Skip to product information
1 of 3

Other Websites

ဒဂုန်ရွှေမျှား -‌ ဟောမုန်းပင်နှင့်ထူးထူးခြားခြား၀တ္ထုတိုများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ရှင်ကြီးတစ်ဖက်ကျားကြီးတစ်ဖက်

ဆရာဝန်ကြီး ဦးသာဒင်သည် တစ်စုံတစ်ခုသော အကြောင်းကြောင့်  အစိုးရအလုပ်မှ နုတ်ထွက်ခဲ့ပြီးလျှင် မဂိုလမ်း၌ ကုမ္မာရီဆေးတိုက်ဟူသော အမည်ဖြင့် ဆေးဆိုင်တစ်ဆိုင်ဖွင့်ကာ နေထိုင်ခဲ့လေသည်။ အထူးသဖြင့် မိန်းမ များတွင် ဖြစ်တတ်သည့်ရောဂါများနှင့် ပတ်သက်၍ ကုသရာတွင် ဦးသာဒင် သည် ထူးချွန်သူတစ်ယောက်ဖြစ်သည့်အတိုင်း လူနာများမှာလည်း ယောက်ျား ထက်မိန်းမများကပို၍များပြား၏။လက်ထောက်ဆေးဆရာမနှစ်ယောက်တို့ပင် လက်မလည်နိုင်အောင် ရှိနေခဲ့လေသည်။

ယခုခေတ်တွင် ဆေးဆရာဝန်ခ၊ ဆေးထိုးခနှင့် ဆေးဖိုးဝါးခကလည်း မနည်းလှသဖြင့် အချို့ဆင်းရဲနွမ်းပါးသော အမျိုးသမီးများသည် ဆေးဖိုးဝါးခ လုံလောက်အောင် မပေးနိုင်သောအခါ မိမိတို့ကိုယ်ကိုဗန်ပြလျက် ဆရာဝန်နှင့် ရင်းနီးသည်ထက် ရင်းနှီးအောင် ကြံစည်တတ်ကြ၏။ ထိုအခါ နဂိုကပင် ဆင်းရဲ သားများအပေါ်၌ တတ်နိုင်သမျှ လိုက်လျောစဉ်ဝတ္တရားရှိသော ဆရာဝန်များမှာ မတို့၏ ပိုက်ကွန်အတွင်းသို့  ကျ‌ေ၇ာက်မှန်းမသိ သက်ဆင်း ကျရောက်တတ်ကြလေသည်။

ဤသို့ဖြင့် အချို့ဆရာဝန်များမှာ ဆေးဝါးခမရရုံမျှမက မိမိတို့အိတ်ထဲမှပင် နောက်ထပ်လိုက်ကြရသေး၏။ ဦးသာဒင်မှာ မိန်းမတို့တွင် ဖြစ်တတ်သည့် ရောဂါများကို ကုသရာတွင် အထူးနာမည်ရသူဖြစ်သဖြင့် ယောက်ျားလူနာ များထက် မိန်းမလူနာများအား ပို၍ဆက်ဆံခဲ့ရဓလရာ ယခုရေးသားဖော်ပြသ ကဲ့သို့ မိမိအိတ်ထဲမှ နောက်ထပ်လိုက်ရသော အမှုများလည်။ မနည်းလှတော့ချေ။

