Skip to product information
1 of 2

Other Websites

နတ်နွယ် - ရေ‌အောက်တစ္ဆေ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ရေအောက်တစ္ဆေ သန္ဓေတည်စ

          ရေငုပ်သင်္ဘော ဖြစ်ရပ်မှန် စွန့်စားခန်း ဝတ္ထုများသည် စိတ်ဝင်စား ဖွယ်ရာ ကောင်းသလို အသည်းတထိတ်ထိတ် ရင်တလှပ်လှပ်လည်း ရှိရ သည်။ တကယ်တော့ ရေငုပ်သင်္ဘော စတင်ဖြစ်ပေါ်လာပုံနှင့် အဆင့်ဆင့် တိုးတက်ဖြစ်ပေါ်လာပုံတို့သည် လွယ်လွယ်ကူကူ ရှောရှောရှုရှု မဟုတ်ဘဲ အခက်အခဲ အမျိုးမျိုးနှင့် အန္တရာယ်အသွယ်သွယ်တို့ကို ကြုံတွေ့ဖြတ်ကျော် ခဲ့ရသည်။ ထပ်ပြီးဆိုရလျှင် ရေငုပ်သင်္ဘော အဆင့်ဆင့် ဖြစ်ပေါ်လာပုံတပင် စွန့်စားခန်း ဝတ္ထုကလေးတွေ ဖြစ်တော့သည်။

          ရန်သူတွေ မမြင်တွေ့နိုင်သော “ကိုယ်ပျောက်” စစ်သင်္ဘောတစ်စီး၊ ရေအောက်တွင် တိတ်တဆိတ် ခုတ်မောင်းသွားပြီး ရန်သူကို အလစ်တွင် ဝင်ရောက်တိုက်ခိုက်နိုင်သည့် စစ်သင်္ဘောတစ်စီးကို တီထွင် တည်ဆောက် နိုင်ရန်အတွက် လူသားတို့သည် ရာစုနှစ်ပေါင်း မြောက်မြားစွာကပင်စိတ်ကူးယဉ် အိပ်မက်မက်ခဲ့ကြသည်။ သို့သော် ထို စိတ်ကူးအိပ်မက်သည် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရန် ခက်ခဲလှသည်။ ရေငုပ် သင်္ဘော တည်ဆောက်နိုင်ရေးအတွက် အချိန်ကာလများစွာ ကြာမြင့်ခဲ့ရ | သည်။ အန္တရာယ် အသွယ်သွယ်နှင့် ရင်ဆိုင်ခဲ့ရသည်။ ဘေးဒုက္ခ အမျိုးမျိုး နှင့် ကြုံတွေ့ခဲ့ရသည်။ သို့သော် ရံဖန်ရံခါတွင်တော့လည်း ရယ်မောစရာ အဖြစ်ဆန်းကလေးများနှင့် ပက်ပင်းတိုးရသည်။

          ပထမထိုး ရေငုပ်သင်္ဘောများ

          ပင်လယ် သမုဒ္ဒရာကြီးအောက်သို့ ဆင်းသက်ခဲ့သော လှေသင်္ဘော ဇာတ်လမ်းများသည် ဘီစီ ၃၃၂ လောက်ကတည်းကပင် စတင်ခဲ့သည်။ သို့သော် အေဒီ ၁၆၇၈ နှစ်လောက်သို့ ရောက်ရှိသောအခါတွင်မှ ခိုင်မာ တိကျသော အထောက်အထားမှတ်တမ်းများကို တွေ့ကြရသည်။ ၁၇၇၅ ခုနှစ် မတိုင်မီ နှစ်ပေါင်း ၂၀၀ လောက် အတွင်းတွင် ရေငုပ်သင်္ဘော တီထွင်မှု ၁၇ ခု ရှိခဲ့သည်။ သို့သော် တစ်ခုမျှ ကောင်းမွန်စွာ အောင်မြင်ခဲ့ ခြင်း | မရှိခဲ့ပါ။ ၁၈ ရာစု ကုန်ခါနီးလောက်ကျမှပင် လက်တွေ့ လုပ်ဆောင်နိုင် သော ပုံစံများ ပေါ်ထွက်ခဲ့သည်။

