Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ထင်လင်း - ဝထ္ထုတို ၅ ပုဒ်

Regular price 900 MMK
Regular price Sale price 900 MMK
Sale Sold out

ရှာပုံတော်

          ချစ်သော ကိုဝင်းမောင်နှင့် အရီတို့သို့...

          “ မောင်ရေ "

          မငွေရီ၏ အသံချိုချိုကလေးသည် မီးဖိုခန်းဘက်ဆီမှ ပေါ်ထွက် လာလေသည်။ အလုပ်စားပွဲမှ ကိုမင်းဝေသည် ခေါင်းကိုငုံ့၍ စာအတွင် ရေးနေရာမှ ခေါင်းကို ဆတ်ခနဲထောင်လိုက်သည်။ ထို့နောက် ကလောင်တံကို ရပ်၍ ရေးလက်စ စာရွက်များပေါ်တွင် တင်ထား လိုက်ရင်း ထိုင်ရာမှ ထ၏။ ကုလားထိုင်၏ အပြင်ဘက်သို့ ရောက်လျှင် ခါးကိုဘယ်ညာလှည့်၍ ချိုးလိုက်၏။ ပြီးလျှင် မီးဖိုဘက်ဆီသို့ လာခဲ့ လေသည်။

          “မောင်ရေ...”

          " လာပြီ...”

 “ဪ...မောင်ကလည်း၊ မောင့်ကို လာဖို့ ခေါ်တာ မဟုတ် ပါဘူး။ အလုပ်ချိန်နီးရင် ထမင်းပြင်မယ်၊ ရေချိုး..လို့ပြောမလို့၊ တကတဲမှပဲ ဟိုကနေထူးလိုက် ပြီးရောဥစ္စာ...”

          ကိုမင်းဝေသည် အရေးမကြီးသလို မငွေရီရှိရာသို့ ပြုံးလျက် ဝင်လာကာ ဟင်းတစ်ခွက်ကို လှလှပပခပ်ထည့်နေသော ဇနီးသည်၏ ခါးကို နောက်ကနေ၍ သိုင်းဖက်ထားလိုက်သည်။ မငွေရီကလည်း တစ်စုံတစ်ရာ အရေးမကြီးသလို ဟင်းခွက်ပြင်မပျက်ပင် “အလုပ်ချိန် နီးပြီလားလို့ ထမင်းပြင်မယ်၊ ရေချိုးလို့...ပြောတာ”ဟု ပြော လိုက်သည်။

          “ဘာတွေချက်နေလဲ ရီ။ မောင့်ကို ဒီနေ့ ဘာတွေနဲ့ ကျွေးမလို့လဲ "

          မငွေရီသည် ဟင်းခွက်ထဲမှ ဟင်းကို ဇွန်းဖျားကလေးများနှင့် ခပ်ယူကာ ကိုမင်းဝေ၏ ပါးစပ်ဆီသို့ လှမ်းခြုံရင်း 'မြည်းကြည့်စမ်း၊ မောင့်အကြိုက် အချဉ်ဟင်းကလေး...'ဟု ပြုံးချိုစွာ ဆိုလိုက်သည်။ ကိုမင်းဝေလည်း ပါးစပ်ကို ဖွင့်၍ ပေးလိုက်ပြီး ဟင်း၏ အရသာကို ခံလိုက်သည်။ ပြီးလျှင် မျက်စိကို မှေး၍ “အိုး...သိပ်ကောင်း သိပ်ကောင်း...အများကြီးကောင်း'ဟု ဆို၏။ မငွေရီမှာ သူ့ အမူအရာ ကို ကျေနပ်ရွှင်မြူးစွာ ကြည့်လျက်ရှိစဉ် အလစ်၌ ကိုမင်းဝေ၏ အနမ်း ကို ခံလိုက်ရလေသည်။ ပြီးမှ အရေးတကြီး ဘေးသို့လှည့်ကြည့်လိုက် ပြီး သူ့ဟာသူ ရှက်သွားသလို၊ ကိုမင်းဝေ၏ နဖူးကို လက်ညှိုးနှင့် အသာတွန်းလိုက်ကာ ကောင်မကလေးတွေ မြင်ကုန်ပါဦးမယ်။ မောင် ကလည်း အရမ်းချည်းပဲ...'ဟု ဆိုလိုက်၏။

          “ဟင်းချက်ကောင်းလို့ ဆုချတာလေ..”

