Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ဒေါက်တာသန်းထွန်း - နှစ်ဆယ့်တစ်ရာစုနှစ်မြန်မာ့အလားအလာ၂၀၀၀ပြည့်နှစ်စာစု

Regular price 6,000 MMK
Regular price Sale price 6,000 MMK
Sale Sold out

နှစ်ဆယ့်တစ်ရာစုနှစ် မြန်မာ့အလားအလာ

          သက္ကရာဇ် ၆၄၇ (၂၇ မတ်၊ ၁၂၈၆ ခု)၊ မြက်

သိုဝ်နှစ်။ ပြည် အနောက်ဖက် လှည်ဂျာ

နှိုက် မင်ကြိ နိယ်တဝ်မူ၏။ အနန္တ

ပိစည် မဟာပိုင် ကိုဝ် နင်တိုင်

တရုတ်၏ အလာ အလာကို သိ

ဩင်မူလိယ်ဟု စိယ်တ်မူ၏

အနန္တပိစည် မဟာပိုင် ဆိုဝ်၏။ ဤ

အမှုကား ကြီးစွာ။ တုမ်ဘပဲလေ လွှတ်ရ

သည် မဟိ။ သုဝဏ္ဏလိပ် အံသည် သူ

သ ည် လေ မဟိ။ သျှင်ဒိသာပြာမုတ်တေ ပါမူ

ဝက်အတွင်းကာ အမှုဆောင်နိုင်အံ့။ ဤသိုဝ်ဟု ပန်

ရကာ။ ငါ ကိုဝ် ခဝ်ရုယ် မင်ကြီ ဤအမှု

နှင်၏။ (ပုံ ၂၇၁ ၁-၆၊ ငြိမ်း ၃၊ ၁၉၈၃၊ ၁၄၁)

          မွန်ဂိုကျူးကျော်စစ် ရောက်တဲ့အခါ တရုတ်ပြေးမင်းက ပုဂံက ထွက် လာပြီး ပြေမြို့ (ပြည်) (သရေခေတ္တရာ) အနောက်ဘက် လှည်းကျမှာ ရှောင် တိမ်းနေရတဲ့အခါ အမတ်ကြီး အနန္တပိစည်နဲ့ မဟာဖိုဝ်ကိုခေါ်ပြီး တရုတ် အလားအလာကို သွားကြည့်စမ်းလို့ ခိုင်းတယ်။ သူတို့က မသွား။ ရှင်ဘုရင်အမျက်တော်မရှအောင် အချက်လေးချက် တင်ပြတယ်။

၁။ ဒီကိစ္စက သိပ်ကြီးကျယ်တဲ့ကိစ္စ ဖြစ်တယ်။

၂။ နှစ်ဦးနှစ်ဖက် ကျေနပ်အောင် ကြားက အောင်သွယ်လုပ်ပေးမယ့် ပုဂ္ဂိုလ်လည်း မရှိဘူး။

၃။ ကူဗလိုင်ခန်မင်းကြီး ကျေနပ်လက်ခံနိုင်အောင် ရွှေပေမှာ ရွှေစာ ရေးသားစီကုံးနိုင်တဲ့ ပုဂ္ဂိုလ်လည်းမရှိဘူး။

၄။ ရှင်ဒိသာပါမောက္ခကိုခိုင်းရင် ဖြစ်နိုင်တယ်။ သူတို့က ဒီလိုချောက်တွန်းလို့ ရှင်ဘုရင်ခေါ်ပြီး ခိုင်းပါတယ်။ အလားအလာဆိုတာကို ဘာလဲမေးရင် -

၁။ ရန်သူအင်အား ဘယ်လောက်ရှိသလဲ။

၂။ ခန့်ညား ရိုသေလောက်တဲ့ လက်နက်ဘာပါသလဲ။

၃။ ဘာကိုလိုချင်လို့ သူတို့က တပ်ကြီးချီပြီး လာတာလဲ။

၄။ လိုချင်တာပေးရင် ပြန်မှာလား၊ ဆက်နေချင်တာလား။

၅။ ငါ့ကိုဖမ်းဖို့ ပြေ (ပြည်)ထိအောင် လိုက်လာမလား။ ငါလည်း (ပြည့်)အောက် ပင်လယ်ဝတော့ မသွားရဲဘူး။ အနောက်ရိုးမကိုပဲ တက်ရ မယ်။ တောင်ပေါ်ထိအောင် လိုက်မှာလား။

