Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

နတ်နွယ် - ရာဇဝင်နှင့်သူရဲကောင်း

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out
ရာဇဝင်နှင့်သူရဲကောင်း
(က) 

          မလုံလဲပြီဖြစ်သော ထဘီ

          ပင်ကိုကလည်း ရိနေသည်။ ရုန်းကန်ရင်း၊ ဆွဲငင်ရင်း နှင့် အပိုင်းပိုင်းအစစ စုတ်ခဲ့ရပြီး ဖုံးလွှမ်းကာကွယ်နိုင်တော့ သည်မရှိ။

          သူမက မောနေသည်။ ဒေါသလည်း ပြင်းထန်လွန်း၍ အသားတွေလည်း နီနေသည်။ အသက်ရှူကမြန်၍ ပြင်း သည်။ ဆံပင်တွေက ပြိုကွဲကာ ဖိုးရိုးဖားရား ကျနေသည်။ စုတ်ပြတ်နေပြီဖြစ်သော အင်္ကျီစတွေနှင့် ရောထွေးငြိရှုပ်လျက် ရှိ၏။

          သူမရဲ့ ရင်အုံက မြင့်ချီနိမ့်ချီ ဖြစ်နေသည်။ အပေါ်က ပိတ်ဖြူအကျီသည်လည်းကောင်း၊ အတွင်းက အောက်ခံ အကျီသည်လည်းကောင်း မရှိတော့၍ မို့သော ရင်သားက ပန်းရောင်သွေးပြေးနေသည်။ ဆံပင်စတွေကလည်း လုံလဲ အောင် ကာကွယ်မထားနိုင်ပါ။ တင်းကျစ်စွာ မောက်နေ၍မက်မောစရာ ကောင်းလှသည်။ သူမက မနားမနေ အတင်း ရုန်းကန်လျက်ရှိရာ ရင်သားစုံသည် ဘယ်ညာ အထက်အောက် အိလျက်ရှိသည်။ တစ်ခါတစ်ခါ ကိုင်မိ၍ နစ်သွား သည်။

          သူမကတော့ ကာကွယ်ရပေမည်။ သေရင်သာ သေ ပေစေ။

          ရန်သူကတော့ ကြင်နာမှုကို နားမလည်စွာ သောင်း ကျန်းလျက် ရှိချေပြီ။ အတင်းပင် သူမအား ဖက်၍ ချုပ်ကိုင် လျက်ရှိသည်။ အထက်မှ သူမအား ဖိထားကာ လက်နှစ်ဖက် ကို ချုပ်ကိုင်နေသည်။ သူမကတော့ အတင်းပဲ ဆောင့်လွန့် ရုန်းထွက်လျက်ရှိသည်။ မလွတ်စေကာမူ မလှုပ်သာအောင် တော့ အချုပ်မခံရသေး။

           အင်အားကမမျှ။ ရေရှည်တိုက်ပွဲတော့ ခံနိုင်ပါမည် လား။

           ရန်သူက ဘီလူးစီးလျက်ရှိချေပြီ။ အာသာရမ္မက်က ပြင်းထန်လှ၏။ ကြမ်းကြမ်းတမ်းတမ်းပဲ အနိုင်ကျင့်လျက် ရှိ၏။ အင်္ကျီက စုတ်၍စုတ်၍ ပြတ်ထွက်ကုန်လေပြီ။ သူ့ ရင်ဘတ်နှင့် သူမ၏ ရင်သားစုံ ပူနွေးစွာ ထိတွေ့လိုက်ရသော အခါ သူက ပိုမိုသောင်းကျန်းလာ၏။ ပင်ကိုကလည်း ရိ၍ နေသော ထဘီသည်လည်း စုတ်လေပြီ။ မလုံလဲနိုင်တော့ပြီ။ ပေါင်သားတွေက ဝင်း၍ စင်းချောနေသည်။

           သူမက အံကိုကြိတ်၍ ပေါင်နှစ်လုံး တင်းကျပ်စွာ စေ့ ထားသည်။ ဖမ်းမိဖမ်းရာကို ဆွဲ၍ ကုတ်ခြစ်ရင်း လွတ် မြောက်မှုကို ရှာနေသည်။ တဖြည်းဖြည်းနဲ့ ကြာတော့လည်းမောလာ၍ မတတ်သာသည့်အဆုံး အတင်း ခုတင်နှင့်ကပ်၍ မှောက်ထားသည်။ ပြည့်ဖြိုးသော တင်သားများက အိ၍ နေသည်။

