Skip to product information
1 of 1

Other Websites

တာရာမင်း‌ဝေ - ကျွန်တော်နှင့်နတ်ဘုရားရုပ်တု

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

၀ိညာဉ်တစ်ခုက စောင့်ကြပ်သူ

လူ တစ်ယောက် မတ်တပ်ရပ်နေ တယ်။ လူပေါင်းများစွာက သူ့ကို လာရောက် အရို အသေ ပြုတယ်။ တချို့လူတွေက သူ့ကို လက်ဆွဲ နှုတ်ဆက်ကြတယ်။ ထူးဆန်းတာက သူ့ရဲ့ လက်ဖဝါးကို လက်ညှိုးလေးနဲ့ ကုတ် ကုတ် သွားကြတယ်။

သူတို့ရဲ့ ထူးခြားတဲ့ စည်းကမ်း တစ်ခုပေါ့..။

တစ်နေရာမှာ အီဂျစ်ဘုန်းတော် ကြီးတစ်ပါးဟာ လက်အစုံကို ဆန့်တန်းထားတယ်။ မျက်လုံးတွေကိုလည်း မှိတ်ထားလေရဲ့။ လေစီးကြောင်းထဲမှာ သူ့ရဲ့ ဝတ်ရုံကတသုန်သုန် လွင့် နေတယ်။

ခဏအကြာမှာ အဲဒီဘုန်းတော် ကြီးဟာ ဓာတ်စီးပြီး၊ ဆန်းပြာသုံးတဲ့ စကားတွေ ကို တတွတ်တွတ် ပြောလာပါတယ်။ သူ ပြော နေတဲ့ စကားရဲ့ အဓိပ္ပာယ်က "

“ပလိုတီးနပ်စ်”  ဟာ မြင့်မြတ်တဲ့ ဝိညာဉ်တစ်ခုရဲ့ စောင့်ကြပ်ခြင်းကို ခံရသူ...တဲ့။ပလိုတီးနပ်စ်.. ဟာ သူ့ရှေ့မှာ ရှိတဲ့ လူတွေကို နက်ရှိုင်းတဲ့ ဒဿနတစ်ရပ် သင်ကြား ပေးနေတယ်။ နှောင်းခေတ်သုတေသီတွေက “ပလို တီနစ်ဇင်" (Plotinism) လို့ သတ်မှတ်ယူရတဲ့ ဒဿနပေါ့ ။ ပလေတိုဝါဒကို ပြန်လည်ဆန်းသစ် ထားတာ ဖြစ်လို့ လည်း ပလေတို ဝါဒသစ် (Neoplatonism) လို့ ခေါ်ကြသေးတယ်။

ဒီစာအုပ်ကလေးဟာ... ပလို့ တီး နပ်စ်ရဲ့ အနုပညာဒဿနတွေကို အကျဉ်းအားဖြင့် တင်ပြမယ့် စာအုပ် ဖြစ်ပါတယ် ။ သိသူ တွေကမျက်ခုံးပင့်ကြပါဦးမယ်။ ကျွန်တော်ဟာ.. ပလေတို ရဲ့ အနုပညာဒဿနတွေကို လက်မခံသူမို့လို့ ပါပဲ။ပလေတိုဝါဒသစ်လို့ သတ်မှတ်ကြ တဲ့ ပလိုတီနစ်ဇင်ကိုတော့ အတိုင်းအတာတစ်ခု အထိ ကျွန်တော် လက်ခံပါတယ်။ ဘာဖြစ်လို့ လဲ...။ ဘာတွေ ကွဲပြားလို့လဲ...။ ဒဿနသစ်နဲ့ ဒဿန အဟောင်းကြားမှာ ကွာဟချက် ဘယ်လောက်များလို့လဲ..။ စဉ်းစားစရာ၊ မေးမြန်းစရာ တွေ ဖြစ်လာပါတော့မယ်။ စာအုပ်ကလေးကို သာ ဆက်ဖတ်သွားပါ..။ တဖြည်းဖြည်းနဲ့ ရှင်းလင်းသွားပါ လိမ့် မယ်။ ကျွန်တော့်ရဲ့ ဆိုလိုရင်းကို သဘောပေါက် လာပါလိမ့်မယ်။

ပလေတိုရဲ့ပြဌန်းမှု

အရင်ဆုံး ပလေတို ရဲ့ အနုပညာ ဆိုင်ရာ ဒဿနကို ကျွန်တော်တို့ လေ့လာသုံးသပ် ကြပါမယ်။ စတုတ္ထနှစ်၊ ဒဿနိကဗေဒကျောင်းသူ ကျောင်းသားများအတွက် အဝေးသင်တက္ကသိုလ်

က ထုတ်ဝေတဲ့ “ရသပညာ အတွဲ ( ၂ )” ထဲမှာအောက်ပါအတိုင်း တွေ့ ရပါတယ်။ အခန်း ( ၂ )စာမျက်နှာ ( ၂၀ )မှာ ဖြစ်ပါတယ်။