          ဒေးဗစ်ဘွတ်ရှ်န် အမည်ရှိသော အမေရိကန် ကျောင်းသား တစ်ယောက်သည် ရေအောက်တွင် ဖောက်ခွဲနိုင်သည့် နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းကဲသို့ သူတွေ့ရှိသောအချိန်မှာ အမေရိကန်များ က ဗြိတိသျှတို့ကို တိုက်ခိုက်နေသော အမေရိကန် လွတ်လပ်ရေး စစ်ပွဲကာလ (၁၇၇၅-၈၃)ဖြစ်သည်။ ဘွတ်ရှိန် အဖို့ သူတီထွင်ထားသော ဗုံးများကို သယ်ဆောင်သွားနိုင်သည့် ရေအောက် သင်္ဘောတစ်စီး လိုအပ်လျက်ရှိနေသည်။

          သို့ဖြင့် သူသည် အဆိုပါ သင်္ဘောတစ်စီးကို တည်ဆောက်ရန် ဆုံးဖြတ် တော့သည်။ ဤ တီထွင်မှုကို ပင်လယ်လိပ်ဟု ခေါ်တွင်သည်။

          ပင်လယ်လိပ်သည် စောက်အနက် ၇-ပေ ပြီး အကျယ် ၅-ပေ ခွဲ ရှိသော သစ်သားဥကြီးတစ်လုံးပင် ဖြစ်တော့သည်။ ပင်လယ်လိပ်ဟု အမည်တွင်ရခြင်းမှာ လိပ်ကျော်ဦး နှစ်ခုကို ဆက်စပ်ထားသည်နှင့် တူသောကြောင့်ပင် ဖြစ်သည်။ ၎င်းတွင် ရေလုံတံခါးတစ်ခုနှင့် မှန်ပြုတင်းပေါက် ကလေး သုံးခုပါရှိသည်။

          အထဲတွင် လူတစ်ယောက်သာ လိုက်ပါနိုင်ပြီး ၎င်း၏ အလုပ်တာဝန်တွေက များပြားလှသည်။ ရေအောက်သို့ နစ်မြှုပ်သွားစေရန်အတွက်ရေလှောင်ကန် အဆို့ကို ခြေထောက်ဖြင့် တွန်းဖွင့်ရသည်။ ရေပေါ်သို့ ပြန်ပေါ်စေရန်အတွက် ရေလှောင်တန်ထဲမှ ရေများကို လက်ဆွဲ ရေစုပ်စက် ဖြင့် စုပ်ထုတ်ပစ်ရမည်။ ရှေ့သို့ သွားရန်အတွက် ပန်ကာကို လည်စေသည့် လက်ကိုင်ကို လှည့်ရသည်။ တစ်ချိန်တည်းမှာပင် ကိုယ်လိုရာကို ရောက်စေ နိုင်ရန်အတွက် တက်မကို ထိန်းကိုင်ရသည်။ ထို့နောက် တစ်ချိန်လုံး ဆိုသလို ပင် မှန်ပြုတင်းပေါက်ကလေးများမှနေပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုရသည်။

          ရေမြှုပ်ဗုံးကို ပင်လယ်ထိပ်၏ နောက်ပိုင်းတွင် ချည်ထားသည်။ ဖုံးတွင် ပေါက်ကွဲစေသည့် လမ်းများပါရှိပြီး မိနစ် သုံးဆယ်ကြာ စနက်တံ တပ်ဆင်ထားသည်။ သံချွန်တစ်ခု ရှိသည်။ ရန်သူ သင်္ဘော၏ ကိုယ်ထည် တွင် ထိုးစိုက်ထားနိုင်ရန် ဖြစ်သည်။

