Skip to product information
1 of 3

Other Websites

ထောင်မှုးကြီးသိန်းဝင်း - ဝ.ထ.က.လ.သ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း (၁)

          ၁၉ရဝ ခုနှစ်၊ မတ်လဆန်းက ဖြစ်သည်။ ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အထက်အညာဒေသ တောရွာ ကလေးများတွင် အရေး၊ အဖတ်၊ အတွက် (အ) သုံးလုံးကျေသင်တန်း များပေးရန်အတွက် တက္ကသိုလ်ကျောင်းသားရေးရာဌာနတွင် စာရင်းပေး သွင်းပြီး အသုံးလုံးဗဟိုကော်မတီမှ စီစဉ်ပေးချက်အရ ရန်ကုန်ဘူတာ ကြီးမှတစ်ဆင့် အထူးမီးရထားဖြင့် ထွက်ခဲ့ကြပါသည်။

          နွေရာသီကျောင်းပိတ်ရက် ဒုတိယနှစ်ဖြေအပြီးဖြစ်၍ လွန်စွာ လွတ်လပ်နေသဖြင့် အိမ်တွင် အလဟသအချိန်ကုန်မည့်အစား ဒေသန္တရ ဗဟုသုတရရန်နှင့် ပညာဒါနပေးလှူရန်၊ မိတ်ဆွေသစ်များ တိုးပွားစေ ရန် ရည်ရွယ်ချက်များဖြင့် ခရီးထွက်ခဲ့ကြခြင်းဖြစ်ပါသည်။

          ကျွန်တော့်အက ပထမနှစ် ပထဝီဝင် အဓိကယူသော ကိုတင် ရွှေဖြစ်သည်။ သူက မော်လမြိုင် (ကျိုက္ခမီ) မြို့သား၊ အထက်မြန်မာ ပြည်သို့ မရောက်ဖူးသေး၍ ကျွန်တော်က စည်းရုံးပြီး ခေါ်ခဲ့ခြင်းဖြစ် သည်။

          တက္ကသိုလ်ကျောင်းသားအများစုမှာ နွေရာသီကျောင်းပိတ်ရက် ရှည်တွင် မိဘရပ်ထံ၊ မြို့ရွာအသီးသီးသို့ပြန်ကြပြီး မိဘလက်ငုတ်လုပ် ငန်းများအား ဝိုင်းဝန်းကူညီလုပ်ဆောင်ကြသည်က များသည်။ နယ် ထွက်အသုံးလုံးလုပ်အားပေးရန် လိုက်ပါသူများမှာ ကျွန်တော်တို့လို မြို့ ပေါ်တွင်နေပြီး ဝန်ထမ်းသားသမီးများက များပါသည်။ ,

          ရထားကြီး ရန်ကုန်ဘူတာကြီးမှ မနက်(၈)နာရီခန့်တွင် စထွက် တော့၊ အသုံးလုံးဗဟိုကော်မီတီနှင့် ဆရာ၊ ဆရာမများ ကျောင်းသူ၊ ကျောင်းသားများက လိုက်လံပို့ဆောင်နှုတ်ဆက်ကြရာ ရန်ကုန်ဘူတာ ကြီး၌ အလွန်စည်ကားသည်။

          ရထားထွက်တော့ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နှုတ်ဆက် ကြသည်မှာ အလွန်ပျော်စရာကောင်းသည် အထူးရထားကြီးပေါ်တွင် အုပ်ထိန်းသူ ဆရာ၊ ဆရာမများနှင့်အတူ ကျောင်းသား၊ ကျောင်းသူ (၅၀၀)ကျော်ခန့်ပါ,ပါသည်။ မွန်းကြပ်သော ရန်ကုန်မြို့ကြီးကို နှုတ်ဆက် ခွဲခွာလာခဲ့ကြခြင်းဖြစ်သည်။

