Skip to product information
1 of 3

Other Websites

ထောင်မှုးကြီးသိန်ဝင်း - ကျွန်တော်နှင့် ရွာတော်ရှင်မ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

(၁)

            ကျွန်တော် အိပ်မက်မက်သည်မှာ ကြာပါပြီ။ ကောင်းမွန်စွာ အိပ် မပျော်၍လည်း ဖြစ်နိုင်သည်။ သို့သော် ယခု ဒီဇင်ဘာလထဲရောက်တော့ အိပ်မက်ရှည်ကြီးများ မက်လာသည်။ ချမ်းအေးလွန်း၍ အိပ်လို့လည်းပျော် သည်၊ စားလို့လည်း ဝင်သည်။ လမ်းလျှောက်ခြင်းကြောင့်လည်း ဖြစ်လိမ့် မည်။ အိပ်မက်ရှည်ကြီးများမှာ ဝတ္ထုတစ်ပုဒ်လို အစအဆုံး သည်းထိတ် ရင်ဖိုဇာတ်လမ်းများဖြစ်သည်။ စာရေးဆရာပီပီ အတွေးလွန်၍ အိပ်မက် ထဲ၌ပင် ဇာတ်လမ်းဆင်သည်ဟု စာဖတ်ပရိတ်သတ်က ဝေဖန်ကြပေလိမ့် မည်။

            မဟုတ်ရပါ။ နိုဝင်ဘာလတစ်လလုံး ကျွန်တော် “နန်းကြာညို' လုံးချင်းဝတ္ထုအား ရေးပြီးသည်နှင့် ပြည်၊ တောင်တွင်းကြီး၊ ပုပ္ပား၊ ပုဂံ၊ နေပြည်တော်သို့ အလည်အပတ်သွားရင်း ဘုရားဖူးထွက်နေသည်။ နိုဝင်ဘာလ ကုန်တွင် ပြန်ရောက်ပြီး အိမ်ရောက်မှ အိပ်မက်ရှည်ကြီးများ မက်ခြင်းဖြစ် သည်။

            ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့ညက မက်သော အိပ်မက်မှာ အလွန်ထူးဆန်းသည်။ အိပ်မက်ဟူသည် မက်ပြီး မေ့တတ်သော်လည်း ထို အိပ်မက်ကို ကျွန်တော် လုံးစေ့ပတ်စေ့ ပြန်လည်သတိရနေသည်မှာလည်း အလွန်ထူးဆန်းသည်။ ထိုအိပ်မက်ထဲ၌ ကျွန်တော်က ရန်ကုန်-ပြည် ကားလမ်းနံဘေးအင်းကုန်းဆိုသော ရွာကလေးက ရွာခံမုဆိုးနှင့် ကျွန်တော် တို့ရွာလယ်ကွင်းများ အလွန်၌ လယ်ယာနားချိန် ဆောင်းဦးပေါက်အလွန် ရိုးမတောစပ်သွား၍ ကြက်တောင် ငှက်ထောင် ကြသည်။ ကျွန်တော်တို့ မိရိုးဖလာရွာသားများ၏အကျင့် သစ်ဝါးနှင့် ဟင်းသီးဟင်းရွက်ကိုလည်း ဤ ရိုးမကြီးကိုပင် မှီခိုနေရပါသည်။

            တစ်နေ့မနက်ခင်း ရွှေရောင်ဝင်းနေသော စပါးခင်းကို ကျွန်တော် လှည့်လည်စစ်ဆေးရင်း၊ တောစပ်တွင် ပေါက်ကိုင်း၊ သုတ်ကိုင်း ထောင်ထားသောနေရာသို့အသွား စပါးခင်းအစပ်တွင် ဝက်ခြေရာများတွေ့ပြီး နို့ရည် တည်နေသော စပါးခင်းအား တောဝက်အုပ်ဝင်စားထားသည်ကို တွေ့ရသည်။ ထို့ကြောင့် လယ်ကွင်းနှင့် တောစပ်တွင် ကျွန်တော်ရင်းကိုင်းများကို ကြိုတင်ထောင်ထားခြင်းဖြစ်သည်။ ကျွန်တော်တို့တွင် အမဲပစ်ရန် သေနတ်မရှိ။ ဒူးလေးနှင့် လေးခွလောက်သာရှိသည်။ ကျွန်တော်က အပျော်တမ်းပုဆိုး၊ အကောင်ငယ်လောက်သာ ပစ်ခတ်နိုင်ပါသည်။