ဦးသာဒင်၌ကြို့ကုန်းဘူတာနှင့် မနီးမဝေးတွင်စစ်မဖြစ်မီကဝယ်ထားသော အိမ်ကလေးတစ်ဆောင်နှင့် ခြံကြီးတစ်ခြံရှိရာ ဆေးဆိုင်ပိတ်သော တနင်္ဂနွေ နေ့ များ၌ အလုပ်မှအပန်းသည့်သဘောဖြင့် ပျော်ပျော်ပါးပါးအေးအေးချမ်း ချမ်း သွားရောက်လေ့ရှိ၏။ ဆရာဝန်ကတော်မှာတစ်ခါတစ်ရံမှသာခြံထဲသို့ ၎င်း နှင့်အတူ လိုက်ပါလာတက်သဖြင့် ဦးသာဒင်သည် ဆရာဝန်ကတော် လိုက်ပါ မလာသော နေ့များတွင် အရက်ကလေးတမြမြဖြင့် တစ်နေ့လုံးအချိန်ဖြုန်း၍ နေတတ်လေသည်။ ထိုအခါမျိုး၌ ဦးသာဒင်၏ လူယုံကြီးခြံစောင့်ဖြစ်သူ မောင် မိုးက ချက်ပြုတ်ခြင်း၊ ပြင်ဆင်တည်ခင်းခြင်းမှစ၍ နောက်ဆုံးအရက်ပုလင်းကို ငှဲ့ပေးသည့်အထိ ဝတ်ကြီးဝတ်ငယ်ပြုရ၏။ ထိုအခါမျိုး၌ ဦးသာဒင်မှာ ည၌ ၉ နာရီ ၁ဝ နာရီအထိ နေတတ်လေရာ တပည့်ကျော်မောင်မိုး၏ အကူအညီ ဖြင့် မိမိ၏လူနာဟောင်းဖြစ်ခဲ့ဖူးသော အမျိုးသမီးချောလေးများနှင့်လည်း ရံဖန် ရံခါ တွေ့ဆုံတတ်လေသည်။ မောင်မိုးမှာ ဦးသာဒင်၏ ခြံခတင့်ပင် ဖြစ်စေ ကာပူ မိုက်ဂုဏ်ဖြင့် ရွာထဲတွင် အတော်အတန်ဩဇာညောင်းသူတစ်ယောက် ဖြစ်သည့်အပြင် ဤအရာမျိုး၌လည်းကောင်းစွာ ကျွမ်းကျင်သူဖြစ်၏။ ဤသို့ဖြင့် မောင်မိုးမှာ ဦးသာဒင်ဘက်မှ နှုတ်ပိတ်ခအနေဖြင့် ဘောက်ဆူးများရရှိခြင်း၊ အမျိုးသမီးများဘက်မှလည်း ထိုက်သင့်သော ဆုလာဘ်များရရှိခြင်းများဖြင့် အတော်ပင် အစားချောင်ပြီးလျှင် တစ်ခါတစ်ရံ မြင်းပွဲများသို့ပင် သွားနိုင်ခဲ့လေ သည်။

ဆရာဝန်တို့မည်သည် အကုအသကောင်းရုံသာမဟုတ် လူနာများအပေါ် တွင် ပြေပြစ်စွာဆက်ဆံမှု၊ သနားကရုဏာထားမှု၊ အကျင့်စာရိတ္တကောင်းမှုတို့ ကလည်း လိုအပ်လှပေ၏။ သာမန်ဆရာဝန်တစ်ယောက်ပင်ဖြစ်သော်လည်း လူနာများအပေါ်တွင် ဆက်ဆံမှုပြေပြစ်၍ အကျင့်စာရိတ္တကောင်းမွန်က တစ်နေ့ တခြား ကျော်ကြား၍ လာတတ်လေသည်။ ဦးသာဒင်မှာ ဆေးဝါးကုသရာတွင် အတော်အတန် လက်စွမ်းထက်သည်မှန်သော်လည်း မတို့နှင့် ရောနှောဆက် ဆံလွန်းလှသဖြင့် အလုပ်မှာ တစ်နေ့တခြား ကျဆင်းနေပြီးလျှင် တိုက်ခန်းခ ၁၀၀၀ ကျပ်ကိုလည်းကောင်း၊ အလုပ်သမားများအတွက် တစ်လခ လစာငွေကို လည်းကောင်း မပေးနိုင်သောအခြေသို့ပင် ရောက်ရှိနေလေပြီ။ 

တစ်နေ့သော ည၇နာရီကျော်ကျော်အချိန်လောက်၌ ဦးသာဒင်သည် အိမ် ကလေးအတွင်းရှိ စားပွဲကလေးတွင်ထိုင်ကာ လက်ထဲတွင် ကိုင်ထားသော စီး ကရက်ကို တစ်ချက်မျှ ပြင်းထန်စွာ ရှူရှိုက်လိုက်ပြီးနောက် ပြာများကို ငွေလင် ပန်းကလေးထဲသို့ ခြွေ၍ချလိုက်၏။ ကိုမိုးက မျက်နှာချင်းဆိုင်ဘက်ရှိ ကုလား ထိုင်တွင်ထိုင်ကာ ဦးသာဒင်ရှေ့ရှိ ဖန်ခွက်ထဲသို့ အရက်များထည့်ပေးလေသည်။ ဤကဲ့သို့ အရက်ငှဲ့ပေးနေရာမှ ဦးသာဒင်၏ မျက်နှာကိုမရဲတရဲ ကြည့်လိုက်၏။ ဦးသာဒင်လည်း ဖျတ်ခနဲကြည့်လိုက်ပြီးလျှင် သောက်လက်စစီးကရက်တိုကို ငွေလင်ပန်းထဲသို့ ထည့်ကာလက်သုံးချောင်းဖြင့် ဖိ၍ပွတ်ချေလိုက်သည်။

