Skip to product information
1 of 4

Other Websites

ထောင်မှုးကြီးသိန်းဝင်း - ကြိမ်ဒဏ်ဖူးစာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          ကျွန်တော်က ပြည်၊ ဝက်ထီးကန်တွင် နေသည်။ ကိုယ်ပိုင်စီးပွား ရေးလုပ်ပြီး အမျိုးသမီးက အထည်ဆိုင်ဖွင့်သည်။ ထို့ကြောင့် စီးပွားရေး အဆင်ပြေပါသည်။ အဆင်မပြေသူက ကျွန်တော့်၏ အစ်မကြီးဖြစ်သည်။

          ခင်ပွန်းသည် ဆုံးပါးသွား၍ သားသမီး၊ မြေးများဖြင့် လုံးချာလိုက် နေသည်။ ဦးမနိုင် ပဲ့မနိုင် ဗျာများနေရှာသည်။ အစ်မကြီး အမိအရာဆို သကဲ့သို့ အစ်မကြီးကို ကြည့်ရှုစောင့်ရှောက်ရန် ကျွန်တော့်တွင် တာဝန်ရှိ သည်ဟု ခံယူထားလေသည်။

          ထို့ကြောင့်လည်း ကျွန်တော် ပြည်၊ ဝက်ထီးကန်တွင် တစ်လှည့်။ လှိုင်မြို့နယ် အစ်မကြီးအိမ်တွင်တစ်လှည့် နေ၍ မိသားစုကိစ္စများကို ဆောင် ရွက်ပေးရသည်။ အစ်မကြီးတို့အိမ်တွင် COROLLA ဆလွန်း ကားဖြူလေး တစ်စီးရှိသည်။ ကားရှိသော်လည်း တူတော်မောင်များက မမောင်းတတ် ကြပါ။

          သည်ကားကိုလည်း ကျွန်တော်ပင် ဝယ်ပေးထားခြင်းဖြစ်သည်။ အစပိုင်းက မိသားစုသုံးရန်သာဖြစ်သော်လည်း ကျွန်တော်က အဝေး၊ အနီးအော်ဒါရလျှင် လိုက်ပေးတတ်သည်။ သို့သော် ဝင်ငွေမမှန်ပါ။ ဓာတ်ဆီ ဈေးကောင်းတုန်းကတော့ အဆင်ပြေသော်လည်း ဓာတ်ဆီဈေးကျတော့ အလုပ်မဖြစ်ပြန်ပါ။

          ကားအား TAXI(အနီ)လုပ်၍ ဆွဲရန် စိတ်ကူးမိသော်လည်း ကျွန် တော်တို့ကားက ဓာတ်ဆီကား၊ CNG (GAS) တင်ထားသောကားမဟုတ်၍ အခြားအငှားကားများဖြင့် ယှဉ်ပြိုင်ဆွဲလျှင်လည်း အဆင်ပြေနိုင်မည်မထင် • CNG (GAS) တင်ရန်လည်း ငွေ(၁၀)သိန်းကျော် ကုန်ရဦးမည်။

          ထို့အပြင် CNG (GAS) တင်ရန် လျှောက်လွှာတင်လျှင်လည်း နှစ် နှင့်ချီ၍ စောင့်ရသည်ဟု စုံစမ်းသိရသည်။ ထို့ကြောင့် ကျွန်တော် အစ်မကြီး ကားအား TAXI လုပ်ရန် စဉ်းစားရာ တစ်နှစ်ခန့် အချိန်ကုန် သွားတော့ သည်။

          တစ်နေ့တွင် လက်ဖက်ရည်ဆိုင်ထိုင်ရင်း ကျွန်တော်နှင့် ရင်းနှီး သော TAXI ကားဆရာတစ်ဦးနှင့် တွေ့သည်။

          “ဦးမြတ်စိုး ကားဆွဲရတာ အဆင်ပြေရဲ့လား”

          “ပြေပါတယ်။ ညီလေးရော ကားဆွဲမယ်ဆိုပြီး အလုပ်မစသေး ဘူးလား”