- အနုပညာ၏ အနက်အဓိပ္ပာယ်

ပလေတို၏ အနုပညာအတွေး အခေါ်၌ အနုပညာကို အနက်အဓိပ္ပာယ် နှစ်မျိုးဖြင့် ဖွင့်ဆိုခဲ့ သည်ကို တွေ့ရသည်။ ပထမဖွင့်ဆိုချက်မှာ "Art is mlmesls" ဟူ၍ ဖြစ်သည်။ “အနုပညာဟူသည် ပုံတူ ကူးခြင်း (Imitation ) ဖြစ်သည်” ဟူ၍ အဓိပ္ပာယ်ရ သည်။ “အနုပညာ” ဟူသော စကားလုံးအား “ပုံတူ ကူးခြင်း” ဟူသော သဘောအားဖြင့် အဓိပ္ပာယ် သတ် မှတ်ခဲ့သည်။ ဤအဓိပ္ပာယ် ဖွင့်ဆိုချက်ကို နားလည်ရန် ပလေတို၏ ဒဿနအမြင်ကို ပြန်လည် သုံးသပ်ရန် လိုအပ်သည်။ ပလေတို၏ အနုပညာ အတွေးအခေါ် သည် သူ၏ဒဿနအမြင်ပေါ်၌ အခြေပြုလျက်ရှိသည်။

ပလေတို၏ ဒဿနအမြင်၌ လောက နှစ်ခု ခွဲခြားထားသည်ကို တွေ့ရသည်။ တစ်ခုသောလောကသည် ယေဘုယျနာမ်များ ( Universals) ရှိသော နာမ်လောက (Realm of ideas) ဖြစ်သည်။ ၎င်းတို့အား အသိပညာ သို့မဟုတ် သင်္ကပ္ပ ( Concepts)များအား ဖြင့် သိရှိနိုင်သည်။ ရရှိလာသောအသိသည်။ စစ်မှန် သော အသိပညာ (Knowledge) ဖြစ်သည်။ စစ်မှန် သော အသိပညာ၏ဂုဏ်ရည်သည် သစ္စာတရား (Truth) ဖြစ်သည်။

အခြားသောလောကသည် လူနှင့် တကွ သက်ရှိသက်မဲ့ သီးခြားအရာဝတ္ထုများ (Particular) ရှိသော ရုပ်လောက သို့မဟုတ် အသွင်လောက (World of Apprance)ဖြစ်သည်။ ၎င်းတို့ အား အာရုံထည်များ (Percepts) အားဖြင့် ချဉ်းကပ်သိရှိ နိုင်သည်။ ရရှိလာသော အသိသည် မှန်းဆချက် (opinion) သာ ဖြစ် သည်။ ၎င်း၌ရှိသော ဂုဏ်ရည်သည် အသုံးဝင်ခြင်း (Utility) ဖြစ်သည်။ ပလေတို၏ အလိုအားဖြင့် အသွင်လောကရှိ သီးခြားအရာတို့သည် နာမ် လောကရှိ ယေဘုယျနာမ်များ၏ အရိပ်အယောင်များ သို့ မဟုတ်မှေးမှိန်သော ပုံတူများ (Paint Copies) သာ ဖြစ်သည်ဟု ဆိုသည်။ နာမ်လောကနှင့် ရုပ်လောကကို ပုံတူကူး ခြင်း သဘောဖြင့် ဆက်စပ်ခဲ့သည်ဟု ဆိုရမည်။ နာမ်လောကရှိ ယေဘုယျနာမ်များကို ဆင်ခြင်သိဖြင့် သိနိုင် သည်။ ရုပ်လောကရှိသီးခြားအရာဝတ္ထုများကို အာရုံသိ ဖြင့် သိနိုင်သည်။ အနုပညာဟူသည် အသွင်လောကမှ သီးခြားအရာတို့ကို ပုံတူကူးခြင်း ဖြစ်သည်။ သို့ဖြစ်၍ အနုပညာလက်ရာများ ဟူသည် သီးခြားအရာများ၏ စုံတူများ ဖြစ်သည်။ သီးခြားအရာများသည်လည်းယေဘုယျနာမ်များ၏ ပုံတူများ ဖြစ်သောကြောင့် အနု ပညာလက်ရာများသည် ပုံတူများ၏ ပုံတူများသာ ဖြစ် သည်။ ပိုမိုပြည့်စုံစွာ ဆိုရလျှင် အနုပညာဟူသည် ယေဘုယျနာမ်များ၏ ပုံတူများဖြစ်သော သီးခြားအရာ များကို ထပ်ဆင့်ပုံတူကူးခြင်းသာ ဖြစ်၏။ ထို့ကြောင့် “အနုပညာဟူသည် ပုံတူများကို ပုံတူကူးယူခြင်း” Art is Imitation of Imitation ဖြစ်သည်ဟု အဓိပ္ပာယ် ဖွင့်ဆိုသည်။

