Skip to product information
1 of 3

Other Websites

ဒဂုန်ရွှေမျှား - ကံတူအကျိုးပေး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

သူပျက် ကိုယ်ပျက်

စစ်မဖြစ်မီနှစ်နှစ်ကျော်ခန့်က ရန်ကုန်မြို့ အရှေ့ပိုင်း ဘိုကလေးဈေး လမ်း သုံးထပ်တိုက်တစ်တိုက် အပေါ်ဆုံးထပ် အခန်းတစ်ခန်းတွင် အရွယ်အား ဖြင့် လေးဆယ်ပတ်ဝန်းကျင်ခန့်ရှိ အတော်အတန် သပ်ရပ်ခန့်ညားသော လူတစ်ယောက်သည် တစ်နေ့သော ညနေဝင်ရီသရောအချိန်၌ အလုပ်စားပွဲရှေ့ ဆုံလည် ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်ကာ စားပွဲပေါ်တွင် တင်ထားသော ငွေစီးကရက် ဘူးထဲမှ စီးကရက်တစ်လိပ်ကို ဖွားလျက်ရှိလေသည်။

လူသတ္တဝါမှန်သမျှသည် မိမိတို့ အသက်မွေးဝမ်းကျောင်းကို နှုတ်မှု ပညာအားဖြင့်လည်းကောင်း၊ လက်မှုပညာဖြင့်လည်းကောင်း ရှာဖွေ စားသောက် ကြရကုန်ရာ နှုတ်မှုပညာဖြင့် စားသောက်သူများသာလျှင် မပင်မပန်း အေးချမ်း သာယာစွာ ရှိနေမြဲ ဖြစ်၏။ ထိုသူများသည် ဉာဏ်ကို မစားလျက် ပစ္စည်း ဥစ္စာများကို အလွယ်တကူ ရယူနိုင်ကြသည်ဖြစ်ရာ ကုသိုလ်ကံကို ပဓာနမထား ဘဲ ဉာဏ်ဝီရိယကို အားကိုးသူများမှာ သူဌေးပင် မဖြစ်စောမူ "လူတန်းစေ့နေ ထိုင်ကြလေသည်။ ကုသိုလ်ကံ အကျိုးပေးချင်း တူနေပါမူ ဝီရိယရှိသူက ဆယ်ဆ မျှ ပိုလွန်၍လည်းကောင်း၊ အကင်းပါးသူက အဆနှစ်ဆယ်မျှ ပို၍လည်းကောင်း အကျိုးခံစားရပြီ ဖြစ်၏။ ဂိုးဖလိတ်စီးကရက်ကို အရသာခံ၍ အေးချမ်းစွာ သောက်နေသော သူမှာ “လောက၌ ဉာဏ်ရှိ၍ အကင်းပါးသော လူတစ်ယောက်သည် မည်သည့်အခါမှ ငွေမရှား' ဟူ၍ မှတ်ချက်ချထားသော ကော်မရှင်ပွဲစား မောင်မောင်ဦးဆိုသူ ဖြစ်လေသည်။

ကူရှင်ကျောင်းမှ ဆယ်တန်းအောင်မြင်ပြီးနောက် မောင်မောင်ဦးသည် ကျောင်းထွက်ခဲ့ပြီးလျှင် မြန်မာသတင်းစာတိုက် သုံး လေးတိုက်တွင် သတင်း ထောက်အဖြစ်ဖြင့်လည်းကောင်း၊ အင်္ဂလိပ်သတင်းစာတိုက်တစ်တိုက်တွင် လက်ထောက် အယ်ဒီတာ အဖြစ်ဖြင့် လည်းကောင်း၊ ကုန်တိုက်တစ်တိုက်တွင် ငွေကိုင်စာရေး အဖြစ်ဖြင့်လည်းကောင်း၊ ဘဏ်တိုက်တစ်တိုက်တွင် အထက် တန်းစာရေး အဖြစ်ဖြင့်လည်းကောင်း လုပ်ကိုင်ခဲ့ဖူး၏။ မောင်မောင်ဦးမှာ အလုပ် ဝတ္တရားများကို ကျေပွန်အောင် ဆောင်ရွက်သော်လည်း နေရာတိုင်းတွင် ခေါင်းပုံ ဖြတ်တတ်ခြင်း အလေ့အကျင့်ကြောင့် မည်သည့်နေရာတွင်မျှ တည်မြဲခြင်းမရှိဘဲ အလုပ်မှ ထွက်ခဲ့ရလေသည်။ ဘဏ်တိုက်၌ စာရေးအဖြစ်ဖြင့် ရှိနေစဉ်အခါ ချက် လက်မှတ်လိမ်ဖြင့် ငွေတစ်သိန်း ထုတ်ယူသော အိန္ဒိယတိုင်းသားတစ်ယောက် အား ကူညီခဲ့ဖူး၏။ ထိုကုလားမှာ အိန္ဒိယပြည်သို့ ထွက်ပြေးကာ လွတ်မြောက် သွားခဲ့ရာ အမှုမှာ အမှုမှန်ဖြစ်သော်လည်း မောင်မောင်ဦးသည် ဥပဒေကို လှည့် ပတ်နိုင်ခြင်းအားဖြင့်လည်းကောင်း၊ သူငယ်ချင်း ဝတ်လုံတစ်ယောက်ကို ငှား ရမ်းနိုင်ခြင်းဖြင့်လည်းကောင်း အမှုမှ ဂွင်းလုံးကျွတ် လွတ်မြောက်အောင် ရုန်း ထွက်နိုင်ခဲ့လေသည်။ သို့သော် ဘဏ်ဒါရိုက်တာများသည် မောင်မောင်ဦး၏ အကြံအစည်ပါဝင်ကြောင်း ဒိဋ္ဌ ယုံကြည်ကြသည့်အတိုင်း မောင်မောင်ဦးအား အလုပ်မှ ထုတ်ပစ်ခဲ့၏။

မောင်မောင်ဦးမှာ ၁၉၂၇ ခုနှစ် ဒုတိယအပတ်တွင် တတိယတန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူဖြစ်သဖြင့် ဘဏ်တိုက်မှ အလုပ်ထွက်ခဲ့ပြီးနောက် မိမိအောင်မြင်ခဲ့သော ပညာရပ်ကို အသုံးချတော့မည်ဟု တိုက်အောက်တွင် မောင် မောင်ဦး အမိန့်တော်ရရှေ့နေ” ဟူသော ဆိုင်းဘုတ်ကို ဆွဲချိတ်ကာ ရှေ့နေလိုက် လျက်ရှိပြန်၏။

