တာရာမင်း ဝေ - ၀င်္ကပါကိုဖွင့်တဲ့သော့
မည်သို့မည်ပုံ ပြောရမည်မှန်ကိုပင် မသိတော့ချေ။
လေအားဖြင့် တော့ ထွက်သွားနိုင်သည်။
စကားအားဖြင့်တော့ ပီပြင်မည်မဟုတ်။
ပါးစပ်ဖြင့် လေလည်သည်ဟု အထင်ခံရလျှင် ခက်ဦးမည်။
အရှက်ကို အသက်ထက် တန်ဖိုးထားသူဖြစ်၍ သက်စွန့်ဆံဖျား အားကြိုးမာန်ကုပ် ဟစ်အော်ထုတ်လိုက်၏။
ကိုယ်ပါသည်ဆိုပေမဲ့ အမှန်တကယ် ကိုယ်”ပါ”သည်မှ မဟုတ်ဘဲ။
“မှတ်တိုင်ပါတယ် ဗျို့ ”
အသံက 'အောင်'သွားပါသည်။ သူ့အနားမှ လူသူပရိသတ်အချို့ အနည်းငယ် ‘ရှဲ’ပေးကြ၏။ အပေါက်ဝဆီကို ရောက်ခါနီးမှ ကိုယ့်ထက် ဆိုးသူနှင့် တိုးနေသည်။
“ကဲ..လာ..လာ..မှတ်တိုင်ရောက်တော့မယ် "
ကိုယ့်လက်ကို တစ်ယောက်က လာဆွဲ၏။ သူက ရှေ့မှနေ၍ ဆင်းမည့်ဟန်ပြုသည်။ ရပါသည်။ ကိုယ်ကလည်းသူနှင့်အတူ ဆင်း လိုက်သွားရုံပေါ့။ သို့သော် ကိုယ့်လက်ကို ဖမ်းဆုပ်ထားသော သူ့လက် ကလေး၏ နွေးထွေငြင်သာမှုကိုတော့ လှိုက်လှိုက်ဖိုဖို ခံစားရသည်း
“ကဲ ဆင်းကြမယ်”
သူကအပြောမှာကားကလည်းရပ်၏။ မှတ်တိုင်ဖြစ်နေ၍ ပြီးတော့လည်း ဆင်းမည့် သူ ပါနေသည်ဆို၍ 'ကိုကြီးရေ' “ဟေ ရပ်ပေးမယ် ကလေးရေ' ဟူသော ပုံစံမျိုးဖြင့် လုပ်ပေးခြင်းဖြစ်၏
မည်သို့ပင်ဖြစ်စေ ကိုယ့်အနေနှင့်တော့ လိုရာပန်းတိုင်ကို ရောက် ပါပြီးရှေ့မှ ဆွဲခေါ်သူ၏ အလိုကျ နောက်မှ လိုက်ပါသွားပြီး မဟာပထဝီ မြေကြီးပေါ်သို့ ခြေနှစ်ချောင်းကို ဒေါက်ထောက်၍ ရောက်ခဲ့ရပါပြီး
ကိုယ်ကလည်း မတန့်ရပါဘဲနှင့် သူ့ဘာသာ ဗူးခနဲမောင်းထွက် သွားသော ကားကြီးကို နောက်မှ မော့ကြည့်ပြီး ကိုယ့်ကို ကားပေါ်မှ ဆွဲချပေးဖော်သူ ကျေးဇူးရှင်ကို လှည့်ကြည့်မိသည့်အချိန်မှာ
“ဟောတော်...”
