Skip to product information
1 of 10

Other Websites

ဒေါက်တာကျော်အောင် - ဘဝလောကဓံ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ကိုယ်ရဲ့ မိဘဘိုးဘွားများ

 

          ကိုယ်က ရန်ကုန်ဇာတိပါ။ မိဘနှစ်ပါးကလည်း လူလတ်တန်းစား တွေပါပဲ။ ဦးဖိုး၊ ဒေါ်ပူစီဆိုတဲ့ ကိုယ့်ရဲ့ အဘိုးနဲ့ အဘွားကတော့ တကယ့်ကို အမြော်အမြင်ကြီးမားတဲ့ အာဂပုဂ္ဂိုလ်တွေပေါ့။ သူတို့ဟာ သံတွဲမြို့က ရခိုင် သားတွေပါ။ သားသမီးတွေရဲ့ ပညာရေးကို မျှော်တွေးပြီး ရန်ကုန်မှာ ပြောင်း ရွှေ့အခြေချခဲ့ကြတာဖြစ်တယ်။ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းက ရခိုင်က ငါးပိ ဝယ်ပြီး ရန်ကုန်ပို့၊ ရန်ကုန်က ပဲဆီဝယ်ပြီး သံတွဲပြန်ပို့တာပဲ။ သူတို့အလုပ်က အကျိုးအမြတ် ဘယ်လောက်တောင် ဖြစ်ထွန်းသလဲဆိုရင် သားငါးယောက်နဲ့သမီးတစ်ယောက်ကို ရန်ကုန်မြို့မှာ အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့ ထားနိုင်ရုံသာမက သားသမီးတွေကို ပြုစုစောင့်ရှောက်ဖို့ အခိုင်းအစေတွေတောင် ပါလိုက်သေးတယ်။ သူတို့ရဲ့သားအကြီး(ကိုယ့်ဘကြီး)ဦးမြဦးကိုအင်္ဂလန်ပို့ပေးလိုက်တော့ ဝတ်လုံတော်ရဖြစ်လာခဲ့တယ်။ ဒုတိယသား(ကိုယ့်ရဲ့ဒုတိယမြောက်ဘကြီး)ကိုလည်း သူ့အစ်ကိုနည်းတူ ဝတ်လုံ

တော်ရဖြစ်ရအောင် အင်္ဂလန်ကို ထပ်ပို့သေးတယ်။ အဘိုးနဲ့ အဘွားကတော့ သူ့သားသမီး အားလုံးကို အထက်တန်းပညာသင်ဖို့ အင်္ဂလန် ပို့ပေးချင်တဲ့ဆန္ဒ ရှိကြတယ်။ ဒါပေမဲ့ ကံတရားက မျက်နှာသာမပေးတော့ အဘိုးနဲ့ အဘွား ရှေ့ဆင့်နောက် ဆင့်ဆိုသလို ကွယ်လွန်သွားကြတဲ့အတွက် မျှော်မှန်းသလို မဖြစ်တော့ဘဲ ကိုယ့်ရဲ့ ဒုတိယဘကြီးဟာ ပညာရေးဆုံးခန်းမတိုင်မီ ရန်ကုန်ပြန်လာခဲ့ရ တယ်။ ဒါပေမဲ့ သူရဲ့မွေးရာပါ အရည်အချင်းလို့ ဆိုရမယ့် စီးပွားရေးလာဘ်မြင်မှုနဲ့ ကြံရည်ဖန်ရည်ရှိမှုတို့ကြောင့် အောင်မြင်တဲ့ စီးပွားရေးသမားတစ်ဦးဖြစ်လာရုံ သာမကအဲဒီအချိန်က မြန်မာနိုင်ငံရဲ့ဘုရင်ခံSirHarcourtButlerနဲ့Bridgeဝိုင်းမှာ အတူတကွကစားခွင့်ရတဲ့

အဆင့်အထိ ပေါက်ပေါက်ရောက် ရောက်ရှိသူ ဖြစ်ပါတယ်။

 

ဘဝလောကဓံ(A Turbulent Life)

 

