံးများ ပြူးကြောင်သွားသည်။ မိမိတွင် နာမည်ရှိမရှိ စဉ်းစားနေသည်း တင်တင်အေးဆိုသော အမျိုးသမီးကို ဘာပြန်ပြောရမှန်း မသိ ရှိနေသည်။

          ယင်းအခိုက် သံပရာရည်နှစ်ခွက် ရောက်လာသည်။ သူမက ချက်ချင်း | ပင် သံပရာရည်ခွက်ကို ယူပြီး သောက်သည်။ ရင်ထဲမှာ အမောပြေသွား သည်။ ခေါင်းထဲမှာ အတော်ကလေး ကြည်လင်သွားသည်။

          သို့သော် မိမိဘယ်သူမှန်းမသိသေး။

          မည်းမှောင်သော အခန်းကျဉ်းကလေးထဲတွင် ရောက်နေသည်၏ ဟို ၄၀ | ဘက်ကို သူမစဉ်းစား၍ မရနိုင်ပါ။ ဆရာမသည် သူမ၏ အခက်အဆို သိမြင်ဟန်ရှိသည်။

          “ ညီမလေးကို မမဘာအကူအညီ ပေးရမလဲ ”

          “ကျွန်မ ဘာမှမပြောတတ်အောင် ဖြစ်နေပါတယ် ။

          “ညီမလေးမှာ ပိုက်ဆံတွေတော့ အများကြီးပဲ”

          " ရှင် "

          “ကားပေါ်မှာတုန်းက ညီမလေး ကားခပေးဖို့ ပိုက်ဆံအိတ်ကို ဖွင့် လိုက်တော့ နှစ်ဆယ်တန်တွေ တစ်ထပ်လိုက်ကြီး မြင်လိုက်ပါတယ်”

          “ရှင်”

          သူမက ပေါင်ပေါ်တွင် တင်ထားသော လက်ကိုင်အိတ်ကို ငုံ့ကြည့် လိုက်သည်။ အနက်ဖြစ်သည်။ အဖြူနားကွပ်သည့် မိမိအိတ်ဟု စိတ်ထဲတွင် မထင်။ အိက်အသစ်ဖြစ်မည်။ အိတ်ကိုဖွင့်ကြည့်လိုက်သည်။ နှစ်ကယ်တန် များ၊ လက်ကိုင်ပဝါတစ်ထည်။ မှန်ဝိုင်းငယ်တစ်ခု၊ ဤပစ္စည်းတွေကို ယခင် က မိမိမြင်ဖူးသည်ဟုလည်း ထင်သည်။

          အိတ်နှစ်ဖက် ပါရှိသည်။ အခြားတစ်ဖက် ဖွင့်ကြည့်သည်။ သေးငယ် သော လက်နှိပ်'ဓါက်မီးကလေး ရှိသည်။ စာအိတ်တစ်အိတ် ရှိသည်။ စာ အိတ်ကို ဆွဲထုတ်လိုက်သည်။ 'သို့ မသုဇာဟု လိပ်စာ ကပ်ထားသည်။

          မသူဇာ၊ မသူဇာ။

          သူမစိတ်ထဲတွင် ရွတ်ဆိုလိုက်သည်။ ဤနာမည်သည် မိမိ၏ နာမည် ပင်လော၊ သူမမပြောတတ်ပါ။

          စာအိတ်ထဲတွင် စာတစ်စောင်ရှိသည်။ သူမ ဆွဲထုတ်လိုက်သည်။ သူမ၏ လှုပ်ရှားမှုများကို တင်တင်အေးက ဂရုတစိုက် လေ့လာကြည့်ရှု လျက် ရှိသည်။

          မသူဇာဟူသော အမည်သည် သူမ၏ နားထဲတွင် စိမ်းနေသည်။ စာ ကိုကိုင်ထားပြီး အတန်ကြာ ငိုင်နေမိသည်းစာကို ဖတ်သင့်မဖတ်သင့် နှင့် ချိန်နေမိသည်။ တစ်ပါးသူ၏ စာဆိုလျှင် မိမိဖတ်၍ မလျော်ပါချေ။

          သို့သော် လောလောဆယ်တွင်မူ ဤအိတ်နှင့် ဤစာသည် မိမိလက်ထဲတွင် ရှိနေသည်။ မိမိ၏ ပစ္စည်းများပင် ဖြစ်သည်။ မိမိကိုယ်ကို ရှာဖွေတွေ့ရှိနိုင်သော သဲလွန်စဟူ၍လည်း ဤတစ်ခုပဲ ရှိသည်။

          ဤစာသည် သူမ၏စာမဟုတ်ခဲ့လျှင် သေဆုံးသူအမျိုးသမီး၏ စာပင် ဖြစ်ပေလိမ့်မည်။ သေဆုံးသူမည်သူနည်း။ သူမအဘယ်သို့ သိနိုင်ပါမည်နည်း။

          နောက်ဆုံးတွင် တုန်နေသောလက်ချောင်းများဖြင့် စာရွက်ခေါက်ကို ဖြန့်ပြီး ဖတ်မိသည်။

သန်လျင်မြို့။

နှင်းဆီမြိုင်။

 

           မသူဇာ....