,           နေ့လယ်စာစားချိန်၊ ညောင်လေးပင်ရောက်တော့ ကြီးကြပ် လိုက်ပါလာသော ပုဂ္ဂိုလ်များက ထမင်းထုပ်များဝေသဖြင့် ရထားပေါ်၌

ပျော်ရွှင်စွာ စားသောက်ကြသည်။ အမျိုးသမီးကျောင်းသူများက ထမင်း ချိုင့်များပါသဖြင့် ကျွန်တော်တို့ ဟင်းမျိုးစုံဖြင့် စားရသည်။

          တက္ကသိုလ်ဝင်းအတွင်း၌ မခင်မင်ဖူးသော်လည်း မျက်မှန်း တန်းမိ၊ မြင်ဖူးတွေ့ဖူးရုံဖြင့်ပင် မိတ်ဆွေအပေါင်းအသင်း အရင်းအချာ များဖြစ်သွားကြသည်။ ဤသည်က အသုံးလုံး ကျေးဇူးပင်ဖြစ်သည်။ ညရောက်တော့ သီချင်းများ သံပြိုင်ဆိုကြသည်။ တစ်ယောက်နှင့်တစ်ယောက် မရှက်မကြောက်ကြတော့၊ တကယ့်မောင်နှမအရင်းများသဖွယ် ပင်ဖြစ်သည်။

          မန္တလေး ဘူတာကြီးရောက်တော့ ညစာကျွေးပြန်သည်။ မန္တလေးတက္ကသိုလ်များမှ ဆရာ ဆရာမနှင့် ကျောင်းသူ၊ ကျောင်းသား များကလည်း လာရောက်ကြိုဆိုနှုတ်ဆက်ကြသည်မှာ တပျော်တစ်ပါး ပင်။ မန္တလေးဘူတာကြီးတွင် ရထားစက်ခေါင်းတွဲ၊ လဲလှယ်သဖြင့် အတော်အချိန်ကြာအောင် စောင့်ရသည်။ ကျောင်းသားများ ဈေးဆင်း ဝယ်ကြသေးသည်။

          ည (၉)နာရီခန့်တွင် မန္တလေးဘူတာကြီးမှ ရထားကြီး ဆက် ထွက်ပြန်သည်။ တစ်ညလုံးအိပ်၍ လိုက်ရမည်ဖြစ်သဖြင့် ညဉ့်နက်သည် နှင့်အမျှ ဖိုးဆိုချင်၊ မယ်ဆိုချင်တို့အသံများ တိတ်ဆိတ်သွားသည်။ ခရီး ပန်းပြီး ဗိုက်ပြည့်သဖြင့် အိပ်ကြပြီဖြစ်သည်။ မနက်ဝေလီဝေလင်းတွင် မုံရွာမြို့သို့ရောက်သည်။

          ကျွန်တော်တို့အဖွဲ့ အား ဘူတာကြီးအနီးရှိ အထက်တန်း ကျောင်းကြီးတွင် ခေတ္တနေရာချထားပေးပြီး မြို့ခံများက ကြိုဆိုကြ သည်။ မနက်စောစောစာကို ကော်ဖီ၊ လက်ဖက်ရည်၊ ကောက်ညှင်း ပေါင်း၊ အကြော်မျိုးစုံတို့ဖြင့် ကျွေးမွေးဧည့်ဝတ်ပြုသည်။ ။

          ထို့နောက် ကျွန်တော်တို့အား နှစ်အလိုက်တက္ကသိုလ်များ ရော နှောပြီး တာဝန်ကျရာ မုံရွာမြို့နယ်အသီးသီးသို့ ခွဲဝေပေးသည်။ မနက်(၉)နာရီခန့်တွင် ချက်ဗလက်ကားကြီးများဖြင့် မြို့နယ်များက လာကြို ကြသည်။

