တာရာမင်းဝေ - ၀တ်မှုန်တစ်စက်ရဲ့အတ္တုပတ္တိ
အိမ်ကိုလာလည်တဲ့ ဒေါ်ခင်နှင်းလွင်က 'အာမခံသေတ္တာ” အကြောင်း ပြောပြတယ်။
ရေဘေ။ လေဘေး၊ မီးဘေးတွေကို ကာကွယ်နိုင်တဲ့ သေတ္တာ ပါပဲ။ ပစ္စည်းတစ်ခုခုကို သိမ်းဆည်းထားဖို့အတွက် အင်မတန်သင့်လျော်တဲ့ သတ္တာပဲပေါ့...။
တစ်ခုတော့ရှိတယ်။
အဲဒီအာခံသေတ္တာကို “Code နံပါတ်သိရင်တော့ ဖွင့်လို့ရတယ်။ သူ့သော့ချက်ကို သိရင် ပွင့်တာပါပဲ။
တစ်ဆက်တည်းမှာပဲ အန်တီခင်နှင်းလွင်က အင်မတန်နှုတ်လုံ ဘတ်တဲ့ လူတွေအကြောင်း ပြောပြတယ်။
အဲဒီလူတွေရဲ့ ပါးစပ်ကတော့ 'Code”နံပါတ် မရှိဘူး။ ဘယ်လို နှင့်ဖွင့် ပွင့်ဘူးတဲ့။
ကြည်ညိုလေးစားစရာ ကောင်းပါတယ်။ ကိုယ်လည်း အဲဒီလိုမျိုး နှုတ်လုံတဲ့သူ ဖြစ်ချင်တယ်။ 'Code နံပါတ်မပါတဲ့လူ ဖြစ်ချင်တယ်။
စုံ၏ ...နဲ့အတူ အန်ကယ်လ်ဦးကြည်ဝင်း၊ဆီ သွားကြတယ်။
သူ... ပါရီက ပြန်လာတယ်ဆိုတာကိုး...။ ဒါပေမဲ့ ကိုယ် သိသားပဲ...က သူ့အတွက် လက်ဆောင်များ ပါမလားလို့ သွားတာပါ။ ပါ,ပါဘူး။ အန်ကယ်လ်ဦးကြည်ဝင်းကဖြင့် သတိရပုံတောင် မပေါ်ဘူး။
အပြန်လမ်းမှာ ရာဇဝတ်သားတစ်ယောက်ကို သူနဲ့အတူ လက်ထိပ်ခတ်ပြီး ခေါ်လာတဲ့ စုံထောက်တစ်ယောက်ကို မြင်လိုက်တယ် ထုံးစံအတိုင်း သူ့ဘယ်လက်နဲ့ ရာဇဝတ်သားရဲ့ ညာလက်ကို တွဲပြီး လက်ထိပ်ခတ်ထားတာပေါ့။ ဒါမှသာ ရာဇဝတ်သားထက်စာရင် သူက လှုပ်ရှားဖို့ ပိုလွယ်ကူတာကိုး...။ ရာဇဝတ်သားကို သူ့ဘယ်လက်နဲ့ ဖမ်း ထားတာပါ။
အမှန်တကယ်သာဆို လူဆိုးတစ်ယောက်ကို ဘယ်လက် ကလေးနဲ့ ဖမ်းနိုင်တဲ့ စုံထောက်ရှိခဲ့ရင် အရမ်းကောင်းမှာပဲ...။ ကြောင်နှစ်ကောင်စာအုပ်တိုက် ကိုယ်မဝတ်တော့တဲ့ အဝတ်အစားတွေကို နွမ်းပါးတဲ့သူဆီပေးဖို့ အခန်းကို ရှင်းတယ်။ ရှင်းလက်စနဲ့ စာရွက်စာတမ်းတွေကိုပါ သေသေ သပ်သပ်ရှိအောင် ပြန်လုပ်ပါတယ်။ ။
အံဆွဲကိုဖွင့်ရင်း အတွေးတစ်ခုရတယ်။
ကိုယ်က အံဆွဲကို အပေါ်ဆုံးက စဖွင့်ပိတာကိုး။ အောက်ဆင့် ထိ ရောက်အောင် အပေါ်ကအံဆွဲကို တစ်ခုချင်ပြန်ပိတ်ပြီးမှ ဆက်သွယ်လို့ ရတယ်။
တကယ်လို့သာ အောက်ဆုံးအံဆွဲကနေ စဖွင့်ဖိတ်တော့ အပေါ် ဆုံးအဆင့်ထိ ရှောရှောရှူရှူ ဖွင့်သွားလို့ ရနိုင်တယ်
ဘဝကိုလည်း အောက်ဆုံးအံဆွဲကနေ စဖွင့်တတ်ဖို့လိုတယ်
သူငယ်ချင်းတွေက အပျင်းပြေနည်းတစ်ခုအနေနဲ့ ပြောကြလွန်းလို့ ညနေဘက်မှာ ကိုယ် ငါးသွားဖြစ်တယ်။
မပျော်ပါဘူးကွာ...။ စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်ပြီး ပြန်လာခဲ့တယ်။
ငါးမျှားချိတ်မှာ ငါးစာအဖြစ် တပ်ထားရတဲ့ အကောင်လေးကို လည်း သနားတယ်။
ပြီးတော့...
သူ့ကို အစာကျွေးတယ်အောက်ပြီး လာစားမိကာမှ ပါးစပ်မှာ သံချိတ်တန်းလန်းနဲ့ ဒုက္ခခံရတဲ့ ငါးတွေကိုလည်း သနားတယ်။
ဒါကသာ အပမ်းဖြေနည်းဆိုရင်တော့ ကိုယ်နဲ့မကိုက်ဘူး...။
ချိန်ကို
ကွန်ပျူတာသင်ရင်းနဲ့ ဆရာမဒေါ်ဝင်းရီက သစ္စာရှိရှိ ထပေါက် တတ်တဲ့ ချိန်ကိုက်ဗုံးတွေအကြောင်းကို ပြောပြတယ်။
သင်နေတဲ့ စာနဲ့တော့ ဘာမှမဆိုင်ဘူး။ ဒါပေမဲ့ အပြန်လမ်းမှာ သူငယ်ချင်းတွေက ပြောတယ်။
““မင်းမှာ...အခု...ရည်းစားမရှိပေမဲ့တစ်နေ့နေ့တော့ ရှိလာမှာပဲ” တဲ့။
တကယ်တော့ နှလုံးသားဆိုတာကလည်း သစ္စာရှိရှိ ထပေါက် တတ်တဲ့ ချိန်ကိုက်ဗုံးတစ်မျိုးပါပဲတဲ့။
နှမ်းဆီ
“နှမ်းတစ်လုံးနဲ့ ဆီမဖြစ်ဘူးတဲ့”..တဲ့။ သက်ကြီးစကား သက်ငယ်ကြားပြီး ကိုယ် နားရည်ဝခဲ့တာပါ။ တစ်ခုခု မှားနေသလိုပဲ။ ဦးတင်ငြိမ်း ပြန်သွားပြီးတဲ့နောက်မှာ ကိုယ်စဉ်းစားတယ်။ တစ်ခုခုကို...ကိုယ်ရှာတွေ့လိုက်တယ်။
ဘာပဲပြောပြောလေ.. နှမ်းတစ်လုံးတည်းကလည်း ဆီဖြစ်နိုင် ပါတယ်။ စားလို့တော့ မရဘူးပေါ့။
ငယ်ငယ်တုန်းက သူငယ်ချင်းတစ်ယောက်ကို သတိရမိတယ် မြင့်မြင့်ဆွေ ထင်ပါရဲ့။ 'နဂါးမှန်းသိအောင် အမောက်ထောင်ပြလိုက်တယ်" ဆိုတဲ့ စကားကို ခဏခဏပြောတယ်။
ကိုယ် လက်မခံပါဘူး။
အမောက်ကြီးကို လိုက်လိုက်ထောင်ပြနေရတာသာ ရှက်စရာလို့ ကိုယ်ခံစားမိတယ်။ ။
ခုတော့ ကိုယ်နားလည်ပြီး...။ နဂါးမှန်းသိအောင် အမောက်ထောင်ပြနေစရာ မလိုပါဘူး။ မျက်ခုံးတစ်ဝင့်၊ အကြည့်တစ်ချက်နဲ့တင် ပါတယ် -