          မီးရောင်က မှိန်မှိန်လေးလင်းနေသည်။ ခေါင်းအုံး၊ စောင်၊ အိပ်ရာခင်းတွေက ထဘီစတွေနှင့် ရောထွေးကာ ကြမ်းထက်သို့ ကျကုန်လေပြီ။ ရုန်းကန်ဆွဲငင်ခြင်းတို့က အချိန်ကြာမြင့်သောအခါ လျော့ပါးလာလေသည်။ ကန်ကျောက်သံတို့က တိတ်ဆိတ်စ ပြုလာ၏။ တိတ်ဆိတ်ခြင်း ရဲ့ အဆုံးဝယ် မပွင့်တပွင့် ငိုရှိုက်သံလေးသာ ပေါ်ထွက်လာ တော့သည်။ 

          သူမက တိုက်ပွဲဝယ် ကျဆုံးခဲ့ရလေပြီ။

(ခ)

          ကျနှင်း

          ရေပြာပြင်ထက်မှ အငွေ့ အငွေ့တို့သည် ပျံတက်သွား ကြလေသည်။ မြင့်သထက်မြင့်သော အထက်သို့ ရောက်

သောအခါ အေးမြ၍ သိပ်သည်းကာ အငွေ့ အငွေ့ မှ အမှုန် အမှန်ဖြစ်လာသည်။ ပါးလျသော လေလွှာက အမှုန်အမှုန် လေးတွေကို ဆောင်ကြဉ်းမထားနိုင်သောအခါ အောက်သို့ လွင့်ကျလာသည်။

          ကျနှင်း...

          နှင်းစက်ငွေရည်လူးသော ရာသီဦးဝယ် ရာဇဝင်နှင့် သူရဲကောင်းဝတ္ထုက စလေသည်။ ငွေရည်မှုန်တို့ ကျမဆုံး ခင်ပင် ဇာတ်လမ်းသိမ်းလေသည်ဖြစ်၍ ဆောင်းဝတ္ထုတစ်ပုဒ်ဖြစ်လေသည်။

           နှင်းစက်လေးတွေလိုတော့ ဇာတ်လမ်းက မအေးစက်ပါ။

           ဒသမလေးငါး..

           သေနတ်က ကြည့်တော့ ငယ်ငယ်လေးပဲ ဖြစ်၏။ ခပ် နက်နက်ကလေးဆိုတော့ ခရမ်းသီးကွေးကွေးလေးလိုလို။

           သို့သော် ပြောင်းဝမှ မီးပွင့်ကလေးလက်သွားကာ ယမ်းငွေ့ တွေ ဝေလာလျှင် သက်ရှိတစ်ဦးသည် တိတိကျကျ ကိစ္စချောနိုင်လေသည်။

           သူက ညာလက်ဖြင့် သေနတ်ကို တင်းကျပ်စွာကိုင်ကာ သေနတ်မောင်းကို စည်းဝါးမိမိ ဆက်ကာဆက်ကာ ဖြုတ် လျက်ရှိသည်။ တစ်မျိုးနည်းနှင့်ဆိုရလျှင် လူတစ်ယောက်ပြီး တစ်ယောက် အသက်မဲ့စေသည်။

           သူက ဤလို လူယုတ်မာ ခြံကြီးကြီးတွေကို ပစ်သတ် ရသည့်အတွက် သူ့လက်သည် မြင့်မြတ်လာသည်ဟု မယူဆ သည့်တိုင်အောင် လူ့လောကကြီးတွင် အကျိုးသက်ရောက် သည်ဟု ခိုင်မာစွာ ယူဆထားသည့်အလျောက် ကျည်ဆန် တစ်တောင့်ပြီးတစ်တောင့် မောင်းထုတ်လျက် ရှိလေသည်။

           သူ၏ သန်မာသော လက်ညှိုးသည် မောင်းကို ဆက် ကာဆက်ကာ နှိပ်လျက်ရှိသော်လည်း စိုးစဉ်းမျှ တုန်ခြင်းမရှိ၊ တွန့်ဆိုင်းခြင်းမရှိ၊ ရွံ့ခြင်းမရှိ။

           ယင်းသည့်ကြောင့်လည်း အများက သူ့အား လက်မရွံ့ ဟု အလိုလို ဘွဲ့နာမ ပေးအပ်လာခြင်း ဖြစ်သည်။

