Skip to product information
1 of 8

Other Websites

ဒေါက်တာမာမာဆွေ - မိခင်လောင်းတို့အတွက်ကျန်းမာရေးလမ်းညွှန်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

မိဘဖြစ်ထိုက်သူများ

 

           ကိုယ်ဝန်ရှိစကစလို့ ကျန်းမာတဲ့ ရင်သွေး မွေးဖွားလာ နိုင်တဲ့အထိ တစ်လျှောက်လုံးမှာ မိခင်ရော ဖခင်ပါ တန်းတူ တာဝန် ရှိပါတယ်။ သန္ဓေသားရဲ့ ကျန်းမာရေးဟာ သန္ဓေအောင်စဉ် အချိန်မှာရှိတဲ့ မိခင်-ဖခင် နှစ်ဦးရဲ့ ကျန်းမာရေးအပေါ်မှာ မှီပါ တယ်။ မျိုးရိုးလိုက်ရောဂါတွေ ရှိမရှိ အပေါ်မှာလည်း တည်ပါ တယ်။ အများအားဖြင့် အိမ်ထောင်သည်အများစုဟာ သားသမီး ရတဲ့အချိန် ရှေ့ရေးအတွက်သာ စိတ်ကူးကြလေ့ရှိပါတယ်။ အမှန် ‘တော့ သားသမီးမရခင်ကတည်းက မိဘဖြစ်ထိုက်သူတွေဖြစ်အောင် လုပ်နေကျ အခြေခံလူမှုရေး၊ အကျင့်စရိုက်ကအစ ပြုပြင်ကြဖို့ အရေးကြီးပါတယ်။

 

       မိဘဖြစ်ဖို့ပြင်ဆင်ပါ

        ကျန်းမာပျော်ရွှင်တဲ့ စုံတွဲက မွေးလာတဲ့ကလေးဟာ ကျန်းမာပျော်ရွှင်တဲ့ 

        ဘဝကို ပိုင်ဆိုင်ရရှိပါတယ်။ ဒါကြောင့် သားသမီးယူတော့မယ်ဆိုရင် မိဘ

        ဖြစ်ချင်သူတွေ ကျန်းမာဖို့ အရင် ပြင်ဆင်ပါ။

 

လူမှုရေးနယ်ပယ် 

          မိဘတွေရဲ့ လူနေမှုအကျင့်စရိုက်၊ အပြုအမူတွေဟာ သန္ဓေသားအပေါ် အများကြီးလွှမ်းမိုးမှုရှိပါတယ်။

 

အချိန်

          မွေးစကလေးငယ်ကိုပြုစုဖို့အချိန်များများလိုပါတယ်။သားဦးကလေးဆိုရင်တော့ကောင်းကောင်း

ပြုစုဖို့အတွက် မိခင်၊ ဖခင် နှစ်ယောက်လုံးအချိန်ပေးနိုင်ရပါမယ်။ အရင်က ကိုယ့်အတွက်၊ ဇနီး/ခင်ပွန်းအတွက်၊ မိတ်ဆွေအပေါင်းအသင်းတွေ အတွက်ဆိုပြီး အချိန်တွေပေးနိုင်ခဲ့ပေမယ့် ခုတော့ ကလေးအတွက် အချိန်အများကြီးပေးလိုက်ဖို့ လိုအပ်ပါတယ်။

 

ကုန်ကျစရိတ်

          ကလေးပေါက်စဖို့ အဝတ်အထည်၊အစားအသောက်၊ဆေးဖိုးဝါးခစတဲ့စရိတ်တွေတွက်ချက်ကြည့်မယ်ဆိုရင် တစ်လတစ်လမိသားစုဝင်ငွေရဲ့၁၅ရာခိုင်နှုန်းက၂ရာခိုင်နှုန်းကုန်ကျပါတယ်။ဒါကြောင့်လိုချင်ပေမယ့်မဝယ်လိုက်ရ၊ စားချင်ပေမယ့်မစားလိုက်ရတာတွေရှိလာပါလိမ့်မယ်။ကလေးရဲ့ကိစ္စအဝဝအတွက်ခရီးစရိတ်ကုန်ကျငွေတွေကလည်း ရှိသေးတယ် လေ။

 

