စိတ်ကူးချိုချိုစာပေ
ဒေါက်တာအောင်ခင်ဆင့် - ဖိုမဆက်ဆံရေးသိကောင်းစရာ
Couldn't load pickup availability
Online ပေါ်တွင် ဖို+မ စာအုပ် ရောင်းအကောင်းဆုံး
ဟဲလို .. ဟဲလို ... အောင်ခင်ဆင့်လားဟေ့၊ မောင်ရင့်စာအုပ် အကြောင်း Online ပေါ်မှာတွေ့ လိုက်လို့ ဖုန်းဆက်တာပါ။ ဝမ်းသာပါ တယ်ကွာ။(ဒါဟာ သူငယ်ချင်းပြောတဲ့ ဝမ်းသာစကားပါ) သူငယ်ချင်း အကြောင်း။ ပြီးတော့ ကျွန်တော့်အကြောင်း ပြောပါရစေ။
စာပေကိစ္စနှင့်ပတ်သက်လို့ ဝမ်းသာစရာ(အလွန်ဝမ်းသာစရာ) + ရက်ကြီး ၂ ရက် ကြုံခဲ့ဖူးကြောင်း ကျွန်တော် ထုတ်ဖော်ပြောစရာ ကြုံ လာပြန်ပါပြီ။ ပထမ ဝမ်းသာစရာရက်ကတော့ ၁၉၇၂ ခုနှစ်တုန်းက နိုင်ငံ တော်အစိုးရမှ အမျိုးသားစာပေဆု ကြေညာခဲ့စဉ်က ကျွန်တော်ဟာ စာပေ ကိစ္စ ဝမ်းသာမှုတစ်ခု ကြုံခဲ့ဖူးကြောင်း ပထမစာပေဝမ်းစာမှုကို ထုတ်ဖော် ပြောကြားခြင်းဖြစ်ပါတယ်။
လူငယ်တို့ရဲ့ ဝယ်အားကောင်း
ယခု ဒုတိယအကြိမ် စာပေကိစ္စဝမ်းသာမှုနှင့်ပတ်သက်၍ တစ်ခုကြုံ ရပြန်ပါပြီ။ ဒီစာပေဝမ်းညှို့မှုကိစ္စကိုတော့ ကျွန်တော် အမည်ပေးလိုက်လို တာကတော့ “လူငယ်တို့ရဲ့ ဝယ်အားကောင်းသောစာအုပ်” လို့ပဲ အမည် ပေးလိုက်လိုပါတယ်။ အများပြောနေကြတာကတော့ အင်္ဂလိပ်လို "The Best Seller" လို့ ခေါ်တွင်ပြီး မြန်မာလိုတော့ ‘ရောင်းအကောင်းဆုံး” လို့ပြောကြပါတယ်။ ကျွန်တော်ပေးထားတဲ့နာမည်ကတော့ ရိုက်မလောက် စာအုပ်” လို့ ကျွန်တော် ခေါ်ခဲ့တာကြာပါပြီ။ နှစ် ၄ဝ ကျော်ခဲ့ပါပြီ။ ၁၅ ကြိမ်မြောက်ခဲ့ပါပြီ။
ရောင်းအကောင်းဆုံးစာအုပ်
ယခု ကျွန်တော် စာပေဝမ်းသာမှု ဘယ်က ဘယ်မှာရသလဲပြောဖို့ လိုနေပါတယ်။ ကျွန်တော် ပြောပါမယ်။ ဘာလဲဆိုတော့ ကျွန်တော် ရေး သားပြုစုခဲ့တဲ့ “ဖို+မ ဆက်ဆံရေး” စာအုပ်ကို ရောင်းလို့အကောင်းဆုံးစာ အုပ်တစ်အုပ်ဖြစ်ကြောင်းလို့ Maynmar ebook မှ ပရောဂျက်ဒါရိုက် တာဖြစ်သူ ဦးမျိုးမြတ်သူက အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းဗဟို ဌာန IBC မှာ ပြောပြမှုတစ်ရပ် ကျင်းပသွားခဲ့ပါတယ်။ အဲဒီပွဲမှာ ကျွန်တော့် “ဖို+မ ဆက်ဆံရေး” စာအုပ်ဟာ ရောင်းအကောင်းဆုံး စာအုပ်တစ် အုပ်ဖြစ်ကြောင်း၊ လူငယ်တွေ လွန်စွာစိတ်ဝင်တစား ကြိုးစားဝယ်ယူ ဖတ် နေကြကြောင်း ကြေညာသွားခဲ့ပါ၍ ကျွန်တော် ဝမ်းအသာဆုံးနေ့တစ်နေ့ အဖြစ် ကြုံရပြန်ပါပြီဟု ကျွန်တော် ပြောနေရခြင်းဖြစ်ပါတယ်။