ယင်းကဲ့သို့ ရှေ့နေလိုက်သည့်အခါ၌လည်း မောင်မောင်ဦးမှာ တရား ဥပဒေထက် မိမိ၏ ဉာဏ်နီဉာဏ်နက်များကို အသုံးပြုနိုင်ခြင်းကြောင့် အတော် အတန် ကျော်ကြား၍ လာပြန်လေသည်။ အမှုအခင်းများတွင် မောင်မောင်ဦး သည် ဥပဒေ အချက်အလက်ကို အဓိက မထားဘဲ မည်သည့်သက်သေကို မည်ကဲ့သို့ ဝယ်ယူရမည် စသည်တို့ကိုသာ အဓိကထားကာ လိုက်ပါဆောင်ရွက် နိုင်စွမ်းသဖြင့် တရားမမှန်ကန်ဘဲ အမှုနိုင်လူသူများသည်လည်းကောင်း၊ သူတစ် ဘက်သားအား မတရားညှဉ်းပမ်းလိုသူများသည်လည်းကောင်း၊ မောင်မောင် ဦးထံ ရောက်လာတတ်ကြ၏။ ထိုအခါ မောင်မောင်ဦးသည် သာမန်ရှေ့နေသာမက ထိုအမြတ်ကြီးစားထဲမှ ဝေစုများလည်း ရရှိခဲ့လေသည်။ သို့ဖြစ်ရကား မောင် မောင်ဦး လိုက်ပါဆောင်ရွက်သော အမှုတစ်မှုမှာ အခြားရှေ့နေများလိုက်သော အမှု လေးမှုနှင့် ညီမျှလျက်ရှိရာ၊ မောင်မောင်ဦးမှာ သာမန် တတိယတန်း ရှေ့နေ တစ်ယောက်မျှဖြင့်သော်လည်း အခန်းတစ်ခန်းကို လခတစ်ရာပေး၍ ငှားရမ်းကာ ခမ်းနားတင့်တယ်သော အိမ်ထောင်ပရိဘောဂများဖြင့် ခံ့ညားထည်ဝါစွာ နေနိုင်ခဲ့ လေသည်။

မောင်မောင်ဦး စားပွဲနှင့် မျက်နှာချင်းဆိုင် ကုလားထိုင်ပေါ်၌ကား အသက် နှစ်ဆယ်ကျော်ခန့်ရှိ ရုပ်ရည်သနားကမားရှိ၍ ကိုယ်လုံးကိုယ်ဖန် ကြံ့ ခိုင် တောင့်တင်းသော မိန်းမတစ်ယောက် ထိုင်လျက်ရှိလေသည်။ မောင်မောင်ဦး သည် စီးကရက်အတိုကို ငွေပန်းကန်ပြားထဲသို့ ထိုးသွင်းပွတ်ချေပြီးနောက်။

“ဘယ်နှယ့်လဲ စိန်စိန် အစ်ကိုကြီး ပြောတာ ဘယ်လိုသဘောရလဲ”

မိန်းမပျိုသည် စကားပြန်၍ မပြောဘဲ မျက်ရည်များ တတွေတွေ့ ကျဆင်းလျက်ရှိလေသည်။

“ပြောပါကွယ်၊ စိန်စိန်ကလည်း အစ်ကိုကြီး မေးတာ"

“တယ် ... တော် သိပ်ကောင်းတဲ့ လူ၊ သိပ်ကောင်းတဲ့ သူတော်ကောင်း ကြီး၊ ဘုရာဖြစ်မယ့်လူ”

“ဘာဖြစ်လို့ ဒီလောက် ဒေါသကြီးရတာလဲ စိန်ရဲ့ ” “ဘာဖြစ်ရမှာလဲ၊ ဗိုက် ... ဗိုက် ... ဗိုက် နှစ်လရှိနေပြီ သိလား” “ရှိတာ ဘာဖြစ်သလဲ စိန်ရယ် .. ဓမ္မတာပဲ” “အို .. ဒီဟာတွေ ပြောမနေပါနဲ့ လက်ထပ်မယ် မထပ်ဘူးဆိုတာသာ ပြောစမ်းပါ “မွေးဖွားပြီးတော့ ....” စကားမဆုံးမီ =

“မွေးဖွားပြီးတော့ ဟုတ်စ၊ ကလေးမွေးပြီးမှ လက်ထပ်တယ်လို့ ဘယ် တုန်းကများ ကြားဖူးသလဲ။ အို ... ကျွန်မ သိပြီ၊ အစ်ကိုကြီးအကြောင်းကို ဟုတ်ပါတယ်လေ .. ဒီကောင်မကိုက မိုက်မိတာပဲ”

စိန်စိန်သည် ရှိုက်ကြီးတငင် ငိုကြွေးကာ မျက်ရည်စများကို အင်္ကျီ လက်ဖျားဖြင့် သုတ်လျက် ရှိလေသည်။ စိန်စိန်၏ ရှိုက်သံသည် တိုက်အပေါ် ဆုံးထပ်ရှိ ဆိတ်ငြိမ်သော အခန်းကလေးအတွင်းတွင် ထင်ရှားစွာ ထွက်ပေါ် လျက်ရှိ၏။

 

မောင်မောင်ဦးသည် စီးကရက်တစ်လိပ်ကို ယူ၍ မီးညှိလိုက်ပြီးနောက် "ဒီလို စိန်စိန်၊ အစ်ကိုကြီးက အကြံသမားတစ်ယောက်ဆိုတာ စိန်စိန် သိသားပဲ၊ လက်မထပ်နိုင်တဲ့ လောလောဆယ်အကြောင်းတစ်ခု ရှိနေတယ် စိန်စိန်ရဲ့ ၊ စိန်စိန်ကိုလည်း အစ်ကိုကြီး မှန်မှန် ထောက်ပံ့ထားသားပဲ ။ မီးဖွား ပြီးတဲ့အခါကျတော့ ကြီးကြီးကျယ်ကျယ် မဟုတ်တောင် အရပ်ထဲက လူကြီး လေးငါးဆယ်လောက် ဖိတ်ပြီး လက်ထပ်တာပေါ့ ။ အစ်ကိုကြီးနဲ့ အတူတူနေရ တာသာ ပဓာန မဟုတ်လား”

