ဒေါက်တာမတင်၀င်း - ရာဇ၀င်ထဲကမိန်:မသား
စာရေးသူအမှာ
ရာဇဝင်ထဲက မိန်းမသားများအကြောင်းကို ဘာပြုလို့ အစဉ်တစိုက် ရေးမိတာလဲဆိုတဲ့အကြောင်းကိုပြောရင် ကျွန်မမိခင်အကြောင်းက စရပါ လိမ့်မယ်။ ကျွန်မဘဝထဲမှာ အရေးကြီးဆုံး အလေးအမြတ်ပြုဖွယ် | အကောင်းဆုံးကတော့ ကျွန်မရဲ့ မိခင်ဖြစ်ပါတယ်။ ကျွန်မရဲ့ မိခင်က ပြောဖူးပါတယ်။ ယောက်ျားများရဲ့ ကျန်းမာရေး၊ ကုသိုလ်ဖြစ်အောင် နေထိုင်ရေး | ဟာ မိန်းမများရဲ့ တာဝန်ပါပဲတဲ့။ ယောက်ျားများဟာ ရှေ့ကိုလာပြီး အလုပ်တွေကြိုးစားနေရင်း မိမိကိုယ်ကိုမိမိ မေ့နေတတ်ပါတယ်တဲ့။ အဲဒါကြောင့် မိန်းမများက ဂရုစိုက်ပေးရမယ်လို့ ဆိုပါတယ်။ မိန်းမများရဲ့တာဝန်ဟာ ခင်ပွန်းသည်ကို ဂရုစိုက်ရုံနဲ့ မပြီးသေးပါ ဘူး မိမိရဲ့ရင်သွေးများကို လိမ္မာယဉ်ကျေးအောင် ပညာတတ်အောင် သွန်သင်တဲ့နေရာမှာလည်း မိခင်များဟာ အခရာပါပဲလို့ ကျွန်မမိခင်က ပြောလေ့ရှိပြန်ပါတယ်။
အဲဒီလို မိခင်ရဲ့ အဆုံးအမနဲ့ ကြီးပြင်းလာရတော့ သမိုင်းကိုဖတ်တဲ့ အခါမှာ မိန်းမသားများရဲ့ အခန်းကဏ္ဍကို ကျွန်မ ပိုပြီး သတိထားမိလာ ပါတယ်။ မိန်းမသားများအနေနဲ့ သမိုင်းဇာတ်ခုံမှာ အတိအလင်း နေရာယူပြီး ကပြခြင်းမပြုပေမယ့် ကန့်လန့်ကာ နောက်ကွယ်ကနေပြီး အဆင်ချော အောင် စီစဉ်ပေးနေတာ၊ ဒါမှမဟုတ် ကဖျက်ယဖျက်လုပ်နေတာကို ကျွန်မ ပိုပြီး စိတ်ဝင်စားပါတယ်။ အဲဒီအကြောင်းကို ရေးချင်တယ်ဆို တာလည်း အစောကြီးကတည်းက စပ်မိစပ်ရာ ပြောခဲ့ဖူးပါတယ်။
မိန်းမသားများအကြောင်း ရေးတဲ့အခါမှာ တွေ့ရတတ်တဲ့ အခက် အခဲကတော့ ကိုးကားစရာ အထောက်အထား နည်းပါးတတ်တာပဲ ဖြစ် ပါတယ်ရာဇဝင်ကျမ်းများမှာပဲဖြစ်ဖြစ်၊ ပြည်သူလူထုအကြောင်းကို ပိုပြီး အလေးပေး ရေးပါတယ်ဆိုတဲ့ သမိုင်းစာအုပ်များမှာပဲဖြစ်ဖြစ် မင်းခ
ယောက်ျားများကြောင်းကို ပိုပြီးအလေးပေးကာ ရေးတတ်ကြပါတယ်။ အဲဒါကြောင့် အထောက်အထား ရသမျှကို ရှာပြီးရေးခဲ့ရပါတယ်။
ရာဇဝင်ထဲက မိန်းမသားဆိုတဲ့ခေါင်းစဉ်နဲ့ စပြီးရေးတာကတော့ စာပေဂျာနယ်မှာ ဖြစ်ပါတယ်။ ရှင်ဘို့မယ်အကြောင်းပါ။ ရှင်ဘို့မယ် အကြောင်းကစပြီး ရေးမိတာဖြစ်တဲ့အတွက် ခေါင်းစီးအမည်က အဲသလိုဖြစ်သွားတာပါပဲ။
“ရှင်ဘို့မယ်အကြောင်းဆိုရင် အကောင်းမမြင်သူများတယ်လို့ ကျွန်မ ယူဆပါတယ်။ မင်းဆက်ငါးသွယ်ရှင်ဘို့မယ် နန်းလယ်တင်သည်သာဆို တဲ့ ကဝိလက္ခဏာဆရာရဲ့ စာမျိုးကြောင့် ရှင်ဘို့မယ်ကို အတော်ယောက်ျား များတဲ့လူဆိုတဲ့အမြင်မျိုး မြင်တတ်ကြပါတယ်။ သူ့ခေတ် သူ့အခါ သူ့ အခြေအနေမှာ သူဘယ်လိုကြောင့် မင်းငါးပါးနဲ့ အကြောင်းဆက်ရတာပါ လိမ့်လို့ တွေးဖို့ မစဉ်းစားတတ်ကြပါဘူး။ ဒါထက်ဆိုးတာက ဆင်ကဲ ဘို့မယ်လို ထိုးဇာတ်မျိုး ဖြစ်ပါတယ်။ အဲဒီထိုးဇာတ်ထဲမှာ ဆင်ကဲနဲ့ ရှင်ဘို့မယ် သံယောဇဉ်တစ်မျိုးနဲ့ နှောင်ဖွဲ့မိလေဟန် ရေးထားတယ်လို့ ကျွန်မ နားလည်ထားပါတယ်။ ။ '' ရှင်ဘို့မယ်အကြောင်းကို သေသေချာချာဖတ်ကြည့်တော့မှ ကျွန်မ အနေနဲ့ သူ့ကို တယ်ပြီး သနားစရာကောင်းတဲ့မိန်းမပါကလားလို့ မြင်မိ ပါတယ်။ ရုပ်ဆင်းကြန်အင်က ပြည့်စုံပါတယ်၊ အဲဒီတော့ မင်းခေါင်က အလွန်ချစ်မြတ်နိုးပါတယ်။ ဒီအထိကံကောင်းနေပါတယ်။ ဒါပေမယ့် မင်းခေါင်အကြေဘက်ကို စစ်ထွက်တဲ့အခါမှာတော့ ရှင်ဘို့မယ် ကံဆိုးဖို့ ၊ အကြောင်းပေါ်လာတာပါပဲ။ အဲဒီခေတ်က စစ်ထွက်ရင် ဘုရင်ပါတဲ့အခါ မှာ နန်းတွင်းကမိသားစုပါ အကုန်လိုလိုလိုက်ရတတ်ပါတယ်။ အကြောင်း ကတော့ ကြာရှည်များ စစ်ထွက်တဲ့အခါ နောက်ကြောင်းမအေးရတတ် လို့ တစ်ပါတည်း ခေါ်ခဲ့ကြတာပါပဲ။
ကိုယ့်ဘက်က စစ်နိုင်ရင်တော့ မထောင်းသာဘူးပေါ့။ အခုတော့ ကိုယ့်ဘက်ကစစ်ရှုံးခဲ့ပြီ။ မင်းခေါင်ကိုယ်တိုင် အသက်လုပြေးရပြီ။ မိဖုရား မှ အလွန်ချစ်မြတ်နိုးတဲ့ မိဖုရား၊ ဆင်ပေါ်က ကျခဲ့တာတောင်မှ မသိနိုင် ခဲ့ပါဘူး။
အဲဒီတော့ လမ်းမှာ ဆင်ပေါ်ကကျခဲ့တဲ့ မိဖုရားရှင်ဘို့မယ်ခမြား ဘယ်လောက်များ ကိုယ်ရောစိတ်ပါ စိတ်ဆင်းရဲခဲ့လေမလဲ။ မတွေးတတ်
အောင်ပါပဲ ရန်သူ့လက် ကျသွားနိုင်ပါတယ်။ အစာရေစာငတ်ပြတ်ပြီး သေနိုင်ပါတယ်ဘယ်လိုမှ မမျှော်လင့်တဲ့ အဖြစ်ဆိုးတွေနဲ့လည်း တိုးနိုင် ပါတယ်။
ရှင်ဘို့မယ်အတွက်ကတော့ ကံကောင်းပြီး ကယ်ဆယ်မယ့် ဆင်ကဲ နဲ့ အပေါင်းအပါတစ်ယောက်ကို ဆင်တစ်စီးနဲ့ အသင့်တွေ့ခဲ့ရပါတယ်။
သူ့ကို အလွန်မြတ်နိုးတယ်ဆိုတဲ့ မင်းခေါင်ကတော့ နေပြည်တော်ရောက်မှ အထောက်တော်လွှတ်ပြီး ပြန်ရှာခိုင်းတာပါးနေပြည်တော်ရောက်တော့ လည်း သူ့ကို နန်းတော်ပေါ်ပြန်ပြီး တင်သင့် မတင်သင့် စဉ်းစားသေးတာ ကလား။ နောက်မှ မင်းရာဇာတင်လျှောက်လို့ အမွှေးနံ့သာများနဲ့ ရေချိုး ခေါင်းလျှော်ပြီးမှ နန်းပြန်တင်ခဲ့တာပါ။
အာဏာရှိတဲ့ သက်ဦးဆံပိုင်မင်းတစ်ပါး အဲသလောက်အကဲဆတ်ပြီ ဆိုတော့ မိဖုရားရဲ့ အသက်သခင်ဖြစ်တဲ့ ဆင်ကဲရဲ့ အသက်ဟာလည်း တဲတဲကလေး ကျန်တော့တာပါပဲ။ နောက်တော့လည်း ရှင်ဘို့မယ် အမှတ် တမဲ့ ယောင်လိုက်တာနဲ့ ဆင်ကဲကို သတ်စေခဲ့တာပါပဲ။
ဆင်ကဲသေတော့ ဂလီမူပြီးငိုတယ်ဆိုတဲ့ ရှင်ဘို့မယ်ကို မြင်ယောင် ပြီး ကျွန်မ သိပ်သနားတာပါပဲ။ အဲဒါကြောင့် ရှင်ဘို့မယ်အကြောင်းကစပြီး ရေးဖြစ်တော့တာပါပဲ။ ရှင်ဘို့မယ် ကံမကောင်းတာကတော့ နိုင်ငံရေး မတည်ငြိမ်တဲ့ကာလမှာ မိဖုရားဖြစ်ခဲ့တာပါပဲ။ ရှင်ဘို့မယ်ဟာ မင်းပြောင်း မင်းလွဲ ဖြစ်တဲ့အခါမှာ သူ့ရဲ့အသက်နဲ့ စည်းစိမ်ကို မဆုံးရှုံးရအောင် အကောက်ကြံခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ အဲသလိုဘဝမျိုးမှာ ကျင်လည်ခဲ့ရသူကို ကရုဏာနဲ့ယှဉ်ပြီး ရေးခဲ့မိ တာပါပဲ။