          ကျွန်တော်တို့ ခွဲဝေတာဝန်ကျသည်မှာ ဘုတလင်မြို့နယ်ဖြစ် သည်။ မနက်ပိုင်းသို့သော်လည်း အညာလေက တဖြည်းဖြည်း ပူနွေး လာသည်။ လမ်းဘေး၌ ထနောင်း၊ ဆူးရစ်၊ ထန်းတောနှင့် မိုးနှံဆူးချုံ။ ဇီးပင်နှင့် တန်ဆောင်းပင်များကသာ နေရာယူထားသည်။ အောက်ပြည် အောက်ရွာလို စိမ်းလန်းသောတောက ရှားသည်း -

          မိုးခေါင်ရေရှား ရပ်ဝန်းဖြစ်သဖြင့် အဝါရောင်ခြောက်သွေ့နေ ခြင်းကသာ ဣန္ဒြေကြီးဖြင့် နေရာယူထားသည်။ နေမြင့်လာသည်နှင့် အမျှ လေပူကြီးတိုက်ပြီး ပူအိုက်လာသည်။ လမ်းဘေး၌ ဖုန်က အလုံး လိုက်ကျန်ခဲ့သည်။ လှည်းဆွဲသော နွားများကလည်း ပိန်လှသည်။

          ကျွန်တော်တို့ ဘုတလင်မြို့နယ်တွင်တာဝန်ကျသော ကျောင်း သား၊ ကျောင်းသူများမှာ အဖွဲ့ဝင် (၅၀)ခန့်ဖြစ်သည်။ ဘုတလင်မြို့ နယ်၊ မြို့ပေါ်ရွာရောက်တော့ နေ့လယ် (၁၂)နာရီခန့်ရှိချေပြီ။ နေပူ ထဲ၌ပင် မြို့ခံများက အိုးစည်၊ ဒိုးပတ် အတီးအမှုတ်များဖြင့် ကြိုဆို ကြသည်။

          ကျွန်တော်တို့အား အမျိုးသား၊ အမျိုးသမီး၊ သီးသန့်ခွဲခြား ပြီး မြို့ပေါ်ရွာအထက်တန်းကျောင်းကြီးတွင် နေရာချထားပေးပါသည်။ နေ့လယ်စာကိုလည်း အသင့်စီစဉ်ထားရာ ကြက်သားနှင့် ဘူးသီးဟင်း အပြင် ပဲအမျိုးမျိုးပြောင်းလည်း ပါသေးသည်။ ထို့နေ့က အညာလက်ရာ ဟင်းအမျိုးမျိုးမှာ ကျွန်တော်တို့ အောက်ပြည်အောက်သားများအတွက် လွန်စွာ ခံတွင်းတွေ့လှသည်။

          အညာထွက် ဟင်းရွက်စုံကြော်၊ ကင်းပုံရွက် ခွေးတောက်ရွက်၊ သနပ်ရွက်၊ မန်ကျည်းရွက်၊ ငရုပ်သီးစပ်ထောင်းမှာ လွန်စွာထမင်းမြိန် စေသည်။ ထိုနေ့က ကျွန်တော်တို့အဖွဲ့အား ရွာအသီးသီးသို့ ခွဲဝေပေး ရန် အချိန်မရသဖြင့် မြို့ပေါ်ရွာ၊ အထက်တန်းကျောင်းကြီး၌ ညအိပ် ကြရသည်။ မြို့ပေါ်ရွာတစ်ဘက်ကားလမ်းလွယ်ခုတ်တွင် ဇီးတော ကြီးရွာရှိပြီး ထိုရွာမှတစ်ဆင့် လွန်စွာဆန်းကြယ်သော တွင်းတောင် သို့ (၃) မိုင်ခန့် လမ်းလျှောက်လျှင် ရောက်နိုင်ပါသည်။ “ အညာနွေမှာ ညပိုင်း၌ပင် အတော်ပူအိုက်လှသည်။ ည (၉) နာရီထိုးသည့်တိုင် မအိပ်နိုင်ကြသေးပါ။ အချို့က ဂစ်တာတီး၍လည်းကောင်း၊ အချို့က စုပေါင်းဝိုင်းဖွဲ့စကားပြော၍လည်းကောင်း၊ အနားယူ ကြရသည်။ အောက်လင်းဓာတ်မီးများကတော့ တစ်ညလုံးထွန်းပေးထား သည်။

