Skip to product information
1 of 2

Other Websites

တာရာမင်း၀ေ - ပန်းလက်ဖ၀ါးမှာပါးအပ်ပိုင်းခွင့်မရှိတဲ့ကောင်လေး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

          သူတို့နှစ်ယောက်ကို ကျွန်တော် စတွေ့ဖူးတာကတော့ မိုးရာသီကျောင်းဖွင့်ရက်တွေထဲက တစ်ရက်ပေါ့။ ကျောင်းရှေ့က ကုက္ကိုပင်ကြီးက မုတ်သုန်ရဲ့ မိုးရေမိုးစက်တွေအောက်မှာ စိုစို ဖတ် ဖြစ်နေတယ်။ လေကြမ်းကြမ်းတွေ ဝေ့ဝေ့ယမ်းယမ်း တိုက် ခတ်လာတိုင်းမှာလည်း သူ့လက်တံတွေကို ဆန့်မြောက်ကာကွယ် ရင်း ဟိုသည် ယိမ်းထိုးနေတတ်တယ်။ ”

          ကျွန်တော်တို့ကတော့ ဒီနေ့မှ ကျောင်းစတက်ရတဲ့ အဋ္ဌမ တန်း ကျောင်းသားတွေပေါ့။ အတန်းထဲမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အူကြောင်ကြောင်ကလေးတွေ ဖြစ်နေရတဲ့ နေ့မျိုးပေါ့။

          ကျွန်တော်တို့ရဲ့ အတန်းပိုင်ဆရာက ဦးကိုကိုအောင်တဲ့။ မြန်မာစာ ပြတယ်။

          ကျောင်းခန်းထဲကို သူဝင်တော့ သူ့ရှေ့မှာ ကြိမ်လုံးကြီးကို | ကိုင်ပြီး ဝင်လာတယ်။ အခန်းထောင့်က စားပွဲခုံကြီးပေါ်မှာ ကြိမ်လုံးကြီးကို နေရာပေးလိုက်ပြီး သူကတော့ ဘေးက ကုလားထိုင် ကလေးမှာပဲ ဝင်ထိုင်တယ်။

          ကြိမ်လုံးက သူ့ထက်ရာထူးကြီးသလို ဖြစ်နေတော့တယ်။ အထက်လူကြီးလို့ ပြောရမှာလည်း ခက်နေတယ်။ “အထက်ကြိမ်" | ကြီးဆိုရင်လည်း မကြုံဖူးသူက ယုံမှာမဟုတ်။

          ကျောင်းတက်ခေါင်းလောင်း မြည်ပြီးတဲ့နောက်မှာ ဆရာ | ဦးကိုကိုအောင်ဟာ ကျွန်တော်တို့ကို ဆုံးမဩဝါဒပြောဖို့ ထိုင်ရာက ထပါတယ်။

          ဆုံးမဩဝါဒပြောဖို့အတွက် ကြိမ်လုံးကြီးကို ကောက်ကိုင် | ပါတယ်။ ကြိမ်လုံးကြီးကို ကောက်ကိုင်ဖို့အတွက် တိုက်ပုံအင်္ကျီလက်ကို မ,တင်ပါတယ်။ တိုက်ပုံအင်္ကျီလက်ကို မ,တင်ဖို့အတွက် | ပခုံးကိုလည်း တစ်ချက်ကျုံ့လိုက်ပါတယ်။

          ကျွန်တော်တို့ကတော့ ဆရာပခုံးကျုံ့တာ ကောင်းဘွိုင် ကားထဲက မင်းသားကျုံ့တာနဲ့တူတယ်လို့ ထင်နေမိကြပါတယ်။

          ဆရာက ကြိမ်လုံးကြီးကို ဝှေ့ယမ်းပြီး ကျွန်တော်တို့ကို | ဆုံးမဩဝါဒစကားတွေ ပြောတယ်။ သူ ငယ်ငယ်တုန်းက ဆရာဆုံးမတာကို မနာခံမိလို့ ခဏခဏ အရိုက်ခံခဲ့ရတဲ့အကြောင်းကို လည်း ပြောပြပါတယ်။

          ကျွန်တော်တို့ကလည်း သူ့ခြေရာကိုနင်းမယ့်တပည့်တွေ | ဆိုတာကို အဲဒီတုန်းကတော့ သူ ဘယ်တင်ဦးမလဲ။ .

          ဆရာ ဆုံးမတာကိုလည်း နာမခံဘဲ အရိုက်လည်းမခံရ အောင် နေနိုင်တဲ့ ကျောင်းသားဟာ အတော်ထူးချွန်မယ့် စံပြကျောင်းသားလို့ ယူဆစရာ ဖြစ်နေပါတယ်။

          နောက်ပြီးတော့လည်း ဆရာက ပြောသေးတယ်။

          “မင်းတို့ အာဖန်တီးဆိုတာ ကြားဖူးလား .."