ရှင်ဘို့မယ်နဲ့ တစ်ခေတ်ထဲမှာ ကြီးပြင်းခဲ့ရတဲ့ ရှင်စောပုအကြောင်း ကိုလည်း စာပေဂျာနယ်မှာ ဆက်ပြီးရေးပါတယ်။ ရှင်စောပုဟာ မြန်မာ နိုင်ငံမှာ တစ်ဦးတည်းသော ဘုရင်မကြီး ဖြစ်ခဲ့ပါတယ် သာသနာ့မိခင် ကြီးလည်း ဖြစ်ပါတယ်။ ရှင်စောပုကို အဲသလို လူသိများပေမယ့် အသက် ငယ်ငယ်ကလေးကစပြီး အလိုကြီးတဲ့ စစ်ဘုရင် ရာဇာဓိရာဇ်ရဲ့ သမီးဖြစ်ရ တဲ့အတွက် စိတ်သောကများခဲ့ရတာကို သိသူနည်းပါးတ.ယ်။ ပြီးတော့ စစ်ပြေငြိမ်းကြတဲ့အခါ သူ့ကို အင်းဝမင်းလက်ထဲကို ထည့်လွှတ်လိုက် ကြတဲ့အတွက် သူ့မှာ ဘယ်လောက် စိတ်ဒုက္ခရောက်ခဲ့မယ်ဆိုတာကို တွေးမိကြသူ နည်းပါတယ် ။
ဘာပဲဖြစ်ဖြစ် အင်းဝကနေပြီး လွန်မြောက်လာဖို့ ရှင်စောပုလည်း ဉာဏ်ကူခဲ့ရတာပါပဲ။ ရှင်စောပု သူ့ကိုယ်သူ ဆောက်တည်နိုင်တယ်။ ဒါ့အပြင် ဟံသာ၀တီသားတွေအနေနဲ့လည်း သူတို့ခေတ်မှာ အချင်းချင်း အာဏာလုနေခဲ့ကြတဲ့ ယောက်ျားသားများကိုလည်း စိတ်ကုန်နေတဲ့အချိန်ရောက်ခဲ့ပါတယ်။ အဲဒီတော့ ရှင်စောပုဟာ အများလက်ခံတဲ့ ရှင်ဘုရင် မကြီး ဖြစ်လာခဲ့ရတာပါပဲ။ ဝမ်းမြောက်ဝမ်းသာရှိစရာပါပဲ။ ဒါပေမယ့် အရင်းအနှီးကတော့ မသေးလှဘူးဆိုတာ ကျွန်မ ပြောချင်ခဲ့တာပါ။
စာရေးသူရဲ့ အမှာထဲမှာ ရေးခဲ့သမျှ မိန်းမသားများအကြောင်းကို ပြန်ပြောနေရင် စာကရှည်တော့မယ်။ အဲဒီတော့ တိုတိုပဲပြောဖို့ ကြိုးစားပါ မယ်။ ဘယ့်နှယ်- စပြီးချီခဲ့တုန်းကတော့ မိန်းမသားတွေရဲ့ အစွမ်းအစ အကြောင်းပါ။ အခုရှင်းပြနေတာကတော့လည်း သူတို့ခံခဲ့ရတဲ့ ဒုက္ခတွေ အကြောင်းပါကလားလို့ ဆိုကြပေလိမ့်မယ်။ ကျွန်မခံယူတာကတော့ ရှင်ဘို့မယ်တို့ ရှင်စောပုတို့မပြောနဲ့ တစ်ဘဝလုံးမှာ ခင်ပွန်းဖြစ်သူ ရာဇာ မိရာဇ်ရဲ့ ရက်စက်မှုကို ခါးသည်းစွာ ခံသွားရတဲ့ တလမေဒေါလို၊ ဖခင် ဖြစ်သူရဲ့ စစ်ရေးကိစ္စကြောင့် မျိုးမတူတဲ့သူများထံ အဆက်သခံရပြီး နိုင်ငံကို ပြန်ရောက်နိုင်သည့်တိုင်အောင် မတည်ငြိမ်တဲ့ နိုင်ငံ့အရေးများ
ကြောင့် ကြေကွဲစရာကောင်းအောင် ဇာတ်သိမ်းမလှခဲ့တဲ့ တလမေသီရိတို့
တောင်မှ သူတို့အပေါ် မတရားပြုသူများအပေါ် လက်တုံ့ပြန်နိုင်ခဲ့တယ်လို့ ကျွန်မခံယူပါတယ်။ မတရားမှုကို ပြုတဲ့သူတွေရဲ့ အကြောင်းကို ဘဝနဲ့ရင်း ပြီး ပြောသွားကြတာပါပဲ။
