Skip to product information
1 of 5

Other Websites

ဒေါက်တာလှဘေ - ၀ီရီယကိုထူ ဥာဏ်နှင့်ချူ ကံကဖေးမသူ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အမှာစာ

          " ကံနှင့်ကျွန်တော်ရယ်၊ “တစ်သက်တာမှ သင်ခန်းစာများ” ရယ်ဆိုသော ကျွန်တော်၏ ဆောင်းပါးရှည်ကြီး နှစ်စောင်တို့ကို ဒေါင်းစာပေက လုံးချင်းစာအုပ် ပုံနှိပ်ထုတ်ဝေလို၍ စာအုပ် အမည်နှင့်” အမှာစာကို မစပါရန် မေတ္တာရပ်ခံစာ ရရှိခဲ့သည်မှာ ကြာညောင်းသွားပါပြီ။ ခဲတံကောက်ကိုင်၏၊ စိတ်ညစ်စရာ အဖြာဖြာပေါ်လာသဖြင့် မရေးဖြစ်။ ယခုမှ အမြင်ဉာဏ်ပေါ်လာ ပြီး စာအုပ်ကို “ဝီရိယကို ထူ၊ ဉာဏ်နှင့်ချူ၊ ကံက ဖေးမသူ”ဟူသည့်အမည်သညာ ကင်ပွန်းတပ် ကာ ဤ' အမှာစာ ́ကို ချီးမြှင့်လိုက်ပါ၏။

          ဤအမှာစာသည် စာအုပ်၏ နိဒါန်း(Preface)ဖြစ်ပါ၏။ စာအုပ်ထဲပါ အဓိကအချက် ပဓာန အကွက်များကို စာဖတ်ပရိသတ်တို့ အကျိုးငှာ ရှေ့တော်ပြေးအဖြစ် အကျဉ်းချုပ် တင်ပြ ထားပါသည်။ လူတစ်ဦးတစ်ယောက်သည်ကံဉာဏ်ဝီရိယသုံးပါးရှိသည်အနက်ဉာဏ်ဘယ်လောက် ထုတ်ထုတ်၊ ဝီရိယဘယ်လောက်စိုက်စိုက်၊ ပုဗ္ဗေစကတနှင့်ပစ္စုပ္ပန်ကံနှစ်ပါး၊ မလိုက်ပါက လိုရာ ဆန္ဒပြည့်စုံခဲ၏ ။ ပြည့်စုံဦးတော့ တင်းပြည့်ကျပ်ပြည့် မဖြစ်နိုင်ပါ။ ပထမ ဤစကားမှန်ကြောင်း ကို ကြုံတွေ့ခဲ့သမျှထဲမှ ဖြစ်ရပ်သုံးရပ်တို့ကို ပွဲဦးထုတ်ပြပါမည်။ ပြီးနောက် ကံက ကျွန်တော်တိုး တက်ကြီးပွားစေရန် မစမည့်ပုဂ္ဂိုလ်တွေ သို့မဟုတ် အခြေအနေတွေ ဖန်တီးပေးသဖြင့် မမျှော် လင့်ဝံ့သော အောင်မြင်ရေး၊ မလှမ်းရဲသော ရာထူးမျိုး၊ မထိုက်တန်ဟု သဘောရသော ကျော် ဇောမှုအစုစုတို့ကို ရရှိပုံတို့ကို လိပ်ပြာမလုံ့တလုံနှင့်သရုပ်ဖော်ပြပါမည်။

