ဒေါက်တာမင်းတင်မွန် - တက္ကသိုလ်အဘိဓမ္မာ
နိဒါန်း
နတ်ပြည်၌ ဟောကြားသော တရားတော် -
သိသင့်သိထိုက်သောတရားအလုံးစုံကိုဆရာမကူ သယမ္ဘူဉာဏ်နှင့် သိမြင်တော်မူ . သည့်ဂေါတမမြတ်စွာဘုရားသည် သတ္တမမြောက်ဝါကို တာဝတိံသာ၌ ကပ်ဆိုတော်မူ ပြီးလျှင် မယ်တော်မိနတ်သားအား အမှူးထားလျက် နတ်ဗြဟ္မာအပေါင်းတို့အား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာဒေသနာတော်ကို မရပ်မနား တစ်ဆက်တည်း ဟောကြားတော်မှုခဲ့၏။
တာဝတိံသာ နတ်သက် တစ်ရက်သည် လူတို့၏ နှစ်တစ်ရာနှင့် ညီမျှသောကြောင့် - ဝါတွင်းသုံးလဟူသည်မှာ တာဝတိံသာနတ်သက်အားဖြင့် မိနစ်အနည်းငယ်သာ ကြာညောင်းပါ၏။
နေ့စဉ် ဆွမ်းခံချိန်သို့ရောက်လျှင် ဗုဒ္ဓမြတ်စွာသည် နိမ္မိတရုပ်ပွားတစ်ဆူကို မိမိ၏ ' . ကိုယ်စား တရားဆက်လက်ဟောကြားရန် အဓိဋ္ဌာန်တော်မူပြီးသော် မြောက်ကျွန်း `ဥတ္တရကုရုသို့ ဆွမ်းခံကြွတော်မူ၏။ ထို့နောက် အနောတတ်အိုင်၏ ဆိပ်ကမ်းသာဝယ်ဆွမ်းဘုဉ်းပေးတော်မူပြီးလျှင် စန္ဒကူးတော၌ နေ့သန့်တော်မူ၏။ ''ထိုအခါ တရား စစ်သူကြီးဖြစ်တော်မူသော ဓမ္မသေနာပတီ အရှင်သာရိပုတ္တရာ " သည် ဘုရားထံမှောက်သို့ လာရောက်ပြီး ဝတ်ကြီးဝတ်ငယ်ပြုတော်မူ၏။
ဗုဒ္ဓမြတ်စွာက “ချစ်သားသာရိပုတ္တရာ- ဤမျှသောတရားကို ငါဟောကြား ခဲ့ပြီ"ဟုအဘိဓမ္မာတရားကို နည်းရရုံ အကျဉ်းချုပ်ညွှန်ကြားတော်မူ၏။ ထို့ကြောင့် မြတ်ဗုဒ္ဓသည် အဘိမ္မာဒေသနာတော်ကို လူ့ပြည်၌လည်း နတ်ပြည်နှင့်တစ်ပြိုင်တည်း ဟောကြားတော်မူခဲ့သည်သာတည်း။
ပညာဧတဒင်္ဂ အရှင်သာရိပုတ္တရာမထောကျော်သည် ဘုရားရှင်ထံမှ နည်းရတော် မှုလေလျှင် နည်းပေါင်း အရာ အထောင်တို့ဖြင့် ဘုရားအမှူးအပ် သော အဘိဓမ္မာဒေသနာအကျယ်ကို သိမြင်တော်မူ၏။ ပမာဆိုသော် မဟာသမုဒ္ဒရာ ကမ်းခြေ၌ ဗုဒ္ဓရှင်တော်ရပ်တည်၍ လက်တော်ကို ဆန့်တန်းလျက် ညွှန်ပြလိုက်သည့် အခါ မဟာသမုဒ္ဒရာပြင်ကျယ်တစ်ခုလုံးကို အရှင်သာရိပုတ္တရာ မြင်တွေ့သွားသကဲ့သို့တည်း။
အရှင်သာရိပုတ္တရာမထေရ်သည် အဘိဓမ္မာဒေသနာတော်ကို မကျဉ်းမကျယ် အလယ်အလတ်ဖြစ်သောနည်းဖြင့် မိမိ၏တပည့် ရဟန်း ငါးရာတို့အား တဖန်ဟောကြားတော်မူ၏။ ကတိသာ၌အဘိမ္မာဒေသနာတော်ကို မြတ်စွာဘုရား ဟောကြား ပြီးဆုံးခြင်းသို့ ရောက်သည့်အခါ သူ့ပြည်၌လည်း အဘိမ္မာတရားတော်ကို အရှင် သာရိပုတ္တရာကြားပြီးဆုံးခြင်းသို့ရောက်လေ၏။
လူ့လောက၌ ယနေ့တိုင်ကျန်ရစ်နေသာအဘိမ္မာပီသည် အရှင်သာရီ . ပုတ္တရာ ဟောကြားပို့ချသောပိဋကဖြစ်ပေ၏။
_ အဘိဓမ္မာ၏ထူးခြားချက် -
မြက်စွာဘုရား ဟောကြားတော်မူခဲ့သော တရားအလုံးစုံကို (၁) သုတ္တန်ပိဋက - ( ၂ ) ဝိနည်း ပိဋက (၃)အဘိဓမ္မာပိဋက ဟူ၍ ပိဋကသုံးပုံအဖြစ် ခွဲခြားထားကြ၏။ .