           “ဟုတ်ကဲ့ ... "

          “အံမာ... တယ်ဟုတ်ကြပါလား ... ဘယ်လိုကြားဖူး တယ်ဆိုတာကြစမ်း "

          “အာလူးပူရီ အာဖန်တီး

          ကျွန်တော်တို့အားလုံးက အဲဒီလို ဝိုင်းအော်လိုက်ကြတယ် ဆရာ မျက်နှာရှုံ့သွားပြီး ခေါင်းခါတယ်။

          “အဲဒါ ဘာအဓိပ္ပာယ်လဲ "

          “အာလူးမှာတဲ့လူကို ပြောတာပါ"

          ဆရာခေါင်းထပ်ခါရင်း နည်းနည်းလန့်သွားပုံရတယ်။ ကျွန်တော်တို့ရှေ့မှာ အာလူးများမိရင် ကျွန်တော်တို့ကတော့ ဘာမှ ပြောမှာမဟုတ်လို့ (အထူးသဖြင့် သူ့ရှေ့မှာ သူ သိပ်နစ်နာမှာ တော့ မဟုတ်ပါဘူး။

          ဒါပေမယ့် လမ်းဘေးဈေးဆိုင်မှာ အာလူးပူရီရောင်းတာကို မြင်တိုင်း သူ အနေရအထိုင်ရ ခက်နိုင်ပါတယ်။ သူက .. ။

“မင်းတို့ပြောတာ ဘာမှန်းလဲမသိဘူး .. ထားတော့၊ ငါ ပြောတာက ဝီဂါလူမျိုးတွေရဲ့ ပုံပြင်ထဲက 'အာဖန်တီး’ ဆိုတဲ့ ဇာတ် ၏ ကောင်ကို ပြောနေတာ ... ကြားဖူးလား”

          တချို့က ... ။

          “ကြားဖူးပါတယ်"

          တချို့က ...

          “မကြားဖူးပါဘူး ..”

          တချို့က

          " ကြားဖူးပါတယ်ဘူး "

          အော်သံတွေ နည်းနည်းညံသွားလို့ ဆရာက အားလုံးကို လက်ကာပြတယ်။

          “ နေ ... နေ .. နေ၊ ငါ့ဟာငါ ပြောမယ်.."

          ပြီးတော့ ... သူ့ဟာသူ ပြောတယ်။ ကျွန်တော်တို့ကို ဘာ မှမမေးတော့ဘူး။ ကျွန်တော်တို့ကလည်း ဘာမှဝင်မဖြေတော့ဘူး။

          သူ့ဟာသူ ပြောပါစေဆိုပြီး လွှတ်ထားလိုက်တယ် ဒုက္ခ တွေ့မှ သိမယ်ပေါ့ ။

          “ဒီလိုကွ "

          အဲလိုအစချီပြီး အာဖန်တီးပုံပြင်တစ်ပုဒ်ကို သူ ပြောပြ တယ်။

          “တစ်နေ့မှာ အဖန်တီးကို အင်မတန် ကပ်စေန်တတ် တဲ့မြို့စားကြီးတစ်ယောက်က .. ညစာစားပွဲကို ဖိတ်ကြားဧည့်ခံ သတဲ့ ... အဲဒီ ဧည့်ခံပွဲမှာ မြို့စားကြီးဟာ အာဖန်တီးရဲ့ ခွက်ထဲကို စပျစ်ရည်နည်းနည်းကလေး ထည့်ပေးတယ်... ပြီးတော့ ... စကား တွေ ရွှန်းရွှန်းဝေအောင် လျှောက်ပြောပြီး သူ့ချမ်းသာကြွယ်ဝမှုကို ကြားတယ်၊

          အာဖန်တီးကတော့ စပျစ်ရည်ကို မသောက်သေးဘူး .. မြို့စားကြီးရဲ့ စကားအဆုံးမှာ လွှမရှိဘူးလားလို့ တောင်းတယ် ...

          မြို့စားကြီးက ကြောင်သွားတာပေါ့၊ ဘာဖြစ်လို့လဲ ... လို့ ပြန်မေး

တယ် ..."

          အဲဒီတော့မှ အာဖန်တီးက စပျစ်ရည်ဖင်ကပ်ပ် ရှိတဲ့ သူ့ရဲ့ ဖန်ခွက်ကို မြှောက်ပြတယ်.. ဖန်ခွက်မှာ အပေါ်ပိုင်းက အပိုကြီး ဖြစ်နေတယ် ပိုနေတဲ့ ဖန်ခွက်အပေါ်ပိုင်းကို လွှန့်တိုက်ဖြတ် မလို့ .. လို့ ပြောလိုက်တယ် ....”

          “ဝရူး.. ဝေါ... အား.. အာ..”

          တစ်ခန်းလုံး ဝိုင်းရယ်ကြတယ် .. ။ တစ်ယောက်ချင်း ကတော့ ဟီးဟီးတို့၊ ဟားဟားတို့၊ ဟဲဟဲတို့ ရယ်ကြတာပေါ့။ ဒါပေ " မယ့် စာသင်ခန်းထဲမှာ အဲဒီရယ်သံတွေ ပေါင်းစုပြီး ထွက်လာတဲ့ | အခါ ဝဇူး ဝေါ. အာ.. အာ .. ဆိုတဲ့ အသံကြီး ဖြစ်လာတယ်။

          ဆရာက မြန်မာကားထဲက အံ့ကျော်ကြီးလို “ဟင်းဟင်း ဟင်းဟင်း "လို့ ရယ်တယ်။ (အဲဒီအချိန်ထိတော့ သူ ရယ်နေနိုင် တုန်းပဲ)

          နောက်တော့ ..

          “မင်းတို့လည်း အဲဒါ သတိထားကြ.. စာသင်တဲ့အခါ ဦးနှောက်သုံး၊ ဦးနှောက်ကို ဦးခေါင်းနဲ့ အပြည့်ထားကြ.. ဦးနှောက် နည်းရင် အပေါ်ပိုင်းက လွတ်နေတဲ့ ဦးခေါင်းခွံကို ငါက လွှနဲ့ တိုက် - ဖြတ်ပစ်မယ် "....

          တစ်ခန်းလုံး ငြိမ်သွားတယ်။

           “ငါ... မြန်မာစာဆရာဆိုပေမယ့် ကျန်တဲ့ဘာသာတွေ