ဆုပ်ထားသည့်လက်ကို ကြည့်လိုက်၊ ကိုယ့်မျက်နှာကို ကြည့် လိုက်နှင့် သူ့ဘာသာ အတော်အံ့သြသင့်သွားပုံရသည်။ လက်ကို ကပျာကယာ လွှတ်လိုက်ပြီ။
“ဟာ..ရှင်က..ဘာတုန်း"
သူ့စကားကြီးက ဘယ်လိုကြီးမှန်းလည်း မသိ။ “ဗျာဘာကိုမေးတာတုန်း" ,
“သဲစုဖြိုးက ဘယ်မှာတုန်း” “ဘယ်က သဲစုဖြိုးတုန်း" “ကျွန်မ လက်ဆွဲခေါ်လာတဲ့ သဲစုဖြိုးလေ” "မသိပါဘူး။ ခင်ဗျာ။ လက်ဆွဲခေါ်လာတာက ကျွန်တော့်ကို ““အို...ရှင် တောက်တီးတောက်တဲ့" ““အို..ဗျာ တောက်တီးတောက်တဲ”
သူမ ဒေါကန်လေသည်။ ထိုအခါကျမှပင် သူ့အလှကို သတိ ထားမိလေသည်။ မျက်လုံးမျက်ခုံးနှင့် နှုတ်ခမ်းပါးကလေးများက အလွန်လှသည်။
ဘာမှ မဟုတ်သလိုလိုနှင့် နေရာကောင်းရထား၍ ဈေးကြီးဝင်နေသော စပယ်တင်မဲ့ကလည်း အထင်ကရ။
“အင်းဟုတ်တာတော့ ဟုတ်နေပါပြီ” “ဘာဟုတ်တာလဲ" "မဟုတ်ပါဘူးခင်ဗျားက အတော်လှတာပဲလို့ စိတ်ကူးမိတာ “ကျွန်မ လှတာကို ရှင် စိတ်ကူးတယ် ဟုတ်လား”
““အာ..အဲ့လိုကြီးတော့ ဘယ်ဟုတ်ပါ့မလဲ၊ ဒီကောင်မလေး လှသားဟလို့ တွေးမိတာပေါ့"
"အဲ့ဒါဆို သဲစုဖြိုးက ဘယ်မှာတုန်း”
“ဟင်..ဘာဆိုင်လို့လဲ၊ ဘယ်က သဲစုဖြိုးလဲကျွန်တော် မသိတာ” ,
“ဒါဆို ခု သဲစုဖြိုးက ဘယ်မှာလဲ"
“ရော်ဒုက္ခပါပဲ" “ဘာဒုက္ခလဲ”
"မဟုတ်ဘူးလေ၊ ဒီမှတ်တိုင်မှာ ဆင်းမယ်ဆိုတာကို သူက မသိဘူးလား"
“မှတ်တိုင်နာမည်ကိုတော့ သိတာပေါ့၊ ဒီမှတ်တိုင်မှန်းတော့ မသိဘူး""
“သူက ကလေးလေးလား” သူမက လက်နှစ်ဖက်ကို အကျယ်ကြီး ဖြန့်ဝိုင်းပြကာ ဖြေ၏။
“ဟင်.....အဲ့ဒါများ" “ဘာ...အဲ့ဒါများလဲ”
“အဲ့ဒီလောက်အကြီးကြီးကိုများ ဘတ်စ်ကားစီးခိုင်းနေသေးတယ်။ ခင်ဗျားကို ကုန်းပိုးပြီးပြေးချလာရင်တောင် ရောက်တာကြာလှပါပြီ"
“အကောင်ကြီးတာကို ပြောတာမဟုတ်ဘူးများ အသက်ကြီးတာ ကို ပြောတာ”
“ဒါကိုများ ခင်ဗျားက သဲစုဖြိုးဆိုပြီး နာမည်ကို ဒဲတပ်ပြီး ခေါ်နေသေးတယ်”
“ညာ ကျွန်မက 'ဒဲ့မခေါ်လို့ “တွတ်နဲ့ သဲစုပျိုးလို့ ခေါ်နေရမှာလား”
“အခု ဘယ်မှာလဲ အဲ့ဒီသဲစုပျိုး" “ကျွန်မက ရှင့်ကို မေးနေတာရှင့်” ။ “ ဪ..သိ..သိပြီ” “ဘာသိတာလဲ” “ကျွန်တော့်ဘေးက အမျိုးသမီးကို ခင်ဗျားပြောတာထင်တယ်
