တာရာမင်းဝေ - ကျွန်တော်နှင့်ဂါလီဗားအိမ်မက်
အခန်း(တစ်)
လူတစ်ယောက်က လူတစ်ယောက်ကို တွေ့တယ်ဆိုတာ ဆန်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်အတွက် ဆန်းသွားတယ်။ ထူးခြား အံ့သြဖွယ်ရာလည်း ဖြစ်ခဲ့တယ်။ သူကလည်း ကျွန်တော့်ကို မေးပါတယ်။
“မင်းက ငါ့ကိုကြည့်ပြီး ဘာတွေအထိတ်တလန့် ဖြစ်နေတာလဲ”
“ခင်... ခင်ဗျားက ထွားလွန်းတာကိုးဗျ”
“ကိုယ့်ဟာကိုယ် ထွားတာတော့ ဘယ်တတ်နိုင်မှာလဲကွ”
“ကျွန်တော်က လူတစ်ယောက် အရမ်းကြီးရင် မကြိုက်ဘူး။
"အေးလေ ငါကလည်း မင်းမကြိုက်အောင် ကြီးတာမှမဟုတ်တာ”
“ထားပါတော့ အခု ခင်ဗျား ဘာလုပ်နေတာလဲ”
“ငါ့ဖာသာ ဘာလုပ်လုပ် မင်းနဲ့ဘာဆိုင်လဲ”
“မဟုတ်ဘူးလေ... ကျွန်တော့်ကို အန္တရာယ်ပြုမလို့လား”
“ငါ အန္တ ရာယ်ပြုရင် မင်း သေသွားတာကြာပြီ”
“ဒါဖြင့် ဘာလုပ်နေတာလဲ” “မင်းကို ကယ်နေတာ”
“ကျွန်တော်က ဘာဖြစ်နေလို့လဲ”
“မင်း AIDS ဖြစ်ပြီး သေတော့မလို့"
“ဟင် ... အဲဒီ AIDS ဆိုတာ ၂၀ ရာစုမှာ ပေါ်လာတဲ့ရောဂါ မဟုတ်လား၊ အခုမှ “၁၇” ရာစုရှိသေးတယ် ခင်ဗျားဟာ ဟုတ်ရောဟုတ် လို့လား”
“မင်း မယုံလဲနေကွာ၊ ဘာပဲပြောပြော မင်း အခု မသေတော့ဘူး"
ကျွန်တော် ခုတင်ပေါ်မှ လူးလဲထလိုက်တယ်။ ခုကင်ကြီးက ကြီး မှကြီး။ ခုတင်က ကြီးမှာပေါ့လေ အဲဒီလူကြီးကလည်း ရှေ့မှာဆိုခဲ့ပြီးတဲ့ အတိုင်း အကြီးကြီး
“ခင်ဗျားက ဘာလူမျိုးလဲဗျ”
“အင်္ဂလန်မှာနေတာပဲကွ"
"အင်္ဂလန်မှာ ကျန်တဲ့လူတွေလည်း ခင်ဗျားလို ကြီးကြီးပဲလား"
“ငါကကို ထွားတာလည်း ပါပါတယ်ကွာ”
“ကျွန်တော် AIDS ဖြစ်တယ်ပဲ ထားပါဦးတော့၊ အခု ကျွန်တော့် ရောဂါ ရှင်းရှင်းပျောက်ပြီပေါ့ ဟုတ်လား”
“အေး ဟုတ်တယ်။ ပျောက်ပြီ၊ မင်း လူကောင်းတစ်ယောက် ကောင်းကောင်းဖြစ်ပြီ”
“ဘယ်လိုလုပ်များ ကျွန်တော်က AIDS ဖြစ်ရတယ် မသိပါဘူး”
“ဘယ်လိုပဲဖြစ်ဖြစ်ကွာ ပျောက်သွားရင်ပြီးရောပေါ့၊ အခု ငါဟာ မင်းရဲ့ အသက်သခင် ကျေးဇူးရှင်ဖြစ်သွားပြီ။ ငါ့အမိန့်ကို မင်း နာခံရတော့ မယ်။ ငါခေါ်ရာ မင်းလိုက်ပြီး ငါခိုင်းတာ မင်း လုပ်ရတော့မယ်”