“ဘယ်က နောက်မယား ယူဦးမယ် ကြံနေပြန်သလဲ” “မယူပါဘူး စိန်ရယ်”

“ကောင်းပြီ၊ အကြံသမားဆိုပြီး ဘယ်အကြံမျိုးကြံကြံ ဒီလိုဟာနဲ့ ပတ် သက်ရင်တော့ စိန် မခံဘူးနော် ဒါပဲ။ စိန့်အသက်နဲ့ လဲလိုက်မယ် သိလား”

“စိန်က သိပ်ဒေါသကြီးတာပဲ”

“မိန်းမအကြောင်း အစ်ကိုကြီး နားလည်တယ် မဟုတ်လား” . မောင်မောင်ဦးသည် ကားပြန်၍ မပြောဘဲ စီးကရက်ကိုသာ တွင် တွင်ကြီးဖွားလျက် ရှိလေသည်။ စိန်စိန်သည် စိတ်ခက်ထန်သော မိန်းကလေး တစ်ယောက်ဖြစ်ကြောင်း မောင်မောင်ဦး သိ၏။ သိရုံမျှမက မိန်းမများ အကြောင်း ကို 'နောကျေခဲ့သူ ဖြစ်သဖြင့် စိန်စိန် ပြောသော စကားများကို ဝမ်းထဲက ပြုံးမိ သေးသည်။

“ကိုင်း ..... စိန်စိန် ပြန်တော့လေး မိုးချုပ်နေမယ်။ အစ်ကိုကြီးလည်း ခုနစ်နာရီခွဲမှာ အမှုသည်တစ်ယောက်နဲ့ ချိန်းထားတာ ရှိသေးတယ်”

“အစ်ကိုကြီးကို တစ်ခုမေးရဦးမယ်” “ဘာများလဲ စိန်စိန်ရဲ့” “ကလေးမွေးပြီးမှ လက်မထပ်ရင်ကော” “အို .. ဟို .. မထပ်ဘဲ နေပါမလား စိန်စိန်ရယ်။ ချစ်လို့ ယူထား

“မဟုတ်ပါဘူး။ ဒီအပြောမျိုးတွေက ရိုးနေပြီ။ အတိအကျ ပြောစမ်း ပါးမွေးပြီး ဘယ်လောက်ကြာရင် လက်ထပ်မှာလဲ”

“ဘယ်လောက်ကြာရင် ထပ်စေချင်သလဲ” “ပြောပါလေ အစ်ကိုကြီး ပြောပါ။ ဒီက ပြောဖို့ မဟုတ်ပါဘူး” “ကိုင်း ... သုံးလ စိန်စိန်ရေ “အစ်ကိုကြီး ကတိ တည်စေနော်” “စိတ်ချပါ စိန်စိန်ရယ်”

စိန်စိန်သည် ခြေကို ခပ်ပြင်းပြင်းနှင်းကာ အခန်းထဲမှ ထွက်သွား .. လေ၏။

တိုက်အောက်ထပ်သို့ စိန်စိန် ဆင်းသွားသောအခါ မောင်မောင်ဦး သည် ကိုယ်ကိုတွန့်လိမ်ကာ အပျင်းဆန့်လိုက်ပြီးနောက် အင်း .... မိန်းမဆိုတဲ့ သတ္တဝါမျိုးဟာ ယောက်ျားများ လှည့်ပတ်သလောက် ခံရရှာတာပဲနော်။ စဉ်း စားကြည့်လိုက်တော့ သနားစရာ နို့ပေမယ့် ဒီလိုသာ သနားနေရင်လည်း ကိစ္စ ပြီးမှာ မဟုတ်ဘူး။ နောက်ဇာတ်လမ်းတစ်ခုက ရှိသေးတယ်။ 'သြော် ..... မောင်မောင်ဦး .... မောင်မောင်ဦး။ ကိုယ်က ကြိုက်လို့ ယူလိုက်ရတာလည်း တစ်မျိုး၊ သူတို့က ကြိုက်လို့ သိမ်းပိုက်လိုက်ရတာလည်း တစ်ဖုံ အမျိုးမျိုးကို စုံနေတာပဲ” ဟု တစ်ကိုယ်တည်း ရေရွတ်ကာ စီးကရက်ကို ဖွာရင်း အကြံထုတ်လျက် ရှိလေ၏။

အထက်ပါအကြောင်းများ မဖြစ်ပွားမီ ဆယ့်လေးနှစ်ခန့်က ပစ္စည်း ဥစ္စာခိုင်လုံကြွယ်ဝသော မင်းတိုင်ပင် အမတ် ဦးမောင်မောင်ဆိုသူ ရှိရာ ဇနီး သည်မှာ မြေပိုင်ရှင်တစ်ဦးဖြစ်၍ ဦးမောင်မောင်နှင့် အကြောင်းပါသောအခါ လယ်ဧက တစ်သောင်းခန့်ပါခဲ့လေသည်။ ဦးမောင်မောင်ဘက်မှ တိုက်တာ အိမ်ယာနှင့် ခြံမြေများ၊ ဇနီးဒေါ်အေးခင်ဘက်မှ စိန်ရွှေလက်ဝတ်လက်စား အပြည့်အစုံနှင့် လယ်ဧကတစ်သောင်းကျော်တို့မှာ ဇနီးမောင်နှံတို့၏ ဘဝခရီးကို ငြိမ်းချမ်းအောင် ဖန်တီး၍ ပေးစေ၏။ ဦးမောင်မောင်မှာ ဘီအေအောင်ပြီးနောက်ကျောင်းဆရာကြီးအဖြစ်ဖြင့် ရှစ်နှစ်တိုင် အလုပ်လုပ်ခဲ့ဖူးရာ ဒေါ်အေးခင်နှင့် ရသော အခါ ကျောင်းဆရာအဖြစ်မှ တစ်ခါတည်း ထွက်လိုက်ပြီးနောက် ဘောင်ဒရီ လမ်းတွင် တိုက်အိမ်အဆောက်အအုံတစ်ခုကို ဝယ်ကာ အေးချမ်းစွာ နေထိုင်ခဲ့လေ သည်။

