Skip to product information
1 of 2

Other Websites

တာရာမင်း‌ဝေ - ကျွန်‌တော်နှင့်ဧဒင်ကချေသည်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

(က)

အချို့သောလူများသည် လေထဲတွင် ပျံသန်းနိုင်ကြလေသည်။

သူတို့ သည် .. ပါးစပ်မှလည်း မီးခိုး မထွက်၊ ခါးမှာလည်း ပန်ကာတပ်မထား။

ဝမ် ဗိုက်မှာလည် ဆီ၊ ရေ၊ လေ၊ ဝိုင် ဟု ရေးမထာ။

သို့ သော်  သူတို့ သည် .. လေထဲမှာ ပျံသန် နိုင်ကြလေသည်။

(ခ)

အမည်မသိသော တောင်ကုန်းလေးတစ်ခုသို့ ရောက်ရှိနာ ခိုချိန်တွင် ကောင်းကင်မှ နေခြည်မျှင်တန်းတို့က မြေပြင်သို့ တန်းလန်း ယိမ်း ထိုး ကျနေ ပြီဖြစ်၏ ။

ပတ်ဝန်းကျင်ကို အကဲခတ်ကြည်ရှုသောအခါ သူ့လို နား ခိုသော အခြား ခရီး သွား များမရှိဘဲ အောက်ပါ (၃)မျိုးကိုသာ တွေ ရလေသည်။

(၁)သူတောင်းစာ အိုကြီးတစ်ယောက်၊ ရာဇဝင်အိုးကို သူ ကျောဖြင့် ပိုးထားသကဲ့သို့ ခါးကိုင်းပြီး ထိုင်နေသည်။ ခုတ်မောင်းနေသော မော်တော် တစ်စင်း ကဲ့သို့ ချောင်းသံကိုလည် တဘုတ်ဘုတ်ပေး နေလေ၏။

(၂) ခွေး လေခွေး လွင့်တစ်ကောင်၊ တုပ်တုပ်ပင်မလှုပ်ဘဲ ပကတိ ငြိမ်သက်တိတ်ဆိတ်စွာ အိပ်စက်နေသည်။ ကွေးညွတ်နေသော သစ်တုံးဖြင့်ပင် တူနေသေးတော့၏။

(၃)သစ်ပင်များ၊ အလေ့ကျသစ်ပင်တို့ ခင်ခင်မင်မင်ပေါက်ရောက်နေ ကြသည်က ယိုင်ထိုးလှပစွာပင်ဖြစ်၏။ လေကြမ်း တို့ ဖြတ်စီး တိုး ဝင်သည့် အခါတိုင်းမှာ သစ်ရွက်သစ်ခက်တွေက တရုန်းရုန်း အသံပြုနေကြသည်။

ပတ်ဝန်းကျင်က ဤမျှပဲဖြစ်ပါသည်။ ထိုအရာအားလုံးသည် သူနှင့် မနီးမဝေးတွင်ရှိကြ၏။ သူ အမောပြေစပြုချိန်မှာပဲ အလွန်အမင်း အံသြစရာ ကောင် သော မြင်ကွင်း တစ်ရပ်ကို တွေ့လိုက်ရ၏။

ကောင်းကင်မှာ လူတစ်ယောက်လုံး ပျံသန်း လာခြင်း ဖြစ်၏။ ထိုလူက တောင်ကုန်း ကလေး ပေါ်သို့ ဆင်းသက်ခိုနား ၊ သူ့ရှေ့မှာ ခြေဖဝါး ဖြင့် မားမား ရပ်တော့၏။

ထိုသူက သူ့ကိုကြည့်ပြီး “ခင်ဗျား ... သိပ်အံဩနေလား”ဟု မေး၏။ သူကဝရုန်းသုန်းကား ခေါင်း ငြိမ့်ပြသောအခါ ထိုလူက မျက်နှာထားတည်တည် ဖြင့် ပြော၏။

“စနစ်တကျလေ့ကျင့်ရင် ရပါတယ်ဗျာ ... ကျွန်တော်မှ မဟုတ်ဘူး။ ခင်ဗျား လည်း ပျံလို့ ရတယ်။ မခက်ပါဘူး ဗျာ”

