တာရာမင်းဝေ - လူနံပါတ်၁၃
“အေး.. ငါက လက်ဖက်နဲ့ ကွမ်းယာတင်ပြီး ခေါ်လို့ရတဲ့ နတ် တော့မဟုတ်ဘူး။ ဒါပေမယ့် မင်းတွေ့ချင်တဲ့ လောကပါလနတ်ဆိုတာက တော့ဟုတ်တယ်၊ မင်းက ငါ့ကို ဘာကိစ္စ တွေ့ချင်ရတာလဲ"
“ဒီလိုပါ... ကျွန်တော်ဟာ လူတွေရဲ့ခြေထောက်နဲ့ အတူနေရပါ တယ်”
“မင်းက ဖိနပ်လား၊ နံပါတ် ဘယ်လောက်လဲ”
“နံပါတ်အရဆိုရင်တော့သုညဖြစ်ပါလိမ့်မယ်၊ ဒါပေမယ့်ကျွန်တော် က ဖိနပ်မဟုတ်ပါဘူး”
“ဆံပင်လည်း တစ်မျှင်မှ မရှိဘူး ပြောင်ချောကြီး... ဘာလဲ မင်းက “ကတုံးအ,အကြီးလား။ 'က'ကြီးကနေ စပြီး “တုံး' လိုက်တာ 'အ' အထိလား...”
“မ.. မဟုတ်ပါဘူးခင်ဗျာ..."
“ဝိုင်းဝိုင်းလုံးလုံးကြီးဆိုတော့ ဘာလဲ... မင်းက ဂြိုဟ်ကမ္ဘာလုံးလား. . . “
"အိုး ... မတွေးကောင်း မတွေးရာပါခင်ဗျာ.. မြေဆွဲအားအကြောင်း ကိုတောင် နားမလည်ပါဘူး”
“မင်းကိုယ်ပေါ်မှာလည်း အကွက်တွေ အစင်းတွေနဲ့ ဘာလဲ မင်းက ကျားသစ်လား... ဒါမှမဟုတ် ခွေထားတဲ့ စပါးကြီးမြွေလား...”
“ကျွန်တော်သာ အဲဒီလိုကောင်တွေဆိုရင် လူတွေက ကျွန်တော့်ကို ခြေထောက်နဲ့ ဘယ်ကန်ရဲပါ့ မလဲဗျာ...”
“လူတွေက မင်းကို ဘာကြောင့် ကန်ကြတာလဲ.... မင်းက ဘာလဲ...”
“ကျွန်တော်က ဘောလုံးပါ..."
"ငါက ရိုနယ်ဒိုလည်း မဟုတ်ဘူး... ဒေးဗစ်ဘက်ခမ်းလည်း မဟုတ်ဘူး... ဘောလုံးလည်း မကန်ဘူး၊ အိမ်ကွင်းမှာလည်း မကန်ဘူး။ အဝေးကွင်းမှာလည်း လိုက်မကန်ဘူး၊ မင်းလိုဘောလုံးက ငါ့ဆီကို ဘာ ကိစ္စ လာရတာလဲ...”
“ဒီလိုပါ ကျွန်တော်က ပွဲတွေမှာ အကန်မခံချင်လို့ပါ..."
“ဘာဖြစ်လို့လဲ.."
“သူတို့ရဲ့ပြိုင်ပွဲတွေက အရှုံးအနိုင်လုတာတွေ ဖြစ်နေလို့ပါ..."
“ပြိုင်ပွဲဆိုတာကတော့ ဒီလိုပါပဲ... ဖလားလုမယ်... အလံလု မယ် ... အဲဒီအတွက် အရှုံးအနိုင်လုကြရတယ်။ ဒါပဲပေါ့ ... သဘာဝပဲလေ”
“ဟုတ်ကဲ့... ကျွန်တော်ကလည်း အဲဒါကို မနှစ်မြို့ တာပါ... သူတို့ဘာသာ အရှုံးအနိုင်ရတဲ့ပွဲမှာ ကျွန်တော်က ဓားစာခံ မဖြစ်ချင်လို့ ပါ...”
“ကဲ... ထားပါတော့ .... ပြိုင်ပွဲမှာ အကန်မခံချင်ရင် မင်းက အခု ဘယ်လိုဖြစ်ချင်တာလဲ..."
“ကလေးတစ်ယောက်က ကျွန်တော့်ကို နံရံဆီ ကုန်းခနဲ ကန်လိုက် ကျွန်တော်က ပြန်ကန်ထွက်လိုက်၊ သူက ပြန်ကန်လိုက်၊ ကျွန်တော်က ပြန်ကွက်ထွက်လိုက် နံရံကြီးက တဗောင်းဗောင်း လက်ခုပ်တီးလိုက်၊ အဲဒီလိုပဲ နေချင်ပါတယ်”
"ဘာဖြစ်လို့ပါလိမ့်..."
“လူတွေ ပြောလေ့ရှိကြပါတယ်။ နံရံကို ခေါင်းနဲ့ ပြေးပြေးဆောင့် တယ်လို့ ပြောသာ ပြောကြတယ်။ တကယ် မလုပ်ကြပါဘူး။ ကျွန်တော်က ကကယ်လုပ်ပြချင်တာပါ၊ အဲဒီလို လုပ်ပြတဲ့အတွက်ကြောင့်လည်း သူ တစ်ပါးက အပြစ်ကင်းကင်းနဲ့ ပျော်စေချင်လို့ပါ..."
"အလာကြီးပါလား ... ဘာကိစ္စ ဒီအတွေး၀င်ရတာလဲ..."