            ကျွန်တော်တို့ ရွာတောစပ်တွင် သေနတ်သာရှိပါက တောဝက်၊ ချေ။ ဆတ်တို့ကို အလွယ်တကူ ပစ်ခတ်နိုင်ပါသည်။ ယခုတော့ ကျွန်တော့်မှာ ပေါက်ကိုင်း၊ နင်းကိုင်းများကိုသာ အားကိုးနေရသည်။ ပေါက်ကိုင်းဆိုသည် မှာ အသေးစားထောင်ကိုင်း၊ ခရမ်းချဉ်သီး (သို့) မှည့်နီရဲနေသော သဖန်းသီးအား ပေါက်ကိုင်းခလုတ်ထိပ်တွင်တပ်ဆင်ပြီး ကွင်းလျှာကြိုးအား ပေါက် ခလုတ်တွင် ကွင်းစွပ်၍ ချထားရသည်။ ဝါးကိုင်းကို သုတ်ကိုင်းအဖြစ် သုံးထား ၍ ကြက်နှင့်ရစ်က အသီးနီနီအား ဖောက်လိုက်သည်နှင့် ခလုတ်ပြုတ်၍ ကြက်နှင့် ရစ်လည်ပင်းကို သုတ်ကိုင်းက ဆွဲသုတ်တော့သည်။

            နင်းကိုင်းကလည်း အလားတူပင်၊ ချိုင့်ကလေးတူး၍ သုတ်ကိုင်းထိပ် အထုတ်ကလေးအား တုတ်ကလေးဖြင့် ကန့်လန့်ပြီး ထိန်းထားခြင်းဖြစ်သည်။ သားကောင်က ခလုတ်ပတ်ဝန်းကျင်ကို နင်းလိုက်သည်နှင့် ကွင်းလျှာကြိုး က ဆွဲသုတ်ပြီး ခြေတစ်ဖက် သို့မဟုတ် လက်တစ်ဖက်ကိုမိ၍ သုတ်ကိုင်းကမြှောက်တင်ထားသည်။ ထိုအခြေအနေကို မုဆိုးကသိ၍ အဝေးမှ လှံဖြင့် စစ်ထိုးရသဖြင့် အလွန်အန္တရာယ်များသည်။ ချက်ကောင်းကို တစ်ချက်တည်း ထိုးမိမှ သားကောင်ကို ရနိုင်သည်။ မသေချာပါက သားကောင်က အသေ အလဲ ရုန်းသောကြောင့် ကြိုးပြတ်၊ သုတ်ကိုင်းကျိုးပြီး တောဝက်ကောင်ကြီး ဖြစ်ပါက ရန်ရှာတတ်သေးသည်။

            ထိုနေ့မနက်က သုတ်ကိုင်းများတွင် တောဝက်ပေါက်ငယ်တစ်ကောင် သာမိနေသဖြင့် ကျွန်တော် ဝါးစိမ်းတုတ်ဖြင့် ရိုက်၍ ယူခဲ့သည်။ ပေါက်ကိုင်း များတွင်တော့ ရစ်ကြက်နှင့် တောကြက်ဖကြီးတစ်ကောင် အသေမိ၍ အသင့် ပါလာသော မုဆိုးလွယ်အိတ်ထဲထည့်ကာ ပေါက်ကိုင်းအား ပြန်ထောင်ပြီး ရွာသို့ ပြန်ခဲ့သည်။