          ဘေးအန္တရာယ် များပြားလှသော ရေအောက် စွန့်စားခန်း တာဝန် ကို ပထမဆုံး ထမ်းဆောင်ရန်အတွက် တပ်ကြပ်ကြီး တစ်ယောက်ကို ရွေး ရယ်သည်။ သူသည် နံနက် လင်းအားကြီး အချိန်မှာပင် ပင်လယ်လိပ်ဖြင့်စတင် ထွက်ခွာသည်။ ပထမပိုင်း လုပ်ငန်းများ အားလုံးပင် ချောမော အဆင်ပြေသည်။ တပ်ကြပ်ကြီးသည် သူ၏ ရေငုပ်သင်္ဘောကို လင်းယုန် အမည်ရှိ ဗြိတိသျှ စစ်သင်္ဘောကြီး၏ ကိုယ်ထည်ပိုင်းသို့ ရောက်ရှိအောင် မောင်းနှင်သွားနိုင်သည်။ သို့သော် ထိုတွင် အခက်အခဲကြီး တစ်ခုကို သူ တွေ့ ရှိသည်။ သင်္ဘော ကိုယ်ထည် အောက်ပိုင်းကို မပျက်စီးစေရန်အတွက် ကြေးနီပြားများ အုပ်ထားသည်ကို တွေ့ရသည်။ သူသည် ရေမြှုပ်ဗုံး သံချွန် ကို ကြေးနီပြားတွင် မည်သို့မျှ မထိုးစိုက်နိုင်ဘဲ ရှိနေသည်။ သူသည် အတန် ကြာ ကြိုးစားအားထုတ်ပြီးနောက် နောက်ဆုံးတွင် လက်လျှော့တာ တမ်းခြေ သို့ ပြန်ရန် ဆုံးဖြတ်လိုက်သည်။

          သူသည် ဘေးရန်ကင်းရှင်းရာ ကမ်းခြေသို့ သွားနိုင်ရန်အတွက် ပင်လယ်လိပ်ကို ရေပေါ်သို့ ဖော်ရသည်။ ထိုအချိန်သည် အလင်းရောင် အားကောင်းနေပြီ ဖြစ်သဖြင့် ရေပြင်ပေါ်မှ ထူးဆန်းသော ယာဉ်တစ်စီး ကို ဗြိတိသျှ စစ်သားအချို့က တွေ့မြင်သွားကြသည်။ ရန်သူ စစ်သားများ သည် လှေတစ်စီးဖြင့် သူ့နောက်သို့ လိုက်ကြသည်။

          တပ်ကြပ်ကြီးသည် ထိုအချိန်အထိ လေးလံသော မိုင်းလုံးကြီးကို သူ၏ ရေယာဉ်တွင် သယ်ဆောင်လျက်သား ရှိနေသည်။ သူသည် ပင်လယ် လိပ်ကို မြန်မြန် လှော်ခတ် သွားနိုင်ရန်အတွက် မိုင်းကို ရေထဲသို့ ဖြုတ်ချ လိုက်သည်။ ရန်သူ စစ်သားများသည် သင်္ကာဖွယ်ရာ အရာဝတ္ထုတစ်ခု သူတို့ထံသို့ မောလာသည်ကို တွေ့ရသောအခါ တပ်ကြပ်ကြီးနောက်သို့ ဆက်မလိုက်တော့ဘဲ လက်လျှော့လိုက်ကြသည်။

          မိနစ်သုံးဆယ်ကြာသောအခါ တပ်ကြပ်ကြီး စွန့်ပစ်ခဲ့သော ပေါက်ကွဲသည်။ ရန်သူ သင်္ဘောများကို ထိမှန်ခြင်းမရှိပါ။ သို့သော် ရေထဲတွင် ပေါက်ကွဲမှုကြီး ပြင်းထန်သဖြင့် ဗြိတိသျှ သင်္ဘောများသည် ထိတ်လန့် ကြောက်ရွံ့ပြီး ဘေးကင်းရာ အရပ်သို့ ပြောင်းရွှေ့ကာ တောက်စွဲကြသည်။