၆။ ဒီမှာရောက်နေတဲ့ စစ်သူကြီးနဲ့ မပြီးဘူး။ ဧကရာဇ်ထိအောင် တက်ရမှာလား

၇။ ဧကရာဇ်ကို ကျအောင်ပြောနိုင်ပါ့မလား။

 ပြီးပြီ၊ ဒါတွေကို မဆက်နဲ့တော့ ရှေ့ကိုပဲပြောကြစို့။

          ခရစ်နှစ် ၂၀၀၄ အခြေအနေကို (၁) ကွက်ကွက်ကွင်းကွင်း မြင် အောင်၊ (၂) အကြောင်းအကျိုး ဆက်စပ်ပြီးပြောတာ ဖြစ်နိုင်စရာရှိတယ် လို့ ထင်အောင်၊ (၃) အပျင်းလည်းပြေအောင် ရေးပြသွားတဲ့ ပုဂ္ဂိုလ်က ဝဲလ် (HG Well)ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် မဖြစ်မီက မြန်မာနိုင်ငံကို အလည်လာရင်း မန္တလေးကိုရောက်တော့ မန္တလေးစာရေးဆရာတွေနဲ့ ဆုံ တယ်။ သူက စာရေးသူဖြစ်တယ်။ ကြိုးစားရေးလို့ စာအုပ်သုံးဆယ်ကျော်လောက် ရေးဖြစ်ပါတယ်ပြောတော့ မြမျိုးလွင်က သူရေးတာ သုံးရာကျော် နေပြီလို့ အပြတ်ပြောပြီး အနိုင်ယူလိုက်တာကို ခံရတဲ့လူပါ။ ငါတို့က ဗိုလ်အောင်ကျော် (၂၂ ဒီဇင်ဘာ၊ ၁၉၃၈ ကွယ်လွန်) ကျဆုံးပြီး နောက် တစ်နှစ် သြဂုတ် ၁၉၃၉ မှ တက္ကသိုလ်ရောက်တော့ အင်္ဂလိပ်သင်တန်းမှာ ဝဲလ် (Well)ရေးတဲ့ အချိန်ယန္တရား (Time Machine)ဝတ္ထုကို သင်ရ တယ်။ သူ ရေးပုံရေးနည်း ကောင်းလွန်းလို့ ရေးတဲ့စာအုပ် အကုန်ဖတ်မယ်။ ဘာများလို့လဲ သုံးဆယ်ကျော်ပဲရှိတာ။ ဖတ်မိတော့ သူ့ကို အံ့သြတယ်။ မြမျိုးလွင်ကိုလည်း အံ့သြတယ်။ သူရေးတဲ့စာအုပ်တွေလည်း ဝယ်ပြီးသိမ်း တယ်။ အနှစ်ခြောက်ဆယ်ဆိုတော့ ဝါပြီး၊ ဆွေးစပြုပြီ။ ခရစ်နှစ် ၂၀၀၄ မှာ စာအုပ်စင်က စာအုပ်ကို ဆွဲထုတ်လိုက်ရင် တစ်အုပ်လုံးဆွေးပြီး ကြွေ ကျလေမလား စိုးရိမ်ရတယ်။ အနာဂတ်အကြောင်း သူပြောပုံကိုတော့ မှတ်မိတယ်ထင်တယ်။

          ၁။ သွေးစုပ်တဲ့လူတန်းစားနဲ့ သွေးစုပ်ခံ လူတန်းစား သိသိသာသာ ကြီး ကွဲသွားပြီး သွေးစုပ်တွေက မြေပေါ်မှာ တိုက်မြင့်၊ လမ်းကျယ်နဲ့ သာယာဥယျာဉ်မှာ နေတယ်။ သွေးစုပ်ခံတွေက စက်တွေနဲ့ မြေအောက်မှာ နေရတယ်။ ခိုင်းတာပဲလုပ်တတ်တယ်။ မည်းမည်းကွကွ၊ မျက်လုံးပြူးပြူး ဇီးကွက်လို ညမြင်တဲ့ သတ္တဝါဖြစ်သွားတယ်။

          ၂။ မြေပေါ်မှာလည်း မီးမထွန်း၊ မြေအောက်မှာလည်း မီးမထွန်း၊ မြေပေါ်သားတွေက မှောင်ရင် သိပ်ကြောက်လို့ အုပ်စုလိုက်ဖွဲ့ နေရတယ်။ ဘာပြုလို့လဲဆိုတော့ မြေအောက်သားတွေက တက်လာပြီး သူတို့တွေကို လစ်ရင်လစ်သလို ဖမ်းပြီးစားပစ်လို့ ဖြစ်တယ်။