ကျွန်မရေးချင်တဲ့အကြောင်းနဲ့ ကွက်တိဝင်တဲ့ မိန်းမသားတွေက တော့ အိုလမ်ပီယပ်စ်ဖြစ်ပါတယ်။ ကွက်တိဆိုတာ အဖြောင့်မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်ပါး မက်ဆီဒိုးနီးယားဘုရင် ဖိလစ်ရော သူ့သား အလက် ဇန္ဒာပါ ထက်မြက်တက်ကြွတဲ့ စစ်ဘုရင်များ ဖြစ်ကြပါတယ်။ ဗီဇသတ္တိ များအနေနဲ့လည်း ရှင်သန်သူများ ဖြစ်ကြပါတယ်။ ဒါပေမယ့် အိုလမ်ပီ ယပ်စ်လို ကောက်ကျစ်တဲ့ စိတ်ကြီးဝင်တဲ့ မိဖုရားမျိုး၊ မိခင်မျိုးကိုရလေ
တော့ သားအဖနှစ်ယောက်စလုံး အနစ်နာကြီးနစ်နာကြရပါတယ်။ အုပ်ချုပ် တဲ့ဘုရင်များ နစ်နာကြပြီဆိုတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နစ်နာ ကြတယ်လို့ နားလည်နိုင်ပါတယ်။
ကျွန်မတို့ ပညာရေးတက္ကသိုလ်စာကြည့်တိုက်ကအထွက် ကြော် ငြာသင်ပုန်းမှာ ကုလသမဂ္ဂက ထုတ်တဲ့ ကြော်ငြာစာတစ်ရွက် ကပ်ထား တာတွေ့ရပါတယ်။ မိန်းမတစ်ယောက်ကို ပညာပေးရင်း နိုင်ငံကို ပညာ ပေးပါတဲ့။ရာဇဝင်ထဲက မိန်းမသားများအကြောင်းရေးရင်လည်း အဲသလိုအတွေးမျိုး ကျွန်မမှာ ရှိခဲ့တာပါပဲ။ နေရာကောင်းရသည်ဖြစ်စေ မရသည် ဖြစ်စေ ပညာဉာဏ်နဲ့ပြည့်စုံတဲ့ မိမိကိုယ်ကို ဆောက်တည်နိုင်တဲ့မိန်းမများ ကသာလျှင် သာယာအေးချမ်းတဲ့လောက်ကို ဖြစ်ထွန်းစေမယ်လို့ ကျွန်မ ယူဆပါတယ်။ အရေးကြီးတဲ့နေရာမှာရောက်နေရင် ပိုပြီးတော့ ဆင်ခြင်တုံ တရားနဲ့ ပြည့်စုံရမှာ ဓမ္မတာဖြစ်ပါတယ်။ အဲဒီသဘောတရားကို စပိန် ဘုရင်မ အဇ်ဘယ်လာအကြောင်းမှာ သတိထားမိကြပါလိမ့်မယ်။ ဘုရင်မ က သူ့ဘာသာသူ သာသနာပြုတာတော့ မှန်ပါရဲ့၊ ဒါပေမယ့် သူနဲ့ သဘောချင်း မညီတဲ့သူများမှာ သေကြကြေကြ သေတပန်သက်တစ်ဆုံး ဒုက္ခရောက်ကြရနဲ့၊ မိန်းမသားတစ်ယောက်ရဲ့ ဒဏ်ကို ခံခဲ့ကြရပါတယ်။
ပြောပြတဲ့အကြောင်းများအပြင် ကျွန်မတတ်အားသမျှ လေ့လာသမျှ ခံစားတင်ပြခဲ့တဲ့ မိန်းမသားများအကြောင်းကို စာဖတ်သူများ လက်ခံလိမ့် မယ်။ စိတ်ဝင်စားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
“စာရေးတာ အချိန်အတော်ကြာလာပြီဖြစ်ပေမယ့် စာအုပ်အဖြစ် ရောက်တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အဲဒီပထမဆုံးစာအုပ်နဲ့ ငယ်စဉ်
တောင်ကျေးကလေးဘဝကတည်းက သွန်သင်ပြသဆုံးမခဲ့တဲ့ စာဖတ်တဲ့ ဝါသနာကို မြေတောင်မြှောက်ပေးခဲ့တဲ့ မိဘနှစ်ပါးကို ပူဇော်လိုပါတယ်။ ဒါ့အပြင် ငယ်စဉ်ကအစ အခုအချိန်အထိ တော်စပ်ရတဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို ကန်တော့လိုပါတယ်။ ။
ကျွန်မရေးသမျှစာများကို ဦးစွာဖတ်ရှုဝေဖန်ပေးသူ ခင်ပွန်းသည်ကို ကျေးဇူးတင်ကြောင်း ပထမ ပြောလိုပါတယ်။ ကျွန်မရဲ့ မိန်းမသားများ အကြောင်းကို တစ်အုပ်ရသည်အထိ နှစ်ပေါက်အောင်စောင့်ပြီး ထုတ်ဝေ ပေးတဲ့ ပန်းအိစံစာပေက ကိုအောင်ကြင်နဲ့ ရောင်းရင်း ကိုခိုင်မာတို့ကို လည်း အထူးကျေးဇူးတင်ပါတယ်။