          မိဘနှစ်ပါး ကွယ်လွန်ပြီးနောက်ပိုင်း ဝင်ငွေမရှိကြလို့ ကိုယ့်အဖေ ဦးစအပါအဝင် သူတို့ညီအစ်ကိုတစ်တွေ ကျပ်ကျပ်တည်းတည်း ရပ်တည် နေထိုင်ခဲ့ကြရရှာတယ်။ ဒုတိယဘကြီးက သူ အင်္ဂလန်မှအပြန် ဝယ်လာခဲ့တဲ့ အဝတ်လျှော်စက်ကို Strand Hotel မှာ တပ်ဆင်ခွင့်ရရှိတော့မှသာ သူတို့အားလုံးအသက်ရှူချောင်သွားကြတာပါ။ ဒီဖြစ်ရပ်ဟာ သူရဲ့ စီးပွားရေးအောင်မြင်မှုလမ်းစ ဖြစ်လာခဲ့တယ်။ အဲဒီနောက်ပိုင်း ညီအစ်ကိုမောင်နှမ အားလုံးကို သူပဲဒိုင်ခံလုပ်ကျွေးခဲ့တယ်။ ကိုယ့်အဖေကတော့အမြဲလိုလိုချူချာပေမယ့်ဒုတိယဘကြီးကသူ့ကို အလွန်တွယ်တာ

ပြီးအဖေရဲ့အကြံဉာဏ်နဲ့လမ်းညွှန်မှုတွေရယူလေ့ရှိသတဲ့။ အဖေကဟံသာဝတီဒီစတြိတ်ကောင်စီအတွင်းရေးမှူး

ဆိုတော့သူရဲ့စီးပွားရေးလုပ်ငန်းမှာလည်း တစ်ဖက်တစ်လမ်းမှ ကူညီနိုင်ပုံရပါတယ်။ ရုံးဆင်းချိန်မှာစာရွက်စာ

တမ်းတွေ ထည့် ထားတဲ့ ကြိမ်ပန်းတစ်ခုကို သယ်လာတဲ့ သူ့ရဲ့တပည့်နှင့်အတူ အဖေ ကား ပေါ်က ဆင်းလာတဲ့ ပုံသဏ္ဌာန်ကို အခုအချိန်အထိ မှတ်မိကာမြင်ယောင်နေပါသေးတယ်။ တတိယဘကြီးဖြစ်တဲ့ ဦးလှကဟင်္သာတဒီ

စတြိတ်ကောင်စီ အတွင်းရေးမှူး အလုပ်ရပြီး အဲဒီမှာပဲ အိမ်ထောင်ကျပါတယ်။

           အဖေ့ညီ ဦးဘဦးကတော့ တစ်မိပေါက် တစ်ယောက်ထွန်းလို့ ပြော ရမယ့်သူ။ သူက နိုင်ငံရေး စိတ်ဝင်စားတယ်။ အလွန်စိတ်ဆတ်တယ်။ ဒေါက် တာဘမော်ရဲ့ နိုင်ငံရေးပါတီက အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်ဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ ပထမဆုံးကျောင်းသား သပိတ်မှာ ဦးဆောင်ခဲ့သူကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ဦးဖြစ်တယ်။ရွှေတိဂုံဘုရားရင်ပြင်တော်စနေထောင့်

မှာသူနဲ့တကွကျောင်းသားခေါင်းဆောင်တွေရဲ့အမည်များကို ကမ္ပည်းရေးထိုးထားတဲ့ ကျောက်စာတိုင်

တစ်ခု စိုက်ထူထားပါတယ်။ ဦးလေးဦးဘဦးက ဆိပ်ကမ်းအာဏာပိုင်ရုံးမှာ အလုပ်ရ တယ်။တကယ်တော့ ဒီအလုပ်ကို ဥရောပတိုက်သားတွေကိုသာ ပေးလေ့ရှိ တာပါ။အာရှတိုက်သားတွေကိုအထင်အမြင်သေးတဲ့ မျက်နှာဖြူအရာရှိတွေနဲ့အတူတွဲပြီးလုပ်ရတော့အဲဒီအလုပ်မှာတစ်လပဲခံပါတယ်။ ဗမာကိုနှိမ့်ချဆက်ဆံ