ဦးမောင်မောင်မှာ စိတ်သဘောထား ပြည့်ဝသည့်ပြင် အလှူအတန်း၌ လည်း ရက်ရောသူတစ်ယောက် ဖြစ်၍ အသင်းအပင်းများတွင် ထိပ်တန်းမှ အလှူငွေ ထည့်ဝင်သူဖြစ်ရကား မည်သည့်အသင်းတွင် ဥက္ကဋ္ဌ မည်သည့်အဖွဲ့ ၌ နာယက မည်သည့်လမ်းတွင် ကော်မီတီ စသည်ဖြင့် မြို့ပေါ်ရှိ အသင်း အဖွဲ့ တိုင်းလိုလို၌ပင် ဆောင်ရွက်လျက်ရှိ၏ ။ ဒေါ်အေးခင်မှာလည်း လင်ဖြစ် သူနှင့် စိတ်တူသဘောတူလိုက်ပါလျက်ရှိရာ ဇနီးမောင်နှံတို့မှာ စိတ်သဘော ထားကောင်းသဖြင့်တစ်ကြောင်း၊ အလှူအတန်း ရက်ရောသဖြင့်တစ်ကြောင်း၊ ပစ္စည်းဥစ္စာ ကုန်လုံပြည့်ဝသဖြင့်တစ်ကြောင်း၊ အထက်အရာရှိကြီးများနှင့် ဝင်ဆန့်နိုင်သည့် မင်းတိုင်ပင်အမတ်ဖြစ်ခြင်းကြောင့် တစ်ကြောင်း အထက်တန်းလွှာလောကတွင် ဦးမောင်မောင်း ဒေါ်အေးခင်" ဆိုက မသိသူဟူ၍ မရှိ ချေ။ ဤသို့ဖြင့် ဦးမောင်မောင်၏ ဘဝခရီးစဉ်မှာ ခလုပ်ကံသင်း မရှိ ပြေပြစ် ချောမောလျက် ရှိ၏rသို့သော် မည်မျှလောက် အေးချမ်းသာယာသော အိမ်

ထောင်ပင် ဖြစ်စေ အကုသိုလ်ကံတို့မည်သည် ဆီကဲ့သို့ အပေါက်ရှာ၍ ဝင် တတ်သည့်အတိုင်း အောက်ပါအတိုင်း ဖြစ်ပျက်လာလေသည်။

ကျောင်းဆရာ အဖြစ်ဖြင့်နေစဉ်က ဦးမောင်မောင်တွင် “ရီရီ” ဆိုသူ ဆရာမကလေးတစ်ယောက်နှင့် မျက်လုံးချင်းမှစ၍ ချစ်ခင်ခဲ့ရာ ထိုအချစ်သည် ဒေါ်ခင်နှင့် လူကြီးချင်း စေ့စပ်ပြီးနောက် လက်ထပ်ပြီးသည်အထိ အဆက် မပြတ်ခဲ့ချေ။

နောက်ဆုံး၌ ရီရီမှာ ကလေးတစ်ယောက်ပင် ရှိခဲ့ရာ ဦးမောင်မောင် သည် ရီရီအား ထောက်ကြံ့ရွာတွင် ထား၍ တစ်ပတ်လျှင် တစ်ကြိမ်မျှ သွား ရောက်ကာ ပေါင်းသင်းဆက်ဆံလျက်ရှိခဲ့၏။ သို့သော် မျက်နှာကြီးသူတစ် ယောက် ဖြစ်သည့်အတိုင်း ဤကိစ္စသည် လူကုံထံလောကသို့ မရောက်ဘဲ အပြင် အပ၌သာ လွင့်စင်ပပျောက်၍သွားလေသည်။ သို့ဖြစ်ရကား ဒေါ်အေးခင်သည် ဤကိစ္စကို လုံးဝမသိဘဲ ရှိနေခဲ့ရာ အတော်အတန် သိရှိသူအချို့ကလည်း ဒေါ် အေးခင် စိတ်မကောင်းမည် စိုးသဖြင့် မျိုသိပ်ထားခဲ့ကြ၏။

ဤသို့ဖြင့် အချိန်များသည် တရွေ့ရွေ့ ကုန်လွန်လာရာ မင်းတိုင်ပင် အမတ် မြေပိုင်ရှင် ဦးမောင်မောင်မှာ လေအောင့်သော ရောဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားခဲ့၏။

ကျွန်ုပ်တို့ ရေးသားဖော်ပြသော အချိန်သည်ကား ဦးမောင်မောင် ကွယ် လွန်ပြီးနောက် ခြောက်လခန့်မျှ ကြာရှိပြီဖြစ်၍ မုဆိုးမကလေးစရီရီမှာ သမီး ကလေးတစ်ယောက်နှင့် ခိုကိုးရာမဲ့ဖြစ်နေသော အချိန်ဖြစ်လေသည်။ ဦးမောင် မောင် ရှိစဉ်က ရီရီ အား လစဉ်နေထိုင် စားသောက်နိုင်အောင် လုံလောက်စွာ ပေးကမ်းခဲ့သော်လည်း ရီရီမှာ အထုပ်အထည်ဟူ၍ မရှိခဲ့ချေ။ ထိုအချိန်၌ ရီရီ၏ သမီးကလေးမှာ ခြောက်နှစ်မျှ ရှိပြီဖြစ်၍ သားအမိနှစ်ယောက်တို့မှာ ငြိုငြင် ဆင်းရဲစွာ မိမိတို့ ဝမ်းကိုကျောင်းလျက် ရှိကြရကုန်၏။ အချို့က ရီရီကို သနား သဖြင့် ဦးမောင်မောင်၏ မယားကြီး ဒေါ်အေးခင်ထံ ချဉ်းကပ်ပြီးလျှင် အကျိုး အကြောင်း ပြောပြက ဒေါ်အေးခင်မှာ စိတ်သဘောထားမကောင်းသူ တစ်ယောက် ဖြစ်သည့်အတိုင်း ကြည့်ရှုထောက်ပံ့လိမ်မည်ဟု အကြံပေးကြ၏။

တရားဥပဒေအရ သမီးကလေးမှာ ဦးမောင်မောင်၏ ရင်သွေး ဖြစ် သည့်အတိုင်း ဦးမောင်မောင်၏ ပစ္စည်းများကို တချို့တစ်ဝက်မျှ ခံစားခွင့်ရှိသည်။ မှန်၏။ သို့သော် ယင်းကဲ့သို့ လူသိနတ်ကြား ပြုလုပ်လိုက်က မိမိ လင်ယောက်ျားဂုဏ်ကို ထိခိုက်မည်စိုးသဖြင့် ရီရီသည် မယားကောင်းတစ်ယောက်ပီပီ ဆင်းရဲ ဒုက္ခကို ကြိတ်မှိတ်၍ ခံလျက်ရှိလေသည်။