          “အစ်ကိုကြီးရယ် .... အိမ်ကကားက ဓာတ်ဆီကား။ အခု အငှား ကားတွေက CNG (GAS) တင်ထားကြတော့ သူတို့နဲ့ ကျွန်တော့်ကား ဘယ်ယှဉ်ဆွဲလို့ရမလဲ။ ကျွန်တော်ကွဲမှာပေါ့”

          “အဲဒါကြောင့် ညီလေးကို ကိုယ်တစ်ခါပြောဖူးပါတယ်။ အလုပ် ဆိုတာ လုပ်ကြည့်မှသိတာ၊ အရေးကြီးတာက ကားကောင်းရမယ်၊ ဝီရိယ ရှိရမယ်၊ ဆက်ဆံရေးကောင်းရမယ်။ CNG တင်ထားပြီး ဂိတ်ထိုးထားလို့တော့ ဘာလုပ်မှာလဲ။ ကားငှားမောင်းခ (OWNER) ခတောင် မနည်းရှာရမှာ၊

          အခုညီလေးက အစ်မကားဆိုတော့ (OWNER) ခလည်း ပေး စရာမလိုဘူး။ TAXI(အနီ)လုပ်ပြီး မောင်းစမ်းပါ။ ပတ်စမ်းပါ။ ခရီးသည်ဆို တာက ရပ်ထားတဲ့ကားထက် လမ်းပေါ်ပြေးနေတဲ့ကားကို ငှားကြတာသဘာဝ ပဲ၊ မောင်းရင်းနဲ့ သိလာလိမ့်မယ်။ ဘယ်အချိန် ဘယ်နေရာမှာ လူရတယ်ဆို ဘာ ပုံသေနည်းရှိတယ်။ မောင်းရင်းနဲ့ အလုပ်က သင်သွားလိမ့်မယ်။

          ကားခကိုတော့ သင့်တင့်လျော်ညီစွာပဲ တောင်း၊ မဟားတရား မတောင်းနဲ့။ ဈေးများတယ်ထင်လို့ ဈေးဆစ်ရင်လည်း အစ်မကြီးရယ်။ အစ်ကိုကြီးရယ် ညီလေးရယ်၊ ကျွန်တော့်ကားက ဓာတ်ဆီကားပါ။ CNG တင် ထားတဲ့ကား မဟုတ်ပါဘူး။ ဒါကြောင့် အနည်းအပါးတော့ များပါလိမ့်မယ်လို့ ပြား၊

          အခုခေတ်ခရီးသည်တွေက သဘောပေါက်တယ်။ သဘောမပေါက် ရင်လည်း သူတို့ဆစ်တဲ့ဈေးနဲ့သာ လိုက်သွားလိုက်။ လုပ်ငန်းကျွမ်းလာရင် ဘယ်နေရာကနေ ဘယ်ကို ဘယ်လောက်ကျတယ်ဆိုတာ ခရီးသည်ရော၊ ကားသမားရော သိပြီးဖြစ်လာလိမ့်မယ်။ ညီလေးကို အလုပ်က သင်သွား လိမ့်မယ်။ ဘာမျှမပူနဲ့ အရှုံးမရှိဘူး။ TAXI (အနီ)သာ အမြန်လုပ်လိုက်။ ကိုယ့်ကားလည်း ဓာတ်ဆီကားပဲ။

          မနက်ပိုင်း (၁၅၀၀၀)၊ ညနေပိုင်း (၁၅၀၀၀) တစ်နေ့ (၃၀၀၀၀) ကျပ်ကတော့ အေးဆေးရတယ်။ မိုးချုပ်အောင် မောင်းစရာမလိုဘူး။ ည ဘက်က အန္တရာယ်များတယ် မမောင်းနဲ့။ မနက်စောစော စထွက်၊ ညမိုး မချုပ်ခင် ပြန်သိမ်း၊ အိမ်မှာ အေးအေးဆေးဆေးအနားယူ၊ ဒါပဲ” ။

