Skip to product information
1 of 3

Other Websites

ထောင်မှုးကြီးသိန်းဝင်း - ဂမ္ဘီရဝင်္ကပါ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း (၁)

          ကျွန်ုပ် သစ်တောအရေးပိုင် ဦးနေအောင်နှင့်အဖွဲ့သည် ကသာ မြို့တွင်အခြေစိုက်၍ တာဝန်ထမ်းဆောင်နေရရာမှ မြစ်ကြီးနားသစ်တော အရေးပိုင် ဦးစံရွှေအငြိမ်းစားယူခါနီး ရန်ကုန်ရုံးချုပ်သို့ ပြောင်းရွှေ့ မိန့်ထွက်ပြီး ကျွန်ုပ်တို့အားလည်း မြစ်ကြီးနားခရိုင်သို့ ပြောင်းရွှေ့မိန့် ထွက်ပါသည်။ ကျွန်ုပ်တာဝန်ထမ်းဆောင်ခဲ့သည့် စစ်ကိုင်းတိုင်းအား ရန်ကုန်ရုံးချုပ်မှ ဦးလှဘူးနှင့်အဖွဲ့ကို လွှဲပြောင်းပေးရမည်ဖြစ်ပေသည်။

          နှစ်ပေါင်းများစွာ တပည့်တပန်းများအတူ တာဝန်ထမ်းဆောင် ခဲ့ရသော ကသာမြို့နှင့်ပတ်ဝန်းကျင်ရှိ ယင်းခဲ၊ ငအိုး၊ အင်ဒေါင်း ကျောက်တောင်၊ ဖက်ဆွတ်၊ မြောက်မိုးတား၊ တောင်မိုးတားကြီးပိုင်းတို့အပြင် ကလုံကြိုးဝိုင်း၊ နတ်တံခါးကြိုးဝိုင်း၊ နမနာကြိုးဝိုင်း၊ မဲဟင်း ကို တောင်ကြိုးဝိုင်းတို့အား လွမ်းဆွတ်သတိရမိသည်။

           ကသာမြို့မှာ အလွန်နေပျော်သောမြို့ဖြစ်သည်။ အစား အသောက်အတွက် သားငါးပေါသည်။ ရာသီဥတုမျှတသည်။ မိတ်ဆွေ အပေါင်းအသင်း ပေါသည်။ ကျွန်ုပ်တို့ဝါသနာပါသော လုပ်ငန်းတာဝန် ထမ်းဆောင်ရင်း အမဲလိုက်ရသည်မှာ အလွန်အချက်အချာကျသောမြို့ ဖြစ်ပေသည်။ ထို့ကြောင့် ကျွန်ုပ် စစ်ကိုင်းတိုင်းတွင် တာဝန်ကျစဉ် အတွင်း၌ နယ်တကာလှည့်၍ တာဝန်ထမ်းဆောင်ခဲ့သော်လည်း ကြာ ရှည်မနေပါ။ ကသာမြို့အခြေချစခန်းသို့သာ တာဝန်ပြီးသည်နှင့်ပြန်လေ့ရှိသည်။

          သို့သော် သူ့ဆန်စား ရဲစေ၊ စေလိုရာစေ တာဝန်ထမ်းဆောင် ရသော အစိုးရဝန်ထမ်းဖြစ်သည်နှင့်အညီ ကျွန်ုပ်ချစ်သော ကသာမြို့ နှင့် ကသာတောကြီးကိုခွဲခွာပြီး ချမ်းအေးလှသော မြန်မာပြည်မြောက်ပိုင်း ဒေသသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရတော့မည်ဖြစ်သည်။ အလေ့ အထမတူသော သဘာဝပေါက်ပင်မတူသော ရေမြေတောတောင်သဘာဝ မတူသောဒေသဖြစ်သည်။

