Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

နတ်နွယ် - သေမင်းနှင့်လက်တစ်ကမ်း

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

(၁)

          ကောင်းကင်ပြာပြာနှင့် ထိစပ်ရာဖြစ်သော ကျောက်ဆောင်၊ ကျောက် ကမ်းပါးထိပ်တစ်ခုတွင် ဗန်ဗရူး ရပ်နားသည်။ ကျောက်တုံးတစ်တုံးပေါ်တွင် သူထိုင်နေပြီး ဆေးတံနှင့် ဆေးတံသောက်ဆေးအိတ်တို့ကို ထုတ်ယူလိုက် သည်။

           သူသည် အသက်လေးဆယ်ကျော် ငါးဆယ်အရွယ်ရှိပြီး အရပ် အမောင်းကောင်းကောင်း၊ ကိုယ်လုံးကိုယ်ထည် တုတ်တုတ်ခိုင်ခိုင် ဖြစ်သည်။ နားထင်နှစ်ဖက်တွင် ဆံပင်များ ဖြူစပြုနေပြီဖြစ်သည်။ သူသည် ရဲဝန်ထမ်း တစ်ဦးအဖြစ် အနှစ်အစိတ်မျှ အမှုထမ်းခဲ့ပြီ ဖြစ်သဖြင့် နှလုံးရည် လက်ရုံး ရည် ပြည့်ဝမှုတို့ကို သူ၏ မျက်လုံးပြာပြာများတွင် ဖော်ပြလျက်ရှိသည်။

           ခဏအကြာတွင် သူ့အနီးသို့ ရဲကြပ်ကြီး ဂျိုင်းယား ရောက်ရှိလာပြီး မြေကြီးပေါ်တွင် ခြေပစ်လက်ပစ် လှဲချလိုက်သည်။ အသက်ရှူမောနေသည်။

           “ရဲကြပ်ကြီး ဒီလိုနေရာမျိုးကို မကြာမကြာ လာဖို့ကောင်းတယ်” 

           ဗန်ဗရူးကပြောလိုက်သည်။ 

           “ကျွန်တော့်ကိုသာ ခွင့်ပေးပါဆရာ၊ ကျွန်တော်လာပါ့မယ်၊ ဖေဖော်

ဝါရီကတည်းက ကျွန်တော် တစ်ရက်မှမအားရသေးဘူး၊ ကျွန်တော်နောက် ဆုံးအနားရခဲ့တဲ့နေ့ဟာ ကြာလှပြီ၊ ကျွန်တော့်ဘဝမှာ သမိုင်းတင်ရမယ့် နေ့ တစ်နေ့တောင် ဖြစ်နေပြီ”

          ဗန်ဗရူးက ပြုံးလိုက်ပြီး ဆေးတံကို မီးညှိလိုက်သည်။ 

          “ရဲကြပ်ကြီး ဒီအလုပ်ထဲကို ဝင်ခဲ့ဖို့မကောင်းဘူး”

          အဝေးတစ်နေရာဆီမှ ပေါက်ကွဲသံတစ်ခု တုန်ဟည်းထွက်ပေါ်လာ သည်။ ရဲကြပ်ကြီး ကမန်းကတန်း ထထိုင်လိုက်သည်။

          “ဘာသံလဲ”

          “ကျောက်မိုင်းခွဲတာပါ” 

          “မောင်ကျတွေရဲ့ အလုပ်စခန်းလား”

          ဒွိုင်းယားသည် ဖုန်းဆိုးမြေတစ်ခွင်ကို လှမ်းမျှော်ကာ ကြည့်လိုက် သည်။ မျက်လုံးများကိုကျုံ့ကာ တစ်မျှော်တစ်ခေါ်ကြီး ကြည့်လိုက်သည်။ လပေါင်းများစွာအတွင်းတွင် ပထမဆုံးအကြိမ်အဖြစ် စိတ်အေးချမ်းသာစွာနှင့် ဖြစ်သည်။ လတ်ဆတ်သော လေအေးသည် သူ့ကိုယ်မှ မြို့ပြအငွေ့ အသက် များကို မောင်းဖယ်လျက်ရှိသည်။ ဤသို့ နေ့မျိုးတစ်နေ့တွင် ဗြိတိန်နိုင်ငံရှိ မကောင်းသတင်းကြီးလှသော အကျဉ်းထောင်ကြီးတစ်ခုသို့ သွားရောက်ရန် အဘိုးကြီး စိတ်ကူးခဲ့ခြင်းသည် ကြည်နူးဖွယ်ရာ တိုက်ဆိုင်မှုတစ်ခု ဖြစ်သလို ထူးဆန်းသည့် အကြောင်းအချက်တစ်ခုလည်း ဖြစ်တော့သည်။