တတ်တဲ့ သူ့ရဲ့အထက်အရာရှိကို လက်သီးနဲ့ ဆွဲထိုးတဲ့အတွက် အလုပ်ထုတ်ခံရတာ ဖြစ်တယ်။ နောက်တော့ ဦးလေးဦးဘဦးဟာ ကြိုတင်ရည်ရွယ်ချက်မရှိဘဲ ပြည်မြို့မှာ အင်္ဂလိပ်-မြန်မာအထက်တန်း ကျောင်းအုပ်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့တယ်။ ကျောင်းဆရာမို့ငွေကြေးမချမ်းသာပေမယ့်သူ့တပည့်အများအပြား အနာဂတ်မြန်မာနိုင်ငံကို ဦးဆောင်ဦးရွက်ပြု ကြတဲ့ နိုင်ငံရေးသမားတွေ ဖြစ်လာကြတာကို ကျေနပ်အားရပြီး သူ့ဘဝနဲ့ သူ ပျော်မွေ့နေသူဖြစ်တယ်။ သူ့ဇနီးကလည်း ရန်ကုန်တက္ကသိုလ် ကျောင်းသူ တစ်ယောက်ပါ။ ၁၉၂ဝ ခုနှစ်အချိန်မှာ ဘွဲ့ရအမျိုးသမီးဆိုတာ ရှားရှားပါးပါး တွေ့ရခဲပါဘိခြင်း။ 

          အဖေရဲ့ အစ်ကိုအကြီးဆုံး ကိုယ်ရဲ့ ဘကြီးဝတ်လုံတော်ရကတော့ ထောင်ထောင်မောင်းမောင်းနဲ့ ဥပဓိရုပ် အလွန်ကောင်းတယ်။ အင်္ဂလန်မှာ အိမ်ထောင်ကျခဲ့ပေမယ့် သူ မြန်မာပြည်ပြန်တော့ ယောင်နောက်ဆံထုံးမပါ နိုင်တဲ့ဘိုမကိုကွာရှင်းခဲ့ရတယ်။ ဘိုမနဲ့ကွာရှင်းပြတ်စဲရတာဘကြီးတစ်ယောက်မွဲပြာကျသွားအောင်ငွေကုန်ကြေး

ကျ များလှပါတယ်။ အဲဒီလိုအခြေ အနေဆိုက်သွားတဲ့ ဘကြီးဟာ မိသားစုရဲ့ အခက်အခဲ၊ အကျပ်အတည်းတွေ ကို ဘယ်လိုမှဝင်မကူနိုင်ခဲ့ဘူး။ ဘကြီးကလည်း အဖေ့ကို သံယောဇဉ်ရှိတယ်။ တစ်နေ့မှာတော့ မြန်မာနန်းဆက်ရဲ့ နောက်ဆုံးဘုရင် သီပေါမင်းရဲ့ တတိယ သမီးတော်က မင်းမျိုးမင်းနွယ် သူ့ရဲ့ ခင်ပွန်းသည်နဲ့ ကွာရှင်းပြတ်စဲချင်တဲ့ အတွက်ဘကြီးထံအမှုအပ်ဖို့ရောက်လာတယ်။ ကွာရှင်းပြတ်စဲတဲ့ကိစ္စပြီးစီးတဲ့အခါမှာဘကြီးက ထိပ်စုမြတ်ဘုရား

ဆိုတဲ့ သီပေါမင်းရဲ့ သမီးတော်နဲ့ လက်ဆက်ခဲ့ပါတယ်။ အဲဒီမှာ သူရဲ့ ဘဝ အလှည့်အပြောင်းဖြစ်သွားပြန်ပါ ရော။ နန်းကျဘုရင်ရဲ့ သမီးတော်ဖြစ်တဲ့အတွက် ဗြိတိသျှအစိုးရက လစဉ် ထောက်ပံ့ကြေးငွေ ၁,၂ဝဝိ/- ချီးမြှင့်တဲ့အပြင် ရန်ကုန်မှာ အိမ်တစ်လုံး၊ နွေရာသီမှာ အပန်းဖြေဖို့ မေမြို့မှာ အိမ်တစ်လုံးရတယ်။ ယာဉ်မောင်းနဲ့ တကွ ထီးနန်းသင်္ကေတ ဒေါင်းအလံလွှင့်ထူထားတဲ့ မော်တော်ယာဉ်တစ်စီး လည်း ရတယ်။ သမီးတော်တစ်ပါးကလည်း လစဉ်ထောက်ပံ့ငွေ ၈ဝဝိ/ရတယ်။ အိမ်မှာလည်း ထမင်းချက်၊ ရံရွေတော်၊ အခိုင်းအစေ အစရှိတဲ့ အခြွေအရံများပါ ထားရှိပေးတဲ့အတွက် ဘကြီးဟာ ဝတ်လုံတော်ရအလုပ်ကို ပင် လုပ်စရာမလိုတော့ဘဲ အေးအေးဆေးဆေး သက်သောင့်သက်သာနဲ့ တစ်သက်လုံး စည်းစိမ်ခံစားကာ နေသွားခဲ့ရပါတယ်။