            ဤလိုပင် စပါးခင်းအား စစ်ဆေးရင်း ညနေတစ်ကြိမ် မနက်တစ် ကြိမ် ကိုင်းလည်ရသည်မှာ ကျွန်တော်၏ နေ့စဉ် အလုပ်တစ်ခုပင်။ ထို့ ကြောင့်လည်း ကျွန်တော်တို့အိမ်တွင် ဟင်းစားက မပြတ်ပါ။

            ကျွန်တော် အိမ်ပြန်ရောက်တော့ ဧည့်သည်များ ရောက်နေသည်။ ဂျစ်ကားတစ်စင်းကလည်း ရွာလယ်ကျွန်တော်တို့အိမ်ရှေ့ ပြေးလမ်းပေါ်၌ ရပ်ထားသည်။ ဂျစ်ကားကိုမြင်သည်နှင့် ဤရာသီတွင် လာနေကျ ရန်ကုန်မှ မုဆိုးကြီး ဦးလေးမောင်တို့အဖွဲ့မှန်း သိသာပါသည်။ တပည့်လက်သား အစုံအလင်၊ သေနတ်မျိုးစုံဖြင့် သူတို့ လာနေကျဖြစ်သည်။ ကျွန်တော် ဝက်ပေါက်ကလေးအား ခြံဝိုင်းထဲ ထမ်းဝင်လာသည်ကိုမြင်သည်နှင့် ကျွန် တော့်ကို တွေ့တွေ့ချင်း ဦးလေးမောင်က..

            “ဟ...ငါ့တူကြီး၊ တယ်ဟုတ်ပါလား။ မွန်နဲ့ကုလားတို့ ဝိုင်းကြို ကြစမ်း၊ ငါ့တူကြီးပင်ပန်းလာတယ်။ မုဆိုးလွယ်အိတ်ကြီးကလည်း ဖောင်း ကားလို့ ပါလား၊ ဘာကောင်တွေလဲ”

            “ကြက်နဲ့ ရစ်ကြက်ဖကြီး .. ဦးလေး။ ဦးလေးတို့လာတာနဲ့ အတော်ပဲ။ နေ့လယ်စာရော၊ ညစာပါ ဖူလုံသွားပြီပေါ့။ ဝမ်းသာလိုက်တာ ဗျား ဦးလေးတို့ ဘယ်တုန်းက ရောက်ကြတာလဲ"

            “အခုပဲရောက်တာ... ငါ့တူရေ၊ မှော်ဘီမြို့ ထဲမှာ BREAKFAST စားနေတာနဲ့ သွားတာ။ အခု ဘာကောင်တွေ စဆင်းပြီလဲ”

            “တောဝက်တွေတော့ စဆင်းပြီ .... ဦးလေးရေ။ တခြားတော ကောင်တွေလည်း ဆင်းတော့မှာပါ”

            “ကောင်းတာပေါ့ ... ဦးလေးတို့လည်း တောဝက်သားမှ ခံတွင်း တွေ့တာ၊ ဆတ်နဲ့ချေကတော့ စပါးမှည့်မှ ဆင်းကြမှာ”

            ကျွန်တော်က မုဆိုးခေါင်းဆောင် အဘဦးသိန်းလွင်နှင့် ဦးလေး မောင်တို့အား နှုတ်ဆက်ရသေးသည်။

            “အဘတို့ ဘယ်အချိန် တောဆင်းကြမှာလဲ၊ ဒီညလား။ မနက်ဖြန် မနက်လား”

             “ဒီညနေပဲ။ ပစ်ကွင်းပစ်ကွက် ခြေရာလက်ရာကြည့်ပြီး လင့်စင် ဆောက်ပစ်ကြတာပေါ့”

            “ကောင်းပါတယ် ••• အဘ။ သားကောင်တွေက ညဘက်ဆင်း တာများတယ်”