ဒေါက်တာမတင်ဝင်း
ပညာရေးတက္ကသိုလ်
ရှင်ဘို့မယ်
ပဒေသရာဇ်ခေတ်မှာ သက်ဦးဆံပိုင်ဘုရင်ဟာ အရာရာကို ပိုင်စိုးသူ အာဏာရှင်ဖြစ်ပါတယ်။ သူအုပ်စိုးတဲ့နိုင်ငံနှင့်တကွ သက်ရှိသက်မဲ့ဟူသမျှ ကို ဘုရင်ကပိုင်ပါတယ်။ ဘုရင်သည် အရှင်သခင်ဖြစ်ပြီး ကျန်တဲ့သူ သမျှကိုတော့ ကျွန်ရယ်လို့ မှတ်ယူကြပါတယ်။
အဲဒီလို ပဒေသရာဇ်ခေတ်က မိဖုရားများအဖြစ် ရာဇဝင်မှာ စာတင် ခံကြသူများဟာလည်း ကိုယ်ပိုင်ဘဝထက် ဘုရင်ပိုင်ဘဝမှာ နေခဲ့ကြရပါ တယ်။ သူတို့ဟာ ဘုရင်ကိုအမှီပြုပြီးနေရတော့ သူတို့ဘဝ အတက်အကျ ဟာ ဘုရင်နဲ့တိုက်ရိုက်ဆက်စပ်နေပါတော့တယ်။ သဘောထားကြီးသော
တော်တည့်မှန်ကန်သော မိမိကိုချစ်မြတ်နိုးသော ဘုရင်များရဲ့ မိဖုရားများ မှာတော့ ဘဝဟာ အခြေအနေ ကောင်းတတ်ပါတယ်။ ရက်စက်သော၊ အမျက်စောင်မာန်ကြီးသော ဘုရင်တို့ရဲ့ မိဖုရားများဟာ အခြေအနေဆိုး များနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဘုရင်ရဲ့ ချစ်မြတ်နိုးခြင်းကို လက်လွတ် ဆုံးရှုံးပြီဆိုရင်လည်း မိဖုရားများရဲ့ဘဝဟာ ဘေးမကင်းဖြစ်တတ်ပါတယ်။
ကျွန်မဟာ အင်းဝခေတ် ရာဇဝင်ထဲက ရှင်ဘို့မယ်အကြောင်းကို ဖတ်မိတဲ့အခါတိုင်း သနားခြင်းကြီးစွာဖြစ်ရပါတယ် ရှင်ဘို့မယ်ဟာ မာနကြီးတယ်။ကောက်ကျစ်တယ်လို့ ရာဇဝင်မှာ စာတင်ထားလျက်သား နဲ့ ဘာလို့သနားရတာလဲလို့မေးရ တော့ ကိုယ်ပိုင်ဘဝ မရှိရှာလို့ပါပဲလို့ ဖြေရမယ်ဖြစ်ပါတယ်။
မက်ဆက်ငါးသွယ် ရှင်ဘို့မယ်၊ နန်းလယ်တင့်သည်သာဆိုတဲ့ ကဝိလက္ခဏာ သတ်ပုံဆရာရဲ့ စာချိုးအတိုင်း မင်းငါးဆက်တိုင် မိဖုရား မြှောက်ခြင်းခံရသူအဖြစ် ရှင်ဘို့မယ်အကြောင်းကို ရာဇဝင်ထဲမှာ ဖတ်ရှုရပါ တယ်။ ရှင်ဘို့မယ်ဟာ မင်းကြီးစွာစော်ကဲရဲ့ နှမတော် စောမြတ်နဲ့ သိင်္ဃသူ စောနောင်းတို့ ပေါင်းဖက်ရာမှ ဖွားမြင်သူ သိင်္ဃသူငယ်ရဲ့ သမီး ဖြစ်ပါ တယ်။ အဲဒီတော့ မင်းကြီးစွာစော်ကဲရဲ့ မြေးတော်ဖြစ်ပါတယ်။
'ရှင်ဘို့မယ်နဲ့ ပထမဆုံးလက်ဆက်ခဲ့သူမင်းခေါင်ကြီးဟာ ရှင်ဘို့မယ် နဲ့ဆိုရင် ဦးလေးတော်သူ ဖြစ်ပါတယ်။ မင်းခေါင်းကွယ်လွန်တဲ့အခါမှာ နန်းတက်ခဲ့သူဆင်ဖြူရှင်သီဟသူကလည်း သူ့ရဲ့ မိထွေးတော်သူ ရှင်ဘို့မယ် ကို ဆက်လက်ပြီး မိဖုရားမြှောက်ခဲ့ပါတယ်။ သီဟသူကွယ်လွန်တဲ့အခါမှာ မင်းလှငယ်၊ ကလေးကျေးတောင်ညိုနဲ့ မိုးညှင်းသတိုးတို့ဟာ ရှင်ဘို့မယ်ကို ဆက်လက်မိဖုရားမြှောက်သူများ ဖြစ်ကြပါတယ်။
။ အဲဒီလိုမင်းငါးဆက်ဖိဖုရားမြှောက်ခြင်းခံရတဲ့အကြောင်းရင်းများဟာ သူလက်ဆက်ခဲ့တဲ့မင်းများရဲ့ သက်တမ်းတိုမှု၊ နန်းတွင်းရေးရှုတ်ထွေးလို့ မင်းပြောင်းမင်းလွှဲလည်း မြန်မှုတို့ဖြစ်ကြပါတယ်။ ပထမဆုံး မိဖုရား