          ကျွန်ုပ်တို့ သစ်ထုတ်ကွက်များကို ကွင်းဆင်းရသည်။ နှစ်ချုပ် စစ်တမ်းကောက်ယူသလိုပင် ခုတ်လှဲပြီး လက်ကျန်သစ်လုံးများ ဖောင်ဖွဲ့ ရေမျှောပြီး သစ်လုံးများစာရင်းကိုညှိရသည်။ ထို့အပြင် စက်ယန္တရား များနှင့် ကားများစာရင်း၊ အဆောက်အဦများစာရင်း၊ ဝန်ထမ်းစာရင်း၊ လက်နက်ခဲယမ်း မီးကျောက်စာရင်း၊ ဌာနပိုင်၊ ဆင်နှင့်သစ်ဆွဲကျဲစာရင်း၊ ပျက်စီးစက်ပစ္စည်းများစာရင်း၊ ရုံးသုံးပရိဘောဂနှင့် စာအုပ်စာတမ်း များစာရင်း၊ ငွေပေးငွေယူစာရင်း၊ ဘဏ်လက်ကျန်စာရင်းတို့ကိုလည်းအမေနဲ့မိန်းမအပြင် သမီးကလေးကလည်း အားကိုးရတော့ အဆင် ပြေပါတယ်”

          “ဒါဆိုရင်လည်း လိုက်ခဲ့ပေါ့ ကိုအင်နီရယ်။ ကိုအင်နီပါတော့ လည်း ကျွန်တော်တို့အားကိုးရတာပေါ့။ စားစရိတ်၊ လမ်းစရိတ်တွေကို ကျွန်တော် အကုန်တာဝန်ယူတဲ့အပြင် အပြန်ခရီးစရိတ်ကိုလည်း ကျွန် တော်ပြည့်စုံအောင် ပေးလိုက်ပါ့မယ်”

          “အေး ... ဒါဆို ငါလိုက်မယ်။ ဆရာတို့က ဘယ်တော့ လောက်ပြောင်းကြမှာလဲ။ ငါအသင့်ပြင်ထားချင်လို့ပါ”

          “ရန်ကုန်ကလွှဲမဲ့သူတွေတောင် မလာသေးဘူး။ မနက်ဖြန် သန်ဘက်ခါတော့ ရောက်မယ်ထင်တယ်။ ရောက်ရင်လည်း နှစ်ပတ်၊ သုံးပတ်ကြာအောင် ကွင်းဆင်းပြီးလွှဲရမှာ”

          “အေး ... အေး ... မကြာမကြာ ဒီကိုလာမှာပဲ အရေး ပေါ်ပြောင်းရရင်လည်း စာရေးကလေးနဲ့ ငါ့ကိုခေါ်ခိုင်းပေါ့။ ငါလည်း ဒီမှာ ဆရာတို့မရှိရင် ပျင်းနေမှာ”

          “စိတ်ချပါ ကိုအင်နီ၊ ခင်ဗျားမပါဘဲ ကျွန်တော်တို့တိတ်တိတ် ကလေး ပြောင်းမသွားပါဘူး ဧည့်သည်တွေလာရင်လည်း ဧည့်ဝတ် ပြုရမှာမို့ တောလည်ရဦးမှာ။ ကိုအင်နီလည်း မနက်ဖြန်သန်ဘက် လာဦး မှဖြစ်မယ် ဇည့်သည်အဖွဲ့နဲ့လည်း မိတ်ဆက်ပေးချင်လို့ပါ။ သူတို့လည်းတောဆင်းရမှာဆိုတော့ ကိုအင်နီက သူတို့အတွက် မရှိမဖြစ်လိုအပ် မှာပါ”

          “ဟုတ် ... ဆရာ၊ ငါနေ့တိုင်းလာခဲ့မယ်။ ထမင်းတော့ ဆရာ တို့ဆီမှာစားရမှာပဲ"

          “စားလည်း စားပါ၊ အိပ်လည်း အိပ်ပါ ကိုအင်နီရယ်။ ကျွန်တော်တို့လည်းပြောင်းခါနီး မိတ်ဆွေတွေနဲ့ခွဲရမှာမို့ စိတ်မကောင်းဖြစ် နေတာပါ။ ကိုအင်နီလာနေတော့လည်း အားရှိတာပေါ့”

          “အေး ... ဆရာ၊ ဒါဆို ငါလာနေမယ်။ ငါလည်းဆရာတို့နဲ့ မခွဲချင်ဘူး။ ဒီနေ့တော့ ပြန်ဦးမယ်။ အိမ်မှာလုပ်စရာကိစ္စလေးတွေကို ပြီးပြတ်အောင် လုပ်ပေးလိုက်ဦးမယ်”