ထိုလူက သူ ကို မေး ဆတ်ပြပြီး .... “ခင်ဗျား ဟယာပရာဒီဝိက ကျမ်း ကို ဖတ်ဖူးလား” သူ ခေါင်းခါပြသောအခါ ထိုလူက “အင်းလေ ... ခင်ဗျား ဘယ်ဖတ်ဖူးမှာလဲ၊ ဒီလိုဗျ ... ခင်ဗျားကို ခြုံငုံ ပြောရရင် နေ၊ လ၊ ကမ္ဘာဂြိုဟ်တွေဟာ အပြန်အလှန် ဆွဲငင်လည်ပတ်နေ ကြတယ်။ သူတို့ ဟာ အလိုက်အထိုက် ဝန်း လှည့်တည်ရှိနေကြတယ်။ ဒီ အလိုက်အထိုက်သဘောတရားကို သိမြင်ပြီး ကိုယ်ရုပ်ခန္ဓာကို လေ့ကျင်ပြုပြင် ယူနိုင်ရင် လေထဲမှာ ပျံလို့ရပါတယ်”ထို့နောက် ထိုလူက ဟဋ္ဌယောဂကျင့်စဉ်ဖြင့် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲ မှုတို့ကို ဝေဝေဆာဆာပြောပြလေသည်။ ဟ၊ အနုတ်လက္ခဏာ။ လ၊ အာပေါ ဓာတ်။ ဋ္ဌ၊ အပေါင်းလက္ခဏာ။ နေ၊ တေဇောဓာတ်။ ပရက ကုမ္ဘက ရေချက ..

များစွာ... များစွာ ... စကားလုံးများစွာကို ခံတွင်းထဲမှ အန်ထုတ်ချပြီး နောက် ...

“ကျုပ်ပြောတာလည်း တော်တော်ရှည်သွား ပြီ။ ခင်ဗျား အတွက်လည် တန်ဖိုး ရှိမှာပါ။ ကဲ ... သွားပြီဗျို့”

လေထဲတွင် ပျံသန်းကာ ထိုလူက ပြန်လည်ထွက်ခွာသွား၏။ တဖြည်း ဖြည် ဝေး သွား သော ထိုလူကို ကြည်နေစဉ်မှာပဲ တဖြည်း ဖြည်း နီးလာသော နောက်ထပ် “လူပျံ” ကို တွေ့ ရပြန်၏။

“ဟာ ... နောက်တစ်ယောက်”

(ဃ)

ဒုတိယလူကတော့ သူနှင့်နီးကပ်စွာ ဆင်းသက်၏။ ကြည့်နေသော သူ့ ကို (မသိကျွမ်းသော်လည်း) မျက်ခုံးပင့်ပြပြီး နှုတ်ဆက်၏။

ထို့နောက် ရဲတင်း ပိုင်နိုင်သော အမူအရာဖြင့်

“ကျုပ် .. အခုလို လေထဲမှာ ပျံသန်း နိုင်တာကတော့ စိတ်ပိုင်း ဆိုင်ရာ မြင့်မားမှုကြောင့်ပဲဗျ” ဟု ပြော၏။

သူ .... နဝေတိမ်တောင်ဖြစ်သွားရပြန်သည်။ “ဘယ်လိုဗျ ... ပြန်ပြောစမ်းပါဦး” ဒုတိယလူက သူ့ကို ပြန်မေ လေသည်။

“ခင်ဗျား ... ဖရွိုက်ရဲ့ အိပ်မက်တိတ္တုကျမ်းကို ဖတ်ဖူးလား။ Interpretation of dreams လေဗျာ

“ဟင့်အင်း .. မဖတ်ဖူးဘူး”

ဖြင့် အရာရာကို အောင်မြင်နိုင်တယ်။ Autosuggestionရဲ့ အမြင့်မာဆုံး အဆင့်တစ်ခုမှာ စိတ်ကို ဖွင့်ထုတ်လိုက်နိုင်ရင် လူဟာ လေထဲမှာ ပျံလို ရလာတယ်”

ထို့နောက် အပြုစိတ်၊ မသိစိတ်၊ ဆဋ္ဌမအာရုံ၊ တယ်လီပသီလှိုင်းများ။ တိဗက်ဘုန်းတော်ကြီးတို့၏ အရောင်ကမ္မဌန်းနာမ်ပိုင်း ဆိုင်ရာ လျှို့ ဝှက်ချက် များ အား လုံးကို စုညီရှည်လျားစွာ ပြောကြားလေသည်။ ထို့နောက် ...