          နောက်တစ်နေ့မနက်တွင် မြို့ပေါ်ရွာကျောင်း၌ မနက်စောစာ ကျွေးသည်။ ကော်ဖီနှင့် ကောက်ညှင်းပေါင်းအပြင် အကြော်မျိုးစုံလည်း ပါသည်။ ထိုအချိန်၌ပင် ရွာအသီးသီးမှ အကြိုထောက်လှည်းများ ဝင် လာကြသည်။ မြို့နယ်အသုံးလုံးကော်မတီက အမျိုးသမီးများအား မြို့ ပေါ်ရွာကြီးနှင့် နီးစပ်ရာရွာများသို့ ခွဲတမ်းချပေးသဖြင့် နေမပူခင် လှည်း များဖြင့် ထွက်ခွာသွားကြသည်။ အမျိုးသားများကိုတော့ မဲစနစ်ဖြင့် မဲ့ ဖောက်၍ ခွဲဝေပေးသည်။ ။

          ကျွန်တော်နှင့် ကိုတင်ရွှေကတော့ မဲမနှိုက်ပါ။ သူများမသွား ချင်သော အဝေးဆုံးရွာများသို့ သွားရန် စာရင်းပေးထားသည်။ ထို့ကြောင့်ပင် မနက်ခင်းတစ်ခင်းလုံး ကျောင်းသား၊ ကျောင်းသူများအား အကြိုထောက်လှည်းများက အသီးသီး အသက၊ အသက လာကြို သွားကြသည်။ နောက်ဆုံး နေ့လယ် (၁၁)နာရီထိုးသည်အထိ ကျွန်တော် တို့ (၂)ဦးအား အကြိုထောက်သောလှည်းများက ပေါ်မလာသေးပါ။

          ထိုစဉ် အသုံးလုံး အမှုဆောင် လူကြီးတစ်ဦးက ...

          “ဆရာလေးတို့တာဝန်ကျတဲ့ တူးကြီးနဲ့ မုံထူးကျေးရွာကလေး တွေက ဘုတလင်မြို့နယ်အစွန်အဖျား တောင်ပေါ်မှာတည်ရှိတာ။ မြို့ ပေါ်ရွာနဲ့ (၁၀)မိုင် ပျော့ပျော့လောက်ဝေးတယ်။ ကဲ ... နေ့လယ်စာ စားပြီး အေးအေးဆေးဆေး စောင့်ကြပါ”

          ကျွန်တော်တို့ နေ့လယ်စာ စားသောက်ကြအပြီး လှည်းလာ ကြိုလျှင် အဆင်သင့်လိုက်နိုင်ရန် ပစ္စည်းများအားသိမ်းဆည်းပြီး အသင့် စောင့်နေကြစဉ် နေ့လယ် (၁၂)နာရီခန့်တွင် လှည်းတစ်စီး ဖုန်တလုံး လုံးဖြင့် ရောက်ရှိလာပါသည်။ လှည်းမောင်းသူနှင့် လူကြီးတစ်ဦးလည်း ပါလာသည်။ အမှုဆောင်လူကြီးက ... '

          “သူကြီးဦးစံရွှေနဲ့ ကိုအေးသိန်းတို့ နောက်ကျလှချည့်လား”

          “ဟုတ်ပါ့ဗျာ ...။ မနက် (၆)နာရီကတည်းက ထွက်လာ ကြတာပဲ ... ဦးဘိုးသင်းရေး တောင်ဆင်းတောင်တက်လမ်း၊ နွားတွေ ကလည်း ဒီရာသီမှာပိန်တော့ ညှာမောင်းရတယ်။ အခုလည်း (၁)နာရီ လောက် နားဦးမှဖြစ်မယ် နွားတွေ၊ ပင်ပန်းလှပြီ”

