Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ဒဂုန်ဦးထွန်းမြင့် - ယဥ်ကျေးလိမ္မာမင်္ဂလာကဗျာများ

Regular price 600 MMK
Regular price Sale price 600 MMK
Sale Sold out

ပဏာမနှင့်ဆုတောင်း

          မဟာပရမေ၊ ငါးရန်ခွေလျက်၊ ကိုးထွေဂုဏ်။ အရဟံထွတ်ချာ၊ မဟာသမ္ဗုဒ္ဓ၊ ဉာဏပွင့်ဝါ၊ ဝိဇ္ဇာ စရဏ၊ သမ္ပန္နဟု၊ တေဇပြန့်ပြော၊ သုဂတောနှင့်၊လောကဝိဒူ၊ ပြိုင်သူဝေးဆုတ်၊ အနုတ္တရ၊ လူထိုမျှကို၊ ဆုံးမနိုင်စွာ၊ လိမ္မာတတ်ကြူး၊ လှည်းယာဉ်မှူးဟု၊ အထူးမှတ်ရ၊ ပုရိသ ဒမ္မသာရထိ၊ ကျော်ရှိန်ညိ၏၊ ဒိဋ္ဌိ မာန၊ ပါပမြှေးထူ၊ နတ်နှင့်လူကို၊ သုံးဆူဝဋ်မှ၊ ကင်း လွတ်ထအောင်၊ ဟောပြတတ်စွာ၊ သတ္တာပညတ်၊ လေးရပ်သစ္စာ၊ စိတ်ဖြာဖော်ပြ၊ ဗုဒ္ဓမည်သာ၊ ဘုန်း ခြောက်ဖြာကြောင့်၊ ဘဂဝါဟူသည်၊ အတည်တည် ဖြင့်၊ ရောင်ခြည်ထောင်ပြည့်၊ ဝန်းဝန်းလှည့်သို့၊ နှိုင်းယှည့်ဖက်ကင်း၊ မင်းမင်းအထွတ်၊ နတ်နတ်အခြာ၊ ဗြဟ္မာမာတို့၊ ရတနာရောင်ဝှန်၊ မြတ်တံခွန်၏၊ စက် မွန်နှစ်စုံ၊ ထီးဖြူရုံကို၊ ထိပ်အုံကာမိုး၊ ရှိရွယ်ခိုး၏။ ကိုးနှင့်ခြောက်သွယ်၊ အန္တရာယ်လည်း၊ ပျောက်ပြယ် ရှင်းလျက်၊ ရာသက်ရိပ်ငြိမ်၊ စည်းစိမ်ချမ်းသာ၊ ပညာ, ဗလ၊ ယသ,ကိတ္တိ၊ သမ္ပတ္တိနှင့်၊ သိဒ္ဓိလာဘ၊ မြိတ္တဝရံ၊ သုခံဘောဂ၊ တေဇဇေယျာ၊ စိန္တာမယ၊ ဣဋ္ဌဖလံ၊ စက္ကံ သီရိ၊ ဣဒ္ဓိဝဏ္ဏ၊ ပါမောက္ခဟု၊ ကုသလရှိန်စော်၊ အာနုဘော်သည်။ ။ နှိုင်းလျော်ရွှေလ တူစေသောဝ်။

မင်္ဂလာနိဒါန်း

          ရတနာထွတ်ခေါင်၊ မိတည်းနောင်သည်၊ ရွှေ ညောင်ဗုဒ္ဓဟေ၊ ပလ္လင်ဗွေ၌၊ သုံးထွေမဂ်ဉာဏ်၊ လေး တန်သစ္စာ၊ ငါးဖြာမာရ်အောင်၊ ခြောက်ရောင်လင်းချဲ့၊ ရန်မျိုးဖဲ့လျက်၊ လေးဆယ့်ငါးဝါ၊ ဒီဃာယုကျော်၊ ရှစ် ဆယ်မျှော်က၊ ပြည်ကျော်သာယာ၊ ကုသိနာ၌၊ မင်္ဂလာစုပုံ၊ အင်ကြင်းစုံက၊ ရွှေဘုံသာခန်း၊ အမြိုက် နန်းကို၊ စံမြန်းသည့်နောက်၊ လေးလမြောက်တွင်၊ ပြိုင်ထောက်မခို၊ ရာဇဂြိုဟ်၏၊ နဂိုအရှေ့၊ လကျော် ကွေ့တွင်၊ မြို့ မှောင်မှောင်၊ စိမ်းလဲ့မှောင်သား၊ တောင်ဝေဘာရ၊ ပဗ္ဗတ၌၊ ရတနာ့အတိ၊ ဝင်းဝင်း ညီမျှ၊ မဏိရောင်လျှပ်၊ ရွှေမဏ္ဍပ်ဝယ်၊ ချယ်တပ်မျက် ရှင်၊ ရွှေပလ္လင်ထက်၊ ရွှေဆင်စွယ်ယပ်၊ သုံးသပ်ကိုင် နေ၊ ဣန္ဒြေတည်စွာ၊ အာနန္ဒာအား၊ မဟာကဿပ၊ ရွှေနှုတ်ဟ၍၊ မင်္ဂလသုတ္တန်၊ ထူးမြတ်လွန်ကို၊ ဘဂ ဝန်မြတ်စွာ၊ ဘယ်အခါတွင်၊ ဘယ်ရွာဘယ်မြို့၊ ဘယ် သူတို့က၊ ဘယ်သို့မေးလာ၊ ဘယ်ခြင်းရာဖြင့်၊ အခါ နေ့ည၊ ဟောလေရဟု၊ ထင်ပြသိလို၊ မေးမိန့်ဆို သည်။ ။ သံချိုဝေဝေ ရွှန်းရွှန်းတည်း။