          အဆိုပါ ပုဂ္ဂိုလ်သုံးဦး အနက် နှစ်ဦးမှာ မြန်မာပြည်က ကျန်တစ်ဦးမှာ အင်္ဂလန်မှအ သီးသီးဖြစ်ကြပါသည်။ ပထမအမျိုးသားမှာ ဉာဏ်ကောင်း၊ ဝီရိယရှိ လူလတ်ပိုင်းထိ မရေရာအ ဖြစ်အပျက်များနှင့်ကြုံတွေ့ခဲ့ရသည်။ ပြီးမှ ကံကူသဖြင့် လူတစ်လုံး သူတစ်လုံးအနေနှင့်ထင် ပေါ်ကျော်ကြားဥစ္စာပေါများနေသူ ဖြစ်သည်။ ဒုတိယပုဂ္ဂိုလ်မှာ တက္ကသိုလ်ပညာရှင်ကြီး၊ ဝီရိယ စိုက်ပါသော်လည်း ကံမလိုက်၍ ရသင့်ရထိုက်သည့်ရာထူးဌာနန္တရ၊ ပစ္စည်းဥစ္စာ မရရှာဘဲ အ ငြိမ်းစားယူသွားရရှာပါ၏။ ဂုဏ်သတင်းကား လင်းပါ၏။ တတိယဗြိတိသျှ အမျိုးသားမှာ ကိန်း ဘရစ်တက္ကသိုလ်မှ အင်္ဂလိပ်ပညာရှင်၊ အင်္ဂလိပ်ဘာသာစာပေဘက်၌ ထူးချွန်ပြောင်မြောက်၏။

 

          ၄။ လန်ဒန်တက္ကသိုလ် ပညာရေးကောလိပ်ကျောင်း၊ ၁၉၃၈-၃၉

          ၁၉၃၈ ခုနှစ် ဩဂုတ်လတွင် ရန်ကုန်မှ အိန္ဒိယ၊ အိန္ဒိယမှ ပြင်သစ်၊ ပြင်သစ်မှ အင်္ဂလန် သို့သင်္ဘောတစ်တန် မီးရထားတစ်တန်နှင့် မိုင် ဂဝဝဝ၊ ၉ဝဝဝ ခရီးကို တစ်ယောက်တည်းသွားရ မည်ကို တလန့်လန့်နှင့်ဖြစ်နေသည်။ သို့သော် အဆင်ပြေချင်တော့ ရန်ကုန်မှ မာဆေး(လ်)အထိ ဂျပ်ဆင်ကောလိပ်ကျောင်းမှ ခရစ်ယာန်ဘုန်းတော်ကြီးနှင့်မာဆေး(လ်)မှ လန်ဒန်အထိ အိန္ဒိယကျောင်း သားများကို အဖော်လုပ်သွားရပါ၏။ လန်ဒန်မြို့ မြန်မာအသင်း အတွင်းရေးမှူးဦးကို လေးနှင့်ကျောင်းသားတစ်ဦးက ဆက်သွယ်ပေး၏ နောက်ကိုလည်း အရာရာ အဆင်ပြေပြေ သွားပါ၏၊

          ကောလိပ်ကျောင်း၌ ကျောင်းသားအဖြစ် မှတ်ပုံတင်သည့်နေ့မှ စာမေးပွဲအောင်သွား သည်အထိ အထစ်အငေါ့မရှိ ကိစ္စအဝဝ စင်းလုံးချော ပြီးစီးခဲ့ပါ၏။ ဥပမာ ကျောင်းသားအဖြစ် မှတ်ပုံတင်ရန် ပထမနေ့သွားသည်။ ဉာဏ်မထုတ် ဝီရိယမစိုက်ရဘဲ ရန်ကုန်တက္ကသိုလ်စာကြည့် တိုက်မှူး ဦးခင်ဇော်၏ ခယ်မ ဒုအတွင်းရေးမှူးနှင့်တွေ့ရ၏။ တစ်ထိုင်တည်းနှင့်ပြီးသွားသည်။

          ကျွန်တော့်တာ မစ္စတာအင်၊ စီ၊ စကော့(ဖ်)နှင့်တွေ့သည်။ ရှေးဘ၀က ကောင်းမှု ကုသိုလ်အတူပြုခဲ့ဖူးလို့လားမသိ။ ပညာရေး ဆက်ဆံရေး အရေးရေး အရာရာတို့၌ စိတ်တိုင်းကျ ဖြစ်ဖြစ်သွားရပါ၏ ။ စာမေးပွဲအောင်သွားသည့်အခါ သူ့ထံမှ မတောင်းဘဲ အလုပ်လျှောက်လျှင် အသုံးပြုဖို့ ထောက်ခံစာ ရေးပေးပါသည်။ အိန္ဒိယကျောင်းသားနှစ်ဦးကို ကျူတာ အကြောင်း ပြောပြရာ သူတို့က “မစ္စတာဘေ၊ ခင်ဗျား အင်မတန် ကံကောင်းတယ်။ ကျွန်တော်တို့ ကျူတာက တော့ ကျွန်တော်တို့ လူမျိုးခြားဖြစ်လို့လားမသိ၊ ဆက်ဆံရေး အင်မတန် ညံ့ဖျင်းတယ်။ ကျွန် တော်တို့ကို အထင်သေးတယ်”ဟု ပြောပါသည်။

