Skip to product information
1 of 3

Other Websites

ထောင်မှုးကြီးသိန်းဝင်း - သစ်တောအရေးပိုင်ဦးနေအောင်နှင့် ရွာပုန်းများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း (၁)

          ဦးနေအောင်ဟုခေါ်သော ကျွန်ုပ်သည် သစ်တောအရေးပိုင် အဖြစ် စစ်ကြိုခေတ်ကာလနှင့် စစ်ပြီးခေတ်ကာလ လွတ်လပ်ရေးရ ကာစအချိန်များတွင် စစ်ကိုင်းတိုင်း၌ တာဝန်ကျခဲ့စဉ် တွေ့ကြုံခဲ့ရသော တောတွင်းဆန်းကြယ် ဖြစ်ရပ်မှန်များအား စာဖတ်သူများ ဗဟုသုတ ရစေခြင်းအကျိုးငှာ တင်ပြလိုက်ရခြင်းဖြစ်သည်။ ' , ... ကျွန်ုပ်အုပ်ချုပ်ရသော နယ်မြေမှာ အတော်ကျယ်ပြန့်သည်။ . အင်းတော်၊ ဗန်းမောက်၊ ဖောင်းပြင်၊ ပင်လယ်ဘူး၊ မော်လိုက်၊ ကျွန်းလှ ကလေးဝ၊ တန်ဆည်မြို့နယ်များအထိ ရှည်လျားသည်။

          တစ်လနှစ်ကြိမ် ကွင်းဆင်းစစ်ဆေးရသည်ဖြစ်ရာ တစ်လလုံး ' နီးပါး တောထဲတောင်ထဲတွင် အနေများသည်။ ထို့ကြောင့်လည်း  တောစာ၊ တောင်စာကို နှစ်သက်သဘောကျပြီး အမဲလိုက်မုဆိုးလုံးလုံး ဖြစ်ရတော့သည်း အလုပ်နှင့်ဝါသနာ တူနေ၍ ပင်ပန်းသော်လည်း ကျွန်ုပ် ညည်းညူးမိပါ။

          ကျွန်ုပ်တွင် ဝါသနာတူ၊ စရိုက်တူ၊ ကျွန်ုပ်အပေါ်တွင် အသက် ဤ ချစ်ကြသော-သစ်တောဌာန၊ အရာရှိဝန်ထမ်း များစွာ ရှိသည့် အနက် တောအုပ်ဇော်မင်း၊ လက်နှိပ်စက်စာရေး ကျော်စိန်ဝင်းနှင့် ယာဉ် ဆင်း ဆင်းချက်အောင်ဘုတို့မှာ ကျွန်ုပ်၏ သစ်တောအရေးပိုင်ဘဝ သို့ တွေ့ဆုံ တပည့်များဖြစ်သည်။

          ရန်ကုန်တက္ကသိုလ်မှ သစ်တောပညာဘာသာဖြင့် ဘွဲရပြီးနောက် လက်ထောက်တောအုပ်အဖြစ် စစ်ကြိုခေတ်က စတင်၍ သစ်တောဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ရရာ စစ်ကိုင်းတိုင်းဒိုးတွင်း၌ ဝင် လှည့်လည်၍ တာဝန်ထမ်းဆောင်ခဲ့ရသည်။

          ထို့ကြောင့် ကျွန်ုပ်မရောက်ဖူးသော တောနှင့် မရောက်ဖူး သော ရွာဟူ၍ အလွန်ရှားပေသည်။ သို့သော် ကျွန်ုပ်မရောက်ခဲ့ရသော “ရွာပုန်းများ ရှိသည်ကိုတော့ ဝန်ခံရပေမည်။ “ရွာပုန်း” ဟူသည်မှာ လူတိုင်းမရောက်နိုင်သော သီးခြားကမ္ဘာတွင်ရှိသည်။ ပျောက်ကွယ်နေ သော ရွာများကို ဆိုလိုပါသည်။

          သစ်တောဌာနတွင် ဝန်ထမ်းအဖြစ် ခန့်အပ်လျှင် ကျန်းမာ ရေး ကောင်းမွန်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်သန်မာသူကိုသာ ရွေးချယ်ခန့်ထား လေ့ရှိသည်။ သင်တန်းအမျိုးမျိုးတက်ရရာ သစ်တောပညာဘာသာရပ် အပြင် လက်နက်အမျိုးမျိုး ကိုင်ဆောင်ပစ်ခတ်ခြင်း၊ ကိုယ်ခံပညာနှင့် ရေကူးခြင်း၊ တောင်တက်ခြင်း အလေ့အကျင့်များကို သင်ကြားတတ် မြောက်ရသည်။ . . . . . . ။