          မြတ်ရဟန္တာ၊ ရံငါးရာနှင့်၊ ရှင်မဟာကဿပ၊ ပုစ္ဆာပြသော်၊ ဘုရာ့ညီမွန်၊ ရှင်အာနန်က၊ တုံ့ပြန် စကား၊ မှတ်သားစွဲဝိုက်၊ ကျွန်ကြားလိုက်၏၊ မှတ် ပိုက်ဆောင်ထ၊ သမယကား၊ လောကတံခွန်၊ မြတ် ဆုံးစွန်သည်၊ အလွန်သာလှ၊ ကောသလဟု၊ ရဋ္ဌသီရိ၊ သာဝတ္တိ၌၊ ပြည်ကြီးလက္ခဏာ၊ ကြွယ်ဝစွာသား၊ အနာထပိဏ်၊ ကျော်ရှိန်ထွန်းတောက်၊ တည်ထားဆောက်သား၊ ရွှေကျောက်ရောင်ဝှန်၊ ဇေတဝန်၌၊ လေးတန်ယာပိုက်၊ နေသောကြိုက်တွင်၊ ဆူလှိုက်ဂုဏ် အင်၊ မထင်မပေါ်၊ မကျော်စောလှ၊ သုခသမ္ပတ်၊ စည်း စိမ်မြတ်နှင့်၊ အညတရ၊ နတ်ဒေဝကို၊ မာဃစေဟန်၊ နတ်တမန်လည်း၊ ညဉ့်သန်ကောင်၊ ဆင်း၍လာ လျှင်၊ ကိုယ်ဝါကိုယ်ရောင်၊ ဝင်းဝင်းပြောင်သော်၊ မှောင်ပျောက်၍ကွာ၊ ရတနာစံလှော်၊ ကျောင်းတော်အလုံး၊ ရွှေရောင်ဖုံး၏၊ ရွှေတုံးတူယောင်၊ ထိုနတ်မောင်လည်း၊ ဘုန်းခေါင်ရှိရာ၊ ခြောက်ဖြာပြစ်လွန်၊ ဧကမန်က၊ ထိပ်စွန်အချာ၊ ရိုသေစွာဖြင့်၊ ငါးဖြာ အဉ္စလီ၊ လက်အုပ်ချီ၍၊ ပီပီသသ၊ ထိုဗန္ဓကား၊ တတြ ပကာရာ၊ မည်ထိုက်စွာအောင်၊ ဂါထာသံချို၊ ရွတ်ဆို ပုစ္ဆာ၊ မေးလျှောက်လာသည်။ ။ မျက်နှာရွှင်ရွှင် လန်းလန်းတည်း။

          သိရီပရက္ကမ၊ ယသဓမ္မော်၊ ထင်ပေါ်ကောင်း ဟိတ်၊ ဣဿရိယ၊ ကာမဟူသည်၊ ခြောက်ဆူတံခွန်၊ ဘုန်းတော်ချွန်သား၊ ဘဂဝန်မြတ်စွာ၊ စောထွတ်ချာ... များစွာနတ်လူ၊ မျိုးလေးဆူတို့၊ စင်ဖြူအသွင်၊ သန့်စင်ကဲလွန်၊ နောက်မပြန်သား၊ နိဗ္ဗာန်ခေမာ၊ ပြည်ချမ်းသာကို၊ လိုပါသဖြင့်၊ မြတ်မြင့်ရာရာ၊ မင်္ဂလာ အပြား၊ အပါးပါးကို၊ ဉာဏ်အားကိုးကာ၊ ကြံ ကြပါသည်၊ ဆယ့်နှစ်ခါမည်။ နှစ်ပေါင်းလည်ပြီ၊ စိတ် ကြည်ညိုရာ၊ သဒ္ဓါခိုင်ခိုင်၊ မကြံနိုင်ခဲ့၊ ငါးဆိုင်ရန်နှင့်၊ ထွတ်သခင်သည်၊ ထိုမင်္ဂလာ၊ မြတ်လှစွာကို၊ ဟောပါ စေချင်၊ ရှိဦးတင်သည်။ ။ စုံလင်ကျယ်ကျယ် ဝန်းဝန်းတည်း။

          ဤသို့လျှောက်လျှင်၊ သုံးလူ့ရှင်လည်း၊ ရှစ်အင် စုံညီ၊ သံတော်ချီ၍၊ ရွှေသီဟထုံး၊ မသုံးသပ်လှ၊ စိတ် က မငြိ၊ ရွှင်ပီတိဖြင့်၊ မိန့်ရှိသည်မှာ