          “ဟုတ်ကဲ့ ... ကိုအင်နီ”

          နှစ်ပေါက်အောင်တောလည်၍ လက်တွဲလာကြသော ကျွန်ုပ် တို့နှင့်ကိုအင်နီမှာ ညီအစ်ကိုအရင်းတစ်မျှ ခင်မင်နေကြပြီဖြစ်သည်။ တစ်ဦးအထာကို တစ်ဦးကပြောစရာမလိုဘဲ သိကြသည်။ တစ်ဦးကို တစ်ဦးက ညှာတာကာကွယ်ကြသည်။ အမဲလိုက်မုဆိုးအလုပ်ဆိုသည် မှာ အသက်ဖြင့်ရင်းရသဖြင့် တစ်ဦးကိုတစ်ဦးအသက်ပေး၍ ချစ်ကြ သည်ဆိုပါက လွန်အံ့မထင်ပါ -

          ကျွန်ုပ်တို့ စာရင်းဇယားများဖြင့် အလုပ်ရှုပ်နေကြစဉ် ကိုအင်နီ သူ့အိမ်ရှိရာ ပတ္တမြားမြို့သစ်သို့ ပြန်သွားသည်။ ကွင်းဆင်းစာရင်းကောက်လိုက် စာရင်းပြုစုလိုက်ဖြင့် ကျွန်ုပ်တို့လည်း တစ်ပတ်ခန့်အတွင်း အလွန်အလုပ်ရှုပ်လှသည်။

          ညနေပိုင်း ဝိုင်းမဖြစ်သည်မှာတောင် ကြာပြီဖြစ်သည်။ ညဉ့် အိပ်တော့လည်း ည (၁၂နာရီ။ မနက်ထရပြန်တော့လည်း မနက် (၅) နာရီ။ ဧည့်သည်များလာလျှင်လည်း ပို၍ အလုပ်ရှုပ်ဦးမည်ဖြစ်သည်။ မပြောင်းမီ ကိုယ်ကအိမ်ရှင်ဖြစ်၍ ဧည့်သည်များကို ဧည့်ဝတ်ကျေပွန် စေရန် ဧည့်ခံရဦးမည်ဖြစ်ပေသည်။

 

           နောက်တစ်နေ့တွင် ကြေးနန်းဝင်လာသည်။ တစ်ရက်ခြား သောကြာနေ့တွင် ရန်ကုန်ရုံးချုပ်မှ သစ်တောအရေးပိုင် ဦးလှဘူးတို့ ရောက်ရှိမည့်အကြောင်းပင်း ကျွန်ုပ်တို့ အသင့်ပြင်ဆင်ရပါပြီ။ သောကြာ နေ့မနက်တွင် တောအုပ်ကိုဇော်မင်းနှင့် ကိုအင်နီတို့အား တောပစ်ရန် ယင်းခဲကြိုးဝိုင်းဘက်သို့ လွှတ်ရသည်။ ကျွန်ုပ်က ဧည့်သည်ကြိုရန်နှင့် တပည့်ကျော်အောင်ဘုက ချက်ပြုတ်ရေးစီစဉ်နေရသည်။ လက်နှိပ်စက် စာရေးကလေး ကျော်စိန်ဝင်းကတော့ လွှဲပြောင်းလက်ခံစာရင်းများအား အချောသပ်ရိုက်နှိပ်နေသည်။

          ' မနက်(၁၁)နာရီကျော်ခန့်၌ပင် တောအုပ်ဇော်မင်းနှင့် ကိုအင်နီ တို့ ချေတစ်ကောင်၊ တောဝက်တစ်ကောင်နှင့်အတူ ပြန်ရောက်လာကြ သည်။