“အညှီ”ကို ယင်ကောင်များ အနံ့ရသကဲ့သို့ မောင်မောင်ဦးသည်လည်း ရီရီ၏ကိစ္စကို ကောင်းစွာ အနံ့ခံမိလေပြီ။

မောင်မောင်ဦး၌ ငွေရပေါက်များကို အမြဲလိုက်လံရှာဖွေလျက်ရှိသော တောက်” ခေါ် ဒလံပွဲစား အမြောက်အများရှိရာ ယင်းတို့မှာ ဥပဒေနှင့် ပတ် သက်သည့် ငွေရပေါက်ရလမ်းမှန်သမျှကို အစဉ် အနံ့ခံလျက် ရှိကြကုန်၏။

မောင်မောင်ဦးသည် ထောက်ကြံ့ရွာတွင် နေသော ဆယ်အိမ်ခေါင်း ဦးသာဒွန်းဆိုသူမှတစ်ဆင့် ဆရာမ ရီရီထံ ချဉ်းကပ်နိုင်ခဲ့ရာ ရီရီမှာ ပထမ၌ ကွယ်လွန်ပြီးသော လင်ယောက်ျား၏ ဂုဏ်သရေကို ထိခိုက်မည်စိုးသဖြင့် ငြင်း ဆန်ခဲ့သော်လည်း မောင်မောင်ဦးက သိန်းနှစ်ဆယ်ကျော်မျှ ချမ်းသာသော မုဆိုးမ  မင်းကတော် ဒေါ်အေးခင်ထံမှ တစ်သိန်းခန့်မျှငွေပင်ဖြစ်စေ၊ အလွယ်တကူ ရရန်ရှိသော အကြောင်းကို နူးနှပ် ပြောဆိုမိသောအခါ ရီရီသည် နောက်ဆုံး၌ သဘောတူဝန်ခံလိုက်မိလေ၏။ ထိုအခါ မောင်မောင်ဦးသည် အလုပ်ကို စတင် လုပ်ကိုင်တော့၏။ ရီရီနှင့် ဦးမောင်မောင်တို့ ယှဉ်တွဲရိုက်ထားသော ဓာတ်ပုံကို လည်းကောင်း၊ ဦးမောင်မောင်ထံမှ စာခြောက်စောင်ကိုလည်းကောင်း၊ ဦးမောင် မောင်၏ နာမည် ရေးထိုးပေးဖူးသော ရွှေလက်ပတ်နာရီကိုလည်းကောင်း၊ ဦး မောင်မောင်၏ ဓာတ်ပုံထည့်သွင်းပေးဖူးသော ရွှေကြိုးမှ လော့ကက်သီးကလေး ကိုလည်းကောင်း၊ ဦးမောင်မောင် နာမည်နှင့် လက်မှတ်ရေးထိုးကာ ဝယ်ခြမ်း ပေးဖူးသော အိမ်ထောင်ပရိဘောဂစာရင်း ဘောက်ချာများကိုလည်းကောင်း သက် သေခံအဖြစ်ဖြင့် ရီရီထံမှ တောင်းယူပြီးလျှင် အမှုအတွက် မိမိအား ကိုယ်စား လှယ်လွှဲအပ်ကြောင်း ကိုယ်စားလှယ်စာ”ပေါ်တွင် ရီရီအား လက်မှတ် ရေးထိုး စေ၏။

ယင်းကဲ့သို့ လက်နက်အင်အားပြည့်စုံသောအခါ မောင်မောင်ဦးသည် ဒေါ်အေးခင်ထံမှ ရတနာသိုက်ကို တူးဖော်ရန် ကြံစည်တော့၏။

ဤကိစ္စမျိုး၌ တရားမကြောင်းအားဖြင့် တရားစွဲဆိုရန် အမှုပင် မှန်ကန် သော်လည်း စရိတ်စကများ ကုန်ကျမည့်ပြင်အရီးလည်း ရှည်ဝေးလှမည်။ သို့ဖြစ် ၍ မောင်မောင်ဦးသည် ဒေါ်အေးခင်ထံ တိုက်ရိုက် ချဉ်းကပ်ကာ တရား မစွဲဆိုဘဲ နှင့် ကိစ္စပြီးနိုင်မည့် နည်းလမ်းများကို ရှာဖွေလေသည်။

သို့နှင့် မောင်မောင်ဦးသည် ဦးမောင်မောင်နှင့် ရီရီတို့ စတင်ဖြစ်ပွားခဲ့ သည့် အချိန်မှစ၍ ယခုလက်ရှိအခြေအနေအထိ အဖြစ်အပျက်များကို စုံလင် စွာ ရေးသားပြီးလျှင် နောက်ဆုံး၌ ထိုကိစ္စမှာ မိမိလက်တွင်း၌ ရှိနေကြောင်း၊ မိမိအနေအားဖြင့် လူကြီးလူကောင်းတစ်ယောက်၏ သားမယားကို စိတ်အနှောင့် အယှက် မပေးလိုကြောင်း၊ သို့သော် မလွဲမရှောင်သာသောကြောင့်သာ ယင်းကဲ့ သို့ ဒုက္ခပေးရခြင်းဖြစ်ကြောင်း ယင်းကိစ္စကို 'မြွေမသေ တုတ်မကျိုး” ပြီးပြတ် လိုက မိမိအလုပ်တိုက်သို့ ဆွေးနွေးရန် ကိုယ်တိုင်လာရောက်စေလိုကြောင်း စာတစ်စောင်ပေးပို့လေသည်။ လာရောက်စေလိုသည့် နေ့ရက် အချိန်နာရီကို အတိအကျ ဖော်ပြထား၏။

ချိန်းဆိုသည့်နေ့ရက်သို့ ရောက်သောအခါ ရှေ့နေ မောင်မောင်ဦး၏ ရုံးခန်းရှေ့သို့ အနက်ရောင် “အိုပယ်”ကားကလေးတစ်စီး ဆိုက်ရောက်လာ၍ အသက်ငါးဆယ်ခန့်ရှိ ရိုးရိုးနှင့် ခံ့ညားစွာ ဝတ်ဆင်ထားသော အသားဖြူဖြု တုတ်တုတ် မိန်းမကြီးတစ်ယောက်သည် ရှေ့နေ ဆိုင်းဘုတ်ကို တစ်ချက်မျှ လှမ်း ၍ကြည့်ပြီးနောက် အပေါ်ထပ်သို့ တက်သွားလေ၏။ ၎င်းမှာ ဦးမောင်မောင်၏ -- ဇနီး ဒေါ်အေးခင်ပင် ဖြစ်လေသည်။