          စာမေးပွဲအောင်ပြီး ဘီအီးဒီ(B.Ed)၊ အမ်၊ အီးဒီ(M.Ed.)စသည့်အဆင့်မြင့်ဘွဲ့များ အ နက် ဘယ်ဘွဲ့ယူလျှင် ကောင်းပါလိမ့်လို့ မကြာမကြာ ခေါင်းကုတ်စဉ်းစားနေတုန်း ဦးဝန်(မင်းသု ဝဏ်)ရောက်လာ၏။ လန်ဒန်တက္ကသိုလ် အရှေ့တိုင်းပညာရပ်များကျောင်းမှ မြန်မာစာဒုပါမော ကူ၊ မြန်မာအင်္ဂလိပ်အဘိဓာန် ပြုစုနေသူ ဒေါက်တာစတူးဝတ် တွေ့ချင်သည်ဆိုပြီး ကျွန်တော့်ကို ခေါ်သွားပါ၏။တွေ့၏။ မြန်မာဘာသာစာပေ ပါရဂူစာတမ်းရေးသည်။ ဘွဲ့ရသည်။ နောက်ဆုံး လန်ဒန်တက္ကသိုလ်၌ ပါမောက္ခဖြစ်လာ၏။ ဤအကြောင်းကို စဉ်းစားမိတိုင်း မဟာဇနကဇာတ်တော်ကြီးထဲ ခုနစ်ရက်လုံးလုံး သမုဒ္ဒရာထဲ ကူးခတ်နေသည့်ဇနကမင်းသားကလေးဟာ မဏိမေ ခလော ကယ်တင်သွားလို့ နောက်ဆုံးမင်းဖြစ်သွားပုံကို ပြေးသတိရမိပါ၏၊ ကျောင်းသားဘဝမှ ပါမောက္ခဖြစ်လာသည့်ဒဏ္ဍာရီဆန်သည့်သနစ်ကို မကျဉ်းချုပ် တင်ပြပါမည်။

          ၅။ အရှေ့တိုင်းနှင့် အာဖရိက)ပညာရပ်များကျောင်း၊ ၁၉၄၄-၈ဝ ၊

          ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပါသည်။ ကျွန်တော် အောက်တိုဘာလ၌ ကျောင်းသားဖြစ်လာ၏။ ဆရာကြီးက တစ်မြို့ တည်းနေ ကျောင်း အုပ်ကြီး ပါမောက္ခအာ(ရ်)၊ တန်နာထံ ခေါ်သွားပြီး မိတ်ဆက်ပေး၏။

          စစ်အတွင်း ပါရဂူဘွဲ့စာတမ်း ရေးရသည်မှာ လူပင်ပန်း စိတ်ပင်ပန်းဖြစ်ရ၏ ။ လန်ဒန် စာကြည့်တိုက်တွေတွင် အချက်အလက်များ ရှာတုန်း ဗုံးတွေကျလိုကျ၊ ဂျာမန်တွေ ဘယ်တော့ အင်္ဂလန်ကို လာရောက်ဝင်စီးမလဲကို စိတ်တထင့်ထင့်နှင့် နေရနှင့်။ နောက်ဆုံး ၁၉၄၄ ခုနှစ်တွင် ကျွန်တော် ပါရဂူဘွဲ့ရ ဆရာကြီးက ပါမောက္ခဘွဲ့နှင်းခံရ၊ စစ်ကြီးလည်းပြီး၊ ကျောင်းကြီးလည်း အရှေ့တောင်အာရှနှင့် အာဖရိကပညာရပ်များကျောင်းဟူ၍ ဖြစ်လာရုံမကသေး၊ ကျောင်း အုပ် ကြီးလည်း “ဆာ”ဘွဲ့နှင်းခံရပါသည်။

