Skip to product information
1 of 6

Other Websites

တာရာမင်း‌ဝေ - အလံမထူခဲ့သောလက်များ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

          သေချာတာကတော့ ငါ မနေ့က အိပ်ရာက နိုးခဲ့တယ်။ လင်းကြက် မမည်ပါဘူး။ နာရီကပဲခြောက်ချက်တွန်တယ်။ အိမ်အပေါ်ထပ်ကနေ လူနှစ်ယောက် ဆင်းလာတယ်။ တိရစ္ဆာန်အချို့ရဲ့ အသားကို ခုတ်ထစ် ချက်ပြုတ် စားသောက်ကြတယ်။ သေချာတာကတော့ သူတို့နှစ်ယောက် ထွက်သွားပြီး ငါတစ်ယောက်တည်း ကျန်ခဲ့တယ်။

မနေ့တုန်းကဆိုရင် လက်ဖက်ရည်ဆိုင်က လက်ဖက်ရည်ထိုင်ရောင်းနေတယ်။ ဆိုင်ရှင် လူဝကြီးကလည်း အလိုအလျောက် ၀မြဲ ၀ရဲ့။ လက်ဖက်ရည်ကျဆိမ့်ကတော့ လက်ဖက်ရည်ကျဆိမ့် ဖြစ်မလာခဲ့ဘူး။ လူတွေရဲ့ ဗျည်းသံ။ သရသံတွေကြားမှာ ငါ သွက်သွက်ခါတယ်။ အဲဒါနဲ့ပဲ

“ကဲဟယ်... ကဲဟယ်' ဆိုပြီး

ချစ်သူကို အားရပါးရ ခြေသလုံးဖက်တောင်းပန်လိုက်တယ်။

မနေ့တုန်းကပေါ့။ နေလုံးကို ဝုန်းခနဲ မော့ကြည့်လိုက်တယ်။ ကောင်းကင်နဲ့ ငါဟာ ရာဇဝင်ကြွေး ရှိခဲ့ဖူးရဲ့ ။ ထန်းတစ်ဖျားမှာ စီးချင်း ထိုးကြတယ်။ ဈေးထဲမှာ ရင်ဘတ်အကွဲတွေကို ချွေးသံတွဲလွဲနဲ့ တွေ့ရတယ်။ ချိန်ခွင်ပေါ် တက်ထိုင်ကြည့်တော့ ငါဟာ ကျပ်မပြည့်ဘူး။

(မနေ့က တစ်နေ့လုံး ဖေဖေလွမ်းလိုက်တာ သားလေးရယ်....)

မနေ့တုန်းက ငါဟာ အိမ်ပြန်ခဲ့တယ်။ လမ်းပေါ်မှာ လူတွေ အများ ကြီးရှိပေမယ့် ဘယ်သူမှ မရှိဘူး။ အိမ်ရောက်တော့ တံခါးက ငါ့ကို သော့ ပိတ်လိုက်တယ်။ အဲဒါနဲ့ပဲ ဘဝထဲကို ခွေးတိုးပေါက်က ဝင်ပြီး ကိုယ့်ကိုယ် ကို ခံတွင်းချဉ်လိုက်တယ်။ စာအုပ်တွေ စာအုပ်တွေ၊ ဖတ်စရာမကောင်း လောက်အောင် အဆီဖူးနေတဲ့ စာအုပ်တွေ ကွမ်းယာ မြန်မြန်ထုပ်ပါစေ။

မနေ့တုန်းကဆိုရင် ရုပ်ရှင်တစ်ကားကို ငါမြင်တယ်။ အဲဒီမင်းသမီး ကိုကြည့်ရတာ တစ်ခုခု ကြီးနေသလိုပဲ။ လူအုပ်ထဲမှာ ငါပြာနမ်းတယ်။ လှိုင်သာယာကနေ မြို့ထဲကို သွားရတာ အဝေးကြီးပဲတဲ့။ 'ဤခရီး နီး သလား"လို့ ငါရေရွတ်တယ်။ မနေ့တုန်းက ငါ သူငယ်တန်း ပြန်တက် တယ်။