          ကျွန်တော် အစ်ကိုကြီးဦးမြတ်စိုး၏ ညွှန်ကြားချက်အတိုင်း အစ်မ ကြီးနှင့်တိုင်ပင်၍ အိမ်က ကားကလေးအား TAXI(အနီ) လုပ်သည်။ တောင် ဥက္ကလာပ အငှားယာဉ်ဌာနတွင် အစစ်ဆေးခံရာ တစ်နေ့တည်း ပြီးသည်။ ထိုင်နေတော့ ဘာမျှမသိ။ လက်တွေ့လုပ်ကြည့်တော့လည်း လွယ်ကူပါ သည်။ တစ်ခုတော့ရှိသည်၊ ကားအင်ဂျင်နှင့် ဘော်ဒီကြံ့ခိုင်မှုတော့ ကောင်းဖို့ လိုပါသည်။

          ကျွန်တော့်ကားက အဖြူလေးဖြစ်သည်။ အိမ်စီးကားဖြစ်ရာ သန့် သည်။ ကျွန်တော်ကလည်း ကားကလေးအား အမြဲသနေတတ်ရာ ဝင်းလက်တောက်ပြောင်နေသည်။ TAXI မဆွဲမီ အတွင်းခန်း၊ အောက်ပိုင်းနှင့် ဘော်ဒီ ကို သန့်ပြန့်နေအောင် ရေဆေးသည်။

          နောက်တစ်နေ့မှစ၍ ကျွန်တော် မနက်(၅)နာရီထ၍ ဘုရားဝတ် ပြု၊ ပုတီးစိပ်ပြီး ကားစဆွဲသည်။ ဈေးဦးပေါက်က ကျွန်တော်တို့ လမ်းထိပ်စားသောက်ဆိုင်မှ ကိုတရုတ်ကြီးက သီရိမင်္ဂလာဈေးသို့ ငှားသည်။ ကျွန် .ဘော် ဈေးမသိပါ။ (၂၅၀၀)ကျပ်ပေး၍ လိုက်ပို့လိုက်သည်။ လှိုင်မြို့နယ်မှ သီရိမင်္ဂလာဈေးသို့ ဝေးသည်မဟုတ်ပါ။ မနက်ပိုင်းကား ရှင်း၍ မိနစ်(၂၀) န့်ဖြင့် ရောက်သွားသည်။

          ဈေးရှေ့တွင် ကားရပ်၍ ချပေးနေစဉ် ကျွန်တော့်၏ကားရှေ့တွင် ကားငှားနေသော အစ်မကြီးတစ်ဦးကို တွေ့ရသည်။ ကြက်အရှင်များတင်ရန် ဖြစ်သည်။ သူ သောကားနှင့် ကိုက်ဟန်မတူပါး၊ ကားထွက်သွားပြီး အစ်မကြီး ကျန်နေခဲ့သည်။ ကိုတရုတ်ကြီးတို့ ဆင်းသွားသည်နှင့် ကား အားရှေ့တိုး၍ ထိုအစ်မကြီးရှေ့တွင် ကျွန်တော်ရပ် လိုက်သည်။

          “ဘယ်သွားမလဲ ••• အစ်မကြီး”

          အစ်မကြီးမှာ ကျွန်တော့်၏ သစ်လွင်သန့်ရှင်းသော ကားကလေး အား ကြည့်၍ အားတုံ့အားနာ ဖြစ်နေဟန်ရှိသည်။ အတော်နှင့် စကားမပြန် ၆။ ကျွန်တော်က ... ။

          “အစ်မကြီး ••• ဘယ်သွားမှာလဲခင်ဗျ”

          “ရှင် ••• ကျွန်မ သာကေတ ကြက်ဘဲဈေးကို သွားမှာပါ။ ကြက် တင်မှာဆိုတော့ ဒီက မောင်လေးကားကို အားနာလို့ပါ"