          နောက်တစ်ကြိမ် ထပ်မံကာ ဗြိတိသျှ စစ်သင်္ဘော ဆာဝီရပ်ကို တိုက်ခိုက်ရန် ကြိုးစားသည်။ သို့သော်ဤအကြိမ်တွင်လည်း အောင်မြင်ခြင်း မရှိပါ။ နောက်ဆုံးတွင် ဘွတ်ရှိန်သည် အစိုးရ အကူအညီနှင့် ငွေရေး ကြေးရေး အခြေအနေ နည်းပါးသဖြင့် သူ၏ စမ်းသပ်မှုများကို လက်လျှော့ လိုက်ရသည်။

          နော့တီးလပ်

           နောက်အနှစ် နှစ်ဆယ်မျှကြာသောအခါ နောက်ထပ် အမေရိကန် လူမျိုးတစ်ဦး ဖြစ်သော ရောဘတ်ဇူလတန်ဆိုသူတစ်ဦးက ရေငုပ်သင်္ဘော ပုံစံသစ် တစ်ခုကို တီထွင်ပြန်သည်။ အမေရိကန် လွတ်လပ်ရေး စစ်ပွဲကြီး ပြီးဆုံးသွားပြီ ဖြစ်သဖြင့် အမေရိကန်လူမျိုးတို့သည် 'ရေထဲသို့ငုပ်သွားသောလှေ" ကို စိတ်မဝင်စားတော့ပါ။ သို့ဖြင့် ဖူလတန်သည် သူ၏ ပုံစံကို ဥရောပ တိုက်တွင် ရောင်းချရန် ကြိုးစားသည်။ ၁၈ဝဝ ပြည့်နှစ်တွင် ပြင်သစ်နိုင်ငံကို အုပ်စိုးလျက်ရှိသော နပိုလီယံ ဘိုနာပတ်က ဇူလတန်၏ စိတ်ကူးတွင် စိတ် ဝင်စားခြင်း ရှိသဖြင့် ရေငုပ်သင်္ဘော အဲ့တီးလပ် တည်ဆောက်ရန် ဇူလတန် အား ငွေကြေး လုံလောက်စွာ ထောက်ပံ့သည်။

          နော့တီးလပ်၏ ကိုယ်ထည်သည် ဆေးပြင်းလိပ် ပုံသဏ္ဍာန်ဖြစ်ပြီး အလျာ ၂၃-ပေ ၄-လက်မနှင့် အနံ ပေရှိသည်။ သင်္ဘောသာ၊ သုံး လောက် လိုက်ပါရမည် ဖြစ်သည်။ ကိုယ်ထည်ဘောင်မှာ သံဖြစ်ပြီး အပြင်မှ တြေးနီပြား အုပ်ထားသည်။ ရေအောက်သို့ပေ ၂၀ အထိ ငုပ်လျှိုနိုင်သည်။

