Skip to product information
1 of 4

Other Websites

ဒေါက်တာသိန်းလွင် - စိတ်ဖိစီးမှုကိုလျှော့ချနည်းများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

 

ဖိစီးမှုကို နားလည်ခြင်း

          ဖိစီးမှုကို မမြင်သာသောရောဂါဟု ခေါ်ကြသည်။ ဖိစီးမှု ရောဂါသည် သင့်ကိုလည်းကောင်း၊ သင်လုပ်ကိုင်နေသော အဖွဲ့ အစည်ကိုလည်းကောင်း၊ ထိုအဖွဲ့အစည်းတွင် ပါဝင်လုပ်ကိုင် နေသူများအားလည်းကောင်း၊ အကျိုးသက်ရောက်စေနိုင် ပါသည်။ ထို့ကြောင့်သင်သည်ဖိစီးမှုဝေဒနာကို ကြုံတွေ့ရမည် သာ ဖြစ်ပါသည်။ ။

           ဖိစီးမှုဆိုတာဘာလဲ

          အခြေအနေအမျိုးမျိုးတွင် ကျွန်ုပ်တို့သည် ဖိစီးမှုကို တွေ့ကြုံခံစားရပါသည်။ အကျိုးကျေးဇူးများသော ဖိစီးမှု တွန်းအားတို့သည် လူတချို့အား အိုလံပစ်ချန်ပီယံဘဝသို့ ရောက်စေပါသည်။ သို့သော် အန္တရာယ်များသော ဖိစီးမှုတို့သည်စိတ်ပျက်ကြေကွဲစရာ အကျိုးသက်ရောက်စေတတ်ပါသည်။ ထိုမျှ အကျိုးသက်ရောက်နိုင်စွမ်းသော စွမ်းအားတစ်ရပ်ကို ဂရုတစိုက် စနစ်တကျကိုင်တွယ်သင့်ပါသည်။

၁။ သင်၏ ဖိစီးမှုအချက်ပြသင်္ကေတကို သိအောင်လေ့လာပါ။ထို့နောက်လိုက်လျောညီထွေလုပ်ဆောင်ပါ။

ဖိစီးမှု၏အဓိပ္ပာယ်

          လူတစ်ဦး၏ ကိုယ်၊ စိတ် ကျန်းမာချမ်းသာမှုအတွက် အနှောင့်အယှက်ဖြစ်စေသော နှောင့်ယှက်ဟန့်တားမှု မှန်သမျှ ကို လူတစ်ဦး၏ ဖိစီးမှုဟုခေါ်ပါသည်။ လူတစ်ဦး၏ ရုပ်ပိုင်း ဆိုင်ရာ စွမ်းဆောင်နိုင်သော အတိုင်းအတာထက် လွန်ကဲပြီးဆောင်ရွက်ရသောအခါ ဖိစီးမှုဖြစ်ပေါ်တတ်ပါသည်။ ဖိစီးမှု၏ အန္တရာယ်မှာ များလှပါသည်။ တစ်ဦးချင်းအတွက်လည်းကောင်း၊ မိသားစုအတွက်လည်းကောင်း၊ အဖွဲ့အစည်းအတွက် လည်းကောင်းအန္တရာယ်များလှပါသည်။ ။

၂။ သင့်အတွက် ဖိစီးနေသော အခြေအနေအကြောင်း ပြောဆိုဖို့ မကြောက်ပါနှင့်။လူမှုအဖွဲ့အစည်းအပေါ် အကျိုးသက်ရောက်မှု