          သူ့အနေနှင့် အထူးသတင်းထောက်လှမ်းရေး တပ်ဖွဲ့ သို့ ရောက်ရှိခဲ့ သည့် နှစ်နှစ်တာကာလအတွင်းတွင် တစ်ခုသတိပြုမိသည်ကတော့ ရဲမှူးကြီး ဒစ်ဗန်ဗရူးသည် အမှုကြီးများကို ကိုင်တွယ်ဖြေရှင်းရာတွင် သူ့သဘောနှင့်သူ လုပ်တတ်သည်ဆိုသည့် အချက်ပင်ဖြစ်သည်။

          “တို့ သွားကြစို့” 

          ဗန်ဗရူးက ဆိုလိုက်သည်။

          ဗွိုင်းယား လူးလဲကာထလိုက်သည်။ လက်ဝဲဘက်ချိုင့်ဝှမ်းထဲရှိ ချုံတစ် ချုံတွင် ငြိတွယ်သေဆုံးနေသော ဆိတ်တစ်ကောင်ကို တွေ့မြင်ရသဖြင့်

          “ဒီလိုနေရာ၊ ဒီလိုနေ့မျိုးတစ်နေ့မှာလည်း သေခြင်းသဘောကို တွေ့ရ တာပါပဲလား”

         “ဘယ်နေရာသွားသွား သေခြင်းနဲ့ မကင်းနိုင်ဘူး”

          ထို့နောက် ဗန်ဗရူးသည် ဖုန်းဆိုးမြေတစ်ကြောကို ငေးမောကာ ကြည့် လိုက်ပြီး

          “နှင်းတွေဝေလာပြီဆိုရင် ဒီမြေတစ်ကြောဟာ အန္တရာယ်တောကြီးပဲ။ လူတစ်ယောက်ဟာ တစ်နေကုန် ဘယ်လောက်ပဲသွားသွား နောက်ဆုံးကျရင် သူထွက်လာတဲ့ နေရာကိုပဲ ပြန်ရောက်လာမှာပဲ”

          “ဒီဖုန်းဆိုးမြေကနေ ဘယ်သူမှ လွတ်ထွက်မသွားနိုင်ဘူး၊ ဒီလိုပဲပြော ကြတယ် မဟုတ်လား”

ဗွိုင်းယား လှစ်ဟလိုက်သည်။

          “ဟုတ်တယ်၊ ဒီသဘောပဲ၊ ဒီနယ်မြေရဲ့ သမိုင်းမှာ လူတစ်ယောက်ပဲ အစပျောက်သွားတာ တွေ့ရဖူးတယ်၊ အဲဒီလူဟာလည်း နွံအိုင်တစ်ခုထဲမှာ မြုပ်သွားတာပဲ ဖြစ်ဖို့များတယ်၊ အဲဒီနွံအိုင်တွေ ဘယ်လောက်ကြောက်စရာ

ကောင်းသလဲဆိုရင် သုံးတန်ကားကြီး တစ်စင်းကိုတောင် မျိုပစ်လိုက်နိုင် တယ်”

          “အကျဉ်းထောင် ဆောက်ဖို့ အကောင်းဆုံးနေရာတစ်ခုပဲပေါ့” 

          “အဲဒါကြောင့် ဒီထောင်ကို ဒီနေရာမှာဆောက်ခဲ့ကြတာပဲ” ဗန်ဗရူးသည် အောက်ဘက်လမ်းကျဉ်းကလေးပေါ်တွင် ဆိုက်ရပ်ထား သော ကားပေါ်သို့ ဆင်းသွားသည်။ ဒွိုင်းယား နောက်မှလိုက်ပါသည်။ မြက်ဖုတ်ကြီးများ၊ အိုင်များကို တိုက်မိနင်းမိပြီး သူ၏ဘွတ်ဖိနပ်အတွင်းသို့ ကြိုးပေါက်များမှနေ၍ ရေများစိမ့်ဝင်ကုန်တော့သည်။