ရုံးခန်းအတွင်းသို့ဝင်မိသောအခါ မောင်မောင်ဦးက နေရာမှထပြီးလျှင် တရိုတသေ ခရီးဦးကြိုပြုလေသည်။

ကြွပါ မင်းကတော် ကြွပါ"

ဒေါ်အေးခင်သည် မျက်နှာခပ်တည်တည်ဖြင့် မောင်မောင်ဦးအား တစ် ချက်မျှ လှမ်း၍ ကြည့်လိုက်ပြီးနောက် စားပွဲတွင် မောင်မောင်ဦးနှင့် မျက်နှာ ချင်းဆိုင် ကြိမ်ကုလားထိုင်ပေါ်၌ ထိုင်လိုက်လေသည်။

“မင်းကတော်ကို အခုလို ဒုက္ခပေးရတာ အားနာစရာတော့ အားနာ စရာပဲ ခင်ဗျ။ နို့ပေမယ့် ကိစ္စက မပြောမပြီးဆိုသလို တစ်ဘက်က အမှုသည်က ခိုင်းစေပြန်တော့လည်း ကျွန်တော်တို့က ဝတ္တရားရှိတဲ့အတိုင်း လုပ်ရပြန်တာပဲ ခင်ဗျာ"

 “ဟုတ်ပါတယ်၊ ဒါထက် အမိန့်တော်ရမင်း အမှုသည်က ဘယ် လောက်များ မှန်းနေသတဲ့လဲ။ တကယ်လို့ အမှုမှန်ပဲ ထားပါတော့ ....”

စကားမဆုံးမီ “အမှုမှန်မမှန်ကိစ္စနဲ့ ပတ်သက်လို့တော့ မင်းကတော် သံသယ မရှိစေချင်ဘူး ခင်ဗျာ။ ကျွန်တော်တို့ဘက်မှာ ခိုင်လုံတဲ့ သက်သေခံ အထောက်အထားတွေ အများကြီး ရှိပါတယ်။ ဥပမာ...”

ရှေ့နေ မောင်မောင်ဦးသည် စားပွဲအံဆွဲကို သော့နှင့် ဖွင့်မည်ကဲ့သို့ ဟန်ပြင်လိုက်၏။

“ရှိပါစေတော့လေ၊ ဒီဟာတွေက ရှည်ဝေးပါတယ်။ လိုချင်တဲ့ အချက် သာ ရောက်အောင်ပြောကြပါစို့ ရဲ့ ဘယ်လောက်လိုချင်သတဲ့လဲ”

“ဘယ်လောက်လိုချင်တယ်လို့တော့ မဟုတ်ပါဘူး ခင်ဗျာ၊ ဥပဒေအရ ဆိုရင်တော့....”

"နို့... အမိန့်တော်ရစာထဲမှာ ဥပဒေအရ မဟုတ်ဘဲ အေးအေးချမ်းချမ်း ပြီးပြတ်ချင်တယ်ဆို”

“မှန်ပါတယ် ခင်ဗျာ၊ ဒီအတိုင်းပါပဲ။ တစ်ဘက်နဲ့တစ်ဘက် မေတ္တာ မပျက်ဘဲ အေးချမ်းသွားအောင် ကျွန်တော်က ကြားက စေ့စပ်ဖို့ပါပဲ”

“ဒါဖြင့် ဒီကိစ္စက အမိန့်တော်ရ လက်ထဲမှာ ရှိတာပေါ့” “ဆိုပါတော့ခင်ဗျာ”

“ဒါဖြင့် ဆိုစမ်းပါဦး၊ ဘယ်လောက်နဲ့ ပြီးပြတ်နိုင်မလဲ၊ နောက်ကို ဘယ်နည်းနဲ့မှ ရှုပ်ရှုပ်ယှက်ယှက် မလုပ်ရဘူးနော်။ ကလေးဟာလည်း ဦးမောင် မောင်ကလေးဖြစ်တယ်လို့ မပြောရဘူး။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သေတဲ့လူရဲ့ ဂုဏ်ကို အထိခိုက်ခံနိုင်ဘူး။ တစ်ခါတည်း ပြီးပြတ်တဲ့အကြောင်း အောက်ခြေသိမ်း တာဝန်ယူရမယ်” ။

“ကျွန်တော် တာဝန်ယူပါတယ် မင်းကတော်” “ကိုင်း .... ဒါဖြင့် ဘယ်လောက်နဲ့ ပြီးနိုင်မလဲ” “ကျွန်တော် တစ်သိန်းတောင်းပါတယ် ခင်ဗျာ” “တစ်သိန်း ... ဟုတ်စ” “မှန်ပါတယ် မင်းကတော်”

“မများလွန်းပေဘူးလားရှင်။ အမိန့်တော်ရရဲ့ အမှုသည်က သူများရဲ့ ချွေးနှဲစာကို လောဘကြီးလွန်းတယ် ထင်တယ်”

“အမှန်တော့ မများဘူး ခင်ဗျ။ ဥပဒေအတိုင်းသာဆိုရင် ဒီဟာထက် လေးဆမက ရသင့်တယ်ဆိုတာ ကျွန်တော် အတိအလင်း ပြောဝံ့တယ်”

နို့ပေမယ့် အမှုဆိုတာ ငွေရှိမှလည်း စွဲနိုင်ကြတာ မဟုတ်လား အမိန့် တော်ရမင်း”

“မထင်နဲ့ဦး မင်းကတော်။ အခုကာလမှာ လှူမတတ်ပေမယ့် လက်ဖက် ထုပ်တတ်တယ်ဆိုတာလည်း ရှိသေးတယ်။ ဝတ်လုံလယ်လယ်နဲ့ သာ တွေ့ရင် ဒီအမှုမျိုး ငါးသောင်းလောက် ပစ်ပေးတာပေါ့ ခင်ဗျာ”

ဒေါ်အေးခင်သည် ဆတ်ခနဲ ဖြစ်သွားပြီးနောက် မောင်မောင်ဦး၏ မျက်နှာကို လှမ်း၍ ကြည့်လိုက်၏။ “မောင်မောင်ဦးကလည်း အကဲခတ်လိုက်မိ သည်။ သို့သော် မမြင်ဟန်ပြုကာ စီးကရက်ကိုသာ ငွေလင်ပန်းကလေးထဲသို့ ခါချလျက်ရှိလေသည်။

