Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ဒဂုန်ခင်ခင်လေး - ရွှေပဟိုလ်နှင့်၀ထ္ထုတိုများ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
ရွှေပဟိုရ်
အခန်း ၁

          နောင်.... ဒိုင်း.. ဟူ၍ သာယာစွာ တီးလေ့ရှိသော ပဟိုရ်စည်သံ နှင့် များစွာကွာဝေးလှသဖြင့် ကြက်တွန်သံကလေးကိုသာ ပဟိုရ်အမှတ် ဖြင့် အချိန်ပြု၍နေရသော တောရွာငယ်ကလေးတစ်ရွာ၏ထိပ် အရိပ် အာဝါသနှင့် ပြည့်စုံသော ညောင်ပင်ကြီးတစ်ပင်အောက်တွင် အလိုက် ဘာသာအားဖြင့် ပျော်ပါးရွှင်စွာ ကစားမြူးထူးလျက်ရှိသော ကလေး သူငယ်ကလေးများကို ဤဝတ္ထုစသည်နှင့် တစ်ပြိုင်တည်း တွေ့မြင်ရပေ လိမ့်မည် ဖြစ်ပေ၏။ ထိုကလေးများအနက် ရုပ်လက္ခဏာအားဖြင့် လှပ သန့်ရှင်းသော မိန်းမငယ်ကလေးတစ်ယောက်နှင့် သူငယ်ကလေးတစ် ယောက်မှာ ရှင်မင်းဆွေဆိုသော ကလေးမလေးနှင့် မောင်ယောဆိုသော သူငယ်ကလေး ဖြစ်လေ၏။

          ၎င်းရှင်မင်းဆွေနှင့် မောင်ယောတို့ကား အခြားသောကလေးများ နှင့်မတူ မူကွဲပြား ထူးခြားသော အဆင်းနှင့်ပြည့်စုံကြပုံချင်း တူညီကြ လည်း တစ်မိသားတည်းမဟုတ်ဘဲ မောင်ယောမှာ ရွာထိပ်ဘုန်းကြီးကျောင်းတွင် သီတင်းသုံးသော ဘုန်းတော်ကြီးဦးပေယျက သုံးနှစ်သား အရွယ်ကမှစ၍ ကျွေးမွေးသုတ်သင်လာခဲ့ပြီးလျှင် ယခုအရွယ်တိုင် စာပေ ကျမ်းဂန်တို့ကို စေ့ငစုံလင်အောင် သင်ကြားပြသလျက် ဘုန်းတော်ကြီး ဦးညေယျ၏ သားတပည့်ရင်းပင်ဖြစ်လေ၏။ ရှင်မင်းဆွေကား ၎င်းရွာ အတွင်း ဆင်းရဲသောမုဆိုးမတစ်ဦး၏ သမီးကလေး ဖြစ်လေ၏။

          ယင်းသို့ ကစားမြူးပျော်လျက် ရှိကြကုန်သော ကလေးများထဲတွင် အသားနက်နက် မျက်ခမ်းစပ်စပ်နှင့် ညိုကြီးခေါ် ခပ်ကျယ်ကျယ် သူငယ် ကလေးက “ဟေ့ မင်းဆွေ နင်တို့ ဒွေးလေးငြိမ်းဆီသွားပြီး မြို့က အကြောင်းတွေ ပြောတာ နားထောင်ရအောင်ဟေ့'ဟု ပြောကာ မိမိနှင့်အတူ စာသင်ဘက်ဖြစ်သော မောင်ယောကိုလည်း လှည့်ကာ “မင်းကော လိုက် မလား” ဟု မေးလိုက်လေ၏။ ၎င်းညိုကြီးဆိုသော သူငယ်ကလေးကား ထိုရွာ၌ ဘုရင်ဟု ခေါ်နိုင်သော ရွာသူကြီး ဦးရန်နိုင်၏ ဧကပုတ္တ တစ်ဦး တည်းသော သားငယ်ပင်ဖြစ်သည့်အလျောက် ဘုန်းတော်ကြီး ဦးသေယျ ထံအပ်နှံ၍ စာပေသင်ကြားလျက်ရှိလေ၏။ ဤကဲ့သို့ ညိုကြီးက မေး သောစကားကို ကြားကြသော မောင်ယော ရှင်မင်းဆွေနှင့်တကွ အခြား သော ကလေးများပါ သဘောတူညီကြသဖြင့် ညောင်ပင်အောက်မှ ရွာဝ သို့ပြေးသွားကြလေ၏။

          ၎င်းဒွေးလေးငြိမ်းကား ရှင်မင်းဆွေ၏ အမေနှင့် ညီအစ်မဝမ်းကွဲ တော် ရှင်ငြိမ်းအောင်ဆိုသော အဒေါ်ကြီးပင် ဖြစ်လေ၏။ ရှင်ငြိမ်းအောင် မှာ ဤရွာ၌ အမြဲနေသူ မဟုတ်ချေ။ ရွှေမြို့တော်ကြီးတွင် မင်းတရားကြီး ဘုရား၏သမီးတော် စလင်းစုဘုရား၏ အပျိုတော်ကြီးတစ်ဦးအိမ်တွင် နေထိုင်၍ ၎င်းအပျိုတော်ကြီးနှင့်အတူ နန်းတွင်းသို့ အစဉ်မပြတ်လိုက် ပါရပြီးလျှင် နဂိုဝါသနာကလည်း ပျော်တတ်ရွှင်တတ်သဖြင့် အပျိုတော် ကလေးများအား ရယ်စရာမောစရာ ပုံတိုပတ်စကလေးများကို ပြောပြကာ အပျင်းဖြေတတ်သဖြင့် စလင်းစုဘုရား၏ ဆောင်တော်တွင်းရှိ အပျို တော်ကြီးငယ်အပေါင်းတို့ကပင် အထူးချစ်ခင်ကြသဖြင့် ဒေါ်ငြိမ်းအောင် မှာ စလင်းအဆောင်တော်တစ်ခုလုံးနှင့် များစွာပင် အကြောင်းအပေါင်း သင့်လျက်နေသူ ဖြစ်လေ၏။