          ၁၉၄၈ ခုနှစ် မေလတွင် ဆရာကြီးနှလုံးရောဂါဖြင့် အနိစ္စရောက်သွားပါသည်။ အောက် တိုဘာလ၌ ကျွန်တော့်အား မြန်မာစာ ကထိကရာထူးပေး အပ်ပါ၏ ။ ဆရာကြီး စာရေးသွား၍ ကျွန်တော်ဖြစ်လာရသည်ဟု နောက်မှသိရပါ၏။ ၁၉၄၉ ခုနှစ် အောက်တိုဘာလတွင် ကျောင်း အာဏာပိုင်တို့က ဒေါက်တာ ဒီ၊ ဂျီ၊ အီး ဟော(လ်)ကို အာရှအရှေ့တောင် သမိုင်းပါမောက္ခရာ ထူးပေး အပ်ပြီး တစ်ချိန်တည်းမှာပင် ကျွန်တော်တို့၏ အရှေ့တောင်အာရှနှင့်ကျွန်းများဘာသာ စာပေဌာနမှူး အဖြစ် ခန့်အပ်လိုက်ပါ၏ ။ ဌာနမှူးမှာ ရန်ကုန်တက္ကသိုလ်၌ ၁၉၂၀ ပြည့်နှစ်မှ ၁၉၃၄ ခုနှစ်အထိ သမိုင်းပါမောက္ခ အဖြစ် အမှုထမ်းခဲ့သဖြင့် ကျွန်တော်နှင့်သိကျွမ်းခဲ့ပါ၏၊

          ကျွန်တော်သည် ကထိကခန့်စာထဲ ပါသည့်အတိုင်း စာပေပို့ချ၊ သုတေသနလုပ်၊ နိုင်ငံ ခြား စာကြည့်တိုက်တစ်တိုက်၌ မြန်မာစာပေ တိုးပွားရာတိုးပွားကြောင်း ကူညီခဲ့၏။ စာအုပ်နှင့်ဆောင်းပါးတွေ ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၁၉၅၄ ခုနှစ် ဒီဇင်ဘာလ၌ ဌာနမှူးပါမောက္ခဟော(လ်) က ကျောင်းအုပ်ကြီး သဘောတူညီချက်အရ ကျွန်တော့်ကို ဒုပါမောက္ခခန့်အပ်ရန် တက္ကသိုလ်သို့ စာတင်လိုက်ပါသည်။ ၁၉၅၅ ခုနှစ် ဇန်နဝါရီလတွင် ဒုပါမောက္ခဘွဲ့ကို ဆီးနိတ်က ကျွန်တော့်အား အပ်နှင်းခဲ့ပါ၏၊

          ကျွန်တော် အားရဝမ်းသာ ဖြစ်သွားပါ၏။ ကိုယ့်ကိုယ်ကို ကိုယ်အထင်မကြီးမိပါ။ ဆက် ပြီးပါမောက္ခဖြစ်ဦးမည်ဟု မမျှော်မှန်းမိပါ။ အောက်ပါ အကြောင်းကြောင်းတို့ကြောင့် ဖြစ်ပါ၏။ တက္ကသိုလ်တွင် တရုတ်၊ ဂျပန်၊ အာရဗီ၊ သင်္သကရိုက် စသည့်မဟာဘာသာရပ်ကြီးများနှင့်မြန် မားမှုန်၊ ယိုးဒယား၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဗီယက်နမ်စသော စူဠဘာသာရပ်ငယ်များ နှစ် မျိုးနှစ်စား ရှိသည်။ ဘာသာရပ်ကြီးများမှာသာ ပါမောက္ခခန့်ပါ၏။ နောက်တစ်ချက်က ၁၉၅၈ ခုနှစ်တွင် ကျောင်းအုပ်ကြီးဟောင်းနှင့်၁၉၅၉ ခုနှစ်တွင် ပါမောက္ခဟော(လ်)တို့ အသီးသီး အ ငြိမ်းစား ယူသွားကြပါသည်။