          ၃။ မြေပေါ်မှာ ဧရာမတိုက်ကြီးတွေ၊ ခန်းမကြီးတွေ၊ တံခါးပေါက် ကြီးတွေ များများနဲ့ စာကြည့်တိုက်၊ ပြတိုက်၊ စာသင်ဆောင်၊ ဟောပြော ဆွေးနွေးခန်း၊ ဓာတ်စမ်းရုံ၊ စာအုပ် စာတမ်း ပစ္စည်းကိရိယာအပြည့်၊ ဘာ တစ်ခုမှ သုံးမရ။ ပြုတ်ပြတ်ကြေမွ၊ မနှမြောတတ်၊ လူတွေ ပေါသလောက် အရည်အသွေးလည်း ညံ့တယ်။ ဖြင့်

          ၄။ မြေပေါ်လူတွေ ဘယ်ဘဝရောက်နေသလဲ။ သိပ္ပံပညာ သိပ်ထွန်း ကား အောင်မြင်လို့ လူတွေ ညံ့သွားတာ။ Rice Cooker ထမင်းချက်အိုး ပေါ်လာတော့ လူတွေ မီးမမွှေးတတ်တော့ဘူး။ ချုံစပ်တိုးပြီး တောမထိုင် တတ်တော့ဘူး။ ဒီကမ္ဘာမှာ စက္ကူပျော့ (Tissue Paper)မရှိရင် ဘဝရပ် တည်ရေး မခိုင်တော့ဘူးထင်တယ်။ အားလုံး ကလေးတွေလိုပဲ ဘာမျှ မလုပ်တတ်၊ မကိုင်တတ်။ ရယ်ကြမယ်၊ ပျော်ကြမယ်၊ အဖို၊ အမ တွဲမယ်။ အိပ်မယ်၊ စားမယ် ဘာမျှလေးလေးနက်နက် မစဉ်းစား။ စားစရာ အသင့်။ ဘာမှ အားမစိုက်ဘဲ နေ့တွေ၊ ရက်တွေ အဆုံးခံတယ်။ ဆေးဝါးမလို။ ဒီကောင်တွေ မဖျင်းရင် ဘယ်ကောင်မျိုးဖျင်းမလဲ။ ဘာမျှမလုပ်ရတော့ အထီး၊ အမတောင် ခွဲမရဘူး။ ပျော့ပျော့နွဲ့ နွဲ့ ၊ ခုန်ပေါက်ပြေးလွှားလိုက်၊ ရယ်မောလိုက်၊ နောက်လိုက်တွေ တရုံးရုံး၊ ခေါင်းဆောင် မရှိ၊ မြင်ပြီမဟုတ်လား။ အခု ကောင်ငယ်၊ ကောင်မငယ်တွေ နည်းမမီ စံမရ ဝံပုလွေနဲ့တွေ့ ရင် သိုးတွေပါ သေဖို့ပဲ။ ပြောရင် လေကုန်တယ်။ တစ်မျိုးလုံး၊ တစ်မြို့လုံးသေရုံကလွဲလို့ ဘာမှမလုပ်တတ်။ င် တော်ပါပြီ။ ဝဲလ် (၁၈၆၆-၁၉၄၆)က ၁၉ဝ၄ ခုမှာ ၂၀၀၄ ခုထိ နှစ်တစ်ရာကြိုပြီး ဟောကိန်းကို မြင်ကြ၊ ကြားကြ၊ ဖတ်ရပြီမဟုတ်လား။ ဘယ်လောက်မှန်လို့ ဘယ်လောက်မှားသလဲ၊ အံ့သြစရာကောင်းတာက မှန်တာများတယ်။ အင်္ဂလိပ်က စောစောက သွေးစုပ်တယ်။ နောက်သိပ်ကျ ပြီး အင်ပါယာကြီး ပြိုကွဲတော့မယ့် အခြေအနေရောက်တော့တောင် 'British Empire hastily becomes a Commonwealth when England has nothing to share.' saiagoas: gos@tmp/cop အင်ပါယာဟာ ဓနသဟာရကို ကမန်းကတန်း ကြေညာပါရော”ဆိုတဲ့ စကား လို အင်္ဂလန်ငုတ်သွားတာ အနှစ်ငါးဆယ်ရှိပြီ။ နောက်ထပ် နလံထူဦးမလား၊ ဝေးသေးတယ်။ သူများအကြောင်း တော်ပါပြီ။ မြန်မာအကြောင်း ဆက်ကြစို့။ သသ နောက်ခြေကို အားပြုပြီး ရှေ့ခြေလှမ်းတာ ဒါလူတိုင်းသိတယ် မဟုတ်လား။ တို့နောက်ခြေကို ကြည့်ပါ။ “ဝမ်းမြောက်ဝမ်းသာ မရှိရာ”။ ပြည်ရေးပြည်ရာကို ပြောတဲ့အခါ လေးပိုင်းခွဲပြောရင် ကောင်းမယ်။ ပထမ လူမှုရေးကို ပြောရမယ်။ လူတွေ ကိုယ်ကျင့်တရား သိပ်ပျက်လာရင် “အလားအလာ” ဘယ်ကောင်းမလဲ။ ဆိုလိုတာက လူတိုင်း သတိထားပြီး မခိုးနဲ့၊ မသတ်နဲ့၊ ကာမ မကျူးနဲ့၊ မလိမ်နဲ့၊ မမူးနဲ့ ။ ဒါတွေကို မလေးစားဘဲ သင့်သလိုပြောပြီး ကိုယ့်အတွက် အမြတ်ရှာ။ သတ်စရာရှိလည်း သတ်မယ်။ ခိုးစရာအကွက် လိုက်ရှာပြီး ခိုးမယ်ဆိုတဲ့လူပဲ များနေရင်၊ အခြေခံတရားသိပ်ပျက်နေရင် ရှေ့ဆက်ပြီး ဘယ်လိုကောင်းမလဲ။ စီးပွားရေးကို ကြည့်ပါ။ ပြောစရာလိုသေးသလား။ ဂျော့အော်ဝဲလ် George Orwell နဲ့ ၁၉၈၄ ကို ဆန့်ထုတ်။ ၁၉၉၄ ဘယ်လိုလဲ၊ ၂၀၀၄ ဘယ်လိုလဲဆိုတာ စစ်ကြည့် ပေါ့ ။ နောက်ဓလေ့သမိုင်းကို ကြည့်ပါဦး။ လူ၊ ဘုန်းကြီး ဟိရီဩတ္တပ္ပကို ဘယ်လိုနားလည်ကြသလဲ၊ မကောင်းမှုကို လုပ်ဖို့ ရှက်တယ်၊ ကြောက် တယ်ဆိုမှ မှန်တယ်။ တလွဲသွားရှက်နေရင်၊ ကြောက်နေရင် ရလဒ်က မှားမှာပဲ။ ရိုးရိုးလွယ်လွယ် စဉ်းစားရင် ဆုတံဆိပ်ဆိုတာ ဘာလဲလို့ အဖြေ ထွက်မယ်။ အားလုံးကောင်းပါခင်ဗျား ဆိုတိုင်း ကောင်းရမှာလား။ လူငယ့် အရေးကိုလည်း အသေးစိတ် စစ်ဆေးပြီး အဖြေရှာရမယ်။ အဲဒီလို လုပ်နိုင် ဖို့ စာရင်းဇယားလိုတယ်။ ဂျပန်ခေတ်ကလူငယ်တွေက “ခုလူငယ်ဟာ နောင် ခေါင်းဆောင်ဖြစ်မယ်”လို့ သီချင်းအော်ဆိုခဲ့ကြတယ်။