         

ဘဝလောကဓံ(A Turbulent Life)

ဒုတိယကမ္ဘာစစ် မတိုင်မီ ကျောင်းသားဘဝ

          ကိုယ်ကရန်ကုန်မှာရှိတဲ့Diocesanယောက်ျားလေးအထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့တာဖြစ်

ပါတယ်။ ယောက်ျားလေးကျောင်း ဖြစ်တဲ့အတိုင်း မကြာခဏ အရိုက်ခံရတယ်။ ကျောင်းစည်းကမ်းချိုးဖောက် မိခဲ့လျှင်တော့ ဘယ်လောက်သေးမွှားတဲ့ အပြစ်ပဲဖြစ်ဖြစ် အနည်းဆုံး ကြိမ် ဒဏ်(၆)ချက်ပဲ။ ပထမတန်းမှ ၅ တန်းအထိ “တီချာ”လို့ခေါ်ရတဲ့ ဆရာမတွေ က သင်ပြတာဖြစ်ပြီး (၆)တန်းနှစ်မှစပြီး အမျိုးသားဆရာတွေ သင်ပြပေးကြ တာဖြစ်ပါတယ်။ အဲဒီဆရာတွေကိုတော့ ကျွန်တော်တို့က “မာစတာ” လို့ ခေါ်ကြရတယ်။ ယောက်ျားလေးကျောင်း ဖြစ်တဲ့အတိုင်း သူတစ်ပြန် ကိုယ် တစ်ပြန် လက်ဦးလျှင် ဦးသလို ခပ်ကြမ်းကြမ်း အနိုင်ကျင့် ဆက်ဆံကြလေ့ရှိတယ်။ တကယ့်ကိုအပူအပင်ကင်းမဲ့တဲ့ကလေးဘဝပါ။ ကိုယ်က အဆောင်ကျောင်း

သား မဟုတ်ပါဘူး။ ဘကြီး ဦးလှဘူးရဲ့ ကားနဲ့ နေ့စဉ် ကျောင်းတက်ရတယ်။ ၁၉၃၇ ခုနှစ် ကုလား-ဗမာ အရေး အခင်းဖြစ်ပွားစဉ်ကအတွေ့အကြုံတစ်ခုကို အခုထက်ထိ ကောင်းကောင်းမှတ်မိနေပါသေးတယ်။ ကိုယ်တို့မောင်

နှမတစ်တွေ ကားနဲ့ ကျောင်းအသွား တိရစ္ဆာန်ဥယျာဉ်နားမှာ ဓားတဝင့်ဝင့်နဲ့ မြန်မာလူအုပ်ကြီးက ကားကို တား တယ်။ ကိုယ်တို့အားလုံးကြောက်လွန်းလို့ တုန်နေကြပြီ။ အစ်မတွေဆိုရင် ငိုနေကြပြီ။ ကားသမားရော ကိုယ်တို့ပါ ကားပေါ်ရှိလူအားလုံးကို အောက် ဆင်းခိုင်းကာ စစ်ဆေးပြီးလို့ အကုန်လုံး ဗမာတွေမှန်းသိမှ ဆက်သွားခွင့်ရ တာ။ အဲဒီအချိန်တုန်းက သူတို့ဟာ ကုလားဆိုလျှင် နုတ်နုတ်စင်းပြီး အသေ သတ်ကြမယ့် လူတွေ။

 

ကမ္ဘာစစ်ကြီး မြန်မာပြည်သို့ ရောက်ပြီ

          ၁၉၄၁ခုနှစ်၊ဒီဇင်ဘာလ(၇)ရက်၊တနင်္ဂနွေနေ့မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်ကိုလည်းမှတ်မိနေပါသေး