ခေတ္တမျှနှစ်ယောက်စလုံး စကားမပြောဘဲ တိတ်ဆိတ်လျက်ရှိ၏။ သို့ရှိစဉ် မောင်မိုးသည် ဦးသာဒင်အား အကဲခတ်သကဲ့သို့ ခေါင်းငုံ့နေရာမှ မျက်လုံးကို အနည်းငယ်လှန်၍ကြည့်လိုက်ပြန်လေသည်။

“ဘာလဲကွယ့်၊ ဘာပြောချင်လို့လဲမောင်မိုး “ကျွန်... ကျွန်တော် ငွေနည်းနည်း ...” “အေးလ၊ ငါသိပါတယ်။ တနင်္ဂနွေနေ့ညဆိုတော့ အပေါင်းအဖော်နဲ့ သောက်ဖို့လိုပြန်ပြီ ဆိုပါတော့မင်းပြောရင် ငွေအကြောင်းပဲ မဟုတ်လား” “ဒီလိုပါဆရာ။ တောမှာကျွန်တော်တို့အစ်မတစ်ယောက်” ဦးသာဒင်ကကြားဖြတ်၍“ကိုင်းကွယ်၊ ဒီဟာတွေ ပြောမနေပါနဲ့။ ငွေဘယ်လောက်လိုချင်လို့လဲ” “ငွေ....ငွေ... ငွေသုံးဆယ်လောက်ပါဆရာ၊ မများလှပါဘူး”

 

“အောင်မယ် သုံးဆယ် မများဘူးဟုတ်စနေပါဦး၊ မင်းကိုငါးဆယ်ပေးပြီး တာဘာကြာသေးလို့လဲကွယ့်”

“ဟုတ်တော့ဟုတ်ပါတယ်ဆရာ၊ ဒါပေမဲ့ကျွန်တော်က ဆရာသိတဲ့အတိုင်း အပေါင်းအသင်းကများတော့”

“တော်ပါကွယ် ဒီဟာတွေ ငါသိပါတယ်။ မင်းမြင်းပွဲသွားတယ် မဟုတ်လား"

( ဦးခေါင်းကိုငုံ့လျက်) ”ဟုတ်ပါတယ်ဆရာ၊ နည်းနည်းပါးပါးတော့”  “ကိုင်း နည်းတာများတာဖယ်ထား၊ ရော့ဟောဒီမှာ နှစ်ဆယ် မင်းဒီနေ့ည `အသောက်ထွက်ရင်လည်း မြန်မြန်ပြန်ကွယ့်”

မောင်မိုးသည် ဦးသာဒင်ပေးသော ၁၀ ကျပ်တန် ငွေစက္ကူနှစ်ချပ်ကို မယူ ချင် ယူချင် လှမ်း၍ယူလိုက်၏။ ထို့နောက် နေရာမှထပြီးလျှင် "က် ကျွန်တော့်ကို ခွင့်ပြုပါဦးဆရာ၊ ဈေးဘက်မှာ လူတစ်ယောက်နဲ့ ချိန်းထားလို့၊ ဒါနဲ့ ဆရာဘယ် တော့ပြန်မလဲ”

 “တော်တော်ကြာ ပြန်မှာပေါ့ကွယ့်၊ မင်းလျှောက်ချည်း လည်မနေနဲ့ဦး နော်"

“မလည်ပါဘူးဆရာအလွန်ဆုံး ၁၁နာရီ၁၁နာရီပါ"

မောင်မိုးထွက်သွားသောအခါ ဦးသာဒင်သည် စီးကရပ်တစ်လိပ်ကို မီးညှိ ၍သောက်ပြီးနောက် ငမိုး၊ ငမိုးငါ့မှာ ဒီအကောင်မျိုးလည်း ရှိဦးမှပဲ။ ဒီပြင့်နေရာ မှာသာ အသုံးမကျတယ်။ ဒီနေရာမျိုးမှာတော့ အင်မတန်အကင်းပါးတဲ့ အကောင်။ ထစ်ခနဲဆိုသိပြီး ဖျတ်ခနဲဆို သူနားလည်လိုက်ပြီး၊ ဒါထက် ငါ့အလုပ် ကလေးစဖို့ပြင်လိုက်ရဦးမယ်”