မနေ့တုန်းကဆိုရင် အာလာဒင်မီးခွက်ကို ငါမြင်တယ်။ လက်နဲ့ ပွတ်လိုက်တော့ ထွက်လာတဲ့ ဘီလူးက ငါ့ကို ပြူးကြည့်တယ်။ ဆပ်ကပ် အဖွဲ့ထဲမှာ သူ့ကို ရုံတင်ချင်တယ်။ အဲဒီလို ငါတောင်းဆိုတော့ သူက ငိုတယ်။ “အို... အေး... အေး... တိတ်ပါတော့ ဘီလူးကြီးရယ်..." လို့ ငါ ချော့မသိပ်ပါဘူး။ ငါ့ဘာသာငါပဲ အိပ်လိုက်တယ်။

“ မနေ့တုန်းက သီချင်းသံတွေကို ကြားတယ်။ စစ်နဲ့ ငြိမ်းချမ်းရေး ကို မဖတ်ဖူးတာ အပြစ်မဟုတ်ပါဘူး။ ဂစ်တာက “ရက်ပ်” အကနဲ့ ထိုးထိုးထောင်ထောင် လျှာထုတ်ပြတယ်။ မနေ့တုန်းကပေါ့။ ငါမျောက်က ကတယ်။

မနေ့တုန်းက နေညိုခဲ့တယ်။ ငါလည်း နည်းနည်းနဲ့ ကျဲကျဲပဲလင်း တယ်။ အရက်မသောက်တော့ဘူး။ ဆန်ပြုတ် ပြုတ်သောက်ရင် ကောင်း လားလို့ စဉ်းစားတယ်။ ပြောရင်းဆိုရင်းနဲ့ပဲ အဲဒီလူက တညင်းသီး အားရည်စိမ်စော် နံလာတယ်။ အဲဒါနဲ့ပဲ သူများအိမ်ကို ငါပြန်လာတယ်။

မနေ့တုန်းက မီးမလာဘူး။ ကမ္ဘာဦးလူရဲ့ သားရဲရနံ့ကို ငါ ယူတယ်။ တောအုပ်ဆီ လမ်းဆင်းလျှောက်တုန်း လူနှစ်ယောက် ပြန်ရောက် လာတယ်။ မြို့ထဲကနေ လှိုင်သာယာကို ပြန်လာရတာကလည်း အ၀ေးကြီးပဲတဲ့...။ ငါ့ခေါင်းက ဒဏ်ရာလည်း မကျက်သေးဘူး။ ဘာနဲ့ချက်ရင်ကောင်းမလဲ...။ အဲဒီလိုနဲ့ပဲ ကောက်ပဲသီးနှံတချို့ကို ငါစားတယ်။ငါ့ ကိုယ်ငါ သွားကြားညှပ်တယ်။

မနေ့တုန်းက ငါ ပြန်အိပ်မက်မက်တယ်။ ကြယ်စင်တွေ ကြိုးပြတ် ကျတော့ ငါဟာ ဖျော့တော့လို့။ မနေ့တုန်းက ရထားမလာဘူး။ အဲဒါကြောင့် ကလေးခပါ ပေးမစီးရဘူး။ မနေ့တုန်းက ငါ အသက်နည်းနည်း ရှင်တယ်။ ငါ့အကြောင်း ငါသိလို့ မကြာတော့မှန်းလည်း နားလည်တယ်။ ငါ့ကိုယ်ငါ မျှော်ကြည့်ရမလား။ ငါ့ကိုယ်ငါ လည်ပြန်ကြည့်ရမလား။ မနေ့တုန်းက ငါစဉ်းစားတယ်။ နောက်ဆုံးမှာ ဒီအတိုင်းပဲ ပြန်ကြည့် လိုက်တော့...

အိုး ...

'မနေ့တုန်းက.. ကိုပဲ မြင်တယ်။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)