          ကျွန်တော်တို့ဌာနမှူးအဖြစ် သဒ္ဒဗေဒ၊ ဘာသာဗေဒဌာနမှ ဒုပါမောက္ခအင်၊ စီ၊ စ ကော့အား ခန့်အပ်လိုက်ပါ၏။ ၁၉၆၅ ခုနှစ်တွင် မစ္စတာစကော့ ပါမောက္ခဖြစ်သွားသဖြင့် ထိုရွာ နမှ ဒုပါမောက္ခမစ်(စ်)အီ၊ ဂျေ၊ အေ၊ ဟင်ဒါဆင်အား ဌာနမှူးနေရာကို ကျောင်းက အပ်နှင်းလိုက်ပါ၏။ ကျွန်တော့်ဇာတာတက်လာကိန်း ကြုံလာပါသည်။ ဆရာမကြီးသည် မြန်မာပြည်သို့ ၁၉၅၄ ခုနှစ်တွင်သွားပြီး ချင်းဘာသာစကားအကြောင်း စနစ်တကျ လေ့လာသည်။ ၁၉၆၅ ခု နှစ်တွင် Tidian Chin (တီဒိန်ချင်း)ဘာသာဆိုသည့်စာအုပ် ထွက်လာသည်။ ကျွန်တော့်ကို လက်ဆောင်ပေးသည်။ ၁၉၆၅ ခုနှစ် ဒီဇင်ဘာလ၌ ပါမောက္ခဖြစ်လာသော ဆရာမကြီးက ကျွန်တော့် အား မြန်မာစာပါမောက္ခရာထူး အပ်နှင်းပါရန် ထိုနှစ်မှာပင် လန်ဒန်တက္ကသိုလ်အာဏာပိုင်တို့ထံထောက်ခံစာရေးလိုက်၏။ ၁၉၆၆ ခုနှစ် ဇန်နဝါရီလတွင်မြန်မာစာပါမောက္ခဘွဲ့ပေးအပ်ကြောင်း စာရပါ၏ ရခဲလှသော ဒုလ္လဘတစ်ပါး ရသွားပါပြီတကားဟု ဥဒါန်းကျူးမိပါသည်။

          ကျွန်တော် ပါမောက္ခဖြစ်လာပြီး သည်နောက်မှ ဌာနမှ ဒုပါမောက္ခသုံးဦးတို့ တစ်ဦးပြီး တစ်ဦး ပါမောက္ခရာထူး ပေး အပ်ခံခဲ့ကြရပါသည်။ ကျွန်တော်တို့ကဲ့သို့ တစ်ဘာသာတည်းနှင့်ချီး မြှင့်ခံရသည်မဟုတ်ပါ။ မစ္စတာ အိတ်(ချ်)၊ အယ်(လ်) ရှားတိုးက မှုန်ခမာဘာသာရပ်များ၊ မစ္စ တာ ဂျီ၊ ဘီ၊ မီး(လ်)နားက ဩစတြေးရှင်း ဘာသာရပ်များ၊ မစ္စတာ အီ၊ အိတ်(ချ်)၊ အက်(စ်)၊ ဆင်းမှန်းက အရှေ့တောင် အာရှ ဘာသာရပ်နှင့်စာပေအသီးသီးများဖြင့်သာ ပါမောက္ခဘဝ ရောက်ခဲ့ကြရပါသည်။

          ကျွန်တော် အငြိမ်းစားယူလာပြီးသည်နောက် ပညာရှင်အချို့က ဆရာကြီး Chain (ကု လားထိုင်)ကို ဘယ်သူရမလဲဟု မေးမြန်းကြသည်။ ကျွန်တော်က “ကျွန်တော့်ဆီမှာ ကုလားထိုင် မပြောနဲ့ Sil (ထိုင်ခုံကလေး)တောင် မရှိဘူး”ဟု ပြောပြီး ရှင်းပြမှ မဟာဘာသာရပ်ထဲ မပါသော မြန်မာဘာသာအတွက် ပါမောက္ခရာထူး မထားကြောင်းကို သိကြရ၏ ။ ထို့ကြောင့်လည်း ပညာရှင်တစ်ဦးက “ဆရာကြီးဟာ ပထမဦးဆုံး နောက်ဆုံး မြန်မာစာပါမောက္ခပဲပေါ့”ဟုမှတ် ချက်ချလိုက်ပါ၏ ။ (Chair ဆိုသည့် အင်္ဂလိပ်စကားလုံးသည် ပါမောက္ခရာထူးအထိမ်း အမှတ်ဟု ဆိုရပါမည်။)