          “တော်ပါ ဆရာကြီး.....ကဲ.ရေချိုးချေပါတော့။ တော်ကြာ အချိန် မရှိဘူး ဘာဘူးနဲ့။ ထမင်းတောင် ဖြောင့်အောင်မစားနိုင်ဘဲ ဖြစ်နေပါ ဦးမယ်။ ဒါပဲ ဆရာ၊ ရီကိုယ်တိုင် မောင့်အကြိုက်ကလေးတွေ စီကာစဉ်ကာ ချက်ထားရတာ ပျာယီးပျာယာတော့ အဖြစ်မခံနိုင်ဘူး။ သွားပါ ကြည့်ပါဦး။ လူကို ဒီလို ပြုံးစိကြီး လုပ်ကြည့်မနေပါနဲ့သွားပါ။ ရေချိုး ပါ။ အဝတ်အစားလဲခဲ့ပါ။ ဗီရိုထဲမှာ ရီအဆင်သင့် အထပ်လိုက် တင်ထားခဲ့ပါတယ်”

          “အိုကေ.. ဒါတွေကြောင့် ဒါတွေကြောင့်”

          “အိုအို ..မောင်သိပ်ရမ်းတာ...သွားပါတော့...နောက်ကျနေ ပါမယ်”

          တွန်းထိုး ထုတ်လိုက်မှ ကိုမင်းဝေ လေကလေး တအေးအေး ချွန်ရင်း မီးဖိုထဲမှ ထွက်သွားတော့သည်။ များမကြာမီ ရေချိုးခန်း ဆီမှ ရေတရွှဲရွဲချိုးသံ၊ ကိုမင်းဝေ လေချွန်သံများ ကြားရသည်။

          ရီရေ...” ရေချိုးရာမှ လှမ်းခေါ်ပြန်သည်။

           “မောင်...” ထမင်းပွဲပြင်ရာမှ ထူးလိုက်၏။

          “အချဉ်ဟင်းနော်...”

         " ဪ ဟုတ်ပါတယ်။ မောင့်ဖို့ အချဉ်ဟင်းမပါဘဲ ရီက ကျွေးပါ့ မလား”

          “အိုကေ ... ရီကို ဆုချမယ်” ။

           “တော်ပါ ဆရာကြီး.....ကဲ မြန်မြန်ချိုးမောင်”

          “ပြီးပြီ”

          မကြာမတင်ပင် ရေချိုးခန်းတံခါး ကျောက်ခနဲ ပွင့်လာပြီး မျက်နှာ သုတ်ပဝါကြီးတစ်ထည်ခြုံထားသော ကိုမင်းဝေထွက်လာသည်။ မငွေ ရီပြင်နေသော ထမင်းပွဲနားတွင် ချမ်းနေသော ကလေးငယ်ကဲ့သို့ ခပ်ကုပ်ကုပ်ရပ်၍ ကြည့်နေ၏။ မငွေရီက ဟင်းတစ်ဇွန်းခပ်၍ သူ့ ပါးစပ်ထဲထည့်လိုက်မှ မငွေရှိရှိရာသို့ ခေါင်းထိုး၍ လေထဲတွင် ရှူးခနဲ နမ်းကာ အခန်းထဲသို့ ပြေးခုန်၍ ဝင်သွားတော့သည်။ မငွေရီကနောက်မှ ကြည့်နေသည်။

           “မောင်ကတော့ အဲသလိုပါလို့ဆို”

          ဟု ခပ်တိုးတိုး ဆိုလိုက်လေ၏။

          “မောင်ရေ..” “အင်းအင်း လာပြီ ...ဒီမှာ..”

          “မတွေ့ဘူးလားလို့။ အလယ်ဆင့်ကလေး... အပေါ်ဆုံးက အထပ် လိုက် အင်္ကျီရော၊ လုံချည်ရော၊ အစုံ......”

          “တွေ့တွေ့ ပါတယ်...ဒီမှာ ဟိုဥစ္စာက”

          “ဘာများတုံး၊ တွေ့ရင်လည်း မြန်မြန်လာပါ။ ဒီမှာ ထမင်းပွဲက ကြောင်နှိုက်မှာစိုးလို့ စောင့်နေရတယ်၊ တွေ့ပြီမဟုတ်လား ဟင် မောင်”

          “အင်္ကျီတွေ့ပါတယ်”

          “လုံချည်ရော”

          “တွေ့ပါတယ်...မတွေ့တာက..”

           မငွေရီက စိတ်ရှုပ်သလို ခေါင်းကုတ်ရင်း ထမင်းပွဲကို အုပ်ဆောင်း နှင့်အုပ်ထားခဲ့ပြီး ဝင်လိုက်သွား၏။ အခန်းထဲသို့ ရောက်လျှင်၊ ရှပ် အင်္ကျီလက်ရှည်ကို ဖားလျားဝတ်လျက် မှန်တင်ခုံပေါ်တွင် တစ်စုံ တစ်ခုရှာနေသော ကိုမင်းဝေကို တွေ့လိုက်ရသည်။

          “မတွေ့ တာက...ဘာတုန်း၊ လက်ကြယ်သီး....ဟုတ်လား”

          ကိုမင်းဝေက “အင်း...” ဟု ကလေးဆန်ဆန် မှုန်တေတေလုပ် ၍ ဖြေရင်း ခေါင်းကိုညိတ်ပြလိုက်သည်။ မငွေရီသည် ကိုမင်းဝေအား တစ်ချက် ကြည့်လိုက်ပြီး သူပါဝင်၍ ရှာတော့သည်။

          မနက်စောစောကပဲ ဒီအနားမြင်သေး”

          “အခု မမြင်တော့ဘူး ဟုတ်လား”

           “တစ်ဖက်တော့ တွေ့ပါပြီ၊ အောက်ကိုကျနေတယ်”

          “ဒါဖြင့် ဒီအနားမှာ ရှိတာတော့ အမှန်ပဲ”

          အေး...မတွေ့တာက ခက်တာ..”

          မငွေရီသည် ကိုမင်းဝေကို တစ်ချက်လှမ်းကြည့်လိုက်ပြန်သည်။ သူ့မျက်နှာ စောစောကကဲ့သို့ ရွှင်မနေတော့။ မှုန်တေတေကြီး မဟုတ် စေကာမူ မှုန်တေတေကလေးတော့ ဖြစ်နေသည်ဟု မငွေရီထင်သည်။ ဒါမျိုးတွေကြောင့် မငွေရီက သူ့ “မောင်”ကို “ကလေးလိုပါပဲ...'ဟု မကြာမကြာပြောလေ့ရှိသည်။ ယခုလည်း ကိုမင်းဝေ ကလေးဆိုးကြီး လိုလုပ်ပြန်ပြီ။

          “မောင်ကလည်းကွာ၊ ဒါကလေး ပျောက်တာနဲ့များ”

          “ဟုတ်ပါဘူး...မောင်က ခံပြင်းလို့ပါ၊ မနက်ကပဲ ရှိသေးတဲ့ ဥစ္စာ...ဒီအပေါ်မှာ၊ ဟောဒီအပေါ်မှာတင် ... နှစ်ခု...” ကိုမင်းဝေ တက်ခေါက်လိုက်မိသေးသည်။ နောက် မငွေရီပါ မျက်နှာအိုသွား သည်ကိုမြင်မှ မပြုံးချင် ပြုံးလိုက်ပြီး “ဟုတ်ပါရဲ့..” ဟု သူ့ဟာသူ စကားဖာပစ်လိုက်သည်။

          “ကဲကွယ်...ရှိပါစေ၊ အပေါ်အင်္ကျီ ထပ်ဝတ်လိုက်ရင် မမြင်ရပါ ဘူး။ ကဲလာ ရီ ထမင်းစားကြမယ်။ နေပါစေတော့..။ ညနေမှ ရှာကို ရှာဦးမယ်” “မောင့်စိတ်ကလည်းကွယ်”

          လာပါ-ကဲ၊ ထမင်းစားကြမယ်။ အချဉ်ဟင်းကလေးနဲ့”

          ကိုမင်းဝေ မငွေရီကို ငဲ့ပြီး ဟန်ဆောင်လိုက်ရသော်လည်း သူ့ အကြောင်း မငွေရီက သိလွန်းလို့ နောကျေနေ၏။ ဤသို့သော အသေး အဖွဲကလေးများ လိုချင်၍ ရှာမတွေ့ လျှင် သူအင်မတန် စိတ်ဆိုးတတ် သည်။ ဘာပဲဖြစ်ဖြစ် အဖိုးတန်တန် မတန်တန်၊ သူက ရှိသည်ဆိုသောနေရာမှာ မတွေ့လျှင် မူးစေ့တစ်စေ့ကိုပင် ဖြစ်ဖြစ် တစ်နေ့လုံး ရှာတတ်သည်။ တွေ့မှ လွှင့်ပစ်ချင် ပစ်လိုက်မည်။ သူ့မှာ ဒီစိတ်မျိုးရှိသည်။

          “မောင် ကလေးမဟုတ်တော့ဘူးကွယ်...သိပ်ခေါင်းမမာနဲ့တော့”

          “ခေါင်းမာတာ မဟုတ်ဘူး၊ ရီကလည်း မောင်မရှာတော့ပါဘူး။ ရှေ့မှာလည်း ဒါမျိုးချည်းပဲ။ တစ်ခုကလေးရှိ သူ့မျက်နှာက မကောင်း ဘူး၊ သိပ်ကို ကလေးနဲ့ တူတာပဲ” ထမင်းစားရင်း ကိုမင်းဝေက ဆို သည်။ ။

          "အလို။ သူကပဲ မငွေရီကို ကလေးတဲ့” မငွေရီသည် ပြုံးလိုက် သည်။ နောက် ကိုမင်းဝေကလည်း ပြုံးလိုက်သည်။

          “ရီ-မဟုတ်ဘူးလား။ ကလေးလိုပဲ”

          မငွေရီက တစ်ခုခုကို ပြန်ပြောလိုက်မည် ပြုမှ “ကဲလေ ရှိပါ စေတော့ဟု သဘောထားလျက် ဝန်ခံဟန်ဖြင့် ရှက်သလို ပြုံးကာ ထမင်းကို ငုံ့စားနေလိုက်၏။ သူ့စိတ်ထဲ၌ “မောင်-ရီ ကိုငဲ့ပြီး ပြော နေတာပါ၊ ရီက သိလွန်းလို့ ။ မောင် ဒါကို မတွေ့ တွေ့အောင် ရှာဦး မှာပါ။ အလုပ်ကပြန်ရင် မယောင်မလည်နဲ့ မောင် ဒါကို ရှာနေဦး မှာပါ”ဟု တစ်ကိုယ်တည်း ပြောလျက်ရှိ၏။

          ထမင်းစားပြီး လက်ဆေးပြီးနောက် ကိုမင်းဝေ အိပ်ခန်းထဲသို့ တစ်ခေါက်ပြန်ဝင် သွားပြန်သည်။ မငွေရီက ရေသောက်ရင်းမှ စောင်း ငဲ့ကြည့်လိုက်ပြီး “အင်း..မရှာတော့ဘူးဆိုပြီး ခုပဲ ရှာနေပြန်ပြီ မဟုတ် လား။ မောင့်အကြောင်း ရီသိပြီးသား ဟု အောက်မေ့လိုက်၏။ နောက် ရေခွက်ကို ထားခဲ့ပြီး ခြေသံမကြားအောင် ကိုမင်းဝေနောက်သို့ လိုက် ခဲ့သည်။ အခန်းပေါက်သို့ ရောက်၍ ခန်းဆီးကို အသာဖယ်လိုက်လျှင် ပင် ကိုမင်းဝေ ပြန်ထွက်လာသည်နှင့် ဝင်တိုးနေသဖြင့် တစ်ချက်ပေါ့ ၍ အနမ်းသာခံလိုက်ရသည်။

          “မရှာတော့ဘူးဆို”