            ကျွန်တော်နှင့် မွန်၊ အာလူး၊ ကုလားတို့ တောဝက်ပေါက်အားဖျက် ၍ကြက်နှင့်ရစ်အားကိုင်ကာ နေ့လယ်စာအတွက် ပြင်ဆင်ရသည်း၊ ထမင်းအိုး တည်သူ ဟင်းချက်သူများဖြင့် ကျွန်တော်တို့အိမ်ဝိုင်းကလေးမှာ အလှူအိမ်ကလေးသဖွယ် မီးခိုးတလူလူဖြင့် စည်ကားနေပါသည်။ နေ့လယ်စာ သုံးဆောင် ပြီးတော့ ဧည့်သည်များ ထမင်းလုံးစီရင်း အိမ်ဦးခန်းတွင် အိကြသည်။

            ကျွန်တော်နှင့် မွန်၊ အာလူး၊ ကိုကုလားတို့က တောအတွေ့အကြုံများ ပြောရင်း ရေနွေးကြမ်းတစ်အိုးဖြင့် စကားဝိုင်းဖွဲ့ကြသည်။

            ညနေစောင်းစောင်းတွင် လယ်ကွင်းများအားဖြတ်၍ တောစပ်သို့ သွားပြီး ကျွန်တော်က တောကောင်များ ခြေရာပြေကြောင်းကို ပြရသည်။ မုဆိုးကြီး ဦးလေးမောင်တို့က ဝင်လမ်းထွက်လမ်းကို လေ့လာပြီး လယ်ကွင်း နှင့် တောစပ်အနီး ပစ်ကွင်းကောင်းသောနေရာ နှစ်နေရာခွဲ၌ လင့်စင်ဆောက် ရန် နေရာရွေးချယ်သည်။

            တစ်နေရာက တောကောင်များ ဝင်လမ်းအနီး မအူပင်ကြီးပေါ်၌ ဖြစ်သည်။ တစ်နေရာက တောကောင်များ ထွက်လမ်းအနီး နှစ်ပင်ပူး၍ ပေါက် နေသော တောင်ပိန္နဲပင်များအပေါ်တွင် ဖြစ်သည်။ တောမှာ ရွာနှင့်နီးသဖြင့်အောက်ခြေရှင်းသည်။ မြင်ကွင်း ကောင်းသည်။ ရွက်ကြွေတောဖြစ်သဖြင့် အပင်ကြီးများသာ ပေါက်ရောက်နေသော ကြိုးဝိုင်းတောလည်းဖြစ်သည်။

            သစ်ဝါးလည်း ပေါသဖြင့် အဝင်လမ်းအနီးက လင့်စင်ကို အာလူး နှင့်မွန်တို့က သစ်ဝါးခုတ်၍ ဆောက်သလို ကျွန်တော်နှင့်ကုလားက အထွက် လမ်းအနီးက တောင်ပိန္နဲပင်ပေါ်တွင် လင့်စင်ဆောက်ကြသည်။ ကျွမ်းကျင် သူများ ဖြစ်ကြသဖြင့် အချိန် (၂) နာရီခန့်နှင့် ပြီးစီးပါသည်။ အန္တရာယ် ပေးမည့် တောကောင်ကြီးများ မရှိသဖြင့် လင့်စင့်များမှာ (၁) ပေခန့်သာ မြင့်ပါလိမ့်မည်။ မအူပင်များက အခက်အလက်ဝေဆာသဖြင့် အပင်ပေါ် တက်ရန် လွယ်ကူသောကြောင့် လှေကားမလိုပါ။

            ကျွန်တော်နှင့်ကုလား တာဝန်ယူရသော တောင်ပိန္နဲပင်က (၁၂) ပေ ခန့် အမြင့်အထိ ပင်စည်လုံးချောဖြစ်သဖြင့် ငါးလှေကား လုပ်ပေးရသည်။ ထိုအနီးအနားတွင် ဝါးနက်ဝါးရုံများပါသဖြင့် တောင့်တောင့်ဖြောင့်ဖြောင့် နှစ်လုံးရှာ၍ ဝါးလှေကား လုပ်လိုက်သည်။ တောကောင်များ၏ သဘာဝမှာ သူတို့ ဝင်နေထွက်နေကျလမ်းကို ရွေးချယ်ထားပြီဖြစ်သဖြင့် လမ်းသစ်ကို အသုံးပြုသော အလေ့အထမရှိပါ။ ဝင်လမ်း၊ ထွက်လမ်းပတ်လည်တွင် ကျွန် တော်ထောင်ထားသော မင်းကိုင်းများက ရှိနေပါသည်။

