Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ဒေါ်ရီကြိန် - မြန်မာ့သားကောင်း

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

စာရေးသူ၏အမှာ

          ကျွန်မသည် “သားကောင်းမိခင်” စာအုပ်နှစ်တွဲကို ညီမငယ်ကလေး များအဖို့ ရည်ရွယ်၍ ရေးသားထုတ်ဝေလိုက်ရာ ခင်မင်ရင်းနှီးကြသော မောင်ငယ်များက “အစ်မကြီး ကျွန်တော်တို့အတွက်တော့ ဘာမှ မရေး တော့ဘူးလား” ဟု အချို့က စာဖြင့် ရေးပို့ကြသည်။ အချို့က လူကိုယ် တိုင် ပြောလာ မေးလာကြသည်။ သူတို့ မရေးမီကပင် ကျွန်မ စဉ်းစား မိပါ၏။ အမျိုးသမီးများ မည်မျှပင် လိမ္မာရေးခြားရှိစေ၊ လူမှုရေးရာကို နားလည်နေသည်ဖြစ်စေ အမျိုးသားများက ၎င်းတို့ ထားအပ်သော တရားကို မစောင့်စည်းကြပါက မိခင်ကောင်း၊ သမီးကောင်း၊ နှမကောင်းဖြစ်အောင် ကြိုးစားကြရကျိုးနပ်အောင် ခံစားရမည်မဟုတ် ချေ။ မြန်မာနိုင်ငံတွင် အမျိုးသမီးကောင်း၊ မိခင်ကောင်းများ လို သလောက် မြန်မာ့သားကောင်းများလည်း လိုပေသေး၏။ မိခင်ကောင်းသည် နောင်တစ်ခေတ်တွင်သာ သားကောင်းများ ဖန်တီးနိုင် မည်။ ယခုခေတ်ကာလ အမျိုးသားများက အကျင့်ပျက်ပြားနေပါမူ အမျိုးသမီးများ ကြိုးစားသမျှသည် လှည်းကြီးကို တစ်ဘီးတည်းနှင့် လှိမ့်နေသကဲ့သို့ အကျိုးမထင်ရှိစေမည်ကား မလွဲဖြစ်၏။ သို့အတွက် မြန်မာ့သားကောင်း”ဟူသော အမည်ဖြင့်ရေးရန် ရည်ရွယ်ရင်းရှိသည် တွင် မောင်ငယ်များကလည်း လိုလားတောင့်တအပ်သည်ဖြစ်၍ ယခု ရေးသားထုတ်ဝေလိုက်ရပေသည်။ ထိုသို့ ရေးသားရာတွင် အသက် ၁၂ နှစ်မှ ၂၆ နှစ်ထိ မောင်ငယ်ကလေးများနှင့် သင့်တော်ရုံကိုသာ ရည်ရွယ်ရေးသားမည်ဖြစ်ပါကြောင်း။ ။

ဒေါ်ရီကြိန်

( ၁)

‌ယောကျ်ား

          မောင်လေးတို့ ...