           “လက်မရွံ့”က သူမတော့ မဖြစ်တန်ကောင်းရာ။

(ဂ)

          သူရဲကောင်းများက ရာဇဝင်ကို ဖန်တီးလေသလား။ ရာဇဝင်က သူရဲကောင်းတွေကို မွေးဖွားလေ၏။ လူပေါ်ဦးစမှ ယနေ့ထိ ရာဇဝင်က တိုးတက်ပြောင်းလဲလျက်ရှိသည်။ ရာဇဝင်တစ်လျှောက်လုံး  သူရဲကောင်းများ၏ နာမည်များ ထင်ရှားလာသည်မှာလည်း ယနေ့ထိ ဖြစ်လေ၏။

          ရာဇဝင်ကို ဘယ်သူက ဖန်တီးလေသနည်း။ သူရဲ ကောင်းက ဘယ်အခန်းက ပါဝင်သနည်း။

သဘောတရားရေးအဖြစ် တင်ပြဆွေးနွေးထားသည်။ ရာဇဝင်နှင့် သူရဲကောင်း၏ ဆက်သွယ်မှုကို ရှင်းစွာ နားလည် ထားဖို့ လိုအပ်ချေပြီ။

          ရာဇဝင်၏အခြေခံ သူရဲကောင်း၏အခန်း။

(ဃ) 

          ရာဇဝင်နှင့်သူရဲကောင်းဝတ္ထုက ဆောင်းအဖြစ်အပျက် တစ်ရပ်ပဲ ဖြစ်သည်။ အားမဲ့ အမျိုးသမီးကလေးတွေအား အနိုင်ကျင့်ဖျက်ဆီးသော လူယုတ်မာ၊ ခြကောင်တွေကို လိုက်လံ ဆုံးမနေသော သူရဲကောင်း သို့မဟုတ် စုံထောက် အဖွဲ့က အင်မတန် လိုလားနေသော လက်မရွံ့ ။

           စုံထောက်ကျော်ဝင်း၊ ရာဇဝတ်အုပ် ကိုတင်ဝင်းတို့က အကြိမ်ကြိမ် တွဲဖက်၍ ရာဇဝတ်မှုတွေကို လိုက်ခဲ့၏။ အင်မတန်ချစ်သော သူငယ်ချင်းနှစ်ဦးလည်း ဖြစ်၏။ သို့သော် ယခုအကြိမ်တွင်မူ အင်မတန် ချစ်စရာကောင်းသော အမျိုးသမီးလေးတစ်ဦးအတွက် မပြေလည်ကြ။

ရတနာနန်းမယ်က အောင်မြင်သော အမျိုးသမီး စာရေး ဆရာမတစ်ယောက်ဖြစ်၏။ တိုးတက်သော စာရေးဆရာ တစ်ဦးအနေနှင့် ကျော်ကြားခြင်းရှိ၏။ သူမက ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေးအောင်မြင်ရန် ပါဝင် တိုက်ခိုက် နေသော ရဲဘော်မတစ်ယောက် ဖြစ်၏။ သူမအပေါ် ကိုကျော်ဝင်း၏ သဘောထားနှင့် ကိုတင်ဝင်း၏အမြင်သည် ကွဲပြားခြားနားလှ၏။

           ဝတ်လစ်စလစ်ကားတွေကို ပြနေသောသံရုံး၊ လူ့ လောကကြီးထဲသို့ ရောက်ပြီး ချက်ချင်းပြန်သွားရသော လူ တစ်ယောက်၊ ဘယ်သူမဆို သောက်နိုင်သော လမ်းဘေးရေ အိုးစင်။

            တကယ်တော့ ဤဆောင်းအဖြစ်အပျက်လေးသည် ရာဇဝင်နှင့်သူရဲကောင်းတို့ ဆက်သွယ်ပုံကို ရှင်းထားသော လျှို့ဝှက်သည့် စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ခု ဖြစ်ပေ သည်။

***

မွေးကင်းစအကောင်

(က)

          ရတနာနန်းမယ်...

          ကဗျာဆရာမတစ်ယောက်လည်း ဖြစ်သေးသော စာရေးဆရာမလေးတစ်ယောက်၏ လူအများခေါ်နိုင်ရန် နာမည်က ပဒေသရာဇ်ဆန်လှလေသည်။ တကယ်တော့ လည်း နန်းဟန်ယဉ်သောအသွင်လည်း ရှိ၏။