ကတ္တရာစေရောင်းအသားနဲ့လေး နှုတ်ခမ်းက ဘဲနှုတ်သီးနဲ့တူတယ်။ ဗြဟ္မာခေါင်းထည့်လာပုံရတဲ့ သူ့ပိုက်ဆံအိတ်သေးသေးလေးကို ဟိုဖက် လှည့်ကိုင်လိုက်၊ ဒီဖက်လှည့်ကိုင်လိုက်နဲ့၊ ဟုတ်တယ် မဟုတ်လား။ အခြေအနေပေးရင် ပေးသလို ချိုင်းကြားမှာလည်။ ညှပ်လိုက်သေးတယ် လေ၊ သူက ဘုတ်ထိုင်းကြီးဆိုတော့ ပိုက်ဆံအိတ်ကလည်း မသိသာဘူးလေ"
“ရှင် မိန်းကလေးတစ်ယောက်ကို ဒီလောက် မှိုချိုးမျှစ်ချိုးမပြောပါနဲ့”
“အဲ့ဒါက ထားပါဦး ကျွန်တော် ခုနကပြောတဲ့ အမျိုးသမီးမဟုတ် ဘူးလား”
““ဟုတ်တယ်”
“အဲ့ဒါပေါ့ ခင်ဗျားက သူ့လက်ကို “ဒဲ့မဆွဲပဲ။ ကျွန်တော် လက်ကို 'တွတ်ဆွဲလိုက်မိတာကိုး။ ကျွန်တော်လည်း အူကြောင်ကြောင် နဲ့ ပါလာရတာပေါ့”
“အဲ့ဒါတွေထားပါတော့ အခု ရှင် ဘယ်လိုပြန်လုပ်ပေးမလဲ” “ဘာကို ဘယ်လိုပြန်လုပ်ပေးရမှာလဲ" ““သဲစုဖြိုးကို ဘယ်လို ပြန်ခေါ်ပေးမလဲ" “ဘာဗျ ခင်ဗျားသဲစုပျိုးက..”
ပြော၍ပင် မဆုံးပါး သဲစုပျိုးဟု သူမက ပြောပြီး သဲစုပျိုးဟု ကိုယ်က“တွတ်”ခေါ်နေသော သူငယ်မသည် ထိပ်စည်းနှင့်အလယ် မှားပြီး ဝင်ရောက်လာလေသည်။
“အီး...ဟီး ဟီး"
ငိုရင်း မျက်ရည်သုတ်ရင်း ဝင်ရောက်လာခြင်းဖြစ်သည်။ “ဟဲဟဲ.ဘယ်လိုဖြစ်တာလဲ" “ရက်စက်လိုက်တာ...မြူမြူးရယ်"" "ငါ ဆင်းတာကို နင်က ဘာလို့လိုက်မဆင်းသလဲ စုရဲ့”
“စုလည်းဘယ်သိမလဲ မြူမြူးရဲ့၊ နင်က နင့်ဘဲကို လက်ဆွဲ ဦးဆင်းသွားတာကိုး"
"ဟောတော်" "သူ..သူ..ငါ့ဘဲမဟုတ်ဘူး” ““သူ..သူ...ကျွန်တော့်ဘဲမ မဟုတ်ဘူး”
နှစ်ယောက်သား ပျာပျာသလဲ ငြင်းဆန်ကြ၏။ ခြေကာကာ လက်ကာကာနှင့် အကြောက်အကန်ငြင်းကြခြင်း ဖြစ်သည်။
တစ်ယောက်ကိုတစ်ယောက် စောင်းငန်းငန်း ပြန်ကြည့်ဖြစ်ကြ ၏ ပြီးမှ သူမက
"နင် ငိုနေတာကို ရပ်လိုက်တော့ လူမြင်ကောင်းတာ လည်။ မဟုတ်ဘူး”
“လူမြင်ကောင်းအောင် ဘယ်လိုငိုရမှာလဲ" “ဘယ်လိုမှ မငိုနဲ့တော့၊ တော်ပြီ သွားကြမယ်”
သဲစုဖြိုးက မျက်ရည်တွေသုတ်လိုက်ပြီး သူ့ကို တစ်ချက်မျက်လုံး စွေကြည့်ကာ
“သူကကော" "ဟု သူက သူ့လမ်းသူသွားမှာပေါ့။ ငါတို့က ကိုယ့်လမ်းကိုယ်