          ကိုဇော်မင်း ၊ “ဆရာရဲ့ ကံကောင်းတယ်ဒါ့။ ယင်းခဲကြိုးဝိုင်း အကွက်ကြီး(၃)ထဲကိုဝင်တာနဲ့တင် ဝက်အုပ်နဲ့တိုးပြီး ဝက်မတစ်ကောင် ရတယ်။ ကျွန်တော်တို့ ထမ်းဖို့လုပ်နေတုန်း ချေဟောက်သံကြားလို့ အသင့်ပြင်ထားတာ အလန့်တကြားပြေးလာတဲ့ချေကိုလည်း လိုက် တယ်။ နောက်က တောကောင်ကြီးလိုက်လာဟန်တူပါရဲ့၊ သေနတ်သံ ကြားတာနဲ့ ဟိန်းဟောက်သံပဲကြားလိုက်ရပြီး ပျောက်သွားတယ်။ အစာ လှသလိုတော့ ဖြစ်သွားမယ်ထင်တယ်” ကိုအင်နီ ။ “ဒီကောင်ကြီး တို့အပေါ်မှာ ကျေမှာတော့မဟုတ်ဘူး၊ နောက် ယင်းခဲတောထဲဝင်ရင်တော့ သတိထားရလိမ့်မယ်” ကျွန်ုပ် “ဧည့်သည်တွေလာမှာနဲ့ အတော်ပါဘဲဗျာ။ ကျေးဇူးပဲ ကိုအင်နီရေ။ ကဲ ..• ဖျက်ပြီး ခင်ဗျားမုဆိုးဝေစုကို ယူပေတော့ဗျို့"

          “ငါဒီနေ့မယူ ဆရာ။ ဆရာဗည့်သည်တွေအတွက်ပဲ ချက် ပြုတ်ပေးမယ်။ ငါလည်းစားမယ်လေ"

          “တောကောင်က (၂) ကောင်တောင်ပဲ ကိုအင်နီရယ် ပိုပါ တယ်၊ ယူပါ။ ခင်ဗျားတို့ အစောကြီးထပြီးတောဝင်ရတာ လွယ်တာ မှတ်လို့"

          “ပြောပြီးကော ငါမယူဘူးလို့ ဧည့်သည်တွေ အများကြီး လာကြမှာ ငါသိတတ်ရမှာပေါ့။ မဟုတ်ဘူးလား ဆရာရယ်"

          “အေးဗျာ... ကိုအင်နီသဘောပါ။ ကိုအင်နီက မုဆိုးလမ်းပြ လုပ်နေတော့ ဝင်ငွေရအောင် ကျွန်တော်ကပြောရတာပါ”

          “အေး ... အေး .. ငါကျေနပ်တယ်၊ နေပါစေ"

          ကိုအင်နီနှင့်အောင်ဘုတို့ တောဝက်နှင့်ချေအား စနစ်တကျ ဖျက်ပြီး စနစ်တကျ ချက်ကြသည်။ ချက်ပြုတ်နေကြစဉ် နေ့လယ်(၁၂)နာရီခန့် ရန်ကုန်မှည့်သည်များ ရောက်လာကြသည်။ * ကျွန်ုပ် ။ “ဟာ .. ဦးလှဘူးတို့ ညနေမှရောက်မယ်ထင်နေတာ ဘူတာတောင်ဆင်းမကြိုဖြစ်ဘူး စောလှချည့်လား”

          “ကျွန်တော်တို့က မနေ့ညကတည်းက မန္တလေးရောက်နေတာ အခု မနက်ရထားစီးတော့ နေ့လယ်ရောက်တာပေါ့”

          “အတော်ပါပဲဗျား ဒီမှာလည်း ချက်ပြုတ်လို့ပြီးပါပြီ။ တော ဝက်သားနဲ့ ချေသားပျို့၊ အမျိုးမျိုးချက်ထားတာ ကြိုက်သလိုသာ စား ကြပေရော့"

          “ကောင်းဗျား။ တောကောင်သားစားချင်တာနဲ့ အတော်ပါပဲ။ ကဲ ... ငါ့အဖွဲ့တွေ ရေအရင်ချိုးမလား၊ ထမင်းအရင်စားမလား"

          “ဆာပြီ ဆရာကြီးရေ၊ ရေမချိုးတော့ဘူး။ ထမင်းပဲ အရင် စားကြတော့မယ်"