          ၁၉၄၈ ခုမှ ၁၉၈၀ ပြည့်နှစ်အတွင်း ကျွန်တော့်ကံသည် ငှက်ခါးပျံသကဲ့သို့ နိမ့်လိုက်မြင့် လိုက်မဖြစ်ဘဲ အမြင့်ဘက်သို့သာ ဦးတည်ပြီး အမြင့်ဆုံးဘဝသို့ နောက်ဆုံးရောက်သွားပါ၏။ အံ့စရာပင်။ နောင် ဘယ်လိုဖန်တီးလာဦးမည်ကို စောင့်ကြည့်ကြစို့ရဲ့ ၊ အသက်တော့ ဂ၆ နှစ်ထဲ ဝင်လာပါပြီ။

လှ ဘေ

မော်လမြိုင်

၁၉၉၈

 

ကံနှင့်ကျွန်တော်

နိဒါန်း

          ဤဆောင်းပါး ပဋိသန္ဓေတည်ခဲ့သည်မှာ ၁၉၈၁ ခုနှစ်အတွင်းက ဖြစ်ပါသည်။ ကျွန် တော် အင်္ဂလန်ပြည်မှ ၁၉၈ဝ ပြည့်နှစ် ဒီဇင်ဘာလက ပြန်ရောက်လာပြီး မော်လမြိုင်မြို့၌ ဇန်န ဝါရီလ ၃ ရက်နေ့တွင် အခြေစိုက်သည့်အခါ အငြိမ်းစားဖြစ်လာသည်မို့ အဖတ် အရေး အတွေး ဘက်မှာ အချိန်ရလာ၏၊ အသက် အရွယ် ကြီးရင့်သူ အများစုဓလေ့အတိုင်း ငယ်ရွယ်စဉ်ဘဝမှ သည် နေရသည့်အခိုက်အတန့်ထိ တစ်စတစ်စ စားမြုံ့ပြန်ရင်း ပေါ်လာသော မြင်ကွင်းများကို မှတ်စုများရေးချထားသည်။

          " ငါ့ဇာတိကတောရွာ၊ မိသားစုက ကုန်သည်လယ်သမားမျိုး၊ ဘယ့်နှယ်များ ရွာကျောင်း က မော်လမြိုင် အင်္ဂလိပ်ကျောင်းကို ရောက်၊ တစ်ဆင့်တက်ပြီး ရန်ကုန်တက္ကသိုလ်ကို သွား၊ နောက်ဆုံး အင်္ဂလန်မှာ ပညာဆက်လက်သင်ကြား၊ လန်ဒန်တက္ကသိုလ်မှာ အလုပ်ရ၊ နေရာတကျ ဖြစ်၊ နှစ်ပေါင်း ၄၀ ကျော်နေထိုင်ခဲ့ရတယ်။ ဒီလို မမျှော်လင့်ခဲ့တဲ့ခရီးစဉ်မျိုး လျှောက်လာရတာ ဘာကြောင့်လဲ။ ကံကြောင့်ပဲလို့ ယူဆတယ်။ အလုပ်ရယ်လို့ အဓိပ္ပါယ်ရတဲ့ အတိတ်ကံရဲ့ ကောင်း ကျိုးစံ ဆိုးကျိုးခံရပြီး ပစ္စုပ္ပန်ကံကို ငါပြုပြင်နိုင်သမျှ ပြုပြင်ခဲ့လို့လည်း အခုဘဝမှာ ကံကောင်း လာတဲ့အခါ တစ်ဆင့်တိုး၊ ကံဆိုးလာရင် တန့်နား သွားရတာ ငါ့ကိုယ်တွေ့ပဲလို့ စဉ်းစားမိပုံကို အမှီပြုပြီး ကျွန်တော့် အတ္ထုပ္ပတ္တိအကျဉ်းချုပ်ကို သရုပ်ဖော်ပြထားပါသည်။