ဆက်ဆံရေး

          ကလေးရှိလာပြီးတဲ့အခါ ဇနီးခင်ပွန်းအကြား အပြော အဆို အပြုအမူ အပြောင်းအလဲတွေရှိလာတဲ့အပြင် မိဘနဲ့ ဆက်ဆံရေးပုံစံပြောင်းလဲပါတယ်။ ကလေးမရှိတဲ့ မိတ်ဆွေတွေနဲ့ သိပ်အဖွဲ့မဖြစ်တော့ဘဲ ဘဝတူ ကလေးငယ်ရှိတဲ့မိဘတွေနဲ့ ပိုမို ဆက်ဆံမိပါတယ်။

 

ဆေးလိပ်

          သန္ဓေသားအတွက် အဆိုးဆုံးကျန်းမာရေးပြဿနာကို ဆေးလိပ်က ပေးစွမ်းနိုင်ပါတယ်။ ဆေးလိပ်ကြောင့် ကိုယ်ဝန်ပျက် တာ၊ ကလေးအသေမွေးတာ၊ ကလေးအချင်းကို ထိခိုက်တာ၊ ပေါင် မပြည့်ကလေးမွေးတာ၊ မွေးရာပါချို့ယွင်းချက်ရှိတဲ့ကလေး မွေး တာ စတဲ့ဆိုးကျိုးတွေ ဖြစ်ပွားတတ်ပါတယ်။ ဆေးလိပ်သောက်သူ

ဖခင်ကြောင့် ဆေးလိပ်ငွေ့ ရှူရှိုက်မိသူမိခင်ကတစ်ဆင့် သန္ဓေသား မှာ ဒီဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ဆေးလိပ် အလွန်အကျွံ နှစ်ရှည်စွဲသောက်တဲ့ မိဘက ပေါက်ဖွားလာတဲ့ ကလေးတွေကို အသက် ငါးနှစ်၊ ခုနစ်နှစ်၊ ၁၁ နှစ်အရွယ် ရောက်တဲ့အချိန်မှာ လေ့လာကြည့်တဲ့အခါ ခန္ဓာကိုယ် မကြီးထွားတာနဲ့ ပညာသင်ကြား ရေးမှာ ဉာဏ်ရည်နိမ့်တာ စတဲ့ ရေရှည်ဆိုးကျိုးတွေ ခံစားရကြောင်း တွေ့ရှိပါတယ်။

 

အရက်

          အရက်ဟာ မျိုးမအောင်သေးတဲ့သားဥ အပေါ်မှာရော သုက်ပိုးအပေါ်မှာသာမက မျိုးအောင်လာတဲ့သားဥ အပေါ်မှာပါ အဆိပ်သင့်စေပါတယ်။ အရက်ကြောင့် သန္ဓေသားရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှုတို့ နောက်ကျစေတဲ့အပြင် ဦးနှောက်နဲ့ အာရုံကြောကိုပါ ပျက်စီးစေနိုင်ပါတယ်။ ဒါတွေကို သန္ဓေသားအတွက် အရက်က ပေးတဲ့ ရောဂါတွေလို့ ခေါ်ဆိုနိုင်ပါတယ်။ အရက်ကြောင့် ကလေး အသေမွေးဖွားနိုင်ပါသေးတယ်။ သန္ဓေသားအပေါ်ကျရောက်စေတဲ့ အရက်ရဲ့ဆိုးကျိုးတွေကိုသုတေသနပြုလေ့လာရာမှာမိခင်အရက်များများသောက်ပေမယ့်အန္တရာယ်နည်းနည်းသာရှိတဲ့သန္ဓေသားတွေ၊မိခင်အရက်နည်းနည်းသောက်ပေမယ့်အန္တရာယ်ကြီးမားတဲ့သန္ဓေသားတွေရှိနေတာတွေ့ရှိရပါတယ်။ သေချာတာကတော့ အရက်လုံးဝရှောင်ရှားရင် ခုနကပြောခဲ့တဲ့ အန္တရာယ်တွေ မတွေ့ရ ဘူး ဆိုတာပါပဲ။

 