ရာဇဝင် လွန်စွာစုံခဲ့သောစာအုပ်
ဒီစာအုပ်က ရာဇဝင် လွန်စွာတင်စရာကောင်းတဲ့ စာအုပ်တစ်အုပ် ဖြစ်ကြောင်း ရေးပြောပြရန်မှာ ကျွန်တော့်တွင် တာဝန်ရှိလာပြန်ပါပြီ။
မသဘာဝ ကျားသဘာဝ
မြန်မာနိုင်ငံ ဆရာဝန်အသင်းအမျိုးသမီးအဖွဲ့မှ ဆရာဝန်မကြီးများ ကြိုးစားပြုစုနေတဲ့ ‘မသဘာဝ”စာအုပ်ပြုစုနေစဉ် ယောက်ျားလေးတွေကို လည်း “ကျားသဘာဝ”ပြောပြဖို့သင့်ကြောင်း စဉ်းစားကြပြန်ပါသည်။ ကျွန်တော့်ကိုခေါ်ပြီး မောင်အောင်ခင်ဆင့်က ကျားသဘာဝကိုရေးဟု တာဝန် ပေးလိုက်တာပါပဲ။ ကျောင်းကျန်းမာရေး သင်ကြားပို့ချရေးကဏ္ဍ အတွက် ဖြစ်ပါတယ်။
၁၈ နှစ်အောက် ကလေးမကြည့်ရ
နိုင်ငံတော်အစိုးရက ယူဂိုဆလားဗီးယားနိုင်ငံသို့ ကျွန်တော့်ကို ကျန်းမာရေးပညာ လေ့လာဆည်းပူးရန် ပညာတော်သင် လွှတ်လိုက်ပါ တယ်။ ဤနိုင်ငံရှိ မြန်မာသံအမတ်ကြီးက ကိုအောင်ခင်ဆင့် ယခုပြသနေ တဲ့ ရုပ်ရှင် ခင်ဗျားကြည့်သင့်တယ်။ လိင်ဆက်ဆံရေးပညာပေးတွေ ပါ တယ်။ နာမည်ကိုက ၁၈ နှစ်အောက် ကလေးမကြည့်ရ” ဆိုတဲ့နာမည်နဲ့ ဗျာ။ ကဲ .. ဒီနေ့ အဲဒီရုပ်ရှင်ကို ကြည့်ဖြစ်အောင် ကြည့်ပေတော့ဟု ပြော လိုက်ရာ “ဖို+မ ဆက်ဆံရေး” စာအုပ် အစပထမစာမှာ ၁၈ နှစ်အောက် ကလေးမကြည့်ရ” ဖို+မ ပညာပေးလေးဖြစ်တော့တာပါပဲ။
မေး - မသဘာဝ၊ ကျားသဘာဝ ဟောပြောပွဲတွေဟာ တစ်ခါတည်း အောင်အောင်မြင်မြင် အထကတွေမှာ တစဉ်တဆက်လုပ်သွားလို့ ရတော့တာပဲလား ဆရာဆင့် ပြောပါဦး။
ဖြေ - သင်ကြားရေးမှာ တစ်မျိုးတစ်မည်ပြောင်းလဲလာတာကျွန်တော် ပြောပါဦးမယ်။ ကျားသဘာဝကို ကျောင်းများ မှာ သင်ကြားမှုတစ်နှစ်မျှ အကြာတွင် သမားတော်ကြီး ၃ ဦးအဖွဲ့မှ ကျွန်တော့်ကို သူတို့ရှေ့မှောက်မှာ ဟောပြောပို့ချ စစ်ဆေးခံရမည်ဟု အမိန့်တစ်ရပ် ကျန်းမာရေးဦးစီးသင် တန်းဌာနမှ ထွက်ပေါ်လာခဲ့ပါတယ်။ စိုးရိမ်မှုများစွာ ကျွန်တော် ခံစားခဲ့ရပါတယ်။ ကျွန်တော် သမားတော်ကြီး ၃ ဦး ရှေ့မှောက်တွင် ဟောပြောတင်ပြအပြီးတွင် ကာလသားရောဂါ အထူးကုသမားတော်ကြီး ဦးသာလှက “မောင်အောင် ခင်ဆင့် သင်ကြားပို့ချဟောပြောနေရာမှာ စိုးရိမ်ကြောင့်ကြ မှု ရှိနေတယ်၊ မစိုးရိမ်ပါနဲ့ ပြောသမျှ ကောင်းပါတယ်။ လိုတာလေးတချို့ ပြင်ပေးလိုက်ရင် ပိုကောင်းသွားမှာပါ” ဟု ပြောသွားခဲ့ပါတယ်။