“များတယ် အမိန့်တော်ရမင်း ... များတယ်။ ကျွန်မ ဘယ်နည်းနဲ့မှ မပေးနိုင်ဘူး။ ဒီကောင်မ စွဲချင်ရာက စွဲပစေ”

“ဒီလိုလည်း တစ်ခါတည်း ပြောလိုက်လို့ ဘယ်ဖြစ်ဦးမလဲ ခင်ဗျာ။ သေတဲ့လူ မျက်နှာကိုလည်း ထောက်ဦးမှပေါ့။ အမတ်မင်းရဲ့ ဂုဏ်သတင်းဟာ မြို့ပေါ်မှာရော နယ်မှာပါ ဘယ်လောက်မွှေးတယ်ဆိုတာ ကျွန်တော်တို့ အသိ သားပဲ။ ဒီလို လူကြီးလူကောင်းတစ်ယောက်ရဲ့ ဂုဏ်ဟာ သေခါမှ ညှိရမယ် ဆိုတဲ့ အချက်ကိုလည်း ထောက်ထားဖို့ ရှိပါသေးတယ်”

“များတယ် ... များတယ်။ ဘယ်နည်းနဲ့မှ မပေးနိုင်ဘူး။ ဒီလောက် ပေးစရာ ငွေလည်း မရှိဘူး”

“နို့ .... မင်းကတော်က ဘယ်လောက်များ မှန်းလို့လဲ ခင်ဗျာ” တစ်ခဏမျှ စဉ်းစားပြီးနောက် - သုံးသောင်းတော့ ဘာပဲဖြစ်ဖြစ် ကျွန်မ ပေးမယ်။ ဖြစ်လာပြီ ဥစ္စာ” “နည်းလွန်းပါတယ် မင်းကတော်”  မနည်းဘူးရှင့်။ များတောင်များသေးတယ် "

ငါးသောင်းလောက်ဆိုရင် ကျွန်တော် ကြားထဲက မဖြစ်ဖြစ်အောင် လုပ်ပေးပါ့မယ် မင်းကတော်”

ဤသို့ဖြင့် အပြန်အလှန် ဈေးဆစ်ကြပြီးနောက် နောက်ဆုံးတွင် ဒေါ် အေးခင်က လေးသောင်းပေးရန် သဘောတူညီလေ၏။

ဤကိစ္စ၌ မောင်မောင်ဦး၏ ရှေ့နေခကား မနည်းလှပေ။ အဘယ် ကြောင့်ဆိုသော် မင်းကတော်ထံမှ ငွေတစ်သောင်းခန့် ရအောင် တောင်းပေး မည်ဟု ရီရီအား နားသွင်းပြီး ဖြစ်ရာ မောင်မောင်ဦးမှာ ငွေ သုံးသောင်း 'ဝမ်” ပေတော့မည်။ သို့ဖြစ်ရကား မောင်မောင်ဦးသည် ငွေ သုံးသောင်းရမည့်အရေး ၊ ကို မျှော်တွေးကာ အူမြူးလျက်ရှိလေ၏။

နို့ပေမယ့် ဒီငွေကိုတော့ ကျွန်မ မပေးနိုင်သေးဘူး အမိန့်တော်ရမင်း။ ရှေ့လဆန်းမှာ ကျွန်မ ပေးမယ်” ။

“ကိစ္စမရှိဘူး ခင်ဗျာ၊ ကျွန်တော် စီစဉ်ပေးပါ့မယ်”

“အမိန့်တော်ရပြောတဲ့အတိုင်း အစစ အရာရာ စိတ်ချမှ ဖြစ်မယ်နော်။ တစ်ခါတည်းကိစ္စ အတုံး အပြီးအပြတ် နောင် ဒီကိစ္စနဲ့ပတ်သက်လို့ တစ်စွန်း တန် မှ မပေါ်ပေါက်စေရဘူး”

“ဒီဟာ ကျွန်တော် အာမခံပါတယ် မင်းကတော် စိတ်ချပါ။ ဒီငွေရပြီး ရင် မိန်းကလေးလည်း ဒီမှာ မနေပါဘူး တောပြန်ပါလိမ့်မယ်။

ဒါကြောင့် မင်း ကတော်ဆီက ငွေရရင် အားလုံး တစ်ခါတည်း ကိစ္စပြီးဖို့ ပါပဲ”

“ကောင်းပြီ အင်္ဂလိပ်လဆန်း နှစ်ရက်နေ့ ညနေ လေးနာရီ ကျွန်မပေးမ,် “ကျွန်တော် ဘယ်လာခဲ့ရမလဲ ခင်ဗျ” “လာဖို့ မလိုပါဘူး၊ ကျွန်မကိုယ်တိုင် လာပေးမယ်” “ချက် ပေးမှာလား မင်းကတော်" “ချက်တွေ ဘာတွေ ရှုပ်ပါတယ်။ ငွေသားပေးတာပေါ့”

“ဪ .. ဒါထက် တစ်ခုတော့ ပြောရဦးမယ်။ ကျွန်မတို့ ငွေကို မတရားသဖြင့် ဖျစ်ညှစ်ပြီး ယူတဲ့လူများဟာ သက်ဆိုးရှည်ရှည် မနေကြရဘူးရှင့်"

“ဘယ်လို အမိန့်ရှိလိုက်တာလဲ မင်းကတော်”

“ကျွန်မ ပြောတာ တခြား မဟုတ်ပါဘူး။ ကျွန်မတို့ ရှာဖွေထားတဲ့ ပစ္စည်းက ဓမ္မိယလဒ္ဓဖြစ်ပြီး စင်ကြယ်လို့လား မပြောတတ်ဘူး။ တောမှာ ကျွန်မ တို့ နွားကို ပြန်ပေးလုပ်တဲ့ လူနှစ်ယောက်ဟာ တစ်ယောက်က ပိုးထိသေပြီး ကျန်တဲ့တစ်ယောက်ကတော့ သူ့ကိုယ်သူ ကြိုးဆွဲချသေလိုက်တယ်။ ပြီးတော့ တစ်ခါကလည်း ကျွန်မယောက်ျား လက်ပတ်နာရီနဲ့ ဖောင်တိန် မိုးပြေးတဲ့ အစေခံ ကလေးဟာလည်း ဘာကြာသလဲ သုံးလေးရက်သာ ကြာတယ် ပြည်လမ်းမှာ ကားတိုက်သေရှာတယ်"