           ဒွိုင်းယား ကားဆီသို့ ရောက်သောအခါ ဗန်ဗရူးသည် ကားပေါ်မှာ ထိုင်နှင့်နေပြီဖြစ်၍ သူလည်း ကားစတီယာရင်နောက်တွင် တက်ထိုင်လိုက်ပြီး ကားစက်ကိုနှိုးကာ မောင်းထွက်ရတော့သည်။

           သူသည် ပူအိုက်ပြီး မောဟိုက်နေသည်။ သူ့ခြေထောက်များက စိုစွတ် လျက်ရှိကြသည်။ သူ့စိတ်ထဲမှာ ဒေါသဖြစ်နေသည်။ သို့သော်သူသည် ဒေါသစိတ်ကို ကြိုးစားကာ မောင်းဖယ်လျက်ရှိသည်။

           “မိုင်တစ်ရာ့ခုနစ်ဆယ်ခရီး၊ ကျွန်တော့် ခြေထောက်တွေ စိုရွှဲပြီး ခြေမျက် စိတွေနာနေပြီ၊ အဲဒီအတွက် သူ့မှာ တာဝန်ရှိတယ်လို့ ကျွန်တော်ထင်တယ်”

          ဗန်ဗရူးက ဆတ်ခနဲ လှည့်လိုက်သည်။ သူ့မျက်လုံးပြာပြာများ အေး စက်မာကျောနေသည်။

         “ငါလည်း အဲဒီလိုပဲထင်တယ် စာသင်ကြီး”

          ဒွိုင်းယား ပင့်သက်ချလိုက်သည်။ ဒစ်ဗန်ဗရူး၏ နာမည်ကြီးလှသော ဒေါသမုန်တိုင်းကြီးတစ်ခု သူ့ခေါင်းပေါ်တွင် ပေါက်ကွဲတော့မည်ဟု ထင် လိုက်သည်။ သို့ရာတွင် ယင်းသို့ ဖြစ်ပေါ်လာခြင်းမရှိပါ။ ဗန်ဗရူးသည် သူ၏ ဆေးတံကိုသာ မီးထပ်ညှိလိုက်သည်။

          သို့ဖြင့် ဒွိုင်းယားမှာလည်း ကားကိုဂရုစိုက်ပြီး မောင်းရတော့သည်။ သိုးအုပ်၊ မြင်းအုပ်များက လမ်းကိုမဆင်မခြင် ဖြတ်ကူးတတ်ကြသည်။ ဆယ်မိနစ်ခန့်ကြာသောအခါ ကုန်းမြင့်ကလေးတစ်ခုပေါ်သို့ သူတို့ရောက်ရှိ သွားကြသည်။ အကျဉ်းထောင်ကြီးကို အောက်ဘက် ချိုင့်ဝှမ်းထဲတွင် တွေ့ မြင်ရသည်။

 

           ဖုန်းဆိုးမြေသည် အဝေးဆီတွင် ပြာမှိုင်းကာ မြင့်တက်သွားပြီး မိုးကုပ်စက်ဝိုင်းနှင့် ထိစပ်သွားတော့သည်။ ကျောက်မိုင်းထိပ်တွင် အလံနီ ကလေးတစ်ခုသည် လေပြည်တွင် တဖျတ်ဖျတ် လွင့်ခတ်လျက်ရှိသည်။

           မိုင်းခွဲသံသည် တောင်ယံတစ်ကြောတွင် မိုးချုန်းလိုက်ဘိသည့်အလား အဝေးဆီသို့ ပဲ့တင်တုန်ဟည်းသွားသည်။ ကျောက်နံရံကြီး အစိတ်စိတ် အမြွာမြွာ ကွဲထွက်သွားသောအခါ မီးခိုးဖြူဖြူများကလည်း ဖုန်းဆိုးမြေတစ် ခွင်ကို လွှမ်းခြုံသွားတော့သည်။