ပြင်ဆင်သင့်တာကတော့ ကလေးတွေကို ကြောက် အောင်၊ လန့်အောင် မခြောက်မလှန့်သင့်ပါဘူး။ သုက်ထွက်တာ မှတ်ဉာဏ်ထိခိုက်မယ်ဆိုတာ မဟုတ်ပါဘူး။ ပြည့် သောအိုး လျှံ၏”ဆိုသလို ကလေးတွေကို ပြောပြပါ။ လက် နှင့်အာသာဖြေတာ မလွန်မကျွံရင်တော့ ကျန်းမာရေးကို မထိခိုက်လှပါဘူး။ မှတ်ဉာဏ်ကိုလည်း မထိခိုက်ပါ။ ကျား သဘာဝဖြစ်ပါတယ်” ဟု ဆရာကြီး ဦးသာလှက ပြောပါ တယ်။
ဒါတွေကို ပြင်ပြောလျှင် ပြီးပြည့်စုံပါတယ်ဆိုသော သမားတော်ကြီးတို့ရဲ့ ဆုံးမမှုရအပြီးမှာ ကျွန်တော် ဖို+မ သင်ကြားပို့ချရေးသားမှုစာအုပ် ထုတ်ဝေမှုတို့ ပိုမိုအောင် မြင်လာပါကြောင်းကို ကိုယ်တိုင်တွေ့ကြုံခဲ့ရပါတယ်။
မေး -ဆရာ ဦးအောင်ခင်ဆင့် ဖို+မ စာအုပ်ဟာ ရောင်းကောင်း တယ်လို့ ကြားလို့ စာအုပ်ဆိုင်တွေက ကြားသိရတာလေး တွေလည်း ပြောစရာရှိရင် ပြောပြပါဦး။
ဖြေ -ဖဆပလစာအုပ်ဆိုင်က ပြောတာကတော့ “မိန်းကလေးတွေ က (ဟိုစာအုပ်ငှားချင်လို့) လို့သာ လက်ညှိုးထိုးပြောပြီး ဆရာဆင့်စာအုပ် ငှားငှားသွားကြတဲ့ မိန်းကလေးတွေ ရှိကြ ပါတယ်” ဟု ပြောပါတယ်။
မေး -ဆရာဦးအောင်ခင်ဆင့်ကို မေးစရာတစ်ခုကတော့ အမျိုး သားစာပေဆုရတော့ စာပေဝမ်းသာမှု ခံစားရမှာပဲနော်။
ဖြေ -စာပေကိစ္စနှင့်ပတ်သက်လို့ ဝမ်းသာစရာရက်ကြီး ၂ ရက် ကြုံခဲ့ဖူးကြောင်း ကျွန်တော် ထုတ်ဖော်ပြောစရာ ကြုံလာ ပြန်ပါပြီ။ ပထမဝမ်းသာစရာ ရက်ကတော့ ၁၉၇၂ ခုနှစ် တုန်းက နိုင်ငံတော်အစိုးရမှ အမျိုးသားစာပေဆု ကြေညာ ခဲ့စဉ်က ကျွန်တော်ဟာ စာပေကိစ္စဝမ်းသာမှုတစ်ခု ကြုံခဲ့ ဖူးကြောင်း ပထမစာပေဝမ်းသာမှုကို ထုတ်ဖော်ပြောကြား ခြင်း ဖြစ်ပါတယ်။
![- Books](http://mgyoe.com/cdn/shop/products/1_42e447b0-e115-427a-a494-87ac13b83418_1445x.jpg?v=1730212156)
![- Books](http://mgyoe.com/cdn/shop/products/2_d89ebd64-1a85-45c1-b909-2d9c38c87dd1_1445x.jpg?v=1730212161)