          တပည့်ကျော်အောင်ဘုနှင့် ကိုအင်နီတို့၏ လတ်ဆတ်သော တောဝက်သားဟင်းနှင့် ချေသားဟင်နံ့ကလည်း မွှေးကြိုင်နေသည်။ ထုံးစံအတိုင်းပင် ရန်ကုန်အဖွဲ့ကလည်း ပါလာသောအရက်အကောင်း စားများနှင့် ပက်ကြသေးသည်။ ကျွန်ုပ်တို့မှာ ပင်ပန်းလှသော်လည်း သူတို့အဖွဲ့က ပျော်ပွဲစားထွက်လာသည့်ပုံစံပင် ဖြစ်သည်။

          စားသောက်နေရင်း ဦးလှဘူးက ...

          “ဦးနေအောင်ရေ .. ဒီတောကောင်သားတွေက ခင်ဗျားပစ် တာလား”

          ' “အရင်ကတော့ ဟုတ်တယ် ဦးလှဘူး။ ဒီနေ့တော့ ကျွန် တော်မအားလို့ တောအုပ်ကိုဇော်မင်းနဲ့ တစ်ပွဲစားပုဆိုးကိုအင်နီတို့ မနက် ကမှသွားပစ်ကြတာ"

          “တစ်ပွဲစားမုဆိုး ဟုတ်သလား။ တစ်ပွဲစားဆိုတာ ကြားသာ ကြားဘူးတယ် မမြင်ဖူးဘူးဗျို့"

          ကျွန်ုပ်၊ ကိုအင်နီနှင့် ဦးလှဘူးတို့အဖွဲ့အား မိတ်ဆက်ပေးရ ပြန်ပါသည်။

          “ ဦးလှဘူး၊ ဒီကဆရာက တစ်ပွဲစားမုဆိုး ကိုအင်နီဆိုတာပဲ။ သူက ယင်းခဲတောထဲမှာ မွေးတား နာမည်က ကိုအင်နီတဲ့။ တစ်ပွဲစား မုဆိုးလို့ခေါ်ရတာက လိုချင်တဲ့တောကောင်တွေရှိတဲ့နေရာကို သူက တိတိ ကျကျ လမ်းပြနိုင်တယ်။ သူနဲ့တောလည်ရင် မရမရှိစေရဘူး။ အန္တရာယ် ရှိရင်လည်း ကြိုတင်သတိပေးတတ်တယ်။ သူ့ကို လမ်းပြခတော့ ပေါင် တစ်ချောင်း၊ နားရွက်တစ်လှဲနဲ့ ငွေ(၅ဝဝ) ကျပ်တော့ ပေးရတယ်"

          “ပေးပါ့မယ်ဗျာ။ ဒါပေမဲ့ နားရွက်တစ်လှဆိုတာက ဘာလဲ။ နားမရှင်းလို့ပါ” . . ။

          “ဖမ်းမိတဲ့ သားကောင်တစ်ကောင်ရတိုင်း သားကောင်ရဲ့ နားရွက်တစ်ဖက်ကို လှဲချတဲ့နေရာကနေ ခေါင်းကိုဖြတ်ယူတာပါ”

          “ဪ ... အဲ့ဒီလိုလား၊ ပေးရမှာပေါ့ဗျာ။ ဒါနဲ့ကိုအင်နီက ဘယ်မှာနေတာလဲ"

          “ဒီမြို့ကပါပဲ။ ပတ္တမြားမြို့သစ်မှာ နေတာပါ။ ရုံးကကောင်လေး တွေကိုခိုင်းရင် ခေါ်ပေးလိမ့်မယ်” -

          “ကောင်းပါပြီဗျာ။ ကျွန်တော်တို့နဲ့လက်တွဲပါ ကိုအင်နီရယ်။ ဦးနေအောင်တို့လိုပဲ ကျွန်တော်တို့ကို သဘောထားပါ။ ကိုအင်နီ သစ်တောမှာဝင်လုပ်မလား၊ ဝန်ထမ်းအဖြစ် ကျွန်တော်ချက်ချင်းခန့်ပေးပါ မယ်”

          ကိုအင်နီက ပြန်မဖြေပါ။ ကျွန်ုပ်ကသာဝင်၍ ပြောရလည်း

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)