တယ်။ ကိုယ်က အိပ်ရာမှထပြီး အိမ်ရှေ့ ဆင်ဝင်မှာရောက်နေတဲ့ ရန်ကုန်ဂေဇက်သတင်းစာကို သွားကောက်တော့“ဂျပန်လေယာဉ်တွေကပုလဲဆိပ်ကမ်းကိုဗုံးကြဲတိုက်ခိုက်ခြင်း”ဆိုတဲ့မျက်နှာဖုံးသတင်းခေါင်းစဉ်ကို အခုထက်ထိတောင် မှတ်မိသေးတယ်။ ကိုယ်အဖေနဲ့ သူ့ညီ ဦးဘဦးအပါအဝင် စိတ်တူကိုယ်တူ သူငယ်ချင်းတစ်စုစနေနေ့ဝက်ရုံးပိတ်ချိန်ကစပြီးဖဲကစားကြတာတနင်္ဂနွေညနေဘက်ရောက်မှဝိုင်းသိမ်းလေ့ရှိတယ်။ ပြည်မြို့ အင်္ဂလိပ်-မြန်မာ အထက်တန်းကျောင်းက ကျောင်းအုပ် ဆရာကြီးဖြစ်တဲ့ ကိုယ့်ဦးလေး ဦးဘဦးဟာ အဲဒီသတင်းဖတ်ပြီးတာနဲ့ ဒေါပွပြီး သတင်းစာကို အဖေ့ဆီ လက်ဆင့်ကမ်းလိုက်တယ်။ သူကတော့ ဖဲဝိုင်းမှ ထပြီး သူ့ကားနဲ့ပြည်မြို့ကိုချက်ချင်းပြန်သွားတယ်။ဦးလေးကဒီအချိန်ကိုစောင့်နေတဲ့သူကိုး။မြန်မာ့လွတ်လပ်ရေးတိုက်ပွဲအတွက် အသင့်ပြင်ကြရန် သူ့ရဲ့ တပည့် ကျောင်းသားတွေကို အချက်ပြဖို့ အချိန်ရောက်ပြီတဲ့။

          ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ဂျပန်လေတပ်မတော်ကရန်ကုန်မြို့ကိုစိစိညက်ညက်ကြေအောင်ဗုံးကြဲခဲ့ကြတယ်။ ကိုယ်တို့ကကန်တော်ကြီးနားမှာနေတာ။ဆိပ်ကမ်းနဲ့မီးရထားဘူတာကြီးပေါ်ကိုဗုံးကြဲကြတာ။ဂျပန်လေယာဉ်တွေနဲ့ မင်္ဂလာဒုံလေဆိပ်မှာ အခြေချပြီး တရုတ်ပြည်ဘက်သွားမယ့် အမေရိကန် အပျော်တမ်းအုပ်စုမှ လေယာဉ်တွေ သူသေကိုယ်ကျေအနီးကပ်ကောင်းကင်တိုက်ပွဲဆင်နွှဲကြပုံကိုအသေးစိတ်တွေ့မြင်ခဲ့ရတယ်။အမေရိကန်တွေဘက်က လေယာဉ်အနည်းငယ်သာ ဆုံးရှုံးပြီး ဂျပန်လေယာဉ် အများအပြား ပစ်ချခံရတယ်။ ပထမဆုံးဗုံးကြဲတဲ့နေ့က ရန်ကုန်ဆိပ်ကမ်းမှာ ကုလားကူလီ (၅,၀၀၀)ကျော် သေကျေလို့ အလောင်းတွေကိုတာမွေသုဿန်မှာသင်္ဂြိုဟ်တော့ မီးခိုးနဲ့ မျှော်နံ့တွေ ကိုယ်တို့နေတဲ့ ရပ်ကွက်အထိ ပျံ့လွင့်လာတာကိုလည်း မှတ်မိနေပါသေးတယ်။ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ဒုတိယအကြိမ် ဗုံးကြဲတယ်။ သေဆုံးတဲ့သူအများစုဟာ ရန်ကုန်မှာ အလုပ် ကြမ်းလုပ်နေကြတဲ့ ကုလားဆင်းရဲသားတွေပါပဲ။

 

ဂျပန်ခေတ်မှာ နေထိုင်ခဲ့ရပုံ ၊

          ကိုယ်မှတ်မိတဲ့ နောက်အဖြစ်အပျက်တစ်ခုကတော့ ၁၉၄၂ ခုနှစ်၊ မတ်လအတွင်း ညအချိန်မှာ ရန်ကုန်ကို RAF (ဘုရင့်လေတပ်မတော်)က ဗုံးကြဲတော့ ကိုယ်တို့မိသားစုတွေ ရထားတစ်တန် ကားတစ်တန်နဲ့ မြစ်ဝကျွန်း