![- Books](http://mgyoe.com/cdn/shop/products/3_f4646baf-9d8b-4e8b-b510-63109c10a691_1445x.jpg?v=1730212164)
![- Books](http://mgyoe.com/cdn/shop/products/4_7604ce9a-c34d-459e-83f3-163ae154271b_1445x.jpg?v=1730212168)
![- Books](http://mgyoe.com/cdn/shop/products/5_0b1acae9-0297-4f32-9cd3-64eb65b2da81_1445x.jpg?v=1730212172)
![- Books](http://mgyoe.com/cdn/shop/products/6_4e321b33-7bd7-4be1-9259-48b996f7776d_1445x.jpg?v=1730212175)
![- Books](http://mgyoe.com/cdn/shop/products/7_6739aeb8-ac9d-40b3-890e-829b000f516b_1445x.jpg?v=1730212179)
![- Books](http://mgyoe.com/cdn/shop/products/8_6e8d86ff-6f11-4ebe-9533-4c30672cc4a9_1445x.jpg?v=1730212183)
![- Books](http://mgyoe.com/cdn/shop/products/9_6a332c17-d6c2-40b0-9690-52995130f767_1445x.jpg?v=1730212187)
![- Books](http://mgyoe.com/cdn/shop/products/10_abc20064-1c31-40bf-9689-652abfb9d1d2_1445x.jpg?v=1730212191)
![- Books](http://mgyoe.com/cdn/shop/products/11_e6156cc8-83a8-4aa9-85ac-94214cee8b0f_1445x.jpg?v=1730212194)
![- Books](http://mgyoe.com/cdn/shop/products/12_8a0cd7e9-8bd8-4cb9-9cb9-64eed19f6b75_1445x.jpg?v=1730212198)
![- Books](http://mgyoe.com/cdn/shop/products/13_8a5a8ffe-788e-4d29-a1dd-ad918a7a170a_1445x.jpg?v=1730212201)
![- Books](http://mgyoe.com/cdn/shop/products/14_ba5c93f3-0823-4bde-9193-5967abbae405_1445x.jpg?v=1730212206)
![- Books](http://mgyoe.com/cdn/shop/products/15_1445x.jpg?v=1730212211)
![- Books](http://mgyoe.com/cdn/shop/products/16_1445x.jpg?v=1730212216)
![- Books](http://mgyoe.com/cdn/shop/products/17_1445x.jpg?v=1730212221)
![- Books](http://mgyoe.com/cdn/shop/products/18_1445x.jpg?v=1730212227)
![- Books](http://mgyoe.com/cdn/shop/products/0_80543537-a9e4-41b7-b876-788b36cda04e_1445x.jpg?v=1730212234)