မြှောက်သူ မင်းခေါင်ဟာအသက် ၂၈ နှစ်အရမှာ နန်းတက်ခဲ့သူဖြစ်ပြီး နန်းစံသက် ၂၁နှစ်သာရှိပါတယ်။ အသက်၄၉မှာ ကွယ်လွန်ပါတယ်။ သူရဲ့သား ဆင်ဖြူရှင်သီဟသူကတော့ အသက် ၂၇ နှစ်မှာ နန်းတက်ပြီး၊ နန်းသက် ၄ နှစ်ပဲ ရှိပါတယ်။ အသက်၃၁ နှစ်မှာ ရန်သူနဲ့ရင်ဆိုင်တိုက်ရင်း ကျဆုံးပါတယ်။ သူရဲ့ သားတော် မင်းလှငယ်ဟာ ဖခင် စစ်ပွဲမှာကျတဲ့ အချိန်မှာ အသက် ၉ နှစ်သာ ရှိပါသေးတယ်။ မှူးမတ်များက နန်းတင်ပြီး ရှင်ဘုရင် လုပ်ခိုင်းလို့သာ ရှေးထုံးစံအရ ရှင်ဘို့မယ်ဟာ မိဖုရားဖြစ်ခဲ့ရှာ တာပါ။ အဲဒီမင်းကလေးဟာ နန်စံသက် ၃လမှာ အဆိပ်မိပြီး ကွယ်လွန်ခဲ့ ပါတယ် စိုးမင်းလှငယ်ရဲ့ နောက် နန်းတက်သူ ကလေးကျေးတောင်ညို ဖြစ်ပါ တယ်။ သူဟာအသက်၄၁ နှစ်မှာ နန်းတက်ခဲ့ပြီး နန်းစံသက် ၇-လမျှသာ ရှိပါတယ်။ စစ်ပြေးရင်း လမ်းမှာရုတ်တရက် နာပြီးကွယ်လွန်ခဲ့ပါတယ်။ မိဖုရားအဖြစ် ရှင်ဘို့မယ်ကို နောက်ဆုံးကောက်ယူသူကတော့ မိုးညှင်းသတိုး -ဖြစ်၏တယ်။ အသက် ၄၇ နှစ်မှာ နန်းတက်ပြီး နန်းစံသက် ၁၃ နှစ်ရှိသူ
ဖြစ်ပါတယ်။ အသက် ၆၀ မှာ ကွယ်လွန်ခဲ့ပါတယ်။ ရှင်ဘို့မယ်နဲ့ လက်ဆက်ခဲ့သူမင်းများရဲ့ သက်တမ်းနဲ့ ကွယ်လွန် ကြပုံကို အခုလို အကြမ်းဖျင်းကြည့်လိုက်ရင်တောင်မှ အဲဒီခေတ်ကနိုင်ငံရေးအခြေအနေဟာ မတည်ငြိမ်ဘူးဆိုတာ သိနိုင်ပါတယ်။ ရှင်ဘို့မယ်ရဲ့ ဘဝ ကိုသိနိုင်ဖို့ သူ့ရဲ့ ရုန်းကန်မှုများကို သိနိုင်ဖို့အတွက် ရာဇဝင်ကို အကျယ် တဝင့် လေ့လာဖို့ လိုပါတယ်။
ရာဇဝင်မှာ ရှင်ဘို့မယ် ဘယ်အရွယ်မှာ မိဖုရားဖြစ်တယ်။ ဘယ်လို အဆင်းကြန်အင်နဲ့ပြည့်စုံတယ်ဆိုတာကို ရေးထားတာ မတွေ့ရပါဘူး။ မှန်းကြည့်ရမှာ ဖြစ်ပါတယ်။ မင်းခေါင်ဟာ နန်းတက်ပြီးနောက် တစ်နှစ် ကြာမှ ရှင်ဘို့မယ်ကို မိဖုရားခေါင်မြှောက်ပါတယ်။ မင်းခေါင်နန်းတက်
တော့ ၂၈ နှစ်ရှိပါပြီ၊ မင်းခေါင်ရဲ့ အဖေတူအမေကွဲအစ်ကို သူ့အရင် နန်းတက်ခဲ့သူ ဆင်ဖြူရှင်တရဖျားမှာ ကျေးတောင်ညိုလို့ခေါ်တဲ့ သားတစ် ပါးရှိပါတယ်။သူဟာရှင်ဘို့မယ်ရဲ့ စတုတ္ထမြောက်ခင်ပွန်းဖြစ်လာမည့်သူပါ။ ရှင်ဘို့မယ်နဲ့ ကျေးတောင်ညိုတို့ဟာ ငယ်စဉ်က ချစ်ခင်စုံမက်ကြဖူးတယ် လို့ဆိုပါတယ်။ အဲဒီကျေးတောင်ညိုဟာမင်းခေါင်ထက် ၁၂ နှစ်ငယ်ပါတယ်။ အဲဒီတော့ ရှင်ဘို့မယ်ကို ကျေးတောင်ညိုနဲ့ ရွယ်တူထားပြီး စဉ်းစားရင် သူ မိဖုရားဖြစ်တဲ့အချိန်မှာ ၁၇ နှစ်လောက်ရှိပြီလို့ မှန်းဆနိုင်ပါတယ်။ ရှင်ဘို့မယ်နဲ့ ကျေးတောင်ညိုတို့ နှစ်ဦးစလုံးဟာ မင်းကြီးစွာစော်ကဲရဲ့ မြေးများဖြစ်ကြပါတယ်။ ကို