သို့စဉ်းစားပြီးနောက် ဦးသာဒင်သည် အရက်ကို စီးကရက်နှင့်မြည်းရင်း ခြေထောက်နှစ်ချောင်းကို စားပွဲပေါ်သို့တင်ကာ စဉ်းစားခန်းထုတ်လျက် ရှိလေ ၏။ စီးကရက်များကို တစ်လိပ်တစ်လိပ်ညှိပြီးနောက် မီးခိုးများကို အလုံးအ ဖြစ်သည့်တိုင်အောင် ဖွာထုတ်လျက်ရှိလေရာ မီးခိုးလုံးများထဲတွင် မိမိတိုကိခန်း လမပေးနိုင်သည့်အတွက် နို့တစ်ပေးလျက်ရှိသော ကုလားကြီး၏က်နှာကို လည်းကောင်း၊ နိုင်ငံခြားမှ ရောက်သောဆေးများကို တစ်ပတ်အတွင်း လာရောက်ရွေးယူရန်ပေးသော နို့တစ်စာရွက်ကိုလည်းကောင်း မြင်ယောင် လျက်ရှိလေ၏။

အချိန်မှာ၇နာရီခွဲခန့်သာရှိသေး၍ မီးရထားဘူတာရုံဘက်မှာမီးရထားဉဩ သံများကိုလည်းကောင်း၊ ရွာလမ်းမကြီးပေါ်မှ ကားသံများကိုလည်းကောင်း မကြာခဏကြားရ၏။ ဦးသာဒင်သည်စားပွဲနှင့် မျက်နာဆိုင်ပြတင်းပေါက်ကိုထ ၍ပိတ်လိုက်ပြီးလျှင် တစ်ခြမ်းဟလျက်ရှိသော ပြတင်းပေါက်ရှိရာသို့ သွားကာ အပြင်သို့ မျှော်ကြည့်လျက်ရှိ၏။လပြည့်ကျော်၇ရက်နေ့ဖြစ်သဖြင့် ကောင်းကင် ပြင်တွင် မည်းမှောင်လျက်ရှိသော်လည်း ကြယ်ကလေးများ၏ အလင်းရောင် တွင် ခပ်မှိန်မှိန်ရှိနေသော မိမိအိမ်ခြံစည်းရိုးများကိုလည်းကောင်း၊ မျက်နှာချင်း ဆိုင်ဘက်တွင်ရှိနေသည့် အခြားအဆောက်အအုံများ၏ အရိပ်များကိုလည်းကောင်း ခပ်ရေးရေးမျှ တွေ့မြင်ရ၏။ ဦးသာဒင်သည် ညဉ့်၏သာယာခြင်းကို တစ်ခဏမျှ မော့ကြည့်ရှုလျက်ရှိလေ၏။

အိမ်ကလေး၏ နောက်ဖေးခန်း၌ အတော်အတန်ကျယ်ဝန်းလုံခြုံသော အခန်းတစ်ခန်းရှိရာ ထိုအခန်းတွင် တစ်ဖက်၌ တစ်ယောက်အိပ် သံခုတင် တစ်လုံးရှိ၍ အခြားတစ်ဖက်တွင် အရေးပေါ်သုံးနိုင်ရန် ဆေးဝါးများထည့်သည့် မှန်ဘီရိုတစ်လုံးရှိ၏။ စားပွဲနှင့် ဗီရိုအလယ်တွင် စားပွဲဝိုင်းကလေးတစ်လုံးနှင့် ကုလားထိုင် ၂ လုံးရှိ၏။ ဗီရို၏နံဘေးတွင် အရက်ပုလင်းနှင့် ဖန်ခွက်များ တင်ထားသောစင်တစ်ခုလည်း ရှိလေသည်။

ဦးသာဒင်သည် စီးကရက်တိုကို အပြင်သို့ ပစ်လိုက်ပြီးလျှင် လက်နှစ်ဖက် ကို နောက်သို့ပစ်ကာ ပြတင်းပေါက်ဆီမှ နောက်ဖေး၀န်းဘက်သို့ လာခဲ့လေ၏။ ထို့နောက် အခန်းတွင်းရှိ ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်ကာ ဦးခေါင်းကို တဆတ်ဆတ်ညိတ်ရင်း တစ်စုံတစ်ရာကို လေးနက်စွာ စဉ်းစားလျက်ရှိရာ သူ၏အလုပ်ကို စတော့၏။