          ဦးပိုင်းတွင် ဝင်ပေါက် ပေါင်းမိုးကြီးရှိသည်။ ပေါင်းမိုးတွင် ပတ်ဝန်းကျင်ကို ကြည့်နိုင်သော မှန်ပြတင်းပေါက် တစ်ခုရှိသည်။ မျက်မှောက်ခေတ် ရေငုပ် သင်္ဘောများမှ အုပ်ဆောင်းပုံ လှော်စင်နှင့် ခပ်ဆင်ဆင်ပင်ဖြစ်သည်။ ထို့ အပြင် ဇူလတန်သည် နော့တီးလပ်တို ရေပေါ်ယာဉ် တစ်စီးအသွင် ရုပ်ဖျက် သည့် အနေဖြင့် ရွက်တိုင်တစ်ခုနှင့် ရွက်ငယ်တစ်ခု တပ်ဆင်ထားသည်။ ၁၈၀၁ ခုနှစ်တွင် စိန်းမြစ်အတွင်း၌ ပထမအကြိမ် စမ်းသပ်ခုတ်မောင်းသည် ကို နပိုလီယံ စိတ်ဝင်စားစွာ ကြည့်ရှုခဲ့သည်။ ဇူလတန်နှင့် အဖော်နှစ်ယောက် သည် သိုလှောင်ကန်ကို အလေးချိန်ပြည့်အောင် ဖြည့်ပြီးနောက် ရေအောက် သို့ ၂၅-ပေအထိ ငုပ်ဆင်းသွားကြသည်။ ၎င်းတို့သည် လင်း ရေအနက်တွင် မိနစ် နှစ်ဆယ်မျှ နေကြရာ အားကောင်းသော ရေစီးကြောင်းက ၎င်းတို့ကို ပင်လယ်ဘက်သို့ တဖြည်းဖြည်းချင်း ဆွဲယူသွားလျက်ရှိသည်။ ထို့နောက် ၎င်းတို့သည် ရေပေါ်သို့ ပြန်တက်ပြီး တစ်နာရီ ရေမိုင် နှစ်မိုင်နှုန်းဖြင့် ပြန်လာကြသည်။

          သည်အခါတွင် နပိုလီယံသည် နော့တီလပ် သင်္ဘော ပင်လယ် ရေအောက်တွင် ခုတ်မောင်းသည်ကို မြင်တွေ့လိုသဖြင့် ထောက်ပံ့ကြေးငွေ အနည်းငယ် ထပ်ပြီးပေးသည်။ ပြုတင်းပေါက် မှန်ထူထူများ တပ်ဆင်နိုင်ရန် ဖြစ်သည်။ သို့မှသာလျှင် အလင်းရောင်အတွတ် ဖယောင်းတိုင်များ မထွန်းရတော့ဘဲ တန်ဖိုးရှိသော အောက်စီဂျင်ဓာတ် ပိုမို လုံလောက်လာမည်ဖြစ် သည်။ တစ်ချိန်တည်းမှာပင် ဖိသိပ် လေသိုလှောင်ကန် တစ်ခုကိုလည်း တပ်ဆင်လိုက်သဖြင့် သင်္ဘောသည် ရေအောက်တွင် လေးနာရီလောက် ကြာသည်အထိ နေနိုင်မည် ဖြစ်သည်။ ဇူလတန်သည် ပင်လယ်ပြင် အောက် စမ်းသပ်မှု ပြုလုပ်နိုင်ရန်အတွက် နော့တီးလပ်ကို သူ့ အိတ်ထဲမှဇူလတန်သည် ဘွတ်ရှ်နဲ့ ပြုလုပ်ခဲ့သော ရေမြှုပ်ဗုံးနှင့် ခပ်ဆင်ဆင် ဒုံးအသစ် တစ်ခုကိုလည်း တီထွင် ပြုလုပ်ခဲ့သည်။ ထိုပုံကို ၎င်းက တော်ပီဒို ဟု အမည်ပေးသည်။ အပြီး ခပ်သွယ်သွယ် ကိုယ်ထည်လုံးလုံးနှင့် ရန်သူတို လျှပ်စစ်ဓာတ်အားလိုက်စေနိုင်သော တော်ဟု ခေါ်သော ငါးလိပ်ကျောက် တစ်မျိုး၏ အမည်ကို ယူပြီး မှည့်ခေါ်ထားခြင်းပင် ဖြစ်သည်။ ဖူလတန်သည် ယင်းလက်နက်ကိုလည်း ဗရက်စ် ဆိပ်ကမ်းမှာပင် တပြိုင်တည်း စမ်းသပ်လို သည်။