          “ကိစ္စမရှိပါဘူး ... အစ်မကြီး။ ကျွန်တော့်ကား နောက်ဖုံးထဲမှာ ၁လတ်စတစ်အခင်းတွေ အပိုပါတယ် နောက်မှ ရေဆေးပစ်ရင် လွယ်ပါ တယ်”

          “ဒါနဲ့ ဘယ်လောက်ပေးရမှာလဲ • • မောင်လေး”

          “နည်းနည်းလှမ်းပါတယ်။ ကျွန်တော့်ကားက CNG (GAS) ကား မဟုတ်တော့ (၃၀၀၀)တော့ ပေးပါဗျာ”

          “(၂၅၀၀) ထားပါရှင်။ နည်းမှန်း ကျွန်မသိပါတယ်။ အဆင်မပြေ ပါ။ တောင်းပန်ပါတယ်ရှင်”

          မနက်ပိုင်းခရီးသည်ကို လက်မလွှတ်လိုသဖြင့် ကျွန်တော် သဘောတူ လိုက်ပါသည်။

          “ရပါတယ် ... အစ်မကြီး”

          ကျွန်တော် ကားအောက်ဆင်း၍ နောက်ဖုံးဖွင့်သည်။ အစ်မကြီး၏ ကြက်တွဲများအား နောက်ဖုံးအတွင်း စနစ်တကျ စီစဉ်တင်လိုက်သည်။

          “တက်ပါ ... အစ်မကြီး”

          နောက်ခန်းတံခါးဖွင့်၍ အစ်မကြီးတက်သည်း၊ အတွင်းခန်းဖွင့် ထားသော မီးအလင်းရောင်ကြောင့် အစ်မကြီးမှာ အသက်(၅၀)ကျော် သန့်ပြန့် ခန့်ညားသော အမျိုးသမီးကြီးဖြစ်မှန်း သိရသည်။ ကျွန်တော် ကားကလေး အား ညင်သာစွာ မောင်းထွက်ခဲ့သည်။

          “အစ်မကြီး ... အရောင်းအဝယ်ကောင်းရဲ့လား။ ဒီ သီရိမင်္ဂလာ ဈေးကလည်း အသီးအနှံနဲ့သား၊ ငါး၊ ကြက်၊ ဝက်တွေ ရောင်းတာပဲ မဟုတ် လား။ ဘာကြောင့် အဝေးကြီးသွားရောင်းရတာလဲ”

          “ဟုတ်ပါတယ် မောင်လေးရယ်။ ဒီခေတ်ကြီးမှာ လခစားအလုပ်နဲ့ အဆင်မပြေလှဘူး။ အပြင်အလုပ်က တက်ရင်တက်ဈေး၊ ကျရင်ကျဈေး စားဝတ်နေရေးကို ထိန်းထားနိုင်တယ်။ ဒါကြောင့်လည်း ကိုယ့်အလုပ်ကို လည်း မထိခိုက်အောင် ဈေးရောင်းစားရတော့တာပေါ့ကွယ်”

          “အစ်မကြီးအမျိုးသားကရော မကူမညီဘူးလား" ““သူက နယ်မှာကွယ်။ လခတော့ မှန်မှန်ပို့ပါတယ်””

          ကျွန်တော်တို့ စကားပြောရင်း ကြက်ဘဲဈေးသို့ ရောက်လာသည်။ ဈေးရှေ့ ကားရပ်လိုက်တော့ အစ်မကြီးကားပေါ်က ဆင်းလာသည်ကို မြင် သည်နှင့် အလုပ်သမား ကုလားလေးများ ပြေးလာကြသည်။

          “အန်တီ ... ကျွန်တော်တို့ ထမ်းပေးမယ်နော်”

          “အေး • • • အေး ... နှစ်ယောက်ဆိုရပါပြီကွယ်”