“ဟင်... ခင်ဗျားဟာကလဲ တစ်မျိုးကြီးပါလား"
“အချိန်မရှိဘူး။ လာ.. လာ သွားကြမယ်”
“ဘယ်ကိုသွားမှာလဲ” “ပင်လယ်ထဲကိုပေါ့ "
“ဟ.. ဘာလုပ်ဖို့လဲ”
“မင်း မှတ်ထား၊ ပင်လယ်ဆိုတာ အဝေးကနေ ကြည့်ဖို့ မဟုတ်ဘူး၊ ကူးဖြတ်ကျော်လွှားဖို့ကွ"
“ခင်ဗျား ဘယ်လောက်ကြီးကြီး ပင်လယ်က ခင်ဗျားထက်ကြီး တယ်နော်”
“အေး အဲ့ဒီစိန်ခေါ်ချက်ကို ငါ လက်ခံတယ် လာ သွားကြမယ်"
အခန်း(နှစ်)
“မင်းနာမည် ဘယ်လိုခေါ်လဲ”
ကျွန်တော်က ကျွန်တော့်နာမည်ကို ပြောပြလိုက်သည်။ သူကလည်း သူ့နာမည် ပြန်ပြောပြသည်။
“ကျွန်တော့်နာမည် ရွှေပြည်"
“ငါ့နာမည် လီမြူယယ်ဂါလီဗား (Lemuel Glliver) ပါကွ၊ ငါက ဆရာဝန်တစ်ယောက်ပဲ၊ တမင်တကာ ခရီးသွားတဲ့ ဗဟုသုတရအောင် ခရီးထွက်တာ၊ မင်းကိုပါ လိုက်စေချင်လို့ ခေါ်လာတာ"
ကျွန်တော် အလိုမပါသောခရီးကို ကျွန်တော် လိုက်ခဲ့ရပါတယ်။ သူ့ကို ကျွန်တော် မလွန်ဆန်နိုင်ပါဘူး။ သူဟာ အားခွန်ဗလကောင်းသလို ဉာဏ်လည်းကောင်းသည့်အတွက်သူခေါ်ရာကိုလိုက်ခဲ့ရပါတော့တယ်။
ဒီလိုနဲ့ပဲ ခရီးက စခဲ့ပါတယ်။ ကမ္ဘာကို တစ်ဝက်လောက်ပတ်မိ တဲ့အထိ အခြေအနေက ဘာမှမထူးခြားပါဘူး။ ရာသီဥတုကလည်း အရမ်းကို သာယာကောင်းမွန်ပါတယ်။ စုမတြာ (Sumatra)ဆိုတဲ့ကျွန်း နားရောက်မှ ရေပြင်ဟာ ရုတ်တရက် ပြောင်းလဲသွားပါတော့တယ်။
“ဂါလီဗား”
“... ဘာလဲကွ”
“ကျွန်တော့်စိတ်ထဲမှာ ထင့်နေတယ်"
“ဘာကို ထင့်နေတာလဲ”
"ဒီတစ်ခါ ပင်လယ်ကြီးငြိမ်နေတာက အနက်ရောင် အဓိပ္ပာယ်တစ်ခုခု ရှိနေသလိုပဲ"
“ပြောချင်တာကို ပွင့်ပွင့်လင်းလင်း ပြောစမ်းကွာ"
“ကျွန်တော်တို့ကို အန္တရာယ်ပြုတော့မယ်ထင်တယ်”
“ဟား... ဟား... ဟား... ဟား”
ဂါလီဗာက သန်စွမ်းတဲ့ သူ့ရဲ့ လက်မောင်းကြွက်သားများကို ဆန့်ပြရင်း“ပင်လယ်ကြီးကို ရိုက်ချိုးပစ်မယ်ဟေ့”
“အေး အဲဒီလိုမျိုး ပင်လယ်ကို ခင်ဗျား နိုင်ခဲ့ရင်တော့ ကောင်းတာ ပေါ့။ နေပါဦး သူ့ဟာသူနေတဲ့ ပင်လယ်ကို ခင်ဗျားက ဘာကြောင့် ရိုက် ချိုးချင်ရတာလဲ”