          မိစီးမှုဒဏ်ကြောင့် လူမှုအသိုင်းအဝန်းက ကျခံရသည့် ဆုံးရှုံးကုန်ကျစရိတ်မှာ အလွန်မြင့်မားပါသည်။ တဖြည်းဖြည်း ချင်း ဆက်လက်မြင့်မားနေဆဲလည်းဖြစ်ပါသည်။ ဖိစီးမှုဒဏ်ကြောင့် ဖျားနာသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု စသည့် လူထုအကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများအတွက် လူမှု အဖွဲ့အစည်းက ကျခံရပါသည်။ ဖိစီးမှုဒဏ်ကြောင့် မမျှော်လင့် ဘဲ ဖြစ်ပေါ်သော အန္တရာယ်ကျရောက်မှုများ၏ အနိဌာရုံ အကျိုးဆက်များကိုလည်း လူ့အသိုင်းအဝိုင်းကပင် ကျခံရပါ မည်။ ထိုဆိုစရှုံးမှုများအပြင် ဖိစီးမှုသည် လူတို့အား စိတ်တိုမှု ဒေါသထွက်မှုများကို ဖြစ်စေပြီး ထိုစိတ်အခြေအနေများသည် လူတစ်ဦး၏ အ၀အရည်အသွေးအပေါ် လိုက်လျောညီထွေ အကျိုးသက်ရောက်မှုဖြစ်စေပါသည်။

ကုမ္ပဏီများအပေါ် အကျိုးသက်ရောက်မှု

          အမေရိကန်ပြည်ထောင်စု တစ်ခုတည်းမှာပင် စက်ရုံ များသည် တစ်နှစ်လျှင်ဒေါ်လာ ဘီလီယံ ၁၅၀ ကျခံသုံးစွဲနေ ပါသည်။ ထိုသို့ကျခံသုံးစွဲနေရသည်မှာ ဖိစီးမှုအမျိုးမျိုးကြောင့် အလုပ်ပျက်ကွက်ခြင်း စွမ်းဆောင်ရည်ကျဆင်းခြင်းတို့ကြောင့် ဖြစ်ပါသည်။ လူတို့သည် လုပ်ငန်းခွင်တွင် လူသာရောက် စိတ်ကတခြားရောက်နေသဖြင့် စွမ်းဆောင်ရည်များကျဆင်း လာပါသည်။ ယူနိုက်တက်ကင်းဒမ်းတွင် လုပ်ငန်းခွင်ပျက်ကွက်မှု၏ ၆၀ ရာခိုင်နှုန်းသည် ဖိစီးမှုဒဏ်နှင့် ဆက်စပ်နေသော အကြောင်းများကြောင့်ဖြစ်သည်ဟု ယုံကြည်ကြပါသည်။ ထို့ကြောင့် ဖိစီးမှုဒဏ်၏ အနုတ်လက္ခဏာ အကျိုးဆက်များ ကို လျော့နည်းအောင် လုပ်နိုင်သည်နှင့်အမျှ အလုပ်သမားများ သည် ပိုမိုပျော်ရွှင်ပြီး ကုမ္ပဏီများသည်လည်။ ပိုမိုကြွယ်ဝ ချမ်းသာပါလိမ့်မည်။

၃။           သင်စိတ်ပင်ပန်းနွမ်းနယ်နေသောအခါ ခဏထ၍ လမ်းလျှောက်လိုက်ပါ။ ထိုသို့ ပြုလုပ်လိုက်လျှင် သင်၏ အမြင်း အယူအဆများ ပြန်လည်ရရှိလာပါလိမ့်မည်။

          ကိုယ်ခန္ဓာအပေါ် အကျိုးသက်ရောက်မှု

          လူ၏ကိုယ်ခန္ဓာသည် ရုပ်ပိုင်း၊ စိတ်ပိုင်း ဖိစီးမှုဒဏ် ခံနေရသောအခါ အခေါ်ဟော်မုန်းများထုတ်လုပ်မှုမှာ ပုံမှန် ထက်များပြားလာပါသည်။ ဥပမာ အဒရီနလင်နှင့် ကော်တီ စွန်းထုတ်လုပ်မှု များပြားလာတတ်ပါသည်။ ယင်းဟော်မုန်းတို့ သည် နှလုံးခုန်နှုန်း၊ သွေးတိုးနှုန်း၊ ခန္ဓာကိုယ်တွင်း လည်ပတ်မှု နှင့် ကိုယ်ခန္ဓာလှုပ်ရှားမှုများတွင် သိသိသာသာပြောင်းလဲမှု များကို ဖြစ်စေပါသည်။ ထိုသို့သော အခြေအနေတွင် သင့် ကိုယ်ခန္ဓာ၏ တုံ့ပြန်လှုပ်ရှားမှုများမှာ အချိန်တိုကာလအတွက် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်သော်လည်း အချိန်ကြာကြာဆောင်ရွက်ရသောအခါ ကိုယ်ခန္ဓာအတွက် အလွန်အန္တရာယ် များလှပါသည်။