          ကျွန်တော် ကားနောက်ဖုံးတံခါးဖွင့်၍ ကြက်တွဲများအား ထုတ် ပေးလိုက်သည်။ နောက်ဖုံးထဲတွင် ကြက်ချေးများဖြင့် ကြက်နံ့မှာ နံစော် နေသည်။ ပလတ်စတစ်အခင်းကို ဆွဲထုတ်ပြီး အသင့်ပါလာသည့် ရေပုံး ဖြင့် ဆေးကြောပစ်လိုက်ရသည်။ နောက်စီးကြမည့်ခရီးသည်များ အနံ့ အသက်မရစေရန် ဖြစ်ပါသည်။

          “တစ်စီးလုံး နံစော်နေပြီ ထင်ပါရဲ့”

          “ရပါတယ် .အစ်မကြီး ကျွန်တော် ဆပ်ပြာရည်ကို အသင့်စပ် တာပါ။ နောက်နေ့မနက်တွေမှာလည်း အစ်မကြီးစောင့်နေပါ။ ကျွန်တော် နေ့တိုင်းလာပါ့မယ်။ တခြားကားတွေဆိုရင် စကားပြောနေ ရဦးမယ်”

          “ကျေးဇူးတင်ပါတယ် ... မောင်လေးရယ်။ အစ်မကြီး နေ့တိုင်း ဆောင့်နေပါ့မယ်။ ကဲ ... သွားပြီနော်”

          “ဟုတ်ကဲ့ .. အစ်မကြီး”

          ထိုနေ့မှစ၍ ကျွန်တော်နှင့်အစ်မကြီး ဖောက်သည်ဖြစ်သွားသည်။ သူလည်း ကားခသက်သာပြီး အချိန်မှန်မှန်အဆင်ပြေ၊ ကျွန်တော်လည်း ဝင်တိုင်ဖောက်သည်ရ၍ အဆင်ပြေပါသည်။ အစ်မကြီးကိုမီစေရန် စောစော အိပ်ရာကထခြင်းတော့ ကျွန်တော့်မှာရှိသည်။ အချို့ခရီးသည်က လမ်းမကြုံ သဖြင့် အစ်မကြီးကို မီစေရန်ဖြစ်တော့သည်။

          အပြန်တွင် ကုန်သည်ကြီးများဟိုတယ်သို့ စုံတွဲတစ်တွဲကို လိုက်ပို့ သည်။ စုံတွဲမှာ အလျင်လိုနေဟန်ရှိ၍ မြန်မြန်မောင်းပေးရသည်။ မနက်စောသေးသဖြင့် ကားလမ်းရှင်းသောကြောင့် တော်ပါသေးသည်။ ခရီးသည် များမှာ အမျိုးမျိုးရှိသည်။ တချို့ခရီးသည်က မြန်မြန်မောင်းလျှင် မကြိုက်။ သူတို့အကြိုက်ကို ကားမောင်းသူက ဆောင်ရွက်ပေးရခြင်းဖြစ်သည်။

          ဆူးလေဘုရားလမ်း၊ ကုန်သည်ကြီးများဟိုတယ် ဆင်ဝင်အောက် နောက်တော့ စုံတွဲဆင်းသည်။ ကားခပေးချေပြီး ဟိုတယ်ထဲ အဝင်နောက်စုံ တဲ့တစ်တွဲ တက်လာပါသည်။ မင်္ဂလာဒုံလေဆိပ်သို့ဖြစ်သည်။ ကျွန်တော် ကားကလေးအား ရွှေတိဂုံဘုရားလမ်းမှ ပတ်ခဲ့သည်။

          ဦးဝိစာရလမ်းမှ ပြည်လမ်းသို့ဆင်းပြီး မင်္ဂလာဒုံလေဆိပ်ဘက်သို့ သွားရန်ဖြစ်သည်။ ဦးဝိစာရအဝိုင်းအား ညာဘက်မှဖြတ်စဉ် ကားထဲတွင် ဒုန်းသံမြည်လာသည်။ ဒုတိယစုံတွဲထံမှ ဖုန်းသံဖြစ်ဟန်တူသည်။ ဘယ်ဘက် တွင်ထိုင်နေသော အမျိုးသမီးက

          “ကားဆရာ ... ဖုန်းမြည်နေတယ်။ ကျွန်မတို့ဖုန်း မဟုတ်ဘူး”

          သူမက သူမတို့နှစ်ယောက်တွဲအလယ်မှ ဟန်းဖုန်းတစ်လုံးကို ကောက်၍ ကျွန်တော့်အား ပေးသည်။ ကျွန်တော်ကိုင်လိုက်ပြီး ....