          အစ်မကြီး မောင်လေးတို့အဖို့ ဘာမှမရေးမီ စိတ်ထဲမှာ အမြဲကိန်းအောင်းနေတဲ့ ဆန္ဒ ကလေးတစ်ခုကို ထုတ်ဖော်ရေးသားချင်သေးတယ်။ အစ်မကြီးဟာ အသက်နှစ်ဆယ်လောက်အထိ “မိန်းမ” ဖြစ်ရတဲ့ဘဝကို မမုန်းတီးခဲ့ဘူး။ အလွန်လှချင်၊ ပချင်၊ သိချင်၊ တတ်ချင်တဲ့စိတ်တွေကလည်း ထက်သန်ပြီး “ငါကြိုးစားရင် ယောက်ျားတွေနှင့် တန်းတူဖြစ် နိုင်တယ်၊ ယောက်ျားနှင့်မိန်းမဟာ အမည်ပညတ်သာခြားပေမဲ့လို့ အရည်အချင်းမှာ တူနိုင် တယ်” လို့ပဲ ယူဆပြီး မိန်းမဖြစ်ရခြင်းကို ဘာမှ နောင်တမရမိခဲ့ဘူး။ အသက် ၂ဝ ကကျော်လွန်လာတော့ အစ်မကြီးရဲ့ ရည်ရွယ်ချက်လုပ်ငန်းတွေဟာ ဘာတစ်ခုမျှ မအောင် မြင်ခဲ့ဘူး။ အစ်မကြီးတို့ကို ပြုစုစောင့်ရှောက်ကျွေးမွေးတဲ့ မွေးသဖခင်နှင့် နောင်တော်ကြီးများ အနိစ္စရောက်သွားတော့ အစ်မကြီးတို့ ညီအစ်မတစ်စုဟာ လောကရေးရာကိစ္စတွေကို ရှေ့ကနေပြီး ခုခံတွန်းလှန်ခြင်း၊ ထမ်းဆောင်ခြင်း ပြုရတယ်။ အဲဒီလို ဆောင်ရွက်ရတဲ့ အခါကျမှ အစ်မကြီးကိုယ်တိုင်ပဲ (မိန်းမသည်မိန်းမ) (ယောက်ျားသည်ယောက်ျား) ဆိုတာ ကို သဘောပေါက်နားလည်ပြီး မိန်းမဖြစ်ရခြင်းကို စက်ဆုပ်မိတယ်။ ယောက်ျားတာဝန် တွေကို ယောက်ျားများဆောင်ရွက်မှ ခရီးတွင် ကျယ်အရာရောက်တယ်ဆိုတာကို နားလည်မိ တယ်။ ခေါင်းတစ်လုံးတည်းနှင့် ရေအိုးနှစ်လုံးရွက်ဖို့ကိစ္စဟာ မလွယ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ယောက်ျားနဲ့ထိုက်တန်တဲ့ ကိစ္စတွေကို ကိုယ်က စွမ်းရည်သတ္တိရှိလို့ ဝင်ရောက်ဆောင်ရွက်နေရပေမဲ့ မိန်းမ များသာလုပ်ကိုင်မှပြီးမယ့် တာဝန်တွေကလည်း လွှဲဖယ်သွားလို့ မရဘူး၊ တာဝန်နှစ်မျိုး ထမ်းဆောင်ရတော့ ခြေကုန်လက်ပန်းဖြစ်ပြီး ယောက်ျားဘဝကို အစ်မကြီးဟာ ပင်ပန်းတိုင်း တောင့်တမိတယ်။ အရေးကြီးလေလေ မိန်းမဟာ မိန်းမပဲဆိုတာ သိသာလေလေပဲ။

          မောင်လေး- မြန်မာနိုင်ငံသူ နိုင်ငံသားတွေ့နေတဲ့ တို့မြန်မာပြည်ကြီးဟာလည်း မိသားတစ်စုနေထိုင်တဲ့ အိမ်ထောင်ကြီးတစ်ခုပဲ။ သမီးတွေက နောက်ပိုင်းက တာဝန်ဆောင်ရွက်နေတဲ့အခါ သားတွေက အဖမြန်မာနိုင်ငံကြီး ကြီးကျယ်တိုးတက်စေဖို့ ရှေ့တန်း ကနေပြီး ဆောင်ရွက်စရာတွေ အများကြီးရှိတာပေါ့။ မိန်းမဟာ မိန်းမပီသဖို့ လိုသလို ယောက်ျားဟာလည်း ယောက်ျားပီသရမယ်။ ယောက်ျားကလေးတွေသာ ဝတ္တရားကျေပွန် ကြရင် အမျိုးသမီးကလေးတွေကလည်း သူတို့ဝတ္တရားကျေပွန်အောင် ကြိုးစားဖို့ အားရှိတာ ပေါ့ ။ မောင်လေးကို အစ်မကြီးက နိုင်ငံနှင့်ချီပြီး ပြောပေမဲ့လို့ အစ်မကြီးပြောမယ့် ကိစ္စ ကလေးဟာ စိတ်အားထက်သန်တဲ့ မောင်လေးတို့လူစု လျစ်လျူရှုပြီးထားမယ့် အချက် ကလေးတွေပါပဲ။ (ပျားတစ်စက်ကြောင့် ပြည်ပျက်) ဆိုတဲ့စကားလို အရေးမကြီး အမှတ် မထင် ဂရုမစိုက်ဘဲထားမိတဲ့ ကိစ္စကလေးတွေက ယနေ့ကလေးဖြစ်လို့ ကိစ္စမရှိသော်လည်း နက်ဖြန်လူကြီးဖြစ်တဲ့အခါ ချို့ယွင်းနေတတ်တယ်လို့ အစ်မကြီး ယူဆမိတယ်။ ဒါကြောင့် ဘယ်နိုင်ငံက ဘာပဲလုပ်နေလုပ်နေ၊ အစ်မကြီးတို့ မောင်လေးတို့ မြန်မာနိုင်ငံနှင့် သင့်တော် တာသာ အစ်မကြီးတို့လုပ်ရမယ်။ သူများလို စွမ်းဆောင်နိုင်အောင် အစ်မကြီးတို့က လိုနေတာ ကို ဖြည့်စွက်ပြုကျင့်ရမယ်။ ဒါတွေကို အဓိကထားပြီး အစ်မကြီးဖော်ပြဖို့သာ ရည်ရွယ်တယ်။