၁။ ခရဲရွာ

          ကျွန်တော့်ကို စက်ကြီးလေးပါးထဲပါသည့်ပတိရူပဒေသ မပီသဟု ပညာရှင်များကဆိုရ မည့်ခရဲရွာကလေးတွင် ဖွားမြင်သည်။ မော်လမြိုင်မြို့နှင့်မိုင် ၄၀၊ ကော့ကရိတ်နှင့် ၁၇ မိုင် ဂျိုင်းရှာမှ ၂ မိုင်ခန့် အသီး သီးဝေးပြီး ချိုင်မြစ်ထဲ စီးဆင်းလာသော လှိုင်းဘွဲ့မြစ်လက်ယာကမ်း ပေါ်တွင် တည်ရှိပါ၏ ၊ အဖေ၏ အမေ မုဆိုးမအဘွားက မိသားစုကို ဦးစီးသည်။ ၂ နှစ်သားအ ရှယ်က ကျွန်တော့်ကို ဒေါ်ကြီး၊ ဒေါ်လတ်၊ ဒေါ်လေးဒေါ်ထွေး အပျိုကြီးလေးဦးတို့က အစ်ကို ဖြစ်သူ ကိုမောင်ငွေနှင့်ယောက်မဒေါ်ခင်ခင်တို့ထံမှ တောင်းယူပြီး မွေးစားကြပါ၏။ သဘောကောင်းလှသောမေမေတွင် ထိုအခါက နို့စို့သားကလေး ရှိသည်။ ဖေဖေမေမေတို့က ကော့က ရိတ်၌ နေထိုင်ရန် စီစဉ်နေချိန်ဖြစ်ပါ၏။

          ကံသည် ဆန်းကြယ်လှသည်။ မေမေ သားဦးတစ်ယောက် မွေးသည်။ အဖတ်မတင်ခဲ့ ပါ။ အစ်ကိုဖြစ်သူသာ အသက်ရှင်နေပါက ဒေါ်ဒေါ်တို့က သူ့အား မွေးစားကောင်းမွေးစားမည် ဟု တွေးမိပါ၏၊ သို့ဖြစ်ပါက ကျွန်တော့်ဘဝသမိုင်း ပြောင်းလဲသွားစရာ အကြောင်းရှိပါသည်။

          ထိုအခါက အဘွားနှင့်အတူ သား လူပျိုကြီးနှစ်ယောက်၊ အဆိုပါ ဒေါ်ဒေါ်လေး ယောက်၊ ဆွေမျိုးနီးစပ်အိမ်ဖော်နှစ်ယောက်အပြင် အလုပ်သမားလေးငါးယောက်ရှိပါ၏ ။ အ ဘွားသည် သမီးများ အကူအညီဖြင့် ကုန်စုံဆိုင်ကလေးတည်ထားပြီး လယ် ၄-၅-၁ဝ ခင်းတို့အ နက် အချို့ကို ကိုယ်ပိုင်လုပ်၊ အချို့ကို တစ်ရွာထဲတွင် တသီးတခြား အိုး အိမ်ခဲ့နေသော အိမ်ထောင်သည်သမီးနှင့်သားတို့ကလုပ်၊ ကျန်လယ်များကို သီးစားချထားသည်။ ဌေးလည်း မ ဌေး၊ ဆင်းရဲလည်း မဆင်းရဲသည့်ရွာမျက်နှာဖုံး ဖြစ်ပါသည်။ ။

          ကျွန်တော့်ကို မွေးစားပြီး မကြာမီ ဗေဒင်ဆရာတစ်ဦးကိုခေါ်၍ ဇာတာဖွဲ့စေသည်။ ဆရာက အဓိပတိဖွားဖြစ်သူ မောင်လှဘေသည် မင်းဖြစ်လျှင် ဖြစ်၊ မဖြစ်လျှင် ဘုန်းကြီးဖြစ်မည် ဟု ဟောပါ၏၊ သိဒ္ဓတ္ထမင်းသားကလေး အား ပုဏ္ဏား ဂ ယောက်တို့က စကြဝတေးမင်းဖြစ်ရင် ဖြစ် မဖြစ်ရင် ဘုရားဖြစ်မယ်ဆိုတဲ့ဟောကိန်းကို သွား သတိရမိပါ၏၊