          နှစ်နှစ်တစ်ကြိမ်၊ သုံးနှစ်တစ်ကြိမ်လည်း မိမိအစ်မနှင့် တူမကလေး ရှင်မင်းဆွေတို့ကိုတွေ့ရန် ရွာသို့ ခေတ္တခဏ ပြန်၍လာတတ်လေ၏ ။ ဒေါ်ငြိမ်းအောင်သည် ဤရွာသို့ ပြန်ရောက်လာသည်မှာ နှစ်လကျော်မျှ ကြာရှိခဲ့လေ၏။ ဒေါ်ငြိမ်းအောင် ပြန်လာသည်ဟုကြားလျှင် ရွာသူ ရွာသား၊ လူကြီးလူငယ်၊ မိန်းမယောက်ျားမကျန် ရွှေမြို့တော်နှင့် ကွာဝေး လှသည့်အတိုင်း မမြင်ဖူးသော မကြားဖူးသော အကြောင်းအရာများကို လာရောက်မေးမြန်းကာ ရှင်ငြိမ်းအောင်ပြောသော စကားများကို တရားနာ သကဲ့သို့ပင် ကောင်းစွာ နားထောင်၍ များစွာအံ့သြချီးမွမ်းလျက် ဒေါ်ငြိမ်းအောင်အား စားစရာသောက်စရာကလေးများ ပေးသူကပေးနှင့် ရွာသူ ရွာသားတို့မှာ ဒေါ်ငြိမ်းအောင်ကို အထူးသဖြင့် အရေးယူကြလေ၏။

          မြို့မှရောက်ခါစတွင် လူကြီးပိုင်းက ဧည့်မစဲသော်လည်း တစ်လ ကျော်လောက်ရှိလျှင် ဒေါ်ငြိမ်းအောင်ထံသို့ လူဝင်လူထွက်စဲ၍ သွားလေ ၏။ သို့သော် ရွာရှိကလေးများမှာကား တစုတဝေးကြီး မကြာခဏလာ၍ ဒေါ်ငြိမ်းအောင်အား မြို့မှ အကြောင်းများကို မေးမြန်းတတ်ကြလေရာ၊ ဒေါ်ငြိမ်းအောင်ကလည်း ကလေးများနှင့် သင့်လျော်သော ‘ရာမဇာတ်” “အီနောင်ဇာတ်ပွဲများ၊ နန်းတော်တွင်း၌ ကပြကြပုံ၊ သီတင်းကျွတ်အခါ ပြုလုပ်သော ဆီမီးမြင်းမိုရ်” ပွဲတော်၊ တန်ဆောင်မုန်းလအခါ ပြုလုပ်သော တန်ဆောင်တိုင်ပွဲတော်အကြောင်း၊ ၎င်း တန်ဆောင်တိုင်အခါတွင် နန်းတော်သူများ ညချင်းပြီး “မသိုးသင်္ကန်း” ရက်ကြသောအကြောင်း၊ ရေသဘင်ပွဲအကြောင်းမှစ၍ ပဟိုရ်စင်မှ အချိန်မှန်တီးသော ပဟိုရ်စည်ကြီး၏ သာယာလှသော အကြောင်းများကို တစ်ခုပြီးတစ်ခု နေ့စဉ်နေ့စဉ် ပြောပြလေရာ၊ ကလေးလူငယ်တို့မှာလည်း ရှေးဒဏ္ဍာရီပုံပြင်များကို နား ထောင်ဘိသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်၍ နေတတ်ကြ လေ၏။ အချို့သောကလေးမိခင်တို့မှာ မိမိတို့ သားသမီးများကို အထိန်း သက်သာသည်ဟု ဒေါ်ငြိမ်းအောင်ကိုပင် ကျေးဇူးတင်နေကြလေ၏။

          ဤကဲ့သို့ နားထောင်ကြကုန်သော ကလေးများအနက် ရှင်မင်း ဆွေသည်ကား ဒေါ်ငြိမ်းအောင်ပြောပြသမျှထဲတွင် မိမိအသည်း၌ စွဲ၍ နေသော အရာသည်ကား ပဟိုရ်စည်တော်ကြီး၏ သာယာချိုအေးလှ သောအသံကို ကြားလိုခြင်း၊ ၎င်းစည်တော်ကြီးကို မြင်လိုခြင်းတို့ပင် ဖြစ်လေသည်။ သို့ကြောင့် မိမိကြီးပြင်းသောအခါ ရွှေမြို့တော်ကြီးသို့ သွား၍ ပဟိုရ်စည်သံကို နားထောင်မည်ဟု ကလေးဘာဝတွေးတောပြီး သန္နိဋ္ဌာန်ချ၍ ထားသူဖြစ်လေ၏။