           ခရာမှုတ်သံ ထွက်ပေါ်လာသည်။ အကျဉ်းသားများ အဆောက်အအုံ တစ်ခုအတွင်းမှ ထွက်ပေါ်လာကြစဉ်တွင် လင့်ရိုဗာကားတစ်စင်းသည် မြေ လမ်းအတိုင်း မောင်းနှင်လာပြီး မြေကတုတ်အနီးတွင် ရပ်လိုက်သည်။ ကား မောင်းလာသူသည် ဆံပင်အရောင်ဖျော့တော့ပြီး မျက်လုံးများပြာလဲ့နေသည်။ သူ့ကို မြင်ရသည်မှာ သူ့အသက်ထက် ပိုပြီးငယ်နေသည်ဟု ထင်ရသည်။ သူ၏ဝတ်စုံကလည်း အသစ်ကျပ်ချွတ် ဖြစ်သည်။ ယင်းအဖြစ်ကို သူ့ကိုယ် သူလည်း အတော်ကြီး စိတ်မလုံဟန်ရှိသည်။ သူသည် ကားပေါ်မှဆင်းပြီး

ကားတစ်စီးပေါ်သို့ ကျောက်တုံးများတင်နေသော ထောင်ကျများကို ဖြတ် ကျော်သွားသည်။

          တာဝန်ကျအရာရှိ မာဗင်နီသည် ကားပေါ်မှ ဆင်းလာသူကို တွေ့ရန် လျှောက်သွားသည်။ သူ့နောက်မှ အယ်လ်ဇေးရှင်းခွေးနက်ကြီး တစ်ကောင် လိုက်ပါသည်။

          “ဘယ်လိုလဲ ဒရိတ်၊ မောင်ရင့်ကို တာဝန်ပေးလိုက်ပြီလား”

          “ရော်ဂင်ဆိုတဲ့ လူတစ်ယောက်နဲ့ပတ်သက်ပြီး ကျွန်တော့်မှာ စာပါလာ တယ်၊ ထောင်ပိုင်ကြီးက သူ့ကို အခေါ်ခိုင်းလိုက်တယ်” ။

           ဒရိတ်သည် အင်္ကျီရင်ဘတ်အိတ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ယူ လိုက်သည်။ မာဗင်နီသည် စာရွက်ကို လက်မှတ်ရေးထိုးပြီးနောက် အောက်ဘက်ရှိချိုင့်ဝှမ်းငယ် တစ်ခုဆီသို့ ဝှေ့ယမ်းပြလိုက်သည်။

           “အဲဒါ ရော်ဂင်ပဲ၊ မောင်ရင် သွားတွေ့ပေတော့” 

           ရော်ဂင်ဆိုသူသည် အင်္ကျီကျွတ်ကြီးဖြင့် အလုပ်လုပ်လျက်ရှိသည်။ သူ၏ အရပ်အမောင်းက အနည်းဆုံးခြောက်ပေနှင့် သုံးလက်မလောက် ရှိသည်။ ကျောက်ခွဲတူကြီး လွှဲမြောက်ပြီး ရိုက်ချလိုက်တိုင်း သူ၏ကျောကုန်း မှ ကြွက်သားစိုင်ကြီးများသည် လုံး၍ လုံး၍ တက်လာကြသည်။

           “ဘုရားသခင်၊ ဧရာမ ဘီလူးကြီးပါလား” 

           ဒရိတ် ရွတ်ဆိုလိုက်သည်။ 

           မာဗင်နီ ခေါင်းညိတ်လိုက်ပြီး...

          “ဒီကိုရောက်လာတဲ့လူတွေ ဘယ်သူမှ ဝလာတယ်လို့မရှိဘူး၊ ဒါပေမဲ့ ရှောင်ရော်ဂင်ကတော့ ခန္ဓာကိုယ်ရော စိတ်ဓာတ်ရော မာတာထက်ပိုပြီး မာ လာတယ်၊ အလေးချိန်တွေ တိုးလာတယ်၊ ဒီမှာရှိတဲ့ လူတွေထဲမှာတော့ ကြောက်စရာအကောင်းဆုံး လူတစ်ယောက်ပဲ”

          “ကျွန်တော်နဲ့ အတူ ဘယ်သူမှ ပါမလာဘူး”