          ကျွန်တော်၏ ပင်ကိုယ်စရိုက် ငယ်ရွယ်စဉ်ကတည်းက ပြသည်ဟုဒေါ်ဒေါ်တို့က ပြောပါ သည်။ စာအုပ်ကို ချစ်လည်း ချစ်၊ ရှိလည်း ရိုသေသည်ဟူ၏။ ငိုသည့်အခါ စာအုပ်ပေးလိုက်လျှင် တိတ်သွားသည်။ ဟိုဖတ်ဖတ်နှင့် စာအုပ်ဖက်ပြီး အိပ်ပျော်သွားသည်။ မတော်တဆ စာအုပ်ကို နင်းမိလျှင် ထိုင်ရှိခိုးသည်ကိုတော့ မှတ်မိပါ၏။ ကျီစားသန်သည့်တစ်ဝမ်းကွဲအစ်ကိုအစ်မများက ကျွန်တော့်ခြေဖဝါးကို စာအုပ်နှင့်ပိုင်းတို့သည့်အခါ ပတ်ပတ်လည် ထိုင်ကန်တော့ရသည်မှာ သ နားစရာကောင်း၍ ဒေါ်ဒေါ်တို့က အော်ပြီး နှင်ထုတ်ရသည်။

၂။ ရွာကျောင်း၊ ၁၉၁၈-၂၃

          ငါးနှစ်သား အရွယ်တွင် ရွာကျောင်း ဆရာကြီးဦးဖိုးချစ်ထံ အပ်နှံသည်။ စာတော်၍ ဆရာကြီးချစ်သည်။ နေ့လယ်စာ စားချိန် ကျောင်းလွှတ်သည့်အခါ ကျွန်းဆိုတာ ဘာလဲ၊ ဆန် တစ်တင်း တစ်ကျပ်ခဲ့၊ ၁၂ တင်း ဘယ်လောက်လဲစသည့်ပထဝီနှင့်စိတ်တွက်များကို ဆရာကမေး သည်။ အရင်ဆုံးဖြေနိုင်သူ အစောဆုံးလွှတ်လိုက်၏။ သည်အထဲ ကျွန်တော်ပါစမြဲပင်။ အမြင့် ဆုံးဖြစ်သည့်စတုတ္ထတန်း ရောက်သွားသည်။ တစ်နေ့သော် လေးအတတ်တစ်ဖက်ကမ်းခတ်သည့် ဘုရားလောင်း အသဒီသမင်းသား အကြောင်း ဖတ်ရသည်။ စိတ်ထဲ စွဲနေသည်။

          ဆရာဦးဖိုးချစ်သည် ရွာကြီးတစ်ရွာသို့ ကျောင်းဆရာကြီး အဖြစ် ပြောင်းရမည်မို့ မ သွားမီ အဘွားအား လာကန်တော့နှုတ်ဆက်၏။ ကျွန်တော်က မနီးမဝေး အိမ်ရှေ့ ကပြင်တွင် ထိုင်နေ၏။မော့ကြည့်လိုက်ရာ နိမ့်နိမ့်ကလေး သီးနေသော သရက်သီးတစ်တွဲကို အညှာနှင့်တကူ မြင်မိသည်။ မဖြစ်နိုင်ဘူးဟု ရုတ်ခနဲ ပြောမိသည်။ ထိုအခါ အနားရှိ တစ်ဝမ်းကွဲအစ်ကို'ဘာမ ဖြစ်နိုင်ဘူးလဲ”ဟုမေး၏ ၊ ကျွန်တော်က အသဒီသမင်းသား ပစ်လိုက်တဲ့မြားဟာ အညှာကိုဖောက် ပြီး အပေါ် ဘက်သွားလျက်က သရက်သီးတွဲ မကျလာဘဲရှိနေတယ်  ပြန်ကျလာတဲ့မြားကဖြတ်

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)