ပေါ်မြို့လေးတစ်မြို့ဖြစ်တဲ့ ဟင်္သာတကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်။ ရန်ကုန်မြို့ကို ဂျပန်တွေသိမ်းပြီးမှ ရွက်လှေကြီးနဲ့ ပြန်လာခဲ့ကြတာဖြစ်တယ်။ ကိုယ်ကတော့ ပူပင်ရမှန်း မသိသေးတဲ့ ကလေးအရွယ်မို့ကိုယ့်မိဘတွေ ရန်ကုန်မှာ ကျန်ရစ်တဲ့ လူတချို့ထံ ယုံကြည်အပ်နှံထားခဲ့သမျှ ပစ္စည်းဥစ္စာ အားလုံးနီးနီး လက်လွှတ်ဆုံးရှုံးရတဲ့ အကြောင်းတွေကို ကောင်းကောင်း မသိနားမလည်ခဲ့ပါ။ စုဆောင်းသိုမှီးထားသမျှ ဗြုန်းစားကြီး ပြုတ်ပြုတ်ပြုန်း သွားတော့ အိမ်ဖော်တွေဘာတွေ မထားနိုင်တော့ဘဲ အိမ်မှုကိစ္စ ဗာဟီရတွေ ကို ကိုယ်တိုင်ဝင်လုပ်ကြရတာပေါ့။ ခြိုးခြိုးခြံခြံ၊ ချွေချွေတာတာ နေထိုင်စားသောက်ကြရတယ်။ ကိုယ်နဲ့ ကိုယ့်ညီကစိတ်လိုလက်ရအရပ်ထဲမှာသစ်သီး လှည့်လည်ရောင်းခဲ့ကြဖူးတယ်။ အဲဒီတုန်းက အမြဲလိုလိုဆာလောင်မွတ်သိပ်နေတာကလွဲလို့ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်လို့ ဖြစ်နေမှန်း ကောင်းကောင်းနားမလည်နိုင်ဘဲ ယောင်ဝါးဝါး ဖြစ်နေပါတယ်။ လမ်းဘေးက တဲ တစ်လုံးမှာသစ်သီးနဲ့ကုန်ခြောက်တွေရောင်းချခဲ့ရဖူးတာကိုလည်းမှတ်မိပါသေးတယ်။မိဘတွေကျပ်ကျပ်တည်းတည်း ပင်ပင်ပန်းပန်းနေကြရပေမယ့် ကိုယ်ကတော့ တာဝန်မရှိတဲ့ ကလေးငယ်တို့ရဲ့ ဘာသာဘာဝ ပြေးလွှားဆော့ ကစား ပျော်ပါးနေခဲ့တာပါပဲ။ ဂျပန်စစ်တပ်က ဖွင့်တဲ့ ဂျပန် စကားပြော သင်တန်း တစ်နှစ်တက်ပြီးတဲ့အခါ အောင်လက်မှတ်ရရှိလို့ ကြုံရင်ကြုံသလို ဂျပန်စကားပြန် အလုပ်လုပ်ရတဲ့အခါ ပိုက်ဆံနည်းနည်းပါးပါး ရပါတယ်။ ကိုယ်ကတော့ ဂျပန်စစ်သားတွေနဲ့ အဆင်ပြေတယ်။ကိုယ့်ရဲ့ အသားအရေ ကလည်း ဂျပန်နဲ့ ခပ်ဆင်ဆင်မို့ သူတို့က ကိုယ့်ကို “ဘို့ချန်” (လူကလေး)လို့ ခေါ်ကြတယ်။

          ဂျပန်ခေတ်မှာနောက်ထပ်မှတ်မိတာတစ်ခုကတော့အဖေရဲ့အစ်ကိုကြီးအရေးကိစ္စတွေဖြေရှင်းပေးဖို့အတွက် အဖေနဲ့အတူ အညာဒေသ စစ်ကိုင်းကိုသွားခဲ့တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ဘကြီး ဝတ်လုံတော်ရဦးမြဦးဟာ ကျေးရွာလေးတစ်ရွာမှာအသည်းရောင်အသားဝါရောဂါဖြစ်ပြီးကွယ်လွန်သွားတော့ကျန်ရစ်သူဇနီးသည်ထိပ်စုမြတ်ဘုရားအနေနဲ့လည်းပြဿနာတွေဖြေရှင်းပေးဖို့အကူအညီလိုတာပေါ့။နာတာရှည်ရောဂါကုသဖို့ဆေးကောင်းဝါးကောင်းတွေ ရှားပါးလှတဲ့ အချိန်အခါဖြစ်တဲ့အတိုင်း ဘကြီး

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)