          ၁၉ဝဝ ကမွေးတဲ့ လူဟာ ၁၉၄ဝ မှာ အကြီးအကဲဖြစ်ပြီ၊ ၁၉၂၀ မှာ မွေးတဲ့လူဟာ ၁၉၆၀ မှာ အကြီးအကဲဖြစ်ပြီ။ သူတို့တွေကိုပဲ လမ်းခရီး မှတ်တိုင် (Milestone)ထားပြီး တိုးတက်သလား၊ ဆုတ်ယုတ်သလား ဆိုတာကို အကဲဖြတ်ပါ။ ရှေ့အလားအလာကို တွက်ပါ။ လူတစ်ဦးချင်း ချွန်ထွက်တာထက် ပတ်လည်မြင့်တက်ဖို့ ပိုအရေးကြီးတယ်။ အဲဒီလို စစ်ဆေးပြီး ရလဒ်ကို တင်ပြချင်ပါတယ်။ သမိုင်းနည်း (Historical Method) နဲ့ ၂၀ ရာစုကို ဆယ်နှစ်စီ ၁၉၀၀-၁၉၀၉၊ ၁၉၁၀-၁၉၁၉၊ ၁၉၂၀-၁၉၂၉ ဆိုသလို ဆယ်စု (Decade)စီ စုပြီး ဒီဆယ်စုနှစ်အတွင်းမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဓလေ့ဆိုတာတွေကို ချပြီး ရေးကြည့်။ အဲဒီမှာ ရတဲ့အချက်အလက်ဟာ အကြောင်း (Cause)ပဲ။ နောက် ဒါကို အမှီပြုပြီး ဖြစ်လာမှာက ရလဒ် (Result)ဖြစ်တယ်။ ဒါဆိုရင် ရှေ့ကို ဘာဖြစ်မယ် ဆိုတာ ပြောလို့ရပြီပေါ့ ။ တမင် များ

ဇန်နဝါရီ၊ ၂၀၀၀၊

တေးကဗျာ