          ဇူလတန်၏ ပစ်မှတ်သည် တမ်းခြေနှင့် ခပ်လှမ်းလှမ်းတွင် ကျောက်ချထားသော သင်္ဘောဟောင်းကြီး တစ်စီးပင်ဖြစ်သည်။ နာ့တီးလပ်သည် ယင်းသင်္ဘောကြီးအနီးသို့ ချဉ်းကပ်သွားသည်။ ရေအောက် သို့ ငုပ်ဝင်သည်။ သင်္ဘောတွင် တော်ပီဒိုဗုံးကို တပ်ဆင်ထားလိုက်သည်။ ထို့နောက်တွင်ကား သင်္ဘောကြီးကို အစိတ်စိတ် အမြွာမြွာ ဖြစ်သွားအောင် အောင်မြင်စွာ ဖောက်ခွဲပစ်လိုက်တော့သည်။

          ယင်းအဖြစ်ကို နပိုလီယံက အထူးပင် စိတ်ဝင်စားသည်။ ဤ လက်နက်သည် ဗြိတိသျှ ရေတပ်မတော်ကြီးကို တိုတ်ခိုက်ရန် အကောင်းဆုံး လက်နက်ပင် ဖြစ်သည်။ ပြင်သစ် သိပ္ပံပညာရှင် အများအပြားကလည်း နပိုလီယံနှင့် သဘောတူညီကြပြီး တကယ် အသုံးပြုနိုင်သော ရေငုပ်သင်္ဘော ကြီး တည်ဆောက်နိုင်ရန် ဇူလတန်ကို ငွေအလုံအလောက် ထောက်ပံ့ဖို့ သဘောတူညီကြသည်။ သို့ရာတွင် နပိုလီယံ၏ ရေတပ် ဗိုလ်ချုပ်ကြီးများက မူ သိပ်ပြီး စိတ်ပါဝင်စားခြင်း မရှိကြပါ။ လက်နက် တပ်ဆင်ထားသော ငါးလိပ်ကျောက်လှေကို အသုံးပြုခြင်းသည် လူတစ်ယောက်၏ နောက်ကျောကို သေနတ်နှင့် ပစ်သည့် သဘောပင် ဖြစ်သည်ဟု ၎င်းတို့က ယူဆကြသည်။

          ဗိုလ်ချုပ်ကြီးတွေ အငြင်းအခုံ လုပ်နေကြစဉ်တွင် ဇူလတန်သည် နော့တီးလပ်၏ အရည်အချင်းကို စမ်းသပ်သည့် အနေဖြင့် ဗြိတိသျှ ရေ တပ်မတော်မှ ပိတ်ဆို့ သင်္ဘောများကို တိုက်ခိုက်ရန် အားထုတ်ခဲ့သည်။ နော့တီးလပ်သည် ည အမှောင်ကို အကာအကွယ်ယူပြီး ရန်သူ သင်္ဘော များ အနီးသို့ နှစ်ကြိမ်တိုင်တိုင်ပင် ချဉ်းကပ်ခဲ့သည်။ သို့သော် နော့တီးလပ်၏ ရေအောက် အသွားနှုန်းသည် နှေးကွေးလှသဖြင့် တိုက်ခိုက်နိုင်သည့် အကွာအဝေးသို့ မရောက်ရှိခင်မှာပင် ရန်သူသင်္ဘောသည် အဝေးသို့ ထွက်ခွာသွားတော့သည်။ နောက်ဆုံးတွင် နပိုလီယံက ဇူလတန်၏ တီထွင်မှု ကို ဆက်လက် ထောက်ပံ့ခြင်း မပြုလုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။

          ထိုအချိန်တွင် နော့တီးလပ်၏ သက်တမ်းသည် တစ်နှစ်ကျော် နေပြီဖြစ်၍ ဆားငန်ရည်များစားကာ ရေများ စိမ့်ဝင်လျှက် ရှိတော့သည်။ နောက်ဆုံးတွင် ဇူလတန်သည် သူ၏ ရေငုပ်သင်္ဘောကို ဖျက်ကာ သံတို မယ်နများအဖြစ် ရောင်းစားလိုက်တော့သည်။

