Skip to product information
1 of 2

Other Websites

တာရာမင်း‌ဝေ - လူနှင့်နာမည်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

အခန်း (၁)

          ဆောင်းတွင်းနံနက်ဦးမှာ မြူခိုးတွေ လူးလိမ့်တက်နေသည်။ ကြော်ဆိုင်လေးကတော့ ဖွင့်ဖို့ပြင်ပါပြီ။ အဘွားအိုက ဘူးသီးများကို နေ၏။ အဘိုးအိုက မီးဖိုတည်နေသည်။

          သို့ရာတွင် သူ့အလုပ်ကို သူလွတ်လွတ်ကျွတ်ကျွတ် လုပ်ရခြင်း ်ပါ။ ခွေးတစ်ကောင်က သူဆွဲသော ထင်းတုံးဆိုလျှင် လာရောက် ပုနေသည်ဖြစ်သည်။

          “ဟေ့ကောင်ကြီး ... ငါ့ ဘာသာငါ လုပ်ပါ့မယ်ကွ”

          ခွေးကြီးက ပြောမရချေ။ အတင်းဆွဲရမ်းနေသည်။

          သူ့အားကို မနိုင်သောကြောင့် အဘိုးအိုချပေးလိုက်ရသည်။ ဦးက ထင်းတုံးကို မီးဖိုထဲသွားဆိုက်၏။ ထင်းတုံးက မီးဖိုထဲမှာ မကျ အဘိုးအိုက ထင်းတုံးကို အနေအထားပြင်ပေးရ၏။

          အဘွားအိုထံမှ စကားသံထွက်လာသည်။

          “ဒီသားအဖ အလုပ်လုပ်နေတာ ပြီးကြတော့မှာလား”

          “ဟ... မင်း သားကြီးက ကူညီတာထက် ရှုပ်တာများနေတာ

          “ရှင် ဘာမှပြောမနေနဲ့၊ ကျုပ်သားကြီးကူနေတာကို ကျပ်တွေ့ တယ်...”

          အဘိုးအိုကား တဟဲဟဲနှင့်၊ ခွေးကြီးကလည်း ဆောင့်ကြောင့် ကိုင်ကာ လျှာကြီးတန်းလန်းနှင့်၊ မနက်စောစောမှာပဲ ထိုဘူးသီးကြော်ဆိုင် သို့ လူစိမ်းတစ်ယောက် လာရောက်စားသောက်ပါသည်။ အသက်လေး ဆယ်ဝန်းကျင်ခန့် မျက်နှာမှာ အမာရွတ်နှင့် အတော်ကြမ်းတမ်းသည့် အသွင်ပေါ်သည်။ ထိုသူသည် ဘူးသီးကြော်ဝယ်စားပြီး ခဏကြာဆက် ထိုင်နေသေး၏။ ဆောင်းတွင်းနံနက်ခင်း၏ အအေးဒဏ်ကို မှုပုံမပေါ် အဘိုးအိုနှင့် အဘွားအိုကို မသိမသာ အကဲခတ်ရင်း ..."

          “အိုး ...... သူတို့ရှိနေကြသေးတာကို”

          ထို့နောက် ဘူးသီးကြော် တချို့ကို ပါဆယ်ယူကာ သူ့တည်းခို ခန်းသို့ ပြန်လာခဲ့ပါသည်။

အခန်း ( ၂ )

          နောက်ရက်များတွင်လည်း သူသည် ဘူးသီးကြော် လာဝယ်စား သူ့ကို မြင်သည်နှင့် အဘိုးကြီးက ခွေးကိုလှမ်းပြောသည်။

          “ဟေ့ကောင် ... ညိုလုံးဖောက်သည်တွေလာရင် ဘယ်လို ယ်လို့ မင်းကို မှာထားသလဲ ...."

           ညိုလုံးဆိုသော ခွေးကြီးက သူ့ကို ပဒပ်ရပ်ကာ ကြိုဆိုသည်။ ပသည်။ ဘူးသီးကြော်ဝင်စားရင်း သူစကားပြောဖြစ်၏။

          “ခွေးကြီးက အတော်လိမ္မာတာပဲနော် ...”

          အဘိုးအိုကား တဟဲဟဲ ရယ်လျက် ... ။

          “ခွေးတိုင်းတော့ ဘယ်လိမ္မာမလဲ၊ ဒီကောင်က သင်ထားတဲ့

.............

          သူ့မျက်နှာ တစ်ချက်ပျက်သွား၏။ ကြာကြာဆက်မထိုင်တော့ တည်းခိုခန်းသို့ ပြန်လာခဲ့၏။

          အမှန်စင်စစ် ....

          ထိုအဘိုးအိုနှင့် ထိုအဘွားအိုသည် သူ့အဖေနှင့် အမေဖြစ်ကြ သည်။ သူကား ... တစ်ဦးတည်းသော သား ငယ်စဉ်ကတည်းက သူသည် သွန်သင်ဆုံးမ၍ မရလောက်အောင် မိုက်ရိုင်းရမ်းကားလွန်းလှ သည်။ အရပ်ထဲတွင်လည်း အော့ကြောလန်ဖြစ်ခဲ့သည်။ သူ ဆေးစွဲစပြု ချိန်တွင် အဖေ့အကီအိတ်ထဲမှ ငွေကို အတင်းလုယူ၍

          “ဟေ့ကောင် .... ငါ မပေးနိုင်ဘူး”

          “ဟာ... ဒီအဘိုးကြီးဟာ ...”

          ထို့နောက် အင်္ကျီအိတ်ထဲမှ ပိုက်ဆံအကုန်သိမ်းကျုံးယူကာ လမ်းဘေးမှ အပေါင်းအသင်းများထံ သွားရောက်အောင်ပွဲခံကြ၏။

          နောက်ဆုံးအခေါက်ကတော့ မိခင်ဖြစ်သူနှင့် ..

           “သေတ္တာထဲမှာရှိတဲ့ ပိုက်ဆံတွေ ကျွန်တော့်ကို ပေးပါ ....”

          “ဘာလုပ်ဖို့လဲ ...." ။

          “ဘာလုပ်ဖို့ ဖြစ်ဖြစ် ပေးပါ ...."

           “ဘာလုပ်ဖို့ဖြစ်ဖြစ် မပေးနိုင်ဘူး....”

          “ဟာ ... ဒီအဘွားကြီးက ကွာ ....”

          ထိုသို့ပြောပြီး မိခင်ဖြစ်သူကို ဆောင့်တွန်းလိုက်သည်။ မိခင်ဖြစ် သူက နံရံနှင့် ခေါင်းနှင့်ဆောင့်ကာ သတိလစ်သွားလေသည်။ ထိုအခါကျ မှ သေတ္တာထဲမှ ငွေများကို အလွယ်တကူ သူ ထုတ်ယူလိုက်သည်။ ထိုငွေကား အိမ်တွင်ရှိသမျှ ငွေအကုန်လုံးပင် ဖြစ်တော့သည်း သူလည်း တစ်ခါတည်း အိမ်မှ ဆင်းခဲ့လေသည်။ သွေးစစ်ကြည့်တော့ အနှစ် နှစ်ဆယ်တိုင်ခဲ့ပြီ။