 

          ဟိုက်ပိုသာလ်မတ်စ်သည် အဒရီနယ်ဂလင်းများကို လှုပ်ရှားစေသဖြင့် အဒရီနလင်နှင့် ကော်တီစုန်းတို့သည် သွေးထဲသို့ ရောက်ရှိစေပါသည်။ သွေးမှာ ကြွက်သားဆိုင်များ ပိုမိုလှုပ် ရှားအောင် လို အပ်ချက်များ ပံ့ပိုးပေးပါသည်။ အဒရီနယ်ဂလင်းက အဒရီနလင်ဟော်မုန်းကို ပိုထုတ်ပေးပါ သည်။ ချွေးပေါက်ဂလင်းများကလည်း များကို ပိုထွက် စေပြီး ခန္ဓာကိုယ်ကို ပိုမိုအေးမြစေပါသည်။ နှလုံးခုန် မြန်လာ ပြီး အဆုတ်ထဲတွင် အသက်ရှူနှုန်းမှာလည်း မြင့်မားလာရာ အသက်ရှူ ထုတ်ကာလ မြန်ဆန်တို တောင်းလာပါသည်။ သူငယ်အိမ်မှာလည်း ပြူးကျယ်လာပါသည်။ ဖိစီးမှုဒဏ်ကြောင့် ဖြစ်ပေါ်သော ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတို့သည် ကိုယ်ခန္ဓာ တစ်ရပ်လုံးပေါ်တွင် အကျိုးသက်ရောက်မှုရှိစေပါသည်။ အထူး သဖြင့် နှလုံးခုန်မှုနှင့် အသက်ရှူမှုစနစ်တို့အပေါ် အကျိုး သက်ရောက်မှုစနစ်ရှိစေပါသည်။

၄။ နေ့စဉ် ရုံမှအလုပ်ကို အိမ်သို့ယူပြီ၊ ညဘက်ဆက်လက်အလုပ်လုပ်ခြင်းကို ရှောင်ပါ။

ဖိစီးမှုနှင့် စိတ်ကျန်းမာရေး

          ဖိစီးမေ့ဖက် ကြာရှည်ခံလာရပါက ထိတ်ထိတ်ဖြာပြာ ဖြစ်တတ်မှု၊ တစ်စုံတစ်ခုအပေါ် စိတ်စွဲလမ်းနေမှုသည် စိတ် ပိုင်းဆိုင်ရာ ပရမ်းပတာဖြစ်မှုများ ဖြစ်တတ်ပါသည်။ စိတ်တွင်းခံစားရသော သောကဝေဒနာတို့သည် တဖြည်းဖြည်း အရှိန် မြင့်တက်လာရာ နောက်ဆုံးတွင် ထိတ်လန့်ကြောက်ရွံ့စရာ နာနာကျင်ကျင် ခံစားရသော ရုပ်ခံစားမှု အဖြစ်မျိုးသို့ ရောက် ရှိတတ်လာပါသည်။ ထိုသို့ ခံစားမှုကို နှလုံးရောဂါနှင့် မှား ယွင်းတတ်ပါသည်။ ဖိစီးမှုဒဏ် ကြာရှည်စွာခံရမှုများသည် စိတ်တိုစိတ်ဆိုးမှု၊ ထိတ်ထိတ်ပျာပျားကြောက်လန့်မှု၊ စိတ်ဂနာ မငြိမ်မှု၊ သာမန်ကြောက်စရာမဟုတ်သည်များကို ကြောက်နေမှု စသည်တို့ ပိုမိုဖြစ်လာတတ်ပါသည်။ ထိုမှတစ်ဆင့် စိတ်ဓာတ်ကျမှု၊ ထစ်ခနဲဆိုဒေါသထွက်မှု၊ စိတ်တိုမှုများ ဖြစ်ပေါ် ခံစား ရတတ်ပါသည်။