သုတ္တန်ပိဋကသည် ဝေနေယျသတ္တဝါတို့၏ အလိုအများသယ, ဝါသနာ, စရိုက် ' တို့ကိုလိုက်၍ လူအများ သိနားလည်နေကြသည့် ဝေါဟာရများကို သုံးနှုန်းလျက် ဟော ကြားထားသည့်
တရားတော်များဖြစ်၏။ , ခန္ဓာ ၊ အာယတန ၊ ဓါတ် ၊ သစ္စာ၊ ဣန္ဒြေ၊ ဗိုလ် ၊ စောချွင်၊ မဂ္ဂင် စသောတရားတို့ကို ဟောကြားရာ၌ ပြည့်ပြည့် စုံစုံ ဟောကြားတော် မမူပဲ တရားနာပုဂ္ဂိုလ်တို့ နှင့် လျှော်ရုံ တစ်စိတ်တစ်ဒေသအား ဖြင့်သာ တဖန်ဟောကြားတော်မူ၏။
ဓမ္မစကြာသုတ် ၊ အနတ္တလက္ခဏသုတ်၊ ပဋိစ္စသမုပ္ပါတ်မဟာသတိပဌာန စသည့် အရေးကြီး သော သုတ်တော်များသည် သုတ္တန်ပိဋက တွင်ပါဝင်ကြသည်။
ဝိနည်းပိဋကသည် မြဟ်ခွာဘုရား၏ တပည့်သာဝကများဖြစ်ကြသော ရဟန်း တော်များ လိုက်နာကျင့်သုံးဆောက်တည်ရန်အတွက် မြက်ရှင်တော် ပညတ်တော်မူခဲ့ သည့် ဝိနည်းသိက္ခာများ ဖြစ်ပေ၏။ ဤသိက္ခာပုဒ်များ ကုဋေကိုးထောင် တစ်ရာ့ရှစ်ဆယ့်ငါးသန်း သုံးသောင်းခြောက်ထောင်ရှိပေရာ သံဃာတော်အဖွဲ့အစည်း ကို ကမ္ဘာ့ထိပ်တန်းအဖွဲ့အစည်းအဖြစ်သို့ ပို့ဆောင်ပေးခဲ့သောစည်းကမ်းများ ဖြစ်ကြပေ၏။
ထိုမျှလောက်များပြားသော သိက္ခာပုဒ်တို့တွင် ဘိက္ခူပါတိမောက်၌ လာသော သိက္ခာပုဒ် ၂၂၇
သွယ်တို့သည် မူလအခြေခံဖြစ်၍ အရေးအကြီးဆုံးဖြစ်ကြ၏။ ဤ သိက္ခာပုဒ်တို့ကို ရဟန်းတော်များသည် မိမိတို့၏ ကျင့်ဝတ်သီလသိက္ခာပုဒ်အဖြစ် အထူး . ရိုသေလေးစားစွာ စောင့်ထိန်းကြရ၏။
ဝိနည်းပိဋကသည် သာသနာတော်၏ အသက်ဖြစ်၏။ ဝိနည်းတော်များနှင့်အညီ - ကျင့်ကြံနေထိုင်ကြသော ရဟန်းတော်များသည်အထူးကြည်ညိုလေးစားဖွယီဖြစ်ကြပြီး
လျှင် လူအပေါင်းတို့ ကုသိုလ်မျိုးစုများကို စိုက်ပျိုးရာလယ်ယာမြေကောင်းသဖွယ် - ဖြစ်ကြပေ၏။
အဘိဓမ္မာ ပိဋကသည် သတ္တလောက၊သြကာသ လောက သင်္ခါရလောက - ဟုဆိုအပ်သော လောကသုံးပါးနှင့် နိဗ္ဗာန်တို့၏ အကြောင်းအရာများကိုတကယ်အစစ်အမှန်ဖြစ်ကြသည့် ပရမတ္တတရားလေးပါးအဖြစ်ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ • ဟောကြားထားသော ဒေသနာများဖြစ်၏။ .. .