“ကျုပ်ပြောတာတွေကို ခုနားမလည်ရင်တောင် တစ်နေ့ ကျ ခင်ဗျား နားလည်လာနိုင်ပါတယ်။ ကျုပ် ခရီးဆက်ဦးမယ်” ။

ပြောပြီး သူလက်အစုံကို ဖြန် မြှောက်ဆန့်တန်းလိုက်၏။ လေထဲသို့ ထို တက်သွား၏။ ထို့ နောက် ပျံသန်းထွက်ခွာသွားတော့သည်။

သူ ကြည်ကျန်ရစ်ခဲ့စဉ်မှာပဲ တတိယလူက သူ့နောက်မှ ဆင်း ချ လာ၏။ အရိပ်ကိုမြင်သဖြင့် သူလှည့်ကြည့်လိုက်သောအခါ တတိယလူက သူ့ ကို မခိုးမခန့် ပြုံးပြလေသည်။

ထို တတိယလူကပင် သူ့ကို စတင်စကားဆို၏။ “ခင်ဗျား ကြည့်ရတာ တစ်ခုခုကို ဝေခွဲမရဖြစ်နေပုံရတယ်” သူ ခေါင်း ငြိမ်ပြလိုက်၏။ “ဟုတ်တယ်၊ ခင်ဗျားတို့ ဘာကြောင့်ပျံနိုင်သလဲဆိုတာ တွေ နေလို့

တတိယလူက သူ့ကို စေ့စေ့ကြည့်ရင်း “မဒမ်ကျူရီရဲ့ တွေ ရှိချက်စာတမ်းတွေကို ခင်ဗျား လေ့လာဖူးလား”

သူက ခေါင်းခါပြလိုက်ပြန်သည်။ ထိုအခါ တတိယလူက “ဖြစ်ရ မယ်လေ' ဟူသော မျက်နှာထားမျိုးဖြင့် ခေါင်း ကို တဆတ်ဆတ်ညိတ်နေ၏။ ပြီးမှ ... ။

“မိုးပျံပူဖောင်းဟာ ဟိုက်ဒြိုဂျင်ကြောင့် လေပေါ်တက်နိုင်တာမဟုတ်လား”

သူက ဟုတ်မှန်ကြောင်း ခေါင်း ညိတ်လိုက်ရ၏။

“အေး .. ဒီလိုပဲ၊ လူ့ ခန္ဓာကိုယ်ထဲမှာ လိုအပ်တဲ့ ရေဒီယိုဓာတ်ကြွမှု တစ်မျိုးကို ဖန်တီး ပေး နိုင်ရင် အဲဒီလူဟာ လေပေါ် ပေါ်ပါတယ်”

“ခင်ဗျာ”

“ဟင်း ... ဟင်း .... ခင်ဗျား သိပ်အံဩသွားပြီလား၊ ရိုးရိုး လေးပါဗျ။ အဲဒီ ရေဒီယိုဓာတ်ကြွမှုကို လိုအပ်တဲ့ အာဟာရတွေအချိုးညီ စားသုံးပေးပြီး ဖန်တီးလို့ ရပါတယ်”

သံလိုက်စီးကြောင်းများ၊ သွေးလှည်ပတ်မှုစနစ်များ၊ အာဟာရ ဖော်မြူလာများ၊ အစာချေဖျက်မှု ပုံသဏ္ဌာန်များ စသည်တို့ ကို ပါးစပ်တစ်ခုလုံး ဗြောင်းဆန်အောင် ပြောပြလေသည်။ အချိန်အတော်ကြာမှ ..

“ခင်ဗျား ... ဒါတွေကို လိုက်မီမှာတော့မဟုတ်ဘူး။ ဒါပေမယ့် မီသ လောက် လိုက်ကြိုးစားကြည့်ပေါ့ဗျာ ... ကဲ ... လစ်ပြီ "

တတိယလူသည်လည် လေထဲမှာ ပျံသန် ထွက်ခွာသွား တော့၏။ သူ ရပ်တန် စဉ်းစား ကာ ကျန်ရစ်ခဲ့သည်။

“သူတို့ ပြောသွားတဲ့ အကြောင်းပြချက်တွေကြောင့် သူတို့ လေထဲမှာ ပျံနိုင်ကြတာတော့ မဟုတ်ဘူးကွ”

တစ်ချိန်လုံး ငြိမ်နေသော သူတောင်း စာကြီးက သူ့ကို လှမ်း ပြော လိုက်ခြင်းဖြစ်သည်။

“မင်းကို စကား ပြောနေတဲ့အချိန်မှာပဲ သူတို့ တွေ မြောက်ကနဲ၊ မြောက်ကနဲဖြစ်သွား တာ မင်းသတိထား မိလား”

သူက မဆိုင်းမတွ ခေါင်း ညိတ်ပြလိုက်၏။ “ဟုတ်ကဲ့”




 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)