စာအုပ်အချက်အလက်သို့ ကျော်သွားပါ။
1 6

စိတ်ကူးချိုချိုစာပေ

ထွန်းထက် - စွမ်းဆောင်ရည်မြင့်မားသောပုဂ္ဂိုလ်တို့၏အလေ့အထကောင်းများ

ထွန်းထက် - စွမ်းဆောင်ရည်မြင့်မားသောပုဂ္ဂိုလ်တို့၏အလေ့အထကောင်းများ

ပုံမှန်ဈေး 0 Ks
ပုံမှန်ဈေး 0 Ks ရောင်းဈေး 0 Ks
ရောင်းရန် ရောင်းကုန်ပြီ
စာအုပ်အမျိုးအစား

:: ဤစာအုပ်ကို စာမြည်းဖတ်လိုပါက “စာမြည်းရန်အီးဘွခ်” ဆိုသည်ကိုရွေး၍ (Buy it now) ခလုတ် ကိုနှိပ်ကာ၀ယ်ယူပေးပါ၊ အခမဲ့ အမှာစာ (Order) တင်ပြီးသည့်နောက်တွင် ၄င်းအီးဘွခ်ပီဒီအက်ဖ်ဖိုင် ဒေါင်းလုပ်ဆွဲရန်လင့်ကို စာဖတ်သူ၏ အီးမေလ်ထဲသို့ ပို့လိုက်မည်ဖြစ်ပါသည်၊

:: ပုံနှိပ်စာအုပ် ၀ယ်ယူရန်အတွက်မူ “ပုံနှိပ်စာအုပ်” ဆိုသည်ကိုရွေး၍ (Buy it now) ခလုတ် ကိုနှိပ်ကာ ရှေ့ဆက်လုပ်ဆောင်၍၀ယ်ယူပေးပါ။
---------------------------

တွေးတောဆင်ခြင်မှု အဆင့်သစ်တစ်ခု

          အဲလ်ဘတ်အိုင်းစတိုင်းက “ကျွန်ုပ်တို့ ရင်ဆိုင် တွေ့ကြုံနေရသော ထူးခြားသည့်ပြဿနာများကို ၎င်းတို့အား ကျွန်ုပ်တို့ ဖန်တီးခဲ့စဉ်က ကျွန်ုပ်တို့ တွင် ရှိနေခဲ့သော တွေးတောဆင်ခြင်မှုအဆင့်၌ ဖြေရှင်း၍မရနိုင်” ဟု ပြောဆိုခဲ့သည်။

          ကျွန်ုပ်တို့ပတ်ဝန်းကျင်နှင့် ကျွန်ုပ်တို့ ခန္ဓာ ကိုယ်အတွင်းကို ကျွန်ုပ်တို့ကြည့်ပြီး “ကိုယ်ရည် ကိုယ်သွေး စရဏတရား” အတွင်း ကျွန်ုပ်တို့ နေ ထိုင်ရှင်သန်ပြီး အပြန်အလှန်ပြုမူဆောင်ရွက်နေ ကြစဉ် ဖန်တီးခဲ့သောပြဿနာများကို အသိအမှတ် ပြုကြသောအခါ ယင်းပြဿနာများသည် ၎င်းတို့ အား ဖန်တီးခဲ့သော အပေါ်ယံ အဆင့်ပေါ်တွင် ဖြေ ရှင်း၍ မရနိုင်သော နက်ရှိုင်းသည့် အခြေခံ ပြဿနာများ ဖြစ်ကြသည်ဆိုသော အချက်ကို ကျွန်ုပ်တို့ စတင် သဘောပေါက် နားလည်လာကြသည်။ တွေးတောဆင်ခြင်မှုနှင့် ပတ်သက်၍ အဆင့်သစ်တစ်ရပ်ကို ကျွန်ုပ်တို့ လိုအပ်သည်။ ပိုမိုနက် ရှိုင်းသော အဆင့်သစ်-ဤနက်ရှိုင်းသော စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန် စွမ်းဆောင်ရည် ထက်မြက်သော လူသားနှင့် အပြန်အလှန် ပြုမူ ဆောင်ရွက်ခြင်း၏ နယ်မြေပိုင်နက်ကို တိတိကျ ကျ ဖော်ပြသော အခြေခံမူများပေါ်တွင် အခြေခံ ထားသည့် စံနမူနာတစ်ခုကို လိုအပ်သည်။

          စွမ်းဆောင်ရည်မြင့်မားသော ပုဂ္ဂိုလ်များ၏ အလေ့အထကောင်း (၇)ခု”မှာ တွေးတောဆင်ခြင် မှုနှင့်ပတ်သက်သော အဆိုပါ အဆင့်သစ်အကြောင်း သရုပ်ဖော်ထားခြင်းဖြစ်သည်။ ယင်းမှာ တစ်ကိုယ် ရေနှင့်ရော၊ လူသားအားလုံးနှင့်ပါ သက်ဆိုင်သည့် စွမ်းဆောင်ရည်ထက်မြက်မှုဆီသို့ ချဉ်းကပ်ရာ တွင် မူကို ဗဟိုပြုသော၊ ကိုယ်ကျင့်တရားအပေါ် အခြေခံသော၊ မြုပ်ကွယ်နေသော အတွင်းအားများ အပြင်သို့ ထွက်လာစေသော နည်းလမ်းများပင် ဖြစ်သည်။

အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။