          “မလိုပါဘူး၊ သူက ဘယ်နေ့လွှတ်မလဲဆိုပြီး လွတ်ရက်ကိုစောင့်နေတဲ့ လူတစ်ယောက်ပဲ၊ အဲဒါကြောင့် ထောင်ပိုင်ကြီးက သူ့ကိုတွေ့ချင်တာဖြစ်မယ်၊ ဒီလိုအချိန်မျိုးမှာ သူဘယ်လိုမှ ထွက်ပြေးမှာ မဟုတ်ပါဘူး”

           ဒရိတ် အောက်ဘက်သို့ဆင်းသွားသည်။ အလုပ်ကြမ်းလုပ်ရသဖြင့်ကျန်းမာသန်စွမ်းလျက်ရှိသော ရှောင်ရော်ဂင်၏ ခန္ဓာကိုယ်ကြီးသည် တကယ်ပင် ကြောက်စရာကောင်းပါသည်။ ဝဲဘက်ရင်ဘတ်ပေါ်မှ ကျည် ဆန်ထိမှန်ထားသော အမာရွတ်ကြီးမှာလည်း ချောက်ချားဖွယ်ရာ ဖြစ်တော့သည်။

          ဒရိတ်သည် ရော်ဂင်နှင့် တစ်ကိုက် နှစ်ကိုက်ခန့်အကွာတွင် ရပ်တန့် လိုက်သည်။ ရော်ဂင် မော့ကြည့်သည်။ မေးချွန်ချွန်နှင့် ပါးပြင်နှစ်ဖက်တို့တွင် မုတ်ဆိတ်မွေးတိုတိုများ ဖုံးလွှမ်းလျက်ရှိသည်။ သူ့မျက်လုံးများက ကျောက် တုံးပေါ်က ချောင်းရေလို ဖြူရော်နေသည်။ သို့မဟုတ် ဆောင်းဦးပေါက် နေ့တစ်နေ့ ၏ မြူမှုန်များလိုဖြစ်သည်။ တစ်စုံတစ်ရာအတွင်းသဘောကို ဖော်ပြခြင်း မရှိဘဲ တည်ငြိမ်နေသည်။ လျှို့ဝှက်မှုများကို သိုဝှက်သိမ်းဆည်း ထားသည့်အလားဖြစ်သည်။ သူ့မျက်နှာက စစ်သားတစ်ယောက်၏ မျက်နှာ ဟုလည်း ပြောနိုင်သည်။ ပညာရှိတစ်ယောက်၏မျက်နှာဟုလည်း ဆိုနိုင်ပါ သည်။ သို့သော် ဒုစရိုက်သမားတစ်ယောက်၏မျက်နှာမျိုး မဟုတ်သည် ကား သေချာသည်။

          “ရှောင်ရော်ဂင်လား” 

          ဒရိတ်မေးလိုက်သည်။ 

          လူ့ဘီလူးကြီး ခေါင်းညိတ်သည်။ 

          “ဟုတ်တယ် ကျုပ်ပဲ၊ ဘာကိစ္စရှိလို့လဲ”

          သူ၏လေသံတွင် ခယဝယသဘော အရိပ်အမြွက်လောက်မျှ မပါရှိ သဖြင့် ဒရိတ်သည် အထက်အရာရှိတစ်ဦး၏ စစ်မေးခြင်းကို ခံနေရသော လူသစ်ကလေးတစ်ဦးပမာ ရှိနေတော့သည်။

          “ထောင်ပိုင်ကြီးက စကားပြောစရာ ရှိလို့ပါ”

           ရော်ဂင်သည် သူ၏ရှပ်အင်္ကျီကို အနီးတွင်ရှိသော ကျောက်တုံးကြီးမှ ဆွဲယူလိုက်ပြီး ခေါင်းမှဆွဲဝတ်လိုက်သည်။ ထို့နောက် ဒရိတ်၏ နောက်သို့ လိုက်ပါသွားသည်။ ကျောက်ခွဲတူကြီးကို သူ့လက်တစ်ဖက်တွင် သက်သောင့်သက်သာပင် ကိုင်ဆောင်သွားသည်။ ရော်ဂင်သည် တူကြီးကို တာဝန် ကျအရာရှိအနီးတွင် ချထားလိုက်ပြီး

           “ခင်ဗျားအတွက် လက်ဆောင်” 

            မာဗင်နီက သူ့ပခုံးကို အသာအယာပုတ်လိုက်ပြီး