တင်မောင်သန်း(ရွာမ) - အုပ်ချုပ်မှုနှင့်နိုင်ငံသားဖြစ်မှု
ရက်ပ်တီမစ်ရှရာ ကမ္ဘာလွှမ်းခြုံပြောင်းလဲမှုဖြစ်စဉ်နှင့် ဒီမိုကရေစီစနစ် ကျင့်သုံးမှု ထွန်းကားကျယ်ပြန့်လာသော ယနေ့ကမ္ဘာကြီးသည် ရင်ဆိုင်ကြုံတွေ့နေရသည့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကိုအောင်မြင်စွာဖြေရှင်းဆောင်ရွက်ပေးရန်အတွက် အစိုးရယန္တရား များသည် ဖိအားပေးမှုများနှင့်ရင်ဆိုင်နေရကာ ယနေ့ရေပန်းစား လူပြောများနေသည့် “အုပ်ချုပ်မှု” ဟူသော ဝေါဟာရသည် နိုင်ငံတော် (အစိုးရ) ၏ အခန်းကဏ္ဍနှင့် ကျင့်သုံးသည့် စည်းမျဉ်းစည်းကမ်းများ ၏အပြောင်းအလဲကို ထင်ဟပ်ဖော်ပြနေပေသည်။ ဤနေရာတွင် မေးခွန်းထုတ်စရာတစ်ခုမှာ အဘယ်ကြောင့် ဤအယူအဆအရေး ပါလာရသနည်းနှင့် ရှုပ်ထွေးပွေလီလွန်းသည့် နိုင်ငံရေး၊ လူမှုရေး ပြဿနာများကိုကိုင်တွယ်ရာတွင် ဤနည်းလမ်းကအကောင်းဆုံး ဖြစ်သည်ဟု အဘယ်ကြောင့်ရှုမြင်သနည်း၊ ၁၉၈ဝ ပြည့်နှစ် နှောင်းပိုင်းကာလမတိုင်မီအထိ အုပ်ချုပ်မှုဟူသောဝေါဟာရမှာ ရေပန်းစားခြင်းမရှိသေးပေ။ နိုင်ငံတော် (အစိုးရ) ၏ ပြောင်းလဲ လာသည့် အခန်းကဏ္ဍနှင့်ပတ်သက်သော ပညာရှင်များ၏ယူဆ ဖွင့်ဆိုချက်များကို ယင်းစကားလုံးက ထင်ဟပ်ဖော်ပြနေသည်။ အချို့ ပညာရှင်များအဖို့မူ အုပ်ချုပ်မှုဆိုသည်မှာ နိုင်ငံတော်၏ပါဝင်ဆောင်ရွက် မှုအခန်းကဏ္ဍကိုလျှော့ချရန်နှင့် အခြားသောလူမှုအဖွဲ့အစည်းများ ၏အခန်းကဏ္ဍကို ဒီမိုကရေစီနည်းအရပြန်လည်ချိန်ညှိပေးရန် ဖြစ်သည်။ အခြားပညာရှင်များအတွက်မူ အုပ်ချုပ်မှုဆိုသည်မှာအစိုးရမဟုတ်သော လှုပ်ရှားဆောင်ရွက်လုပ်ကိုင်နေသူများ၊ လူမှုအဖွဲ့အစည်းများစသည်တို့နှင့် နိုင်ငံတော်က မိတ်ဖက်အဖြစ် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်သည့်စနစ်ပင်ဖြစ်သည်။ နိုင်ငံတော်၏ အခန်းကဏ္ဍနှင့်ပတ်သက်သည့် အခြေခံကျသောဆွေးနွေးမှုများကို မဆွေးနွေးမီ ကမ္ဘာ့ရှေ့ဆောင်အဖွဲ့ အစည်းများက လက်ခံအသိ အမှတ်ပြုထားကြသော အခြေခံကျသည့် အုပ်ချုပ်မှုဆိုင်ရာ ဖွင့်ဆို ချက်များကို လေ့လာသွားမည် ဖြစ်သည်။
အုပ်ချုပ်မှုနှင့်ပတ်သက်သည့် ကမ္ဘာ့ရှေ့ဆောင်အဖွဲ့ အစည်း များ၏ဖွင့်ဆိုချက်များနှင့် လေ့လာချက်များသည် ