Skip to product information
1 of 3

Other Websites

ဒဂုန်ရွှေမျှား - နတ်သက်သေနှင့်ဆန်းကြယ်၀တ္ထုတိုများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

သံချိတ်ကြီး

“လွန်ခဲ့သော ၄ နှစ်ခန့်က မဟာဗန္ဓုလပန်းခြံလမ်းရှိ သုံးထပ်တိုက် တစ်တိုက် အလယ်ထပ်အခန်း တစ်ခန်းတွင် 'အောင်သင်း-အင်-အေးချို ဘရားသား" ဟူသော ကြေးဝါဆိုင်းဘုတ်ကလေးတစ်ခု ဆွဲချိတ်ထား၏။ ၎င်းမှာ ဦးအောင်သင်းဆိုသူနှင့် ကိုအေးချိုဆိုသူသာ ပါဝင်သော နှစ် ယောက်စပ် ကုမ္ပဏီကလေးတစ်ခု ဖြစ်လေသည်။ ။

ဦးအောင်သင်းမှာ ရန်ကုန်မြို့သားဇာတိဖြစ်၍ ကုန်သည်လောက စီးပွားရှာဖွေရေးဘက်တွင် တရားသည့်ဘက်၌လည်းကောင်း၊ မတရား သည့်ဘက်၌လည်းကောင်း လည်ပတ်နှံ့စပ်သူဖြစ်၏။ ကုန်သည်ပိုင်း  အထက်တန်းလွှာများနှင့်တကွ မင်းစိုးရာဇာများပါ ပေါက်ရောက်သူဖြစ်၏။ သို့ဖြင့် ငွေရင်း အနည်းငယ်မ,တည်ကာ သွင်းကုန်လိုင်စင်များကို လျှောက် " ထားပြီးလျှင်ယင်းလိုင်စင်များဖြင့် လည်ပတ်သလို လုပ်ကိုင်နေသူ ဖြစ်လေ သည်။ ထိုတောတွင်းမှ မကြာမီက ရောက်လာသော မောင်အေးချိုဆိုသူ နှင့်တွေ့ရာ မောင်အေးချိုမှာ အလွန်ရိုးသားသူဖြစ်သဖြင့်တစ်ကြောင်း၊ ဦးအောင်သင်း၏ အဆွယ်ကောင်းခြင်းကြောင့်တစ်ကြောင်း၊ နဂိုကပင် ကုန်း သည်လုပ်ငန်း၌ ဝါသနာထုံသဖြင့်တစ်ကြောင်း၊ ရန်ကုန်မြို့တွင် အဆက်အသွယ်မရှိက အတော်အသင့် ငွေပင်ငွေရင်းပင် ရှိသော်လည်း လုပ်ငန်း တစ်ခုကို စတင်လုပ်ကိုင်ရန် ခဲယဉ်းသဖြင့်တစ်ကြောင်း၊ မိမိအမွေ ရခဲ့သော ငွေသား ၁၀၀၀၀ ကို ဦးအောင်သင်း၏ လုပ်ငန်းထဲသို့ မြှုပ်နှံကာ ထိုအချိန် မှစ၍ ဦးအောင်သင်း နှင့် အလုပ်စပ်တူ လုပ်ကိုင်ခဲ့၏။

ဤသို့ဖြင့် ဦးအောင်သင်း၏ ကိုယ်ပိုင် ဆိုင်းဘုတ်ကလေးမှာ လည်း ဦးအောင်သင်းကုမ္ပဏီ” ဟူသော အမည်မှ “အောင်သင်း-အင် အေးချို ဘရားသား” ဟူသော အမည်သို့ ပြောင်းလဲခဲ့လေသည်။

ကုမ္ပဏီလုပ်ငန်းကို အုပ်ချုပ်ရသည့်အနေဖြင့် ဦးအောင်သင်းက လခ ၃၅ဝ ယူပြီးလျှင် မောင်အေးချိုကိုမူ အလုပ်မလုပ်သည့် ပါတနာအဖြစ် ကျန်သော အမြတ်ငွေကို ၂ စုခွဲပြီးလျှင် တစ်စုကို ၃ လ တစ်ကြိမ်ခွဲဝေပေး ၏။ တစ်နှစ်မျှ အလုပ်လုပ်မိသောအခါ မောင်အေးမှာ ၄ ကြိမ်မျှ ခွဲဝေရရှိ ခဲ့ပြီဖြစ်၍ အမြတ်ငွေ ၃၀၀၀ ကျော်မျှ ရရှိခဲ့ပြီဖြစ်ရာ၊ ထိုဝင်ငွေမှာလည်း ရန်ကုန်မြို့တွင် အလုပ်အကိုင် အတည်တကျ မရှိသော 'လင်ကိုယ်မယား' နှစ်ယောက်အတွက် မနည်းလှပေ ။

ဒုတိယနှစ်သို့ရောက်သောအခါ ဦးအောင်သင်းက အကြောင်း ၊ အမျိုးမျိုးပြ၍ အမြတ်ခွဲဝေပေးခြင်းသည်လည်း အချိန်မမှန် ဖြစ်လာတော့ ၏။ ၇ လတိုင်တိုင် အမြတ်ခွဲဝေပေးခြင်းမရှိဘဲ နေခဲ့ပြီးနောက် ခွဲဝေသော အခါ၌လည်း ငွေ ၇၀၀ သာ မောင်အေးချိုရရှိခဲ့၏။ အိမ်လခ ၇ လအတွက် ၃၅၀ ပေးပြီးနောက် ကျန်သော ငွေ ၃၅ဝ မှာ ဆီဖိုး၊ ဆန်ဖိုးနှင့် ဈေးဖိုးများ ပင် အကြွေးဆပ်၍မလောက်ချေး ဤသို့ဖြင့် မောင်အေးချိုလင်မယားမှာ ကြွေးများ ဝိုင်းစပြုလာတော့၏။

ကုမ္ပဏီ၏ အခြေအနေမှာလည်း တဖြည်းဖြည်း အင်အားနည်း၍ လာကြောင်း မောင်အေးချိုသိရှိ၍ လာတော့၏။ အဘယ်ကြောင့်ဆိုသော် အလုပ်တိုက်သို့ မောင်အေးချို သွားရောက်သည့်အခါတိုင်းလိုပင် ဦးအောင်သင်းကို မတွေ့ရဘဲ စာရေးများနှင့်သာ စကားပြော၍ ပြန်ခဲ့ရ၏။ ကုမ္ပဏီ သို့လည်း အဝင်အထွက် အသွားအလာများ ယခင်ကထက် နည်းပါးလာ သည်ကို တွေ့ရ၏။

ယင်းသို့ ငွေကြေးကြပ်တည်းနေသည့်အတွင်း မောင်းချို၏ ဇနီး မရင်မြ၏ ဖခင်ကြီးမှာ တောတွင် အနိစ္စရောက်သဖြင့် မရင်မြသည်

လက်ထဲတွင် ကျန်ရှိသမျှ လက်ဝတ်လက်စားကလေးများကို ပေါင်နှံကာ ဘောသို့ လိုက်၍ ဖခင်ကြီး၏အလောင်းကို သင်္ဂြိုဟ်လိုက်ရပြန်၏။ဤသို့ မောင်အေးချိုဇနီးမောင်တို့မှာ ပထမနှစ်တွင် စိတ်ချမ်းသာသလောက် ဒုတိယနှစ်တွင် စိတ်ဒုက္ခရောက်ကြရကုန်၏။

မောင်အေးချို၏ဇနီး မရင်မြမှာ အသက် ၃၀ မျှသာရှိသေး၍ တောသူပင်ဖြစ်သော်လည်း ရန်ကုန်သို့ ရောက်လာပြီးနောက် ပတ်ဝန်းကျင် အခြေအနေအရ အဆင်အပြင်များ ပြောင်းလဲလာတော့၏ ။ ပင်နီအင်္ကျီသာ မိန်းမများအတွက် သင့်လျော်သည်ဟု တောမှာနေစဉ်က ပြောခဲ့သော်လည်း အခုမူ နိုင်လွန်ကိုမှ အကျီဟု မှတ်ထင်လာ၏။ ဖောင်းကြွသော 'ဘောဒစ်” အင်္ကျီများကို နှစ်သက်စပြုလာ၏။ နိုင်လွန်လက်ရှည်မှ လက်တိုသို့ ပြောင်း ၍လာပြီးလျှင် သာမန်ဆံထုံးရိုးရိုးမှ ရှေ့ဆံယဉ်များကို ဖြတ်တောက်ကာ သိမသာ အမောက်ကလေးများပင် ပြုလုပ်လာတော့၏ ။ ဦးအောင်သင်း သည် သုံးလေးကြိမ်မျှ မောင်အေးချို အိမ်သို့ ရောက်ခဲ့ဖူးရာ တောသူပင် ဖြစ်လင့်ကစား ပြေပျစ်နုနယ်ချစ်စဖွယ်ကောင်းသော မရင်မြ၏ ရုပ်ရည်ကို လည်းကောင်း၊ ယဉ်စစရှိသော သူ၏ဟန်အမူအရာကိုလည်းကောင်း မြင်ရ သောအခါ မရင်မြမှာ ရိုးအသော တောသားမောင်အေးချိုနှင့်မတန်၊ မိမိကဲ့ သို့ လည်ပတ်ဖျတ်လတ်သော မြို့သားတစ်ယောက်နှင့်သာ ထိုက်တန် သည်ဟု ယူဆကာ မရင်မြအား မထိတထိ ပြောစပြု၍လာတော့၏။

မြို့ရည်လည်စ မိန်းမများမှာ အနှူးအနှပ်ကောင်းသော မြို့သား သူလယ်များနှင့် တွေ့သောအခါ တစ်စတစ်စ လိုက်လျော၍ သူ့ဘက်သို့  ပါတတ်သည့်အတိုင်း မရင်မြသည် ဦးအောင်သင်းခေါ်ဆောင်ရာ ရုပ်ရှင်ပွဲများသို့ပင် မောင်အေးချိုအား အသိမပေးဘဲ လိုက်၍ ကြည့်သည်အထိ ရဲ တင်း၍လာတော့၏။

ရိုးဖြောင့်၍ တောသားပီပီ ဝတ်ဆင်စားသောက်နေထိုင်တတ် သော မောင်အေးအပေါ်တွင် အပြစ်အမျိုးမျိုးမြင်လာပြီးလျှင် ဝဝဖိုင့်ဖိုင့်နှင့် ဦးလေးအရွယ်ရှိ ဦးအောင်သင်းကဲ့သို့ လူမှသာ လူတော်လူကောင်းတစ်  ယောက်ဟု ထင်မှတ်၍လာလေသည်။ အင်္ဂလိပ်လဆန်းတိုင်း ဦးအောင်သင်းထံမှ တိတ်တဆိတ် လက်ဆောင်ပေးလိုက်သော နိုင်လွန်းများ၊ မောင်အေးချို့၏ ဒုက္ခများကား ဤမျှနှင့် အဆုံးမသတ်သေးချေပုဇွန်တောင်စာတိုက်အနီးရှိ အိမ်သို့ပြန်ရောက်သောအခါ အိမ် မှ ခါတိုင်းကဲ့သို့ မီးမမြင်ရဘဲ အိမ်တံခါးများ ပိတ်ထားသည်ကို တွေ့ရ၏ တံခါးပေါက်မှာ နေရုံသာစေ့ထားသဖြင့် မောင်အေးချိုလည်း စေ့၍ထားသော တံခါးကို တွန်း၍ဝင်သွားလေ၏။ ထို့နောက် လမ်းဓာတ်မီးရောင် ခပ်ရေးရေးမျှ မြင်ရသော လသာမှန်အိမ်ကို မီးခြစ်၍ ထွန်းညှိလိုက်သည်

“မြရေ .. မြ ... မြ ဘယ်များ သွားပါလိမ့်”

သို့သော် တစ်စုံတစ်ယောက်မျှ ပြန်၍ ထူးဖော်မရချေ။ တစ်အိမ် လုံးမှာ သုဿန်တစပြင်ကဲ့သို့ တိတ်ဆိတ်လျက်ရှိတော့၏။

သို့နှင့် ဖယောင်းတိုင်တစ်တိုင်ကို ထွန်းညှိပြီးလျှင် အိပ်ခန်း အတွင်းသို့ ဝင်၍ ကြည့်ရာ ဖရိုဖရဲကြဲနေသော အဝတ်ဟောင်းများကိုသာတွေ့ရ၏။ မရင်မြ၏ အဝတ်များထည့်သော သားရေအိတ်နှင့် သံသေတ္တာ ကလေးတစ်လုံးကား မရှိတော့ချေ။ .

အိပ်ရာ ခေါင်းအုံးပေါ်၌ကား သနပ်ခါးတုံးတစ်တုံးဖြင့် ဖိ၍ထား သော စာခေါက်ကလေးကို တွေ့ရလေသည်။ စာမှာ အောက်ပါအတို ဖြစ်၏။

ကိုအေးချို -

လောကကြီးမှာ ငွေဟာ အရေးအကြီးဆုံးဆိုတာ ကိုအေးချို လည်း သိမှာပေါ့ ။ကိုအေးချိုဟာ ငွေကို ရအောင် ရှာနိုင်တဲ့ လူမဟုတ် ဘူး။ စုပြီး ဆောင်းပြီးသား ငွေကလေးကို သုံးဖြုန်းသာပစ်တတ် တယ်။ ဒီအပေါ် မြင်းလောင်းလိုက်သေးတယ်။ ဒီဟာ ထားပါဦး၊ ကိုအေးချိုဟာ လောကအကြောင်းကို ဘာမှ နားမလည်ဘူး။ မိန်းမ တစ်ယောက် ဘယ်လို အဆင့်အတန်းမီအောင် ထားရမယ်။ ဘယ်လို ပျော်အောင်ထားရမယ်ဆိုတာ မသိဘူး။ မြို့ကို ရောက်ရင် မြို့သူနဲ့တူအောင် နေရတယ် ကိုအေးချိုရဲ့ ။ အပေါင်းအသင်းရှိရတယ်၊ လိုက်နာ ရတယ်။ ခေတ်အခေါ်နဲ့ ဆိုရှယ်ကျရတယ် နားလည်လား။

ဒီတော့ ဘုန်းကြီးလူထွက်သာသာရှိတဲ့ ကိုအေးချိုရဲ့ ရင်ခွင်မှာ မြ မပျော်ပိုက်တော့ဘူး။ မြတို့မှာလည်း ခင်တွယ်ရာ သားသမီး မရှိဘူး မဟုတ်လား။ ဒီတော့ တစ်ယောက်နဲ့တစ်ယောက် ညှာတာ စရာ ခင်တွယ်စရာ ဘာမှ မရှိဘူး။ ကိုယ်ပျော်ရာ ကိုယ်နေကြပေါ့။

ဒါကြောင့် မြတော့ မြချစ်တဲ့ ကိုကြီးအောင်သင်းနဲ့ လိုက်သွား ပြီးမြကို မရှာနဲ့တော့ သေပြီလို့ စာရင်းသွင်းလိုက်တော့။

မောင်အေးမျိုးသည် စာကို တစ်ခေါက်ထပ်၍ လသာမှန်အိမ်မီး ဖြင့် ဖတ်ပြန်၏။ထို့နောက် လက်ထဲတွင် ဆုတ်ဖြဲပွတ်ချေ၍ ကြမ်းပေါ်သို့ ချကာ ခြေဖြင့် နင်းထားလေသည်။ ထို့နောက် “မြရေ .. မြ ... မြ မိုက်လိုက်လေ မြရယ်။ မင်းမရှိဘဲ ငါဘယ်နှယ့် လုပ်ပြီးနေရပါ့မလဲ မြရယ် လိုက်မယ် ... လိုက်မယ် ... ငါ မင်းနောက်ကို လိုက်မယ်” ဟု မောင်အေး ချိုသည် ချုံးချငိုကြွေးရှာလေ၏။

ထို့နောက် ခေါင်းရင်းအိမ်မှ ဒေါ်ညွန့်ဆိုသူထံ သွားရောက်မေး မြန်းရာ မရင်မြမှာ ယမန်နေ့ညဉ့် ၉ နာရီအချိန်လောက်ကပင် လူတစ်ယောက် ကားတစ်စီးနှင့်လာသည်ကို မြင်ရကြောင်း နောက်နာရီဝက်ခန့် အကြာတွင် သေတ္တာနှင့် လက်ဆွဲအိတ်များကို ယူပြီးလျှင် ထိုကားနှင့်ပင် ထွက်သွားသည်ကို မြင်ရကြောင်း၊ အိမ်၌ မောင်အေးချို ရှိသည်ထင်ပြီးလျှင် မရင်မြ ခရီးထွက်သွားသည်ဟုပင် ထင်မှတ်ကြောင်းဖြင့် ပြောလေသည်။

မောင်အေးချိုသည် ပါးစပ်မှ တမြမြ” မြည်ကာ ပုဇွန်တောင်ဈေး ဘက်သို့ ထွက်ခဲ့ပြီးနောက် ဘာ” တစ်ခုသို့ ဝင်ရောက်ကာ အရက်များသောက်လေ၏။ ထိုမှတစ်ဖန် ဘူတာဘက်သို့ လာခဲ့၍ တံတားကြီးကို မကျော်ဘဲ သံချောင်း ၃ ချောင်း ပြုတ်နေသော ဝင်းထရံကိုဖြတ်ကာ မီး ရထားလမ်းများဆီသို့ ပြေးသွားလေ၏မြရေ - မင်း ငါ့ကို ပစ်သွားမှဖြင့် ငါလူ့ပြည်မနေတော့ပါဘူးကွယ်” ။

မောင်အေးချိုသည် အပေါ်အင်္ကျီကို ဆွဲ၍ဆုတ်ပြီးလျှင် အရူးတစ် ယောက်ပမာ မီးရထားသံလမ်းများကို ဖြတ်ကာ တရကြမ်းပြေးသွားလေ ၏။ ထိုအချိန်တွင် အရှေ့ဘက်မှ လော်ကယ်တစ်စင်းလာနေ၍ မောင်းအေးချိုသည် ထိုလော်ကယ်ရထားလာနေသော သံလမ်းပေါ်တွင် ကိုယ် ပစ်

လှဲလိုက်တော့၏။ သို့သော် တစ်စုံတစ်ယောက်က နောက်မှ ပြေးလာပြီး လျှင် သူ့အား အတင်းဆွဲလိုက်သည်ကို နောက်ဆုံး သတိပြုလိုက်မိလေ သည်။

၃ လကျော်ကျော်ခန့် ကြာရှိသောအခါ မော်တင်လမ်းတံတား  အနီးရှိ ဂိုဒေါင်ကြီးတစ်ခု၏ အရိပ်တွင် သင်္ဘောကူလီပေါင်း ၃ဝ ခန့်စုရုံး လျက်ရှိ၏။

, ယင်းတို့အနက် ရုပ်ရည်သနားကမားရှိ၍ အရပ်ခပ်မြင့်မြင့် အင်အားတောင့်တင်းသော အသက် ၃၅ နှစ်ခန့်ရှိ လူတစ်ယောက်နှင့် အသား ခပ်မည်းမည်း အရပ်ပုပု လူတစ်ယောက်သည် နှစ်ယောက် သဘောတူ လူအုပ်ထဲမှ ထွက်ခဲ့ပြီးလျှင် မြစ်ဖက်ကို ကျောခိုင်းလျက်ရှိသော ခေါ်တောလက်ဖက်ရည်ဆိုင်ကလေးတစ်ဆိုင်သို့ လာခဲ့ကြလေသည်။ ဆိုင် သို့ရောက်၍ လူရှင်းသော စားပွဲကလေးတစ်လုံးတွင် လက်ဖက်ရည်များကို သောက်လျက်ရှိစဉ် အရပ်ပုပု အသားမည်းမည်း လူက သူ၏ အဖော်အား  ကြည့်ကာ

“ခင်ဗျား ကြည့်ရတာ ကျုပ် သိပ်သနားတာပဲ ကိုအေးလှိုင်"

“ဘာဖြစ်လို့လဲ ကိုစိန်မောင်ရဲ့”

“ကျုပ်တို့ကတော့ သန်သန်မာမာမို့ သိပ်အရေးမကြီးပါဘူးဗျာ။ နို့ပေမဲ့ ခင်ဗျားမှာတော့ ညာဘက်လက်က လက်တုတပ်ထားရတယ် မဟုတ်လား။ ဒီတော့ ဘယ်အခါမဆို ဆန်အိတ်ဆွဲတဲ့အခါ ဆိုင်ပုံထိုးတဲ့ အခါ ကျုပ်နဲ့တွဲလုပ်၊ ခင်ဗျား သိပ်ပြီး အားမစိုက်နဲ့ ကြားလား ကိုအေးလှိုင်၊' ကျုပ် ကူညီမယ်”

“ကျေးဇူးတင်ပါတယ် ကိုစိန်မောင်၊ နို့ပေမဲ့ ကျုပ်လက်ဟာ လူကောင်းတစ်ယောက်လို သန်မာပါပြီဗျ။ အစက ဘယ်သိပ်အားရမလဲ။ နို့ပေမဲ့ အခုကျင့်သားရလာတော့ နဂိုအတိုင်းလိုလိုပါပဲဗျာ။ တပ်ပြီးတော့ ၃ လလောက်ရှိနေမှပဲ။ ပြီးတော့ အဖျားမှာ သံကောက်ကလေးတွေ တပ် ထားတော့ ဆန်အိတ်တို့၊ ပဲအိတ်တို့ ဆွဲတဲ့နေရာမှာ သိပ်နေရာကျတာပဲ"

ပြည်မြို့ ကိုလှထွန်းကုမ္ပဏီမှ လုပ်ပေးသော လက်တုမှာ ပကတိ လက်ကောင်းနှင့် တူရုံမျှမက အကယ်ပင် အသုံးဝင်သဖြင့် မောင်အေးချို သည် အလေးအပင်များကို ဆွဲငင်ရာ၌ ပကတိ လူကောင်းတစ်ယောက် ထက်ပင် ကျင်လည်စွာ ဆွဲငင်နိုင်လေသည်။

စိန်  “ဘာဖြစ်ဖြစ် ဗျာ ... လုပ်စရာရှိရင် ကျုပ်နဲ့သာ တွဲလုပ် ပါ ။ ဒါထက် ခင်ဗျား ဒီလက်ပြတ်ရတဲ့အကြောင်း တစ်နေ့တော့ ပြောမယ် ဆို။ ကိုင်း ... အခုလို အဆင်သင့်တုန်း ပြောဗျာ”

“ပြောမယ်လို့တော့ ကြံတာပဲ။ နို့ပေမဲ့ ဝမ်းနည်းစရာ စိတ်မချမ်း သာစရာကောင်းတဲ့ အဖြစ်အပျက် မကြားချင်ပါနဲ့ဗျာ”

“ဘာဖြစ်သလဲဗျ။ ပြောသာပြောပါ။ နို့မှလည်း အကြောင်းရှိရင် ကူညီနိုင်တာပေါ့။ ခင်ဗျားကို ဘယ်သူက နှိပ်စက်လိုက်သလဲ ပြောစမ်း။ ကျုပ် အခု သွားပြီး လက်စားချေပေးမယ်လေ” . *

“ခင်ဗျား ချေဖို့ မလိုပါဘူးဗျားကျုပ်တို့ချင်း စာရင်းရှင်းရမှာပါ”

ထို့နောက် မောင်အေးလှိုင်က မိမိ၏ အမည်ရင်းမှာ မောင်အေးချို ဖြစ်၍ လက်တုတပ်ဆင်ပြီးနောက် သင်္ဘောကူလီအလုပ်ကို ဝင်ရောက်လုပ် ကိုင်သောအခါမှ အေးလှိုင်ဟု အမည် ပြောင်းထားကြောင်းနှင့်တကွ ယခင်က ဦးအောင်သင်း ကုမ္ပဏီနှင့် ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းကို ပြန်လှန်ပြော ဆိုလေ၏။ နောက်ဆုံးတွင် မောင်စိန်မောင်က - - “ဒါဖြင့် နေပါဦး။ ဒီလူကြီး ပုံပန်းသဏ္ဍာန် ပြောစမ်းပါဦး။ ကျုပ် တို့ ရေနံချောင်းကို မိန်းမငယ်ငယ်နဲ့ ရောက်လာတဲ့ ရန်ကုန်က သူဌေးဆို တာလား”

“ခင်ဗျားက ရေနံချောင်းသားလား”

“ရေနံချောင်းသားတော့ မဟုတ်ပါဘူး။ နို့ပေမဲ့ ဟိုမှာ အလုပ်လုပ် နေတာ ၃ နှစ်လောက်ကြာခဲ့တယ်။ နောက်မှ အစားအသောက် အနေအထိုင် ဆင်းရဲတာနဲ့ ရန်ကုန်ပြန်ဦးမယ်ဆိုပြီး ပြန်ခဲ့တာ ဘာကြာသေးသလဲ တစ် လလောက်ပဲ ရှိဦးမယ်"

" ဦးအောင်သင်းဆိုတာက အသားမည်းမည်း ဝဝဖိုင့်ဖိုင့်၊ မျက်နှာ မှာ ကျောက်ပေါက်နာ သက်သက်နဲ့ သူခိုးပြေးတဲ့ မိန်းမက အရပ်ပြတ် ပြတ်၊ အသားမဖြူမညို၊ မျက်လုံးပြူးပြူး၊ မျက်တောင်ကော့ကော ...”

“ဟုတ်လိမ့်မယ် ထင်တယ်။ အဲဒီလူကြီးက မျက်လုံး မကောင်း ဘူး။ မျက်မှန်ထူထူကြီး တပ်လို့လေ”

“ဟုတ်တယ် ... ဟုတ်တယ် ... နေပါဦး၊ ခင်ဗျားက ဘာကြောင့် သိတာလဲ”

“သူတို့က ကျပ်နေတဲ့ ရွှေကြာငုံရပ်ထဲမှာ တည်းတာကိုးဗျ အဲ - သူတို့လင်မယားပေါ့ဗျာ။ အင်္ဂလိပ်မွေ့ရာလိပ်ကြီးတွေ ယူနီဖောင်း သေတ္တာတွေ၊ သားရေအိတ်တွေနဲ့ ရောက်လာပြီး အခန့်သင့်ရင် ရေနံတွင်း အလုပ်လုပ်မလို့တဲ့ဗျ”

“ကိုင်း ... သူတို့ဟာ ဧကန္တ ဒီအကောင်ကြီးနဲ့ ကျုပ်မိန်းမ ရင်မြ ပဲ။ ဒီတော့ သူတို့နောက် လိုက်ရအောင် ဒီကနေ့ကစပြီး ကျပ် ငွေစုမယ်။ သွားရင်းက မန္တလေးသွားမယ်ဆိုပြီး သတင်းလွှင့်တာဗျ”

“ကိုင်း ... ကိုင်း .... နေ့တွက်ရတဲ့ ကူလီခလေး ချွေချွေတာတာ သုံးပြီး စုပေတော့ ခင်ဗျားမှာ တစ်ကိုယ်ရေ တစ်ကာယဆိုတော့ စုမိပါလိမ့် မယ်

ဤသို့ဖြင့် မောင်အေးလှိုင်ခေါ် မောင်အေးချိုသည် နေ့စား ကူလီ ခလေးများကို မစားရက် မသောက်ရက် ချွေတာစုဆောင်း၍ လာခဲ့ရာ ၈

လခန့် ကြာသောအခါမှ ငွေ ၂၅၀ ခန့် စုဆောင်းမိရှာ၏။ သို့နှင့် ထိုငွေကို စရိတ်ပြုလုပ်ပြီးလျှင် ရေနံချောင်းသို့ လိုက်သွားလေ၏။

သို့သော် အချည်းအနှီးပင်။ မောင်အေးချို ရေနံချောင်းသို့ မရောက်မီ ၂ ပတ်လောက်ကပင် ဦးအောင်သင်းနှင့် မရင်မြတို့မှာ ရေနံချောင်းတွင် အလုပ်အကိုင် အပေါက်အလမ်း မသင့်သဖြင့် အောက်မြို့ ကျေး ရွာသို့ စုန်၍သွားကြောင်း၊ ဟင်္သာတ သို့မဟုတ် ပုသိမ်သို့ သွားမည် ပြော ဖူးကြောင်းနှင့် သူနှင့် ရင်းနှီးသူများထံမှ ကြားသိရ၏။

သို့နှင့် မောင်အေးချိုသည် ရေနံချောင်းမှ ပြန်ခဲ့၍ ပုသိမ်နှင့် ဟင်္သာတမြို့များသို့ သွားရောက်ရှာဖွေပြန်၏။ သို့သော် မည်သည့်နေရာ တွင်မှ အစအနမတွေ့ရသဖြင့် မောင်အေးချို့လည်း လက်လျှော့၍ ပြန်ခဲ့ရ ၏။ ပါ၍သွားသော ကလေးများလည်း သွားသွားလာလာ စားစား သောက်သောက်နှင့်ပင် ကိစ္စချောခဲ့လေပြီး။

အချိန်သည် ၂ နှစ်ကျော်ကျော်မျှ ကြာ၍သွားခဲ့၏။ ချစ်သူများ - လွမ်းဆွတ်သတိရခြင်းတို့ မည်သည် အချိန် ဖြင့်သာ ကုစား၍ ရခဲသည်

ဆိုသည့်အတိုင်း ၂ နှစ်ကျော်ကျော် ၃ နှစ်နီးပါးကြာရှိသောအခါ၌ မရင်မြ အား လွမ်းဆွတ်သတိရသော စိတ်များ အတော်အတန် လျှော့ပါး၍သွားပြီ ဖြစ်သော်လည်း ဦးအောင်သင်းအပေါ် လက်စားချေလိုသော စိတ်များကိုမူ ဖျောက်ဖျက်၍မရနိုင်အောင် ရှိခဲ့၏။

ထို့ကြောင့်လည်း မောင်အေးချိုသည် နောက်တစ်ကြိမ် ထပ်မံရှာ ဖွေရန် ကုပ်ကုပ်ကပ်ကပ် စုဆောင်းလျက်ရှိလေသည်။

တစ်နေ့သော ညနေစောင်း၌ မောင်အေးချိုသည် ညနေပိုင်းတွင် အလုပ်မရှိသည်နှင့် သိမ်ကြီးဈေးသို့ ဘတ်စ်ကားစီး၍လာခဲ့ပြီးလျှင် ဖရေဇာ လမ်းအတိုင်း အရှေ့ဘက်သို့ တဖြည်းဖြည်း လျှောက်ခဲ့လေ၏။ ၂၇ လမ်း သို့ ရောက်၍ လမ်းကို ဖြတ်အကူးတွင် လမ်းထဲမှ ထွက်လာသော ဆိုက် ကားတစ်စီးနှင့် တိုက်မိမည်ပြုသဖြင့် မောင်အေးချိုလည်း နံဘေးသို့ လျင် မြန်စွာ တိမ်းရှောင်လိုက်ရ၏။ ဆိုက်ကားစီးလာသူကား အခြားသူမဟုတ်၊ မိမိအား မီးရထားမကြိတ်မိအောင် ကယ်တင်ခဲ့သော ကျေးဇူးရှင် စာရေး စိန်ထွန်းပင် ဖြစ်လေသည်။

မောင်အေးမျိုးသည် ကိုစိန်ထွန်းအား အားပါးတရ နှုတ်ဆက်ပြီး လျှင် ဆိုက်ကားကို ပြန်၍ လွှတ်လိုက်စေပြီးနောက် ၂၇ လမ်းထဲရှိ ကုလား လက်ဖက်ရည်ဆိုင်တစ်ဆိုင်ထဲသို့ ခေါ်သွားလေ၏။၃ နှစ်နီးပါးမျှ ကွဲကွာ၍ နေသော မိတ်ဆွေနှစ်ယောက်တို့မှာ လက်ဖက်ရည်သောက်ရင်း စကား ပြော၍မဆုံးနိုင်အောင် ရှိကြလေသည်။ မောင်အေးချိုက သူနေသော အိမ် လိပ်စာကို သတင်းစာစက္ကူရွက်ကလေးတစ်ခုပေါ်၌ ရေးပေး၏။ “ခင်ဗျား သိပ်နေနိုင်တဲ့လူပဲ တစ်ခေါက်တလေမှ မျက်နှာမပြလာဘူးဗျာ။ နေပါဦး - ခင်ဗျား ဘာလုပ်နေလဲ”

“တောသားလည်း ဖြစ်ပြန်၊ ပညာကလည်း မရှိပြန်၊ ဒီအပေါ် လက်တစ်ဖက်ကလည်း ပြတ်ပြန်ဆိုတော့ ကူလီအလုပ်ကလွဲပြီး ဘာအလုပ် ရှိဦးမှာလဲဗျ”

“ဒါဖြင့် ခင်ဗျား ကူလီလုပ်နေတယ်ဆိုပါတော့” “ဟုတ်တယ်၊ သင်္ဘောကျင်းကူလီလုပ်နေတယ်” “ခင်ဗျား လက်ကော တော်တော် အကိုင်အတွယ် နေသားကျပြီလား"

" ကျပါပြီဗျာ ခင်ဗျား ကျေးဇူးပါပဲ။ ကျုပ် တစ်နေ့နေ့ ခင်ဗျားကို ကျေးဇူးဆပ်မယ်”

"ဆပ်စရာ မလိုပါဘူး ကိုအေးချို့။ ခင်ဗျား ဒီစကားတွေ ပြောမနေ ပါနဲ့။ ဒါနဲ့ အလုပ်ကကော တော်တော် အပေါက်အလမ်း တည့်ရဲ့လား”

“အင်း ... နေ့စားအလုပ်ဆိုတော့ တစ်နေ့ ၅ ကျပ်-၆ ကျပ်တော့ ဝင်ပါတယ်” ။

“စားလောက်ရဲ့ လား” “စားလောက်ပါတယ်ဗျာ၊ တစ်ယောက်တည်းပဲ”

“သော် .. ဒါထက် ကျုပ်တို့ ဆရာကြီး ရန်ကုန်ပြန်ရောက်နေ တယ်ဗျ”

“ဘယ်ဆရာကြီးလဲ၊ ကျုပ်တို့ သစ္စာဖောက် အောင်သင်းကြီးလား"

“ဟုတ်တယ် .... နို့ပေမဲ့ သူ့ ခမျာ မျက်စိကွယ်နေရှာတယ်ဗျ၊ သူ့ မိန်းမက ရေနံချောင်းက ရလာတဲ့ ဗိုလ်ကတော်ကျ ထင်ပါရဲ့ ။ ကျုပ်က သူတို့ စီးနေကျ ဆိုက်ကားသမားကို တီးခေါက်ကြည့်လို့ သိရတယ်”

“ဒါဖြင့် ကျုပ်မိန်းမ မရင်မြကို သူပစ်လိုက်ပြီပေါ့ " “ဒါပဲ ဖြစ်မှာပေါ့ ကိုအေးချို” “ခင်ဗျားနဲ့ ဘယ်လိုတွေ့ ပုံလည်း ပြောစမ်းပါဦး" "

“ကန်တော်ကြီးမှာ ကျပ်က လမ်းလျှောက်နေရင်းနဲ့ သွားတွေ့ တာဗျ။ ညနေတိုင်း သူတို့ ကန်တော်ကြီးကို လေညှင်းခံလာတယ်ဆိုပဲ”

"ဆိုက်ကားနဲ့လား"

“ဆိုက်ကားနဲ့လေ” “ဒါနဲ့ ခင်ဗျားက သွားပြီး အဘိုးကြီးကို နှုတ်ဆက်ရောလား”

“နှုတ်ဆက်မယ်လို့ အသွားမှာ သူ့ကို တွဲလာတဲ့ သူ့အနားက မိန်းမ မျက်နှာကို မြင်လိုက်ရတာနဲ့ ကျုပ် မသွားဖြစ်တော့ဘူးဗျို့”

“ဘယ်လိုလဲ ကိုစိန်ထွန်းရဲ့ ပြောစမ်းပါဦး”

“ဒီမိန်းမက သူတို့အနားကို မလာစေချင်တဲ့ မျက်နှာထားနဲ့ ကျုပ် ကို စိုက်ကြည့်နေတာကိုးဗျ။ ဒီတော့ ကျုပ်လည်း မသွားတော့ဘူး”

“ဦးအောင်သင်း အမှန်ပဲဆိုတာတော့ သေချာတယ်နော်”

မောင်အေးချို၏ အသံမှာ ဒေါသဖြင့် တုန်တုန်ယင်ယင် ဖြစ်၍ လာ၏။

“သေချာပါတယ်ဗျားသူ့ဆီမှာ ၃ နှစ်ကျော် အလုပ်လုပ်လာခဲ့ တာပဲ။ နည်းနည်း ပိန်သွားတာ တစ်ခုပဲ”

“ဘာကြောင့် မျက်စိကွယ်သွားတာလဲ မသိဘူးနော်"

“အဘိုးကြီးက ငယ်ငယ်တုန်းက အတော်စုံတဲ့လူပဲ။ အခု အသက် ကြီးတောင် ဒီလောက် လိုက်စားနေတာ ကြည့်မှပေါ့ "

“ဘယ်မှာ နေတယ်ဆိုတာကော သိလား” “မသိဘူး ....... နို့ပေမဲ့ ဒီနေရာကို ညနေတိုင်း လာပြီး လေညှင်းခံသတဲ့”

“ကိုင်း .... ဒါဖြင့် ဒီနေရာ တဆိတ်လိုက်ပြီး ကျုပ်ကို ပြစမ်းဗျား လာ .. အခုပဲ သွားကြရအောင် ။

သို့နှင့် ကိုစိန်ထွန်းသည် မောင်အေးချိုအား ဦးအောင်သင်း လာ တတ်သော ကန်တော်ကြီးစောင်းကို လိုက်၍ပြရ၏။

အပြန် လူချင်းခွဲခါနီး၌ -

“ဪ ... ဒါထက် ကိုစိန်ထွန်းကို ကျုပ် တစ်ခု အပ်ထားခဲ့စမ်း ပါရစေ"

“ဘာများလဲဗျ .. ဘာအပ်ထားချင်လို့လဲ”

မောင်အေးချိုသည် ရှပ်အင်္ကျီကြယ်သီးများကို ဖြုတ်ကာ အတွင်း၌ မဲကြိုးကလေးဖြင့် လည်ပင်း ဆွဲထားသော သော့ကလေး တစ်ချောင်းကို ပေးလေသည်။

ချိုး “ကိုင်း .... ဒီသော့ကလေး ခင်ဗျား တဆိတ်သိမ်းထား စမ်းဗျာ။ ၃ ရက်အတွင်း ကျပ်သတင်းကို မကြားရင်ဖြစ်ဖြစ်၊ ကြားရင်ဖြစ် ဖြစ် ကျုပ်အိမ်မှာထားတဲ့ သေတ္တာကို ဒီသော့လေးနဲ့ သွားဖွင့်ကြည့်ပေ တော့ ကျုပ်နေတဲ့ အိမ်ကို ခင်ဗျားသိပြီနော်"

“သိပါပြီ။ ခင်ဗျား လိပ်စာရမှပဲ .. နေပါဦး၊ ခင်ဗျားပြောတာ ကျုပ် နားကောင်းကောင်း မရှင်းသေးပါဘူး”

“ကိုစိန်ထွန်းကလည်းဗျား ဘာနားမရှင်းစရာရှိလဲ။ ကျွန်တော် ပြောတာ အရှင်းကြီးပဲ။ ဒီကနေ့ကစပြီး ၃ ရက်အတွင်း ကျုပ်အကြောင်း

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)