          ဇော်မင်းထွန်းဘီက စာရတော့ တို့များ သိပ်ပြီး အံ့သြရ တယ်။ သူ မိန်းမရပြီဆိုတော့ တို့မယုံနိုင်ဘူး။ ဒါလောက်မြန်မြန် ရလိမ့်မယ်လို့ မထင်ဘူး။ ဒီလို ရုတ်တရက်ကြီး လက်ထပ်လိမ့် မယ်လို့ တို့မမျှော်လင့်ဘူး။ တို့များ သိပ်ပြီး အံ့သြရတယ်။ ဒါပေမယ့် အံ့သြတာက အံ့သြတာပဲ။ ဘာမှကန့်ကွက်စရာ မရှိပါ ဘူး။ သူက တို့သဘောမတူမှာကို စိုးရိမ်နေတယ်။ မသူဇာကို တို့များ မမြင်ဖူး မတွေ့ဖူးသေးပေမယ့် ဇော်မင်းထွန်းရဲ့ ဇနီး အဖြစ်နဲ့ ကြိုဆိုလက်ခံရမှာပါပဲ။ ဒီစာကို ရရချင်း သန်လျင် နှင်းဆီမြိုင်ကို အမြန်လာခဲ့ပါ။

တင်တင်လတ်

          စာကို နှစ်ခေါက်ပြန်ဖတ်သည်းထို့နောက် ခေါင်းမော့ပြီး ၊ “ကျွန်မနာမည် မသူဇာပါ။ ကျွန်မ သန်လျင်ကို သွားမလို့ပါ။ အခုလို့ ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်”

          သူမက စာကို စာအိတ်ထဲ ပြန်ထည့်ရင်း ပြောသည်။ စာအိတ်ကို လက်ကိုင်အိတ်အတွင်းသို့ ထည့်လိုက်သည်။

          “သင်္ဘောဆိပ်ကို မမလိုက်ပို့ပေးရဦးမလား”

          “ကိစ္စမရှိပါဘူးမမ၊ ညီမဘာသာ သွားပါ့မယ်"

           သူမ ထိုင်ရာမှထသည်။

          “ညီမလေးမှာ အကူအညီလိုနေရင် မမဆီကို ဘယ်တော့ဖြစ်ဖြစ် လာခဲ့ပါ။ မမဒီလမ်းထဲမှာ နေပါတယ် စကားဝါလမ်း၊ အိမ်နံပါတ် ၄၈၃၊ ဆရာမတင်တင်အေးလို့ မေးရင် ဘယ်သူ့မေးမေး ရပါတယ်”

“ဟုတ်ကဲကျေးဇူးတင်ပါတယ် မမ"

အခန်း(၃)

          လမ်းခရီးအကြောင်း သူမ ကောင်းကောင်းမမှတ်မိပါ။ နောက်ပိုင်း တွင် ပြန်စဉ်းစားသောအခါ အိပ်မက်တစ်ခုလို ဖြစ်နေသည်းစင်ရော်တွေ ကိုတော့ မှတ်မိသည်။ လှိုင်းထသော ရေပြင်ကိုလည်း မှတ်မိသည်။ သည် နှစ်ခုက လွဲလျှင် အခြားဘာကိုမျှ မမှတ်မိတော့။ လူအုပ်ကြီးနှင့်အတူ သင်္ဘောပေါ်မှ ဆင်းခဲ့သောအခါမှပင် သန်လျင်သို့ ရောက်နေပြီဖြစ်သော အသိကို ပြန်လည်ရရှိပါသည်။

          မိမိတွင် အသိမရှိပါ။ မိမိကို ကြိုမည့်သူ မရှိပါ။ ဆိပ်ခံတံခါးပေါက်မှ ထွက်ခဲ့သောအခါ ကားတွေ၊ မြင်းလှည်းတွေ ရှုပ်ရှက်ခတ်နေသည်။

          မိမိသွားရမည့်အရပ်သည် ခရမ်း၊ သုံးလည်း မဟုတ်ပါ။ ကျိုက်ခေါက် ကျောက်တန်းလည်း မဟုတ်ပါ၊ နှင်းဆီမြိုင်သာ ဖြစ်ပါသည်။

          သို့ဖြင့် သူမသည် မြင်းလှည်းသမားများထံ ချဉ်းကပ်သည်။ မြင်း လှည်း တစ်စီးဖြင့် လိုက်ပါသွားသည်။ အဒေါ်ကြီးတစ်ယောက်နှင့် ကလေး တစ်ယောက်သည် လမ်းတွင် ဆင်းသွားသည်။ ထို့နောက် မြင်းလှည်းသည် သူမတစ်ယောက်တည်းကို တင်ဆောင်ပြီး အတန်ကြာအောင် ဆက်လက်မောင်းနှင်သွားသည်။ ဘယ်သို့ ချိုးသည်းညာ သည်။ တည့်တည့်သွား သည်။ သူမက ဝဲယာမှ အိမ်ခြံများကို အဓိပ္ပာယ်နဲ့ မေ့နေမိသည်။

          မြင်းလှည်းရပ်သွားသည်။

          “နှင်းဆီမြိုင်ကို ရောက်ပြီမိန်းကလေး”

www.burmese

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)