ဦးသာဒင်သည် ဆေးပုလင်းများထည့်ထားသော ဗီရိုအောက်ထပ် အံဆွဲ အတွင်းမှ လက်လေးသစ်ခန့်ရှိသော ပုလင်းငယ်တစ်လုံးကို ထုတ်ယူလိုက်၏။

ပုလင်းထဲတွင်ဖြူသောအရည်များရှိ၍ဦးသာဒင်သည်သွေ့ခြောက်သောဖန်ခွက် တစ်လုံးထဲသို့ အရည်တစ်စက်လောင်းထည့်၏။ အရည်မှာ ဖန်ခွက်၏ဖင်ကို တစ်စုံတစ်ရာ စွန်းထင်းခြင်းမဖြစ်စေဘဲ တစ်မိနစ်အတွင်း သွေ့ခြောက်သွားလျှက်  ဖန်ခွက်မှာ နဂိုပကတိအတိုင်း ရှိနေလေသည်။ ထိုအခါ သူသည် ဖန်ခွက် ကို အသေအချာမှတ်ထားပြီးလျှင် စားပွဲ၏ လက်ဝဲဘက်၌ တင်ထားလိုက်၏။ ထို့နောက် အခြားဖန်ခွက်တစ်လုံးကို လက်ယာဘက်က တင်ထားလိုက်ပြန်လေသည်။ သောက်လက်စဝီစကီပုလင်းနှင့် ဆော်ဒါပုလင်း ၂ လုံးကိုလည်း ဖန် ခွက်များအလယ်၌ နေသားတကျချထားလေသည်။

ဦးသာဒင်သည် အိမ်ရှေ့ဘက်သို့ပြန်၍ လျှောက်လာခဲ့ပြီးလျှင် မှန်ပြတင်း ပေါက်မှ အပြင်သို့ မကြာခဏ လှမ်းကြည့်ကာ “ဒါထက် မချောဟာ ခါတိုင်း အချိန်မှန်ပါတယ်။ အခုတော့ အချိန်မှာ၈နာရီ ၁၅မိနစ်မျှပင်ရှိနေလေပြီ  ဦးသာဒင်သည်တစ်မိနစ်လျှင် ၂ကြိမ်ကျလက်ပတ်နာရီကို မီးရောင်တွင် မြှောက်ကြည့်မိ၏။ စီးကရက်များ ကိုလည်း တစ်လိပ်ကို ၄၊ ၅ ခါမျှသာ ဖွားပြီးလျှင် ဖိနပ်ဖြင့်နင်း၍ ပွတ်ချပစ်လိုက် ၏ ခပ်ဖြည်းဖြည်းလျှောက်၍နေရာမှ ခပ်မြန်မြန်လျှောက်ပြန်၏။ ထို့နောက် လက်ပတ်နာရီကိုကြည့်ရင်း ကြည့်စမ်း ၈ နာရီခွဲတော့မယ်။ ငါးမိနစ်ပဲ လိုတော့ တယ်။ ခုထက်ထိ ပေါ်မလာသေးဘူး။ နေပါဦး ကောင်မက ဘယ်လိုအကြံများ ရှိပြန်သလဲမသိဘူး။ အင်း သူ့ကိုတော့ နည်းနည်း သတိထားမှ” ဟု စဉ်းစား ခန်းထုတ်၍နေမိ၏။ ,

တစ်ခဏအကြာတွင် အိမ်ရှေ့ဘက် ကျောက်စရစ်လမ်းမှ ခြေသံ သဲ့သဲ့  ကြားရပြီးနောက် ဖြူဖွေးသေးသွယ်သော မိန်းမတစ်ယောက်၏ ပုံသဏ္ဌာန် သည်မှာင်ရိပ်မှ တံခါးပေါက်အလင်းရောင်ဆီသို့ တဖြည်းဖြည်းချဉ်းကပ်လာ ၏ ဦးသာဒင်သည် သံတံခါးသို့ချက်ချင်းထ၍ ဖွင့်ပေးလိုက်ရာ အစ်ကိုကြီး ဟု ခေါ်လိုက်သံနှင့်အတူ မိုင်ဆင်းခေါ် ရေမွှေးနံ့သည်လည်း မိန်းမပျိုရှိရာမှ ထောင်း ခနဲထွက်လာလေသည်။

“တကတဲဗျာ မျှော်လိုက်ရတာ”

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)