တာရာမင်းဝေ - ငါ့ရင်ခွင်ကြားက နှင်းဆီဓါးသွားတစ်လက်(ပ၊ဒု)
ချစ်ကြိုက်ခြင်းဆိုသည်မှာ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အချစ်ဆုံးဟု ထင်နေကြခြင်း ဖြစ်ပါသည်။ အိမ်တွင်း၌ နေရာတွေ အကျယ်ကြီးရှိသော်လည်း တစ်နေရာ၌ အတူတွဲ၍ ထိုင်ရသည်ကို ချစ်သူတို့က အရသာယူနေကြပါသည်။ အချစ်သည် လူငယ်များအဖို့ လိုအပ်သည်ဟု ထင်နေကြသော်လည်း လူအိုကြီးများအဖို့ ၊ အရသာ မယူတော့ပါ။ အကြောင်းသော်ကား အဘိုးကြီး၊ အမယ်ကြီးများ၌ ပိတုံးရောင်ကေသာ သမင်မမျက်လုံး နီထွေးသောပါးပြင်၊ မွှေးစရာပါးချိုင့်နှင့် ပုလဲသွယ်သွားကလေးများ မရှိသောကြောင့်ဟု ထင်ပါသည်။ မိန်းမနှင့် ယောင်္ကျားသည် ချစ်သောအခါ၌ တိတ်ဆိတ်စွာ ကြည်နူးနေ ကြပါသည်။ စိတ်ဆိုးသောခါတွင်လည်း တိတ်ဆိတ်ကာ တခြားစီ နေကြပါသည်။ ချစ်၍ပြောသော စကားများသည် အိပ်မက်နှင့်တူပါသည်။ ထို့ကြောင့် ကျွန်တော် ကြီးလာလျှင် အချစ်ကို လုံးဝမယုံပါ၊ လိမ်နေမှန်း သိပါသည်။ သို့သော်..... ကျွန်တော့်ကိုချစ်သော မိန်းကလေးများ လာ၍ ပူးပူးကပ်ကပ် နေပါမူ ကျွန်တော် ချစ်မိလိမ့်မည်ဟုလည်း ထင်မိပါသည် ဆရာခင်ဗျာ...”
စာကိုဖတ်၍ အဆုံးမှာ ရဲအောင်က ပြုံးသည်။ မချိုမချဉ် ကြည့်ရင်း 'နေဒွန်းကို ပြန်မေး၏။
“ဒါလေးက ဘာလေးတုံးဟ ...” နေဒွန်းက သူ့ထုံးစံ အတိုင်း ရယ်ကျဲကျဲ ပြန်ဖြေသည်။
စာစီစာကုံးလေကွာ.." "ဘယ်က စာစီစာကုံးလဲ...။ ဘယ်က ရလာတာလဲ...”
“ဟာသ အဘိဓာန်ထဲက ကူးလာတာ”
“သဘောကျတယ်ပေါ့လေ...." ။
နှစ်ယောက်သား ရယ်ကြသည်။
“စာစီစာကုံးထဲမှာ အမှန်တရားတွေ ပါတယ်ကွ”
“ဒါပေါ့ ကွာ၊ ကလေးပြောတဲ့စကားက တကယ်မှန်တတ် တာပဲ”
“ငါ နိုင်ငံတကာ ဟာသဖြစ်ရပ်လေးတွေကို ဖတ်နေတာ ကြာပြီ၊ အချို့ဟာသလေးတွေက အတွေးအခေါ်ပါတယ်ကွ"
ရဲအောင်က ခေါင်းညိမ့်ပြီး ထောက်ခံ၏။ “အေးလေ... အခုလိုဟာမျိုး ဆိုပါစို့ ၊ “ဒါပေါ့ကွ၊ ဒီမှာ ငါပြမယ်ကွာ..." “အင်း”
ရဲအောင်က စ,ပေးမိတာ ငါ့အမှားပဲဟူသော မျက်လုံး ဖြင့် အအေးဆိုင်နံရံမှ ပိုစတာများဆီ အကြည့်လွှဲသွားသည်။ ပိုစတာ ထဲမှ ထက်ထက်မိုးဦးက သူ့ကို အားပေးနှစ်သိမ့်သလို ပြုံးပြနေသည်။
နေဒွန်းက “ဒီမှာ သူရေးထားတယ်ကွာ... ချင်၍ပြောသောစကားများသည် အိပ်မက်နှင့်တူသည်
“အင်း....အဲဒါဘာဖြစ်လဲ” “ဘာမှတော့ မဖြစ်ဘူးပေါ့ ကွာ..."
““ဟင်...မင်းဟာကလဲ ဘာမှမဖြစ်ဘဲနဲ့များ ပြောနေရ သေးလား"
“ငါက ရှင်းပြစရာမှ မလိုဘဲကွ၊ သူ့အမြင်ကို သူ တိုက်ရိုက် ပြောထားတယ်လေ၊ ငါ မင်းကို ထုတ်နှုတ်ပြတာ” ကို
ရဲအောင်က ခေါင်းတဆတ်ဆတ်ညိမ့်၏။ ““ အမြင်ကတော့...”
"အင်း...ဆိုစမ်းပါဦး ကလေးနဲ့ ပြိုင်ငြင်းဦးမလို့လား"" - မေးစေ့ကို လက်နှင့်ပွတ်ရင်း ရဲအောင်က ပြုံးစိစိ ဆက်ပြောသည်
“ချစ်၍ပြောသောစကားတွေက ထီလက်မှတ်နဲ့ တူတယ်ကွ "
သူ့စကားကြောင့် နေဒွန်း မျက်လုံးပြူးသွားရသည်။ “ဘာဖြစ်လို့လဲ"
“အဲဒီစကားအားလုံးကို မျှော်လင့်ချက်တွေ၊ ယုံကြည်မှုတွေ တော့ ထားထားရတာပဲ... ဒါပေမယ့် နောက်ဆုံးမှာ လွဲတာတွေက လွဲသွားတယ်၊ ဖြစ်ချင်မှ ဖြစ်လာတတ်တယ်၊ ကိုယ့်ဘက်က ထီပေါက် စဉ်နဲ့ တိုက်ကြည့်ဖို့ လိုတယ်...”
ထိုစကားကြောင့် နေဒွန်း ပြုံးပြုံးကြီး လုပ်နေသည်။
“ထားပါတော့...ထားပါတော့၊ အဲဒါက မင်းအမြင်ပေါ့ ။ ဒါနဲ့ မင်းရဲ့ ထီပေါက်စဉ်က ဘယ်မှာလဲ..."
နေဒွန်း၏ အမေးစကားကြောင့် ရဲအောင် အဖြေရ ကြပ် သွားသည်။ ခေါင်းကို တဗြင်းဗြင်းကုတ်ရင်း...
“အင်း.......အဲဒါကတော့..." နေဒွန်း တဟားဟား ထရယ်သည်။ နေ့လယ်ခင်းဖြစ်၏။ အအေးဆိုင်ထဲမှာ လူရှင်းနေသည်။