သုတ္တန်ပိဋကသည် ဝေနေယျတို့၏ အသိဉာဏ်နှင့် လျော်ကန်သင့်မြတ်သည့် ဝေါဟာရအသုံးအနှုန်းများကို အများဆုံး ဦးစားပေး၍ ဟောကြားထားသော ဝေါဟာရ - ဒေသနာဖြစ်၏။
ဝိနယပိဋကသည် တပည့်သာဝကများ လိုက်နာကျင့်ကြံရန်အာဏာကို အများဆုံး အသုံးပြု၍ ပညတ်တော်မူသော အာဏာအသနာဖြစ်၏။
အဘိဓမ္မာ သည် ပရမတ္ထသစ္စာတရားများကို ဖြစ်စဉ်အတိုင်း အကြွင်းမရှိ ပြည့်စုံ ဟောကြားတော်မူခဲ့သော ပရမတ္ထဒေသနာ ဖြစ်၏၊
အဘိဓမ္မာဒေသနာကို ဟောကြားရာ၌ ဗုဒ္ဓမြတ်စွာသည် သဗ္ဗညုတဉာဏ်တော်အစွမ်းရှိတိုင်း သဘာဝလောကတစ်ခုလုံးကို မွှေနောက်ချောက်ချားလျှက် ခန္ဓာ ၊ အာယတန ၊ ဓါတ် ၊ သစ္စာ၊ ဣန္ဒြေ၊ ဗိုလ် ၊ စောချွင်၊ မဂ္ဂင် စသောတရားတို့၏ သဘာဝဖြစ်စဉ်
ကို သုတ္တန်နည်း အဘိဓမ္မာနည်း, အမေးအဖြေနည်တို့ဖြင့် အကြွင်းအကျန်မရှိအောင် . ဝေဖန်ပိုင်းခြား၍ ဟောကြားတော်မူခဲ့၏။
ဓမ္မက္ခန္ဓာအရေအတွက်အားဖြင့် သုတ္တန်ပိဋကတွင် ၂၁၀၀၀ ၊ ဝိနည်းတွင် ပိဋကတွင် ၂၁ဝဝ၀နှင့် အဘိဓမ္မာပိဋကတွင် ၄၂ဝ၀၀ ရှိ၏ ။
ထို့ကြောင့် အဘိမ္မာပိဋကသည် သုတ္တန်ပိဋကထက် အရေအတွက်အား ဖြင့်လည်းကောင်း၊ ဟောကြားသော နည်းအရေတွေက်ဖြင့် လည်းကောင်း၊ ထူး ခြား ဆန်းကြယ်မှု၌လည်းကောင်း သာလွန်၏။ ဤသို့ သုတ္တန်ဓမ္မထက်သာလွန် ထူးဆန်းသောတရားတော်ဖြစ်ခြင်းကြောင့် အဘိမ္မာဟုအမည်တွင်ခြင်း ဖြစ်၏။
အဘိ =သာလွန်သော ထူးဆန်းသော
ဓမ္မ = သင်ယူထိုက်သောပါဠိတော်(ဝါ)သတ္တဝါတို့ ဆင်းရဲငြိမ်းအောင် မြတ်စွာဘုရား ကောင်းစွာဟောကြားအပ်သောတရားတော်။
အဘိမ္မာ၏အကျိုးကျေးဇူး
ဗုဒ္ဓမြတ်စွာသည် အဘိဓမ္မာပိဋကမှ ပဋ္ဌာန်းတရားတော်ကို ဆင်ခြင်သုံးသပ်သော အခါ ရောင်ခြည်ခြောက်သွယ် ကွန့်မြူလာ၏၊ ..