ဒေးဗစ်

          နောက်နှစ်ပေါင်း ခြောက်ဆယ်ကြာသောအခါ ရေအောက် သင်္ဘော စိတ်ကူးသည် ပြန်လည် ပေါ်ပေါက်လာပြန်တော့သည်။ အမေရိကန် ပြည်တွင်း စစ်တာလတွင် ဖြစ်သည်။ မြောက်ပိုင်းမှ ပြည်ထောင်စု တပ်ဖွဲ့များသည် အစစ အရာရာ ပြည့်စုံလျက်ရှိသည်။ အထူး သဖြင့် ပင်လယ်ပြင်တွင် ဖြစ်သည်။ သူတို့၏ ဆန့်ကျင်ဘက်ဖြစ်သောတောင်ပိုင်းမှ တွန်ဖက်ဒရိတ်တပ်များမှာမူကား လက်နက်ဝယ်ရန် ငွေကြေး မလုံလောက်ဖြစ်နေကြသည်။ သူတို့သည် ငွေကြေး အလုံအလောက် ရရှိ နိုင်ရန်အတွက် ဆိပ်ကမ်းတွင် စုပုံနေသော ဝါဂွမ်းများကို သင်္ဘောများဖြင့် အမြန်ဆုံး တင်ပို့နိုင်ဖို့ လိုအပ်နေသည်။

          ပြည်ထောင်စု သင်္ဘောများက ဆိပ်ကမ်းတိုင်းတွင် စောင့်ကြပ် လျက်ရှိပြီး ထွက်ခွာသွားသော ဝါဂွမ်းသင်္ဘောများကိုလည်း တိုက်ခိုက်ကြ သည်။ ဝင်ရောက်လာသော လက်နက် သင်္ဘောများကိုလည်း တိုက်ခိုက်ကြ သည်။ ကွန်ဖတ်စရိတ် တပ်ဖွဲ့သည် ၎င်းတို့၏ တည်တံ့ရေးအတွက် ပိတ်ဆို့ ထားသော ရန်သူ သင်္ဘောများကို တိုက်ခိုက် ရှင်းလင်းပစ်ရမည်။ ယင်းသို့ ရှင်းလင်း တိုက်ခိုက်နိုင်ရေးအတွက် ဖြစ်နိုင်သော နည်းလမ်းအားလုံးကို ကြံဆ အားထုတ်ကြရမည် ဖြစ်သည်။

          ၁၈၆၄ ခုနှစ်တွင် သီအိုဒိုး စတုန်းနေး အမည်ရှိ တီထွင်သူ တစ်ဦး သည် စစ်သင်္ဘော အဟောင်းတစ်စီး၏ အပေါ်ပိုင်းကို ရေပြင်ညီလောက် အထိ ဖြတ်ပစ်လိုက်သည်။ ထို့နောက် သံပြားများဖြင့် ပြန်လည် ပိတ်မိုး သည်။ လက်နှစ်ခု ပါရှိသော ပန်ကာကို လည်ပတ်နိုင်စေသည့် ရေနွေးငွေ့ အင်ဂျင်စက် အသေးကလေး တစ်လုံးကို တပ်ဆင်သည်။