“တိုက်ဆိုင်လို့ ထင်ပါရဲ့ ခင်ဗျာ”

သို့ပင်ပြောရသော်လည်း မောင်မောင်ဦး၏ စိတ်ထဲတွင် ထင့်ခန် ဖြစ် သွား၏။

“ကျွန်တော့် အမှုသည်ကလေးတော့ ဒီလိုမဖြစ်ပါစေနဲ့လို့ ဆုတောင်း ပါတယ် ခင်ဗျား။ ပြီးတော့ ဒီကိစ္စ ညှစ်တယ်လို့လည်း မဟုတ်ပါဘူး။ တရား သဖြင့်လည်း ရထိုက်တဲ့ကိစ္စပါ။

“ကျွန်မကလည်း ဒီလိုပဲ ဆုတောင်းပါတယ် အမိန့်တော်ရမင်း။ အကြောင်းသာ ကျွန်မ ပြောတာပါ။ ကျွန်မတို့ ငွေကို တရားသဖြင့်ပဲ ယူတယ်။ မတရားတဲ့ နည်းလမ်းနဲ့ပဲ ယူတယ်ဆိုတာတော့ အမိန့်တော်ရမင်းတို့ ကျွန်မ တို့ သိနိုင်တာ မဟုဟ်ဘူး။ ကိုယ်စောင့်နတ်များမှ သိမှာပါ။ ကိုင်း .... ကျွန်မကို ပြန်ဖို့ခွင့်ပြုပါဦး”

ဒေါ်အေးခင် ပြန်သွားသောအခါ၌ကား မောင်မောင်ဦးမှာ စီးကရက် သုံးလိပ်ကုန်အောင် ဖွာရင်း နက်နဲစွာ စဉ်းစားလျက်ရှိလေသည်။

မိုးတစိမ့်စိမ့် ရွာသွန်းလျက်ရှိသော ဇူလိုင်လ နှစ်ရက်နေ့ ညနေစောင်း ၌ မောင်မောင်ဦးသည် အခန်းတွင်းရှိ တိုင်ကပ်နာရီကို မကြာခဏ မော်ကြည့် ကာ စီးကရက်သောက်ရင်း စင်္ကြလျှောက်လျက်ရှိလေ၏။ . ဒေါ်အေးခင်အား စောင့်မျှော်ရင်း ဒေါ်အေးခင် ပြောသွားသော စကား များကိုလည်း ကြားယောင်လျက် ရှိသည်။ သို့ သော် ယင်းကဲ့သို့ ဖြစ်ရသည် ဆိုခြင်းမှာ အယူသည်းခြင်းမျှသာ ဖြစ်၍ ကံ ကံ၏ အကျိုးတရားကို ယုံကြည်သော ဗုဒ္ဓဘာသာ မြန်မာ ယောက်ျားကြီးတစ်ယောက်အတွက် တစ်စုံတစ်ရာ တွေးတောရန် မရှိချေ။ ထို့ပြင် တစ်ကြောင်းအားဖြင့်လည်း ဦးမောင်မောင် ဒေါ်အေးခင်တို့၏ ငွေကို တိုက်ရိုက်တောင်းယူသူမှာ ဆရာမကလေး ရီရီဖြစ်၍ မိမိမှာ အခကြေးငွေရသဖြင့် ကြားမှ ဆောင်ရွက်ပေးသူမျှ ဖြစ်သောကြောင့် မိမိနှင့် တစ်စုံတစ်ရာ သက်ဆိုင်ခြင်း မရှိဟုလည်း စဉ်းစားမိ၏။

လေးနာရီနှင့် ငါးမိနစ်ရှိသော်လည်း ဒေါ်အေးအင် မပေါ်လာသေး သဖြင့် ပြတင်းပေါက်များမှပင် မျှော်၍ကြည့်မိ၏။ ကုလားထိုင်သို့ ပြန်၍ထိုင် ပြီးနောက် စီးကရက်တစ်လိပ်ကို မီးညှိနေစဉ် လှေကားမှ ခြေသံကြားရသဖြင့် တံခါးကို ဖွင့်ပေးလိုက်ရာ အခန်းတွင်းသို့ ဒေါ်အေးခင် ဝင်လာသဖြင့် မောင် မောင်ဦးသည် ဒေါ်အေးခင်အား လောကွတ်ပျူငှာ နေရာထိုင်ခင်းပေးလေသည်။

ဒေါ်အေးခင်သည် နာရီကို လှမ်းကြည့်လျက် -

“နည်းနည်း ကျွန်မ နောက်ကျသွားတယ်။ လမ်းမှာ မိတ်ဆွေတစ်ဦးနဲ့ စကားကောင်းနေလို့"

“နောက်မကျပါဘူး။ မင်းကတော် နာရီက နည်းနည်းမြန်လို့ပါ” “သူ့လက်မှတ်နဲ့ စာချုပ်ကော” “အဆင်သင့်ပါပဲ ခင်ဗျာ”

မောင်မောင်ဦးသည် မီးခံသေတ္တာကြီးအတွင်းတွင် စာအိတ်ရှည်ကြီး တစ်လုံးဖြင့် ထည့်ထားသော စာချုပ်တစ်စောင်ကို ယူပြီးလျှင် ဒေါ်အေးအင်အား ဖတ်ပြလေသည်။ စာချုပ်၏ သဘောမှာ ရှေးဦးစွာ ဆရာမ ရီရီ၏ စွပ်စွဲတောင်းဆိုချက်ကို ရေးထား၍ ထိုအချက်ကို ဒေါ်အေးခင်က ငြင်းပယ်ကြောင်း၊ သို့သော် မည်သို့ပင်ဖြစ်စေ ရုံးပြင် ကနားရောက်မည့် ကိစ္စကို ရှောင်ရှားလို၍ ရီရီဆိုသော မိန်းမအား ငွေ လေးသောင်း ပေးရာ ရီရီက ဤကိစ္စနှင့် ပတ်သက် ၍ နောင်တစ်စုံတစ်ရာ မပြောဆိုပါဟု ကတိပေးကြောင်း ရေးသားထားပြီးလျှင် ရီရီကိုယ်တိုင် အမှန်ရေးထိုးထားသော လက်မှတ် ပါရှိလေသည်။ ဦးသာဒွန်း နှင့် မိမိကိုယ်တိုင်က အသိသက်သေအဖြစ်ဖြင့် လက်မှတ်ရေးထိုးကြ၏။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)