          “ဟဲလို ... ကျွန်တော် ကားဆရာပါ။ ဖုန်းကျန်ခဲ့လို့ထင်ပါ တယ်”

          “ဟုတ်ပါတယ်ဗျာ၊ ကျွန်တော်တို့ဖုန်း ကားပေါ်မှာ မေ့ကျန်ခဲ့လို့ ပါ။ ကားဆရာ ပြန်လာပေးပါ။ ကျွန်တော်တို့ ကျေးဇူးဆပ်ပါ့မယ်”

          “ကျေးဇူးဆပ်စရာ မလိုပါဘူးဗျာ။ ကျွန်တော့်ကားပေါ်မှာ ကျန် ခဲ့တော့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ဒါပေမဲ့ အခု ကျွန်တော် မင်္ဂလာဒုံလေဆိပ်ကို ခရီးသည်သွားပို့နေတာဗျ။ အပြန်ကျမှ လာပို့လို့ ဖြစ်လိမ့် မယ်။ ကုန်သည်ကြီးများဟိုတယ်ကိုပဲ ပို့ရမှာမဟုတ်လား”

          “ဟုတ်ပါတယ်ဗျာ။ ဒါပေမဲ့ ကျွန်တော်တို့ Shopping ထွက်ဦးမှာ မို့ ဧည့်ကြိုကောင်တာမှာပဲ အပ်ခဲ့ပါ။ ကျွန်တော် မှာထားခဲ့ပါ့မယ်”

          “ကောင်းပါပြီဗျာ”

          ခရီးသည်များ နမော်နမဲ့နိုင်၍ ကျန်ခဲ့ခြင်းဖြစ်သည်။ ထိန်းသိမ်း ထားရမည်မှာ ကျွန်တော်တို့ကားသမားများ တာဝန်ပင်။ ဖုန်းမဟုတ်ဘဲ အခြား ပစ္စည်းဆိုလျှင်တော့ အခက်အခဲတွေ့နိုင်သည်။ သို့သော်လည်း ကျွန်တော့် အနေဖြင့်တော့ ပိုင်ရှင်ကိုရှာဖွေ၍ ပြန်ပေးမည်သာဖြစ်သည်။ အမည်မသိ၍ အခက်အခဲတော့ရှိနိုင်သည်။ ဖုန်းပိုင်ရှင်က ဆက်သွယ်လာနိုင်ခြင်း ဖြစ်လေသည်။

          ဒုတိယစုံတွဲအား လေဆိပ်ဆင်ဝင်အောက်တွင် ပြီး ကျွန်တော် လှည့်ထွက်မည်အလုပ်တွင် စုံတွဲတစ်တွဲ ကားငှားပြန်သည်။ ကျွန်တော် စုံတွဲများဖြင့် အကျိုးပေးသည်။ ရွှေဘုံသာလမ်းသို့ သွားမည်ဖြစ်၍ ကုန်သည် ကြီးများဟိုတယ်သို့ ဖုန်းပြန်ပေးရန် အဆင်ပြေလှသည်။

          တတိယစုံတွဲအား ရွှေဘုံသာလမ်းတွင် ချပေးပြီး ကျွန်တော့်ကား အား ကွေ့၍ ဗိုလ်ချုပ်လမ်းအတိုင်း တက်ခဲ့သည်။ ဆူးလေဘုရားလမ်း တွင် ကွေ့၍ ကုန်သည်ကြီးများဟိုတယ် ဆင်ဝင်အောက်တွင် ကားကို ရပ် လိုက်သည်။ ပြီးနောက် ဧည့်ကြိုကောင်တာသို့သွား၍ ဖုန်းကိုအပ်သည်း

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)