            ကျွန်တော်တို့ လင့်စင်များဆောက်လုပ်ပြီးတော့ အဘဦးသိန်းလွင် နှင့် မုဆိုးကြီး ဦးလေးမောင်တို့က လင့်စင်ပေါ်တက်၍ လေ့လာသည်။ လို သည်များကို ပြင်ခိုင်းသည်။ နွားရိုင်းသွင်းချိန်၌ ရွာပြန်ခဲ့ကြပြီး စားသောက် ကြသည်။ ည (၈) နာရီခန့်မှ အဖွဲ့နှစ်ဖွဲ့ခွဲ၍ လင့်စင်ပေါ်တက်ကြသည်။

            ကျွန်တော်က မုဆိုးကြီး ဦးလေးမောင်၊ ကုလားနှင့်တွဲ၍ အထွက် လမ်းလင့်စင်၊ အဘဦးသိန်းလွင်နှင့် မွန်၊ အာလူးတို့က အဝင်လမ်းလင့်စင်း၊ တောရွာသဘာဝအရ ည (၉) နာရီခန့်တွင် လုံးဝတိတ်ဆိတ်သွား၍ တောကောင် များဝင်ချိန်ကို ခန့်မှန်းပြီး လင့်စင်ပေါ်သို့ တက်ကြခြင်းဖြစ်ပါသည်။

( ၂ )

            ညက အလွန်ကိတ်ဆိတ်နေသည်။ ပုရစ်သံနှင့် အဝေးမှ ချေဟောက် သံနှင့် တောကြက်တွန်သံလောက်သာ ကြားရသည်။ လကွယ်ညဖြစ်သဖြင့် ပတ်ဝန်းကျင်က ပိန်းပိတ်အောင် မှောင်မည်းနေသည်။ တောနှင့်လွတ်ကင်းသော လယ်ကွင်းပြင်ကိုပင် သဲကွဲစွာမမြင်ရပါ။ ထို့ကြောင့် ကျွန်တော်က အဘတို့ယူလာသော EVEREADY ငါးခဲထိုး လက်နှိပ်ဓာတ်မီးကို အသင့်ကိုင် ထားပြီး မုဆိုးကြီးဦးလေးမောင်က ရသမ (၅ဝဝ) ဝင်ချက်စတာနှစ်လုံးပြူးခရိုင် ဖယ်၊ ကုလားက ဒသမ (၃၀၃) အင်္ဂလိပ်ရိုင်ဖယ်ကို ကိုယ်စီကိုင်ထားသည်။ အဘဦးသိန်းလွင်တို့ဘက်ကတော့ ဘာကိုင်ထားသည်မသိပါ။

            ည (၉) နာရီခန့်၌ တောတိုးသံသဲ့သဲ့ကို ကြားရသည်။ တဂတ်ဂတ် မေးရိုက်သံလည်း ကြားရသဖြင့် တောဝက်ကြီးခေါင်းဆောင်သော တောဝက် အုပ်အသံမှန်း မှန်းဆနိုင်ပါသည်။ ထို့နောက် အနီးကပ်၍ ဟောက်လိုက်သော ချေသံတဝေါင်းပေါင်း၊ ဆတ်တစ်သံကိုလည်း ခပ်လှမ်းလှမ်းမှ ကြား နေရသည်။ ယနေ့ညတော့ တောကောင်ပေါင်းစုံဆင်းချေပြီး၊ မုဆိုးအဖွဲ့သာ

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)