          “နားပါ၊ နားပါ။ နွားတွေကို အနားပေးပြီး အစာကျွေး ရေ တိုက်ပါ။ သူကြီးတို့လည်း နေ့လယ်စာစားရင်း နားကြပါ၊ လမ်းမှာ ရွာ ဆက်ကပြတ်တော့၊ သူတို့ရွာက အလွန်ခေါင်တာပဲ”

          “အေးဗျာ ... အဲဒါကြောင့် ကျွန်တော်တို့ရွာတွေက ကျောင်း ဆရာတွေကို အားနာနေတာ”

          ထိုစဉ် .. “ကျွန်တော်က ရပါတယ် သူကြီး၊ ကျွန်တော်တို့လည်း ကျောင်းဆရာတွေမသွားချင်တဲ့ အဝေးဆုံး၊ အခေါင်ဆုံးရွာတွေကို တမင်ရွေး လိုက်တာပါ။ ဒါမှလည်း ကျွန်တော်တို့ ပိုကုသိုလ်ရမှာပေါ့ဗျာ”

          “ဟုတ်ပါ့ ဆရာလေးတို့ရယ်။ ကျွန်တော်တို့ရွာက ခေါင်လွန်း တော့ အစားအသောက်အပြင် ရေလည်းရှားပါတယ်။ အခုရာသီဆို နွားတွေကို ထန်းနို့နဲ့ ထန်းသီးခွံပဲ ကျွေးရတာ၊ ဒါကြောင့် နွားတွေ လည်း အလွန်ပိန်ပါတယ်။ ဒါပေမဲ့ ဆရာလေးတို့ မပူပါနဲ့ ကျွန်တော် တို့ရွာတွေက စေတနာ အလွန်ကောင်းကြပါတယ်။

          ရေချိုးဖို့ ရေစည်လှည်းတိုက်ပေးမယ်။ အစားအသောက် အတွက်ကတော့ ပဲအမျိုးမျိုးနဲ့ ရွာမှာမွေးထားတဲ့ ကြက်တွေရှိပါတယ်။ နောက်ဆုံး ရွာထဲအိမ်တွေက ဟင်းမကောင်းရင်တောင် ကျွန်တော်တို့ အိမ်က နေ့တိုင်းချက်ကျွေးပါ့မယ်”

          “ရပါတယ်... သူကြီးရယ်၊ ကျွန်တော်က ဇိမ်ခံစားသောက် ဖို့ လာကြတာမဟုတ်ပါဘူး၊ တောရွာသဘာဝကို လေ့လာရင်း ပညာ ဒါနပေးဖို့ လာကြတာပါ။ ဘာနဲ့ စားရပါးရ ရောင့်ရဲတင်းတိမ်နိုင်ပါ တယ်”

          “အေးဗျာ • • ဆရာလေးတို့ရဲ့ အဲဒီစိတ်ဓာတ်ကို ကြိုက် ပါတယ်။ ကျွန်တော်တို့က အမျိုးသမီး၊ ကျောင်းဆရာမတွေဆိုအခက် လို့ တွေးနေတာ”

          “ကျုပ်တို့ကလည်း သူကြီးတို့လို ခေါင်လွန်းတဲ့ရွာတွေကို ဆရာ မလေးတွေ ဘယ်ပို့မလဲဗျာ”

          ကော်မတီလူကြီးတစ်ဦးက ဝင်ပြောလာသည်။ '

          သို့ဖြင့် အသုံးလုံးကော်မတီက သူကြီးတို့ကို နေ့လယ်စာကျွေး ‘ရင်း နွားများကိုလည်း အစာရေစာ တိုက်ကျွေးရင်း နားကြပါသည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)