ရှင်ဘို့မယ် မိဖုရားဖြစ်လာတဲ့အချိန်ဟာ ဟံသာဝတီနဲ့အင်းဝအကြား ဖြစ်ပွားတဲ့ စစ်ပွဲကြီး အရှိန်ပြင်းနေချိန် ဖြစ်ပါတယ်။ အဲဒီတော့ ရှင်ဘို့မယ် ရဲ့ ကိုယ်ရေးကိုယ်တာများဟာ စစ်ပွဲနဲ့တိုက်ရိုက် ပတ်သက်နေပါတယ်။
`မင်းခေါင်ဟာ ဟံသာဝတီဘုရင် ရာဇာဓိရာဇ်နဲ့စစ်ပြိုင်ဖို့ အောက် မြန်မာနိုင်ငံကို ကိုယ်တိုင်ချီတက်ခဲ့ပါတယ်။ အဲဒီလို စစ်ချီတဲ့အခါမှာ အင်းဝကို မြို့စောင့်မျှလောက်သာထားပြီး မင်းညီမင်းသား၊ မင်းသမီးများ မိဖုရားများပါမကျန် စစ်ချီရာကို လိုက်ကြရပါတယ်။ အဲဒီလိုနည်းနဲ့ စစ်တက်တာကတော့ အဲဒီခေတ်က ထုံးစံဖြစ်ပါတယ်။
မင်းခေါင်ဟာ စစ်ရေးမှာ ရှုံးနိမ့်တဲ့အတွက် အလျှင်အမြန်ပြန်ပြီး ဆုတ်ခဲ့ရပါတယ်။ အဲဒီလို ဆုတ်ခွာခဲ့ရတဲ့ အခါမှာ ရှင်ဘို့မယ်ဟာ သန့်စင်ပေါ်ကျပြီး ကျန်ခဲ့ပါတယ်။ ရှင်ဘို့မယ်ကုတ်နေရာဟာ ချောင်း တစ်အနားမှာဖြစ်တဲ့အတွက် သူဟာပင်တွေကြားမှာ ပုန်ပြီး ကယ် ယူမယ့်သူများကို စောင့်စားနေခဲ့ပါတယ်။ မင်းခေါင်ရဲ့ တပ်များဟာ အပြင်းဆုတ်ခွာသွားကြပါပြီ။ နောက်ဆုံးမှာ အသွားနှေးလွန်းလို့ ကျန်နေရစ်တဲ့ ဆင်ကတော့ ရဲမြတ်စွာလို့ခေါ်တဲ့ ဆင်ဖြစ်ပါတယ်။ အဲဒီဆင်မှာဆင်ကဲ၊ ဆင်ဦးစီးနဲ့ ကုန်လယ်စီးတို့ပါ ပါတယ်။ သူတို့ဟာ စစ်နောက်ဖျားကနေပြီး လိုက်လာတဲ့ ရန်သူများကိုပြန်ပြီး တွန်းလှန်ရင်း ဆုတ်ခွာလာနေပါတယ်။
ရှင်ဘို့မယ်ဟာ ရဲမြတ်ခွာ သူအနားကို ဖြတ်သွားတော့ အော်ခေါ်ရှာ ပါတယ်။ မိဖုရားရဲ့ အော်သံကို ကြားပြီးတဲ့နောက် သူ့ကိုကယ်ကြ ရမယ့်အချိန်မှာ ဆင်ကဲက ငါတော့ သေဘေးရောက်ပြီ။ မင်းသတိထားပါ လို့ ဆင်ဦးစီးကို လှမ်းပြောလိုက်ပါတယ်။ အကြောင်းကဒီလိုပါ။ မိဖုရား ကိုသူတို့တွေ့လျက်နဲ့ မကယ်ခဲ့ရင် နောက်ကလိုက်လာတဲ့ရန်သူရဲ့ လက်ထဲကို မိဖုရားရောက်သွားမယ် ဖြစ်ပါတယ်။ တစ်နေ့မှာ စစ်ပြေငြိမ်းရင် အဲဒီ အကြောင်းကို မင်းခေါင်ပြန်ပြီး သိနိုင်ပါတယ်။ အဲဒီအခါမှာ ဆင်ကဲ သေဘေးရောက်မယ်ဖြစ်ပါတယ်။ ကယ်ပြန်ရင်ကောတဲ့၊ မင်းခေါင်က သူပိုင်ဘဏ္ဍာဖြစ်တဲ့ မိဖုရားနဲ့ ဆင်က်ကို မသင်္ကာဖြစ်လာရင် ဆင်ကဲသေ ဘေးရောက်ဦးမှာပါပဲ။ အဲဒါကြောင့် ဆင်ကဲက ဆင်ဦးစီးကို တိုင်တည်တာ ဖြစ်ပါတယ်။
ဆင်ကဲနဲ့ ဆင်ဦးစီးဟာ ရှင်ဘို့မယ်ကို ဆင်ပေါ်တင်ပြီးကယ်ခဲ့ပါ တယ်။ ကုန်လယ်စီးဖြစ်သူကို လမ်းလျှောက်သွားစေခဲ့ပါတယ်။ သူတို့ ဟာ နောက်ကလိုက်လာတဲ့ ရန်သူများကို ပြန်တိုက်မနေတော့ဘဲ ခပ်မြန် မြန်ဆုတ်ခွာခဲ့ကြပါတယ်။ လမ်းမှာ ရပ်နားတဲ့ အခါတိုင်း မိဖုရားကို သစ်ပင်ပေါ်မှာ လင့်စင်ထိုးပြီး အိပ်စေပါတယ်။ ဆင်ကဲနဲ့ ဆင်ဦးစီးက
တော့ မြေပြင်မှာပဲအိပ်ပါတယ်။ ရွာများမှာဆိုရင် မိဖုရားကို အိမ်ပေါ်မှာ အိပ်စေပြီး ဆင်ကဲ နဲ့ဆင်ဦးစီးက အိမ်အောက်မှာပဲ အိပ်ပါတယ်။ အဲဒီ လောက်ကို ကင်းကင်းရှင်းရှင်းနဲ့ မင်းဘဏ္ဍာကို စောင့်ရှောက်ပါတယ်။