“လောကကြီးမှာ လူတွေ မိုးလင်းသလိုပေါ့... ကျွန်တော့်အတွေး အခေါ်တွေ မိုးလင်းလာတာပါ၊ ကျွန်တော့်ကိုယ် ကျွန်တော် နံနက်ခင်းဆီ ဂိုးသွင်းလိုက်တာပါ"
“အဲဒီတော့ ငါ ဘာလုပ်ပေးရမှာလဲ"
“ကျွန်တော့်စိတ်ဝိညာဉ်ကို မျက်နှာသစ်ချင်လို့ပါ။ အဲဒီအတွက် လောကပါလနတ်မင်းကြီးဆီမှာ အကူအညီ လာတောင်းတာပါ။ ရေစင် တစ်ပေါက်လောက်နဲ့ ကျွန်တော့်ကို တောက်ပေးတော်မူပါ..."
လောကပါလနတ်မင်းကြီးက ပြုံး၏။ သူ့အပြုံးအောက်မှာ တိမ် တိုက်တို့ကလည်း ဝင်းလဲ့မှုန်ပြာသွားကြလေသည်။
(၁)
ဤဇာတ်လမ်းကို အဘိုးဖြစ်သူက စတင်ခြင်း ဖြစ်၏။
“ဒီဘက်ခြံထောင့်မှာ မြေဖုတ်ဘီလူးတစ်ကောင်ကို မြင်လိုက် တယ်”
ကျန်ဆွေမျိုးသားချင်းများက လက်မခံကြ။
“အဘိုးကလည်း မဟုတ်တာ”
“မဟုတ်ဘဲ ငါက ပြောမလား”
ထိုသို့ဖြင့် နောက်နေ့မှ စ၍ ထိုနေရာကို အဘိုးက တူးလေတော့ သည်။ ကျန်သူများကလည်း အဘိုး စိတ်ချမ်းသာလျှင် ပြီးရော ဆိုသော သဘောဖြင့် ဘာမှ မပြောဘဲ လွှတ်ထားကြ၏။ အဘိုးက ထိုတွင်းကို အားကြိုးမာန်တက် တူး၏။ ရွှေမထွက်၊ ငွေမထွက်၊ ရေနံမထွက်ရုံမကရေပင် မထွက်သည်ကို အံ့သြဖွယ်ရာ တွေ့ရ၏။ နောက်ဆုံးတော့ အဘိုး ကွယ်လွန် သေဆုံးသွားသည်။ တွင်းကြီးက ဒီအတိုင်း...။
(၂)
အဖေလက်ထက် ရောက်လာသည်။ အဖေက ခုမှ တွင်းကြီးတော်တော် စိတ်ဝင်စားလာသည်။
“မင်းတို့အဘိုးက တစ်ခုခုသိသွားတယ် ထင်တယ်"
“အဖေကလည်း ဘာတွေ လျှောက်တွေးနေတာလဲ"
“မဟုတ်ဘူး... မင်းတို့အဘိုးအတွက် ဒီတွင်းကြီးကို ငါ ဆက်တူးရမယ်”
"အပင်ပန်းခံလို့ အဖေရာ.."
“ဘာမှ မပင်ပန်းပါဘူးကွာ အားတဲ့အချိန်လေး တူး တူးသွားမှာပေါ့”
အဖေက ထိုတွင်းကို ဆက်တူးသည်။ ပြောမရသဖြင့် ဘယ်သူ ကမှ မပြောကြတော့။ အဖေ ဆက်တူးတော့လည်း ပိုနက်လာသည်က လွဲပြီး တွင်းကြီးက ဒီအတိုင်းပါပဲ။ ဘာမှ မထူးခြား။ ဤသို့ဖြင့် အဖေလည်း သေဆုံးသွားသည်။ သားလက်ထက်သို့ ရောက်လာသည်။
(၃)
“အဘိုးနဲ့ အဖေတို့တူးသွားတဲ့ တွင်းကြီးကို သား ဆက်တူးမယ်” အားလုံးက သက်ပြင်းချကြ၏။
“သားရဲ့ လက်ထက်မှာ တစ်ခုခု ထူးခြားစေရမယ်"
ထို့နောက် ထိုတွင်းကို မျှော်လင့်ချက်ကြီးစွာ ဆက်တူးလေသည်။ တွင်းတူးနေရင်း အောက်ခြေမြေသားထဲမှ တိုးထွက်လာသော သတ္တဝါ တစ်ကောင်ကို တွေ့ရ၏။ လူနှင့် ပုံသဏ္ဌာန်ဟူသလို ရှိသော်လည်း ထူထဲ တွန့်လိမ်နေသော အရေပြား၊ နီရဲနေသော မျက်လုံးအစုံနှင့် အတူ ခန္ဓာ ကိုယ်မှ ထိုးထောင်ထွက်နေသော အတွန့်အတက်များကို တွေ့ရ၏။
“ခင်... ခင်ဗျားက ဘယ်သူလဲ..."
"ငါ မြေဖုတ်ဘီလူး”
ခင်ဗျားကဒီ.. ဒီမှာ ဘာလုပ်နေတာလဲ.."
“ဒါ. . . ငါ့နေရာပဲ မင်းက ဘာလာလုပ်နေတာလဲ.."
“ကျွန်. . ကျွန်တော်...”
“ကဲလေ ထားပါတော့.. ငါ ဒီမှာဆက်နေလို့ မဖြစ်တော့ဘူး။ နေရာပြောင်းတော့မယ်... မပြောင်းခင် မင်းကို ဆုတစ်ခုပေးခဲ့မယ်။