           မောင်လေး-လူ့ဘဝဟာ အလွန်ရခဲတယ်လို့ ရှင်တော်မြတ်ဘုရား ဟောကြားခဲ့တယ် မဟုတ်လား။ လောကုတ္တရာ မျက်စိနှင့်ကြည့်ရင် လူ့လောကကြီးဟာ ရေလမ်း၊ ကုန်းလမ်း၊ မီးရထား၊ သင်္ဘော၊ မော်တော်ကားနှင့် သွားလိုရာသွားနိုင်တဲ့ ခရီးလမ်းဆုံ ဘူတာရုံကြီးလို ဆိုကြပါစို့။ လူ့ဘုံမှာ လူဖြစ်လာလို့ ရပ်ပြစ် (၈) ပါးနှင့် ကင်းတဲ့ဒေသမှာ ဝင်စားလာတယ် ဆိုရင် ဒီဘဝကနေပြီး ဘယ်ဘဝကူးမယ်ဆိုတာ ရည်စူးပြီး လူဖြစ်ကျိုးနပ်အောင် လုပ်ဆောင်ကျင့်သုံးနိုင်တာပဲ။ ရခဲတဲ့လူ့ဘဝကြီးကိုလည်းရတယ်။ ဖြစ်ခဲတဲ့ ယောက်ျားဘဝမှာ လည်း လာဖြစ်တယ်ဆိုရင် (မောင်လေး) တို့ထက် မြင့်မြတ်တာ မရှိတော့ဘူး။ အစ်မကြီး အမျိုးသမီးတွေဟာ သားကောင်းမိခင်သာ ဖြစ်နိုင်တယ်။ ကိုယ်တိုင်စွမ်းဆောင်ပြီး (လူထု ရှေ့ကနေဖို့) ဆိုတော့ မောင်လေးတို့လောက် ကာယအင်အား၊ ဉာဏအင်အား မပြယ် မတင့်တယ်နိုင်ဘူးပေါ့။ ဒါကြောင့် ညီမလေးတွေကို အစ်မကြီးက (သားကောင်း-မိခင်) ဖြစ်ဖို့ တိုက်တွန်းခဲ့ပေတယ်လို့ မောင်လေးတို့ကို (သားကောင်း-ဖခင်) အဖြစ်ကို မတိုက် တွန်းဘူး။ အဖမြန်မာနိုင်ငံတော်ကြီးက အသေးဆုံးကစပြီး အကြီးဆုံးထိ ခိုင်းချင်ရာခိုင်း ဝတ္တရားကို ကျေပွန်နိုင်မယ့် (မြန်မာ့သားကောင်း) အဖြစ်ကို ရောက်ရန်သာ အစ်မကြီး၏ ပြင်းပြတဲ့ဆန္ဒရှိတယ်ဆိုတာကို မောင်လေးတို့ သိနှင့်စေချင်တော့သည်။