မင်းခေါင်ဟာ အင်းဝကိုပြန်ရောက်တော့ လွန်စွာ စိတ်ဆင်းရဲရပါ တယ်။ မင်းရဲကျော်စွာရဲ့ မိခင် ရှင်မိနောက်ကို ရန်သူဖမ်းမိတယ်ဆိုတာ သတင်းရပါတယ်။ ရှင်ဘို့မယ်ရဲ့ သတင်းတော့မရပါဘူး။ အဲဒါကြောင့် မြင်းသည်ကျော်တွေကို နှစ်ကြိမ်တိုင်တိုင်လွှတ်ပြီး စုံစမ်းခဲ့ပါတယ်။ ဒုတိယ အကြိမ်မှာ ဆင်တော်ရဲမြတ်စွာနဲ့ ပြန်လာပါပြီဆိုတာသိရပါတယ်။ မိဖုရား ပြန်ရောက်တာနဲ့ မြို့ပြင်က တစ်နေရာမှာ တဲနန်းထိုးပြီး ခေါင်းလျှော် ရေချိုးလုပ်စေပါတယ်။ ပြီးတော့မှ အမွှေးနံ့သာလိမ်းပြီး နန်းတွင်းကို ပြန်ဝင်စေပါတယ်။
မင်းခေါင်ဟာ အများရှေ့မှာ သူ့မိဖုရားနဲ့တကွ ဆင်ကဲ ဆင်ဦးစီး တို့ကို ဘယ်လိုလာခဲ့ကြတယ်ဆိုတာ မေးမြန်းပါတယ်။ ဆင်ကဲ၊ ဆင်ဦးစီး တို့ရဲ့ ထွက်ချက်နဲ့ သူ့မိဖုရားရဲ့ ထွက်ချက်ကိုက်ညီပြီး အစွန်းမရှိကြောင်း သိရတဲ့အခါကျမှ ဆင်ကဲနဲ့ဆင်ဦးစီးကို ဆုတော်များပေးပါတယ်။ ဆင်ကဲ
ဟာ စစ်ပွဲအတွင်းက မင်းခေါင်ရဲ့ အသက်ကို ကယ်ခဲ့သူဖြစ်တယ်။ အခု လည်း မိဖုရားကိုကယ်ခဲ့ပြန်တယ်။ အဲဒါကြောင့် သူအသက်ကို နှစ်ခါ ကယ်သူဖြစ်ပေတယ်လို့လည်း ချီးကျူးပြောဆိုပါတယ်။ ။
မင်းခေါင်ဟာ အဲဒီလို ဆုလာဘ်ပေးပြီး အေးဆေးစွာ နေထိုင်ခြင်း မရှိခဲ့ပါဘူး။ မိဖုရားကို အကြောင်းသင့်တိုင်း အဲဒီအကြောင်းနဲ့ ပတ်သက် ပြီး မေးတတ်ပါတယ်။ ဆင်ကဲနဲ့ ဆင်ဦးစီးကိုလည်း ထပ်ပြီးစစ်ဆေးပြန် ပါသေးတယ်။ သူတို့က အသေအချာတင်လျှောက်ပြန်တော့လည်း စိတ်အေး ပြီး ဆုတွေထပ်ပေးပြန်ပါသေးတယ်။ ဒါပေမယ့် သူ့စိတ်ထဲမှာ မသင်္ကာစိတ် ဝင်နေပြီဖြစ်ပါတယ်။ ။
တစ်နေ့မှာ ရှင်ဘို့မယ်ဟာ မင်းနဲ့ အတူထိုင်နေရင်း ကွမ်းသီးစိပ်တဲ့ အခါ ကွမ်းညှပ်လက်မှာထိမိတော့ အို ဆင်ကဲကယ်ပါ'လို့ ယောင်လိုက်မိ ပါတယ်။ မသင်္ကာစိတ်ကြီးမားနေတဲ့ မင်းခေါင်ဟာ စစ်ဆေးမေးမြန်းခြင်း၊ ပညာရှိတို့နဲ့ တိုင်ပင်ခြင်းစတဲ့အမှုတွေ ဘာမှမပြဘဲ ဆင်ကဲကိုသတ်စေခဲ့ ပါတယ်။ နိုင်ငံနဲ့တကွ သက်ရှိသက်မဲ့ကို အစိုးရတဲ့မင်းဖြစ်သူ မင်းခေါင်
ဟာ သူ့စိတ်ကိုတော့သူ အစိုးမရပါဘူး။ အဲဒီတော့ ဆင်ကဲမှာအပြစ်မရှိ ဘဲ အသေဆိုးနဲ့ သေရရှာပါတော့တယ်။
ရှင်ဘို့မယ်ဟာ သူယောင်လိုက်တဲ့အတွက် ဆင်ကဲသေရတယ်ဆို တော့ သည်းထန်စွာငိုတယ်။ လူးလှိမ့်တယ်။ သူဟာဆင်ကဲကိုတစ်အူတုံ ဆင်း မောင်နှမအရင်းလို ချစ်ခင်တယ်။ သူ့အသက်ကို ကယ်ခဲ့တဲ့ကျေးဇူးက လည်း မြေထုလိုကြီးမားတယ် စသဖြင့် ရေရွတ်ရင်း ဣန္ဒြေပျက်လောက်
အောင် လွန်စွာပူပန်သောက ရောက်ရတယ်လို့ ရာဇာဓိရာဇ် အရေးတော်ပုံ ကျမ်းမှာ ဆိုပါတယ်။