ကိုယ်ခန္ဓာကျန်းမာချမ်းသာရေးအပေါ် အကျိုးသက်ရောက်မှု

          ရှည်ကြာစွာ ဖိစီးမှုဒဏ်ခံရမှုသည် လူများတွင် တွေ့ ရတတ်သော နှလုံးရောဂါ၊ သွေးတိုးရောဂါအပါအဝင် မျိုးစုံ လှသော ရောဂါဝေဒနာတို့၏ အကြောင်းရင်းဖြစ်သည်ကိုတွေ့ရပါသည်။ ယခုအခါ ဖိစီးမှုဒဏ်တာရှည်ခံရမှုသည် ရုပ် ပိုင်းသာမက စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာများကိုပါ တိုးပွား ဖြစ်စေကြောင်း လက်ခံလာကြပါသည်။ ဖိစီးမှုဒဏ်ကြောင့် အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲမှုများရှိပါသည်။ ဥပမာ အရက်သေစာနှင့် မူးယစ်ဆေးဝါးများကို ပိုမိုလွန်လွန်ကဲကဲ သုံးစွဲလာခြင်း၊ ဤကဲ့သို့သော အပြုအမူများသည် ကိုယ်ခန္ဓာ ကျန်းမာရေးအတွက် သိသိသာသာ ထိခိုက်ကျဆင်းစေပါသည်။

          သာမန်အဆင့်ထက်လွန်သောဖိစီးမှုဒဏ် ခံရသော အခါ သေရည်သေရက် သောက်သုံးမှုအပေါ် မှီခိုအားထားမှု သည် အလွန်မြင့်မားလာတတ်ပါသည်။ လွန်လွန်ကျွံကျွံသောက်စားမူးယစ်မှုကြောင့် ကိုယ်ခန္ဓာကျန်းမာရေးဆိုင်ရာ ပြဿနာများဖြစ်ပေါ်သည့်အပြင် အရက်သေစာကို လွန်လွန် ကျူးကျေး သောက်သုံးမှုကြောင့် မြင်းပြင်းထန်ထန် ပင်ပန်းပြီး ဆက်ဆံရေးအဆင်မပြေမှုများသည် အလုပ်မှာလည်းကောင်း၊ မိသားစုအတွင်းမှာလည်းကောင်း ကြုံတွေ့ရပါသည်။ အရက် သေစာကိုအလွန်အကျွံသောက်သုံးမှုကြောင့် အလုပ်သမား များ အလုပ်ခွင် ပျက်ကွက်မှုများကို ဖြစ်စေရုံ သာမက အမေရိကန်ပြည်ထောင်စု တစ်ခုတည်းမှာပင် ၎င်းတို့အား ကုသပေ။ရသည့်စရိတ် တစ်နှစ်လျှင် ဒေါ်လာ ၁၀၀ ဘီလီယံ ကုန်ကျနေပါသည်။

          အသုံးပြုရန် ပြဌာန်းထားသော စိတ်ငြိမ်ဆေးများ သည် သောကဝေဒနာများကို ဖြေဖျောက် ရာတွင် တို အတွက် အသုံးတည့်ပါသည်။ သို့သော် သုံးစွဲပါများလျှင်ဆေးစွဲ သွားပြီး အခြားအကျိုးဆက်များအဖြစ် အာရုံစူးစိုက်နိုင်မှုလျော့နည်းလာခြင်း၊ ပေါင်းစည်းဆက်စပ်နိုင်စွမ်းရည်ကျဆင်း ခြင်း၊ မူးနောက်နောက် ဝေဝါးဝါးဖြစ်ခြင်း စသည်တို့ ဖြစ် ပေါ်လာတတ်ပါသည်။ စိတ်ငြိမ်ဆေးများသည် ပင်ကိုသဘာဝ အရ ဖိစီးမှုကို ကုသနိုင်သော သတ္တိမရှိပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဖိစီးမှုကို ဖြစ်စေသော အခြေခံအကြောင်း တရားများနှင့် ဆက်စပ်မှုမရှိသောကြောင့် ဖြစ်ပါသည်။

 