ဆေးဝါး

          ကိုယ်ဝန်မဆောင်ခင်တည်းက ကျွမ်းကျင်သူရဲ့ ညွှန်ကြား ချက်မရှိတဲ့ ဆေးတွေ၊ လမ်းဘေးက အလွယ်ဝယ်လို့ရတဲ့ မရေမရာဆေးတွေကို ရှောင်ကြဉ်ဖို့လိုပါတယ်။ လိုအပ်ရင် အရင်က သောက် ထားတဲ့ဆေးတွေအတွက် ဖြေဆေးသောက်သင့်ရင်တောင် သောက် ရပါမယ်၊ ဆေးခြောက်သုံးစွဲသူအမျိုးသားတွေမှာ သုက်ပိုးထုတ် လုပ်မှု ပုံမှန်မရှိနိုင်ပါဘူး။ ဆေးခြောက်ဖြတ်ပြီးတဲ့နောက် သုံးလက ကိုးလလောက်အထိ အဲဒီဆိုးကျိုး ဆက်ရှိနေတတ်ပါတယ်။ ကိုကင်း၊ ဟီးရိုးအင်းနဲ့ မော်ဖင်းလိုဆေးဝါးတွေကတော့ ဗီဇဓာတ်(ခရိုမိုဆုန်း) ကို ပျက်စီးစေတဲ့အတွက် သန္ဓေသားမှာ မွေးရာပါ ချို့ယွင်းချက် ရှိတာနဲ့ မူးယစ်ဆေးစွဲတဲ့ အန္တရာယ်တွေ တွေ့ရတတ်ပါတယ်။

 

အသက်

          ကျန်းမာရေးကောင်းနေသူအတွက်အသက်၃ဝ-၄ဝရောက်နေလည်းအန္တရာယ်ကင်းကင်းမွေးဖွား

နိုင်ပါတယ်။ ဒါပေမဲ့ ခရိုမိုဆုန်းချို့ယွင်းမှုကြောင့်ဖြစ်တဲ့ မွေးရာပါရောဂါတွေ (ဥပမာDown's syndrome) moos? sobno: menu:69:97: သူတွေမှာ ပိုမိုတွေ့ရပါတယ်။

 

 

ပတ်ဝန်းကျင်

          ကိုယ်ဝန်ဆောင်စဉ်ကာလတစ်လျှောက် အိမ်တွင်းမှာရော ပြင်ပမှာပါ အန္တရာယ်မရှိအောင်ဂရုစိုက်ဖို့ လိုပါတယ်။ အစား အသောက် အနေအထိုင်၊ အလုပ်အကိုင် အားလုံး ဆင်ဆင်ခြင်ခြင် နေထိုင်ရပါမယ်။ နောက်ဆုံး ကိုယ်ဝန်ဆောင်အတွက် အန္တရာယ် ရှိနိုင်တယ် ဆိုတာမျိုးကို မမြင်မိအောင်တောင် ရှောင်ကြဉ်ပါ။

 

အစားအသောက်နဲ့ကိုယ်လက်လှုပ်ရှားမှု

          ဒီနှစ်ချက်ကတော့မိခင်ရောသန္ဓေသားအတွက်ပါအရေးအကြီးဆုံးလိုက်နာဖို့အချက်တွေပါပဲ။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို စားဖို့၊ အာဟာရမျှတအောင် စားဖို့ အရေးကြီးပါတယ်။ ကျန်းမာအောင်၊ မွေးဖွားတဲ့အချိန်မှာ အားရှိ အောင် လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ လုပ် ဆောင်ရပါမယ်။

 