          ရေနွေးငွေ့များကို ပိတ်ပြွန်တစ်ခုဖြင့် ထုတ်ပစ်ရမည် ဖြစ်သဖြင့် ယင်းသင်္ဘောသည် ရေအောက်သို့ လုံးဝ မငုပ်လျှိုနိုင်ဘဲ ရှိသည်။ သူ၏ သင်္ဘောကို ပစ်ဟု အမည်ပေးသည်။ (လူ့ဘီလူးကြီး ဝေါယက်ကို သတ် ဖြတ် နိုင်နင်းသော ဒေးဗစ်ကို အစွဲပြု၍ ဖြစ်သည်။) သစ်သားတိုင် ထိပ် တစ်ခုတွင် တပ်ဆင်ထားသော ပေါင် ၆၀ တစ်လုံး ပါရှိသည်။ ယင်းတို မွှေးတိုင် တော်ပီဒိုဟု ခေါ်ဆိုသည်။ သင်္ဘောတစ်စီးနှင့် နည်းနည်းကလေးမျှ မတူသော ဒေးဗစ်သည် ခုလတ်စတန်မြို့ အနီးတွင် ဆိုက်တပ်ထားသော ပြည်ထောင်စု သင်္ဘောကြီး လူအတ်စ်အက်စ် နယူးယောင်းယင်းဆိုက် ကို တိုက်ခိုက်ရန် ထွက်ခွာသွားသည်။ အိုင်းယင်းဆိုတ် သင်္ဘောပေါ်မှ သင်္ဘောသားတစ်ဦးက ၎င်းကို တွေ့မြင်သွားပြီး ပစ်ခတ် တိုက်ခိုက်သည်။

          သို့ရာတွင် ဒေးဗစ်ကို ကြီးကြပ် ကွပ်ကဲသော ဗိုလ်ကြီးသည် အိုင်းယင်းဆိုတ်တို ၎င်း၏ တော်ပီဒိုဖြင့် ထိုးစိုက် တိုက်ခိုက်ခွင့် ရရှိသည်။ အိုင်းယင်းဆိုက်ကို အတော်ကြီးပင် ထိခိုက် ပျက်စီးစေသည်။ ပေါက်ကွဲမှုကြောင့် ဒေးဗစ်မှာလည်း အလားတူပင် ပျက်စီး ထိခိုက်ရသည်။ သို့ဖြင့် ဗိုလ်ကြီးသည် လက်နက်ချရန် ဆုံးဖြတ်သည်။ သို့သော် လက်နက်ချရန် အခွင့်မသာပါ။ ရန်သူ သင်္ဘောပေါ်မှ သင်္ဘောသားများ အထူးပင် ထိတ် လန့် တုန်လှုပ်ပြီး သင်္ဘောပေါ်မှ ခုန်ချကုန်ကြသည်။ သို့ဖြင့် ဗိုလ်ကြီးသည် ရေထဲသို့ ရောက်ရှိနေသော ၎င်း၏ သင်္ဘောသားများကို ကယ်တင်ပြီး ဒေးဗစ်ကို တပ်စခန်းသို့ ပြန်လည် မောင်းနှင်နိုင်ခဲ့သည်။

          ဤတိုက်ခိုက်မှုအတွက် ပြည်ထောင်စု တပ်ဖွဲ့များ အထူးပင် တုန် လှုပ် ချောက်များလျက် ရှိကြသည်။ အိုင်းသင်းဆိုတ် သင်္ဘောကြီး နစ်မြုပ် မသွားသော်လည်း ရုတ်တရက် တိုက်ခိုက်လာသည့်အဖြစ်ကို အင်မတန် စိုးရိမ်ကြောင့်ကြနေကြသည်။ ထူးဆန်းသော တော်ပီဖို့ သင်္ဘောသည် မည် သည့် အချိန်တွင် တိုတ်ခိုတ်လာဦးမည်နည်း။ မည်သည့်နေရာကို တိုက် မိုက်ချေမည်နည်။ ၎င်းတို့၏ စစ်သင်္ဘောများကို အချိန်မရွေး ထွက်ခွာနိုင် ရန် အသင့်ပြင်ဆင်ထားကြသည်။ အစောတင်းများကို နှစ်ဆတိုးပြီး ချထား သည်။

          အမှန်တကယ်တွင်လည်း ကွန်ဖက်ဒရိတ်တပ်ဖွဲ့များသည် ဒေးဗစ်

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)