ကဿပဘုရားရှင်လက်ထက်တော်အခါ၌ လိုဏ်ခေါင်းတစ်ခုတွင် အောင်းနေ ကြသည့် လင်းနို့ငါးရာတို့သည် ရဟန်းနှစ်ပါးတို့၏ အဘိဓမ္မာတရား ရွတ်ဆိုသံကို အာရုံပြုခဲ့ကြရ၏ ။ ထိုကောင်းမြတ်သောအာရုံဖြင့် လင်းနို့ငါးရာတို့ သေလွန်ကြသည့် အခါ နတ်ပြည်သို့ လာရောက်ကြရ၏။
သူတို့သည် ကသပဘုရားရှင်လက်ထက်တော်မှ ဂေါတမဘုရားရှင်လက်တက် ဘုရားရှင် နှစ်ဆူ
အကြား မှာ ဗုဒ္ဓန္တရအသင်္ချေယျကာလပတ်လုံး အပါယ်သို့ မလားရောက်ကြရဘဲ နတ်ပြည် ၌ပင် တစ်ဘဝ ပြီး တစ်ဘဝ ဆက်ကာ ဆက်ကာ ဖြစ်ခဲ့ကြ၏။
ဂေါတဘုရားရှင်လက်ထက်တွင် လူယောကျ်ားများ ဖြစ်ကြပြီ။ ရဟန်းဘဝကို ရရှိကြ၏။ အရှင်သာရိပုတ္တရာမထေရ်မြတ်ထံမှ အဘိဓမ္မာပိဋကကို ဦးဦး ဖျားဖျားသင်အံယူကြရပြီးလျှင် အဘိမ္မာပိဋကဆောင် ရဟန္တာများ ဖြစ်လာကြ၏။
တာဝတိသာနထိပြည်၌ အဘိဓမ္မာဒေသနာတော်ကို ဂေါတမမြတ်စွာဘုရား ဟောကြား၍ပြီးဆုံးသောအခါတွင် နတ်ဗြဟ္မာ ကုဋေပေါင်းရှစ်သောင်းတို့သည် သစ္စာ လေးပါကို သိမြင်ပြီး အကျွတ်တမ်းဝင်ကြကုန်၏။ မယ်တော်မိနတ်သားသည်လည်း သောတာပတ္တိဖိုလ်၌ တည်လေ၏။
အဘိဓမ္မာတရားတော်သည် ပညတ်လောကကို ဖောက်ထွင်း၍ ပရမတ်လောက ကို စိတ် စေတသိတ် ရုပ် နိဗ္ဗာန်တည်ဟူသော အခြေခံ အရှိတရားများဖြင့် ဖွင့်ဆိုရှင်းပြထားသည့် အတွက် အဝ၏အမှန်သဘောကို ထင်ထင်ရှားရှား သိနားလည်စေ၏။ ' .
ကိုယ်စီတိနှစ်ပါးဟူသည်မှာ ရုပ်နာမ်အစုမျှသာဖြစ်ပြီး ရုပ်နာမ်တို့၏ သဘာဝ ဖြစ်စဉ်များကိုသိနားလည်လာသောအခါ ရုပ်နာမ်အစု၌ " ငါ "ဟူသော မာနစွဲ၊ ငါ့ဥစ္စာ ဟူ " သည့် တဏှာ, အတ္တကောင်(ဝါ) လိပ်ကောင်ရှိ၏ ဟူသော ဒီဠိစွဲတို့ကို ဖြိုခွဲနိုင်၏။
ထို့ကြောင့် အဘိဓမ္မာဒေသနာကို ကျကျနနလေ့လာလျှင် အကြောင်းအကျိုး အပြည့်အစုံနှင့်တကွ ဟုတိတိုင်းမှန်စွာ သိမြင်နိုင်သော ယထာဘူတဉာဏ်ကို ရရှိနိုင် ၏။ ထိုဉာဏ်ဖြင့် အယူလွှဲမှု မိစ္ဆာဒိဋ္ဌိနှင့် ယုံမှားသံသယဖြစ်မှု ဝိစိကိစ္ဆာတို့ကို အတော်