          သန္ဓေတားဆေးများရပ်ဆိုင်းဖို့

                     သန္ဓေခြားချင်တုန်းက ပစ္စည်းထည့်ထားခဲ့

            တာလား၊ သားအိမ်ဖုံးအစွပ် ထည့် ထားတာလား 

            အားလုံးကိုဖယ်ပစ်လိုက်ရအောင်။ သောက်ဆေး

            သောက်နေခဲ့တာဆို ရင်လည်း ကလေးယူတော့မှာ

            မို့ သောက်ဆေးရပ် လိုက်တာ ပေါ့။ သောက်ဆေး

           ရပ်ပြီး ပုံမှန်ဓမ္မတာတစ်လလာပြီးခါမှ ကိုယ်ဝန်စရနိုင်

            တာဆိုပေမယ့် သောက်ဆေးရပ်တာနဲ့ ကိုယ်ဝန်စရှိ

            သွားတာလည်း တွေ့ရပါတယ်။ 

                      တားဆေးသောက်နေစဉ်အတွင်းကိုယ်ဝန်ရ

             ခဲ့တာဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြဖို့လိုပါတယ်။

             သောက်ဆေး ထဲမှာပါတဲ့ ပရိုဂျက်စ်ထရုန်းဟိုမုန်း

             ကြောင့် လနုတုန်းသန္ဓေသား ကြီးထွားမှုကို အဟန့်

             အတားပြုတတ်ပါတယ်။

                      သန္ဓေအောင်လာတဲ့ သားဥတွေဟာ သားအိမ်ထဲ 

             ထည့်သွင်းတဲ့ သန္ဓေတားပစ္စည်းတွေကြောင့် သားအိမ် 

             နံရံမှာ တွယ်ကပ်လို့မရနိုင်ပါဘူး။ တချို့ပစ္စည်းတွေမှာ 

             ပရုဂျက်စ်ထရုန်းဟိုမုန်းပါဝင်တဲ့အတွက် သန္ဓေသားကို 

             ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်မဆောင်ခင်မှာ

             သားအိမ်အတွင်းထည့် ပစ္စည်းတွေ ထုတ်ပစ်ဖို့ အရေးကြီး 

              ပါတယ်။

 

ကျန်းမာရေးပြဿနာများ

           အမျိုးသမီးတစ်ယောက်အနေနဲ့ နာတာရှည်ရောဂါ ဖြစ်တဲ့ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ဝက်ရူးပြန်ရောဂါစတဲ့ ရောဂါ တွေရှိနေလို့ ကိုယ်ဝန်မဆောင်ရပါဘူးဆိုတဲ့ တစ်ထစ်ချ သတ်မှတ် ချက် မရှိပါဘူး၊ ကိုယ်ဝန်မဆောင်ခင်မှာကတည်းက ဆရာဝန်နဲ့ တိုင်ပင်ပြသပြီး လိုအပ်တဲ့ဆေးဝါးကုသမှု ခံယူမယ်၊ ညွှန်ကြား ချက်အတိုင်း လိုက်နာမယ် ဆိုရင် ကိုယ်ဝန်ဆောင်နိုင်ပါတယ်။

 

ဆီးစစ်ဆေးပါ

          ကိုယ်ဝန်ဆောင်မိခင်ရဲ့ ဆီးထဲမှာ သကြားဓာတ် ပါဝင်မှုကို စစ်ဆေးရပါမယ်။ သကြားဓာတ်များနေရင် ဆီးချိုရှိနေတာလား၊ ကျောက်ကပ်ရဲ့ သကြားဓာတ် ထိန်းချုပ်မှု ပျက်နေတာလား သေချာအောင် ဆက်လက် စမ်းသပ်စစ်ဆေးမှု ခံယူရပါမယ်။ ဆီးနမူနာထဲကို ဓာတုဆေးစိမ်ကတ်ပြားလေး နှစ်ကြည့်ပြီး အရောင်ပြောင်းမှု အခြေအနေကို တိုင်းတာရုံနဲ့ သကြားပါဝင်မှု အခြေအနေ ကို သိရှိနိုင်ပါတယ်။

 

ဂျိုက်သိုးရောဂါ

          ကလေးယူဖို့ ဆုံးဖြတ်ပြီးသူတစ်ယောက်အနေနဲ့ ကိုယ်ဝန်မရသေးခင် ဆေးရုံဆေးခန်းကို သွားပြီး ဂျိုက်သိုး ရောဂါခုခံဓာတ် ရှိမရှိ စစ်ဆေးကြည့် သင့် ပါတယ်။ ကာကွယ်ဆေးထိုးထားပြီးတဲ့အတွက် ရောဂါပြီးဓာတ် ရှိနေပြီလို့ တစ်ထစ်ချပြောလို့မရပါဘူး။ အချိန်ကြာလာရင် ရောဂါပြီးဓာတ်ကျဆင်းလာပါတယ်။ စစ်ဆေးတွေ့ရှိချက်

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)