စိတ်လှုပ်ရှားခံစားမှုများအပေါ် အကျိုးသက်ရောက်မှု

          ဖိစီးမှုဘဏ်ခံစားနေရသူများသည် အဖျက်သဘော ရှေးရှုသည့် အပြုအမူလုပ်ရပ်များကို ပိုမိုလုပ်တတ်ပါသည်။ ထို့ကြောင့် သူတို့အတွက်သော်လည်းကောင်း၊ အခြားလုပ်ဖော် ကိုင်ဖက်များအတွက်သော်လည်းကောင်း၊ လူ့အဖွဲ့အစည်း အတွက်သော်လည်းကောင်းအန္တရာယ်များပါသည်။ ဖြစ်လေ့ ဖြစ်ထရှိသော လက္ခဏာတစ်ရပ်မှာ စိတ်အပြောင်းအလဲ မြန်ခြင်းနှင့် မှားမှားယွင်းယွင်းချွတ်ချွတ်ချော်ချော်ပြုမူတတ် ခြင်းတို့ဖြစ်ပါသည်။ ယင်းအပြုအမူများသည် မိတ်ဆွေများနှင့် လည်းကောင်း၊ လုပ်ဖော်ကိုင်ဖက်များနှင့်လည်းကောင်း၊ မိသား စုဝင်များနှင့်လည်းကောင်းသွေးကွဲစေတတ်ပါသည်။ အချို့ ဖြစ်ရပ်များတွင် ထိုအမူအရာများမှတစ်ဆင့် မိမိကိုယ်ကို ယုံကြည်မှုနည်းလာခြင်း၊ ထိုမှထပ်ဆင့်၍ ပိုမိုခက်ခဲနက်နဲသော စိတ်ဓာတ်ကျမှု အစရှိသော စိတ်လှုပ်ရှားခံစားမှုဆိုင်ရာ ပြဿနာများအထိ ရောက်ရှိပြီး ပြဿနာမှာ ကရွတ်ကင်းလျှောက်နေသလိုဖြစ်နေပါသည်။ ။

၅။ သင်၏ စားသောက်မှုပုံစံတွင် အပြောင်းအလဲရှိမရှိ သတိနှင့်ကြည့်ပါ။

 

ဆုံးဖြတ်ချက်များအပေါ် အကျိုးသက်ရောက်မှု

          ဖိစီးမှုဝေဒနာဒဏ် ခံစားရသူသည် မည်သည့်အတိုင်း အတာအထိ ခံစားရသည်ဖြစ်စေ ကောင်းစွာ ဆုံးဖြတ်ချက်ချ မှတ်သော စွမ်းရည်တွင် အားနည်းစေပါသည်။ အထူးသဖြင့် မိမိကိုယ်ကို ယုံကြည်မှုမရှိသောအခါ ထိုသို့ကြုံရတတ်ပါ သည်။ ဘ၀ကဏ္ဍတစ်နေရာရာတွင် ခံစားရသော ဖိစီးမှု ဝေဒနာသည် အခြားကဏ္ဍများတွင်လည်း ရိုက်ခတ်အကျိုး သက်ရောက်မှု ရှိတတ်သဖြင့် ဆုံးဖြတ်ချက်စွမ်းရည် ကျဆင်းမှု သည် ကျန်းမာရေး၊ မိသားစုအရေးနှင့် ဘဝရေးရာ ပြဿနာ များတွင် ဆိုးဝါးသော အကျိုးဆက်များကိုဖြစ်ပေါ်စေတတ်ပါ သည်။ ဖိစီးမှုဒဏ် ခံစားနေရသူတစ်ဦးသည် သူ့တွင်ဖြစ်ပေါ် နေသော ရုပ်ပိုင်းဆိုင်ရာမကျန်းမာမှု၏ လက္ခဏာကို ဂရု မစိုက်ဘဲနေတတ်ပါသည်။ ထို့ကြောင့် ဆိုးဝါးသော အခြား အကျိုးဆက်များလည်း ခံစားကြရပါတော့သည်။ အလုပ်ခွင်နှင့် အိမ်တွင် မှားမှားယွင်းယွင်း ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များ သည် မမျှော်လင့်သော အန္တရာယ်ကိုလည်း ဖြစ်စေတတ်ပါ သည်။ သို့မဟုတ် အငြင်းပွားမှုများ၊ ငွေကြေးဆုံးရှုံးမှုများ၊ သို့မဟုတ် အလုပ်ဆုံးရှုံးရသည်များ ဖြစ်ပေါ်စေတတ်ပါသည်။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)