ပလေတို၏ အလိုအားဖြင့် ရုပ်လောက ရှိ သီးခြား အရာများသည် နာမ်လောကရှိ ယေဘုယျ နာမ်များ၏ ပုံတူများ ဖြစ်သည်ဟု ဆိုသည်။ တစ်ဖန် အနုပညာဟူသည် ရုပ်လောကရှိ အရာများကို ပုံတူကူး သည် ဆိုပြန်သည်။ သို့ဖြစ်၍ အနုပညာရှင်ဆိုသည်မှာ ပုံတူကူးသူများ (Imitators) များသာ ဖြစ်သည်။ လှပ ခြင်း (Beauty) ဟူသော ယေဘုယျနာမ်သည် နာမ်လောက၌ ရှိသည်။ ရုပ်လောက၌ရှိသော လူနှင့်တကွ သက်ရှိသက်မဲ့ဖြစ်သော သီးခြားအရာတို့သည် ယေဘု ယျနာမ်၏ ပုံတူများဖြစ်သည်။ အနုပညာလက်ရာများ သည်ကား ရုပ်လောကရှိ လှပသောအရာများ၏ ပုံတူ များ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် အနုပညာဟူ သည် ရုပ်သဘာဝ လောကအတွင်းရှိ လှပသောအရာ .များကို ပုံတူကူးခြင်း ဖြစ်သည်။ ပုံတူကူးခံသောအရာ မှာ လောကရှိ လူနှင့်တကွ သက်ရှိသက်မဲ့ သီးခြား အရာတို့ဖြစ်သည်။ အနုပညာရှင်များသည် ရုပ်လောက ရှိ သီးခြားအရာများကို မတူတူအောင် ပုံတူကူးကြသည်ဖြစ်၍ အနုပညာလက်ရာ တစ်ရပ်၏ လက်ရာမြောက်မှု ကို ထိုလက်ရာနှင့် ပုံတူကူး၍အရာတို့၏ တူညီမှုအပေါ် ၌ အခြေပြု ဆုံးဖြတ်သည်။ တူညီမှုသည် အနုပညာမြောက်မှု၏ နှုန်းစံ ဖြစ်သည်။ ပုံတူကူးခြင်းအားဖြင့် အနုပညာ၏ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုခဲ့သည်။ ဤ ဖွင့်ဆိုချက်ပေါ် မူတည်၍ ပလေတို ၏ အမြင်ကို “သာမန် ပုံတူကူးခြင်းဝါဒ” (Simple limitation) ဟု နောက်ပိုင်း၌ ပေါ်ပေါက်လာသော ပညာရှင်များက အမည်ပေးကြသည်။ ပလေတိုရဲ့ အထက်ပါ အယူအဆ ကို ကျွန်တော် လက်မခံမိပါဘူး။ လက်မခံမိကြောင်းကိုလည်း ဆောင်းပါးတစ်ပုဒ် ပြန်ရေးဖူး ပါတယ်။ သရဖူ အမှတ်စဉ် (၂၅) ၁၉၉၆ မှာ ပါဝင်ခဲ့ပါတယ်။ “ကျွန်တော်နှင့် မှန်ကွဲတစ်ချပ် အကြောင်း” ဆိုတဲ့ ဆောင်းပါး ပါ။ ပလေတိုရဲ့ - Imitation Theory ကို တခြားအမည်တစ်ခုအနေ နဲ့ ကြေးမုံသီအိုရီ Mirror Theory လို့ ခေါ်ကြ သေးတယ်။ ဆောင်းပါးလေးက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ဒဿနဆရာ

ဒီပြဿနာကတော့ အရစ္စတိုကလိ (Aristociese) လို့ ခေါ်တဲ့ ဂရိလူငယ်လေးတစ်ဦးက ဖန်တီးတဲ့ ပြဿနာပါ။ သူဟာ ချမ်းသာတယ်။ ရုပ် အဆင်း ပြေပြစ်တယ်။ မင်းမျိုးမင်းနွယ်က ဆင်းသက် လာတယ်။ ဆင်ခြင်တုံတရားအပေါ်မှာ ယုံကြည်မှု အား ပြင်းပြီး အနုပညာကို အထင်သေးတယ်။ သူကပလေတို (Plato ) ဆိုတဲ့ နာမည်နဲ့ ဒဿနဆရာတစ်ယောက် ဖြစ်လာတဲ့အခါ ခု... ပြဿနာပေါ် တော့တာပါပဲ။

သူဟာ ဒဿနဆရာဘဝမှာ လျှမ်းလျှမ်း တောက် အောင်မြင်ကျော်ကြားခဲ့တယ်။ objective ldealism ကို ထူထောင်ခဲ့သူ တစ်ဦးအဖြစ် ဒဿန  သမိုင်းမှာ ထင်ရှားခဲ့တယ်။ တစ်နေ့မှာ သူဟာ မှန် တစ်ချပ်ကိုင်ပြီး လမ်းလျှောက်လာတယ်။ လူတချို့ရဲ့မေးခွန်းတစ်ခုကို သူဖြေ ပြီး ပြန်လာခဲ့တာပါ။

“အနုပညာပစ္စည်းတစ်ခုကို ဘယ်လို ဖန်တီးရမလဲ”တဲ့။ ပလေတိုဟာ လက်ထဲက “မှန်”ကို ဥပမာထားပြီး ပြခဲ့တယ်။ ပြဿနာကတော့ အဲဒီက စတာပါပဲ။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)