ဂါလီဗာက ရင်ကော့ပြုပြီး “ငါကဂါလီဗာ" ဖြစ်နေလို့ပဲ" "
“ဟာ... “ဂါလီဗာ' မိုးတွေရွာလာပြီ”
သင်္ဘောသားတွေ သင်္ဘောစီးခရီးသည်တွေ အလုပ်ရှုပ်သွားကြပါ တယ်။
“လေတွေမိုးတွေ ကျလာပြီဟေ့”
အဲဒီ လေတွေမိုးတွေဟာ ပင်လယ်ထဲမှာ ရက်ပေါင်းအတော်ကြာ တိုက်ခတ်ခဲ့ပါတယ်။ သင်္ဘောဟာ ပင်လယ်ထဲမှာလွင့်လို့ ဘယ်နေရာရောက် နေလဲဆိုတာကို ကပ္ပတိန်တောင် မသိပါဘူး။ သင်္ဘောပေါ်ကလူတွေအမြောက်အမြား သေဆုံးကြတယ်။ နောက်ဆုံးမှာ သင်္ဘောဟာ ကျောက် ဆောင်တစ်ခုကို ဝင်တိုက်မိပါတယ်။
“ဟာ... ဂါလီဗား လုပ်ပါဦး”
ကျွန်တော်ကတော့ ဂါလီဗားကို မြဲမြဲတွဲထားတာပဲ။ ဒါပေမယ့် ပင်လယ်လှိုင်းလုံးတွေအောက်မှာ လူချင်းကွဲသွားတယ်။
ကံကောင်းထောက်မစွာလို့ ပြောရမှာပဲ။ အသက်ကယ်လှေပေါ် မှာ နှစ်ယောက်သား ပြန်တွေ့ကြတယ်။
“ဟာ... ဟေ့ကောင် မင်း မသေသေးဘူးလား"
“ကျွန်တော်ကလည်း ခင်ဗျားသေပြီ အောက်မေ့နေတာ”
“တော်... တော်... ဟေ့ကောင် ဟိုမှာ လှိုင်းလုံးကြီးလာပြန်ပြီ”
ကျွန်တော်တို့နှစ်ယောက် စကားမပြောအားတော့ဘဲ လှေနံရံကို မြဲမြဲကိုင်ထားရပါတယ်။
အဲဒီလိုနဲ့ အစာရေစာ မလောက်မင စားသုံးရင်း နောက်ဆုံးမှာ ကျွန်တော်တို့ သတိလစ်သွားကြပါတယ်။ ဘယ်နှစ်ရက်ကြာကြာ သတိလစ် သွားတယ် မသိပါဘူး။ ကျွန်တော် သတိရတော့ ပင်လယ်ကြီးကို ရိုက်ချိုး မည့် ဂါလီဗားအား ကမ်းစပ်ကို မျက်လုံးပြူးကြီးနှင့် ကြည့်နေသည်ကို တွေ့ရပါသည်။
“ဟေ့ကောင် မင်း သတိရပြီလား”
သူ့ကို ပြီးစလွယ် ပြန်ပြီး သူ စူးစူးဝါးဝါး ကြည့်နေရာအရပ်သို့ လိုက်ကြည့်မိပါတယ်။
“ဟာ... ကမ်းခြေဗျ၊ ကမ်းခြေ"
“အေးကွ မြို့ပဲ”
“ဘာမြို့ပါလိမ့်"
နှစ်ယောက်သား ဝမ်းသာအားရနှင့် အဲ့ဒီမြို့ကို မျက်ခြေမပြတ် အောင် ကြည့်နေမိကြပါတယ်။ အနားရောက်တော့ ကျွန်တော်က ဝမ်းသာ အားရ အော်ဟစ်လိုက်တယ်။
“ဟေး... မြို့ပြန်ရောက်ပြီကွ”
"ဘာ... မင်းမြို့ လဲ၊ လစ်လီပွတ် (Lilliput) တွေနေတဲ့ မြို့ကွ”
“တောက်တီးတောက်တဲ့တွေ လာမပြောနဲ့၊ ဒါ ကျွန်တော်တို့ရဲ့ မြို့တော်ရန်ကုန်ဗျ”