          သစ်အမျိုးအစား ခွဲခြားခြင်း၊ ခုတ်လှဲနိုင်ခွင့် ပင်စည်အတိုင်း အတာရှိသော သစ်ပင်များအား တံဆိပ်ရိုက်ခြင်း၊ ကျွမ်းကျင်ဝန်ထမ်းနှင့် သစ်ခုတ်ခြင်း၊ ဆင်၊ ကျွဲတို့ဖြင့် သစ်ဆွဲခြင်း၊ သစ်ဖောင်ဖွဲ့၍ လျှောခြင်း တို့ကို လေ့လာသင်ယူရသည့်အပြင် လုံးတန်ခန့်မှန်းတွက်ချက်ခြင်း၊ သစ် - ခွဲသား တန်တွက်ချက်ခြင်း၊ သစ်သူခိုးများအား ဖမ်းဆီးခြင်း အတတ် ပညာတို့ကိုလည်း ကျွမ်းကျင်စွာ တတ်ရသေးသည်။

          ကျွန်ုပ်တို့ သစ်တောဝန်ထမ်းများအား အကြီးမားဆုံးဒုက္ခပေး သည့်ရန်သူမှာ သစ်သူခိုးများလည်းမဟုတ်၊ တောကောင်များလည်း မဟုတ်၊ ငှက်ဖျားရောဂါကြီးသာဖြစ်သည်။ ဝန်ထမ်းတိုင်း မဖျားမနာဖူး သူ မရှိ။ ငှက်ဖျားနှင့် မကင်းသူများချည်းသာ ဖြစ်ကြသည်။

          အချို့ဆိုလျှင် တောထဲ၊ တောင်ထဲကွယ်လွန်ခဲ့ကြရ၍ အိမ်မှ မိသားစုပင် လာရောက်သဟ်နိုင်ခြင်း မရှိခဲ့ကြ။ ထို့ကြောင့် သစ်တော ဝန်ထမ်းလုပ်သက်ကြာသူများမှာ ထုသားပေသားရနေသော် အမာခံများ ဖြစ်ကြသည်။

          ကျွန်ုပ်လည်း ဒုတောအုပ်ဘဝက ငှက်ဖျားဖြစ်ခဲ့ဖူးသည်။ ကာ တွယ်ဆေး အပတ်စဉ် မှန်မှန်သောက်နေသည့်ကြားမှ ငှက်ဖျားဖြစ်ခြင်း ၊ ဖြစ်သည်။ ကာကွယ်ဆေး မသောက်သူများကတော့ ငှက်ဖျားဖြစ်လျင် အကြီးအကျယ် အပူချိန်တက်ပြီး အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်တတ်သည်။

          ဆေးမှန်မှန်သောက်သူများ ငှက်ဖျားဖြစ်လျင်တော့ သက်သာ သည်။ အသက်အန္တရာယ် မထိခိုက်နိုင်ပါ။ ထိုခေတ်ကာလများက ယခု ကာလလို ငှက်ဖျားရောဂါ ကာကွယ်ဆေးမျိုးစုံ မပေါ်သေး၊ ကရိုလိုကွင်း၏ ကွီနိုင်ဆေး တစ်မျိုးတည်းသာရှိသည်။ ကာကွယ်ဆေးလည်း သူပင်း ကုသရန်ဆေးလည်း သူပင်။ . ။

          ကာကွယ်ရန်တစ်ပတ် ကွီနိုင် နှစ်လုံးသောက်ရသည်။ ရောဂါ ဖြစ်ပါက တစ်နေ့သုံးကြိမ်၊ တစ်ကြိမ်လျှင် လေးလုံးနှုန်းသောက်ရသဖြင့်စပ်ဖျားခါးအံပြီး အစားအသောက်ပင် စားချင်စိတ်မရှိ၊ အစာမစား ၎ည်း ရင်တုန်၊ ပန်းတုန်၊ မျက်စိထွေပြားလာပြီး ဖျားရက်ရှည်တက်သည်။

          အားနည်းလွန်း၍ ဆေးကုနေရင်း သေဆုံးသူ ချည့်နဲ့သွားသူ၊ ဦးနှောက်အတွင်း ငှက်ဖျားပိုးရောက်၍ ရူးသွပ်သွားသူများကိုလည်း တွေ့ ဖူးသည်။ ထို့ကြောင့် ငှက်ဖျားရောဂါနှင့် မကင်းနိုင်သော သစ်တော ဝန်ထမ်းဘဝမှာ အလွန်သနားစရာကောင်းပါသည်။

          အကြီးအကျယ် ငှက်ဖျားဖြစ်ပြီး နောက်ထပ်မဖြစ်တော့ဟု၊ ယူဆလျင် မှားပေမည်။ တောထဲ၊ တောင်ထဲနေသမျှ ကာကွယ်ဆေးသောက်နေသည့် တန်းလန်းမှပင် အစားမှားခြင်း၊ အအေးမိခြင်း၊ ပင် ပန်း၍ ချွေးထွက်လွန်ခြင်းများဖြစ်လာပါက စောင့်ကြည့်နေသော ငှက်ဖျား ရောဂါဆိုးကြီးက ဒိုင်ပင်ထိုး၍ ဝင်လာမြဲဖြစ်သည်။

          ရောဂါဝင်လာပါက လူဗလံလေးရော၊ ဗလကြီးသူရော မခံနိုင် ပါ။ ဆေးဝါးကုသခြင်း အမြန်ဆုံးမပြုလုပ်နိုင်ပါက ရူးသွပ်ခြင်း၊ သေဆုံး ခြင်းတို့ဖြစ်တော့သည်။ ထို့ကြောင့် ကျွန်ုပ်တို့တောတွင် နေ့စဉ်ကာလ ပတ်လုံး အစားမမှားစေရန်၊ ခြင်မကိုက်စေရန်၊ အအေးမမိစေရန် အထူး သတိထားကြရသည်။ - ကျွန်ုပ်၏ လုပ်သက်တစ်လျှောက်လုံး အနှစ်သုံးဆယ်ခန့် အတွင်း၌ တွေ့ကြုံ၊ ဆုံကွဲ၊ မတည်မြဲသော လောကသံသရာကို ပဋိစ္ဆသမုပ္ပတ်နည်းဖြင့် ရှုမိတော့ အလွန်တရားရစရာ ကောင်းလှသည်။ သို့သော်လည်း တရားထူး တရားမြတ်၊ မရသေးသော လူသာမန်သာဖြစ် ၍ ရှည်လျားထွေပြားလှသော ဘဝသံသရာ ရထားကြီးကိုစီး၍ ကျရာ . တာဝန်များကို ထမ်းဆောင်ရပေဦးမည်။ မသေမချင်း လူမှုရေးတာဝန် ကို ထမ်းဆောင်ရသူကို လူဟုခေါ်သည်ဟု ကျွန်ုပ် အဆိုပြုလျင် လွန်အံ့ မထင်ပါ။

          ကျွန်ုပ်တို့ အထိုင်စခန်းမှာ ကျွန်းလှမြို့ဖြစ်သည်။ သာမန် အားဖြင့် တစ်လနှစ်ကြိမ် သစ်ကွင်းသစ်ကွက်များအား လိုက်လံစစ်ဆေး ရသည်။ အရေးပေါ် ထူးခြားဖြစ်စဉ် ပေါ်ပေါက်ပါက အချိန်မရွေး ကွင်း ဆင်းစစ်ဆေးရသည်။ တောတောင်အတွင်း လုပ်ငန်းများဖြစ်၍ အရေးဖြစ်စဉ်များကလည်း အချိန်မရွေး၊ ရာသီမရွေး ပေါ်ပေါက်လာတတ် သည်။

          ဆောင်းဦးပေါက် ရာသီတစ်နေ့တွင်ဖြစ်သည်။ ဗန်းမောက်မြို့ မှ အရေးပေါ် ကြေးနန်းဝင်လာသည်။ ဗန်းမောက်တိုက်နယ်၊ ဖန်ခါး ကုန်းစခန်းတွင် ယာဉ်တိုက်လူသေမှုဖြစ်ကြောင်း သတင်းပို့ခြင်းဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်ုပ်တို့လည်း ဗန်းမောက်နှင့် အင်းတော်ကြီး ဘက် ခရီးထွက်ရန် ပြင်ဆင်နေသောအချိန်ဖြစ်သည်။

          ထို့ကြောင့်လည်း ကျွန်ုပ်တို့အဖွဲ့ အလျင်အမြန်ပင် ခရီးထွက် နိုင်ကြသည်။ ကျွန်းလှမှ ကားဖြင့်၊ ထိုမှ ရထားဖြင့် ကောလင်း၊ ဝန်းသို ကို ဖြတ်ပြီး ဗန်းမောက်မြို့သို့ ရောက်သည်။ ဗန်းမောက်မှ သစ်တိုက် ကားကြီးဖြင့် အမှုဖြစ်သော ဖန်ခါးကုန်းစခန်းသို့ တောလမ်းအတိုင်း သွားကြရသည်။ ဖန်ခါးကုန်း ဘိုတဲသို့ ညနေပိုင်းတွင် ရောက်ရှိသည်။

          ဖန်ခါးကုန်းစခန်းမှာ သစ်တိုက်ကားငါးစီးထားရှိသော စခန်း ဖြစ်သည်။ စခန်းတာဝန်ခံ၊ တောအုပ် ဦးခင်မောင်နှင့် မော်တော်ယာဉ်မှူး ဦးလှသောင်း၊ ဆင်ခေါင်း၊ ချောင်းအုပ်၊ ကွဲသမားများ (၅၀)ခန့်ရှိသော အထိုင်စခန်းကြီးဖြစ်သည်။ ရောက်ရောက်ခြင်းပင် ကျွန်ုပ်တို့ အတို့ အမူ့ကိုစတင်စစ်ဆေးသည်။

          အမှုဖြင်စဉ်မှာ Ford အမျိုးအစား ခေါင်းတိုသစ်တိုက်ကား ကြီက ညမိုးချုပ်စ စခန်းပြန်အဝင် ဝင်းတံခါးအား ဖွင့်ပေးသော သစ်တောဝန်ထမ်းအား တိုက်မိပြီး ဝင်းတံခါးကြီးပါ ပျက်စီးသွားသော အမှုဖြစ် သည်။ ကားမောင်းသူမှာ လှမောင်၊ ဗန်းမောက်မှခေါ်ယူ၍ သစ်ကား စောင်းသည်မှာ လပိုင်းသာ ရှိသေးသည်။

          ကျွန်ုပ် •••

          “မောင်မင်း ဖန်ခါးကုန်းစခန်းရောက်တာ ဘယ်လောက်ကြာ ပြီလဲ”

          ကားသမားလှမောင် ...

           “တစ်လကျော်ကျော်ပဲ ရှိပါသေးတယ်၊ အရေးပိုင်မင်း” .

           ကျွန်ုပ် ... “ဗန်းမောက်စခန်းမှာ နေတုန်းကလည်း သစ်ကားမောင်းတာပဲလား”

          “ဟုတ်ပါတယ်ခင်ဗျား၊ အင်းတော်နဲ့ ဖန်ခါးကုန်း သစ်ရာပင် သစ်ကွက်တွေ့ရာ ရောက်လာတဲ့ သစ်လုံးတွေ၊ ခွဲသားတွေကို ဗန်းမောက် ကတစ်ဆင့် ရထားတင်ပေးရတဲ့ ကားကိုမောင်းတာပါ”

          “ကားမောင်းသက်တမ်း ဘယ်လောက်ရှိပြီလဲ”

          “ကျွန်တော်က ကသာဘက်က လာတာပါ။ ဟိုမှာ (၅) နှစ် ဗန်းမောက်မှာ (၃) နှစ်၊ ဒီစခန်းမှာ တစ်လကျော်ဖြစ်လို့ ကားမောင်း သက် (၈)နှစ်ကျော်ပါပြီခင်ဗျာ”

          “အရင်ကရော ယာဉ်တိုက်လူသေမှု ဖြစ်ဖူးသလား” -

          “မဖြစ်ဖူးပါဘူးခင်ဗျား၊ ကျွဲတိုက်၊ နွားတိုက်တော့ ဖြစ်ဖူးပါ တယ်”

          “မောင်မင်း ... အရက်သောက်တတ်သလား”

          “သောက်တတ်ပါတယ်ခင်ဗျား၊ ဒါပေမယ့် ကျွန်တော်မျိုးက လုပ်ငန်းသိမ်းပြီး ညဘက်မှ သောက်တတ်တာပါ။ အလုပ်ချိန်အတွင်း မသောက်တတ်ပါဘူးခင်ဗျာ”

          “အဲဒီအမှု ဖြစ်ပွားတဲ့အခြေအနေကို ပြည့်ပြည့်စုံစုံရှင်းပြပါဦး”

          “ဒီလိုပါခင်ဗျား ••• လွန်ခဲ့တဲ့ တစ်လကျော်လောက်က အခု ကျွန်တော်မောင်းတဲ့ ကားကြီးပေါ်ကနေ သစ်ရာပင်စခန်းနားရွာက ခရီး ကြုံလိုက်လာတဲ့ ရွာသားတစ်ဦး ဖန်ခါးကုန်းဘိုတဲရှေ့မှာ ကားပေါ်က ပြုတ်ကျပြီး နောက်ဘီးနဲ့ ကြိတ်မိလို့ ဆုံးပါးသွားပါတယ်။ -

.           အဲဒါကြောင့် ကားသမားပြောင်းပြီး ကျွန်တော့်ကို ဗန်းမောက် စခန်းကခေါ်ပြီး ဒီကားကြီးကို မောင်းခိုင်းတာပါ။ ကျွန်တော်တို့အလုပ် က သစ်ရာပင်စခန်း ပိန္နဲကုန်းစခန်းတွေက သစ်လုံးတွေကို ဗန်းမောက် ကို ပို့ရပါတယ်။

          မိုးချုပ်လို့ အချိန်လင့်ရင်တော့ ဒီဖန်ခါးကုန်းစခန်းမှာပဲ ချပြီး  နားရပါတယ်။ ဒီကားကြီးက အင်ဂျင်ကောင်း၊ ဘော်ဒီကောင်းပြီး ည ဘက်ရောက်ရင်တော့ ဖောက်လာတတ်တဲ့ဉာဉ်ဆိုး ရှိတယ်ဗျ သရဲစီး နေတဲ့ ကားကြီးလို့ ကားသမားအချင်းချင်း ပြောကြပါတယ်..

          ကျွန်ုပ် ... '

          “ညဘက်ရောက်ရင် ဖောက်လာတတ်တယ်၊ သရဲစီးနေတယ် ဆိုတာ ဘာကိုပြောတာလဲ”

          “ညဘက်ရောက်ရင် ကားစီယာတိုင်ကြီးက အရမ်းလေးလာပြီး လှည့်လို့မရတော့ဘဲ သူသွားချင်ရာ သွားတတ်ပါတယ်။ အဲဒီအချိန်မှာ ကားနောက်ပိုင်းက အပုပ်နံ့ကြီး ထောင်းခနဲ ထွက်လာပြီး ညည်းသံကြီး ကိုလည်း ရပါတယ်။ နောက်ပြီး ကားကြီးက မီးမလင်းတော့ ပိုဆိုး

          “ကားမီးမလင်းရင် မော်တော်ယာဉ်မှူးကို သတင်းပို့ပေါ့။ ညရေး ညထာ တောထဲမှာသွားရလာရတာ မီးမကောင်းလို့ ဘယ်ဖြစ်မလဲမီးလုံးကြီး ကျွမ်းနေတာလား၊ ဝါယာကြိုးပြတ်နေတာလား စစ်ဆေးပေါ့။ ဝါယာကြိုးပြတ်တာလောက်တော့ ကားသမားကိုယ်တိုင် လုပ်နိုင်တာပဲ။မောင်မင်းတို့ တယ်ပေါ့တာကိုး။ ကဲ ... ဆက်ပြောပါ၊ အဲဒီညက ဘယ်လိုဖြစ်သလဲ”

          “ပြီးခဲ့တဲ့ သုံးလေးရက်လောက်က်ပါ။ ကျွန်တော် သစ်ရာပင် စခန်းက ဗန်းမောက်ကိုပို့ဖို့ သစ်လုံးတွေတင်အပြီး ပြန်အလာမှာ ဒီစခန်း ၊ အနားရောက်တော့ မိုးချုပ်သွားပါတယ်။ ညဉ့် (၅) နာရီလောက် ရှိပါပြီး အဲဒီအချိန်မှာပဲ ကားစီယာတိုင်ကြီးက အလွန်လေးလာပြီး ကားနောက် က အပုပ်နံ့ကြီးရပါတယ်။ ကျွန်တော်လည်း ကြောက်ကြောက်လန့်လန့် - နဲ့ ကားသော့ပိတ်ပေမယ့် စက်ရပ်မသွားဘဲ ဝင်းတံခါးကြီးကို ဝင်တိုက် ထာပါ။ ဝင်းတံခါးဖွင့်ပေးတဲ့ ဝန်ထမ်းကိုလည်း ကျွန်တော် မမြင်မိပါ ဘူး၊ တိုက်ပြီးမှ သိတာပါ။ ဘရိတ်ကလည်း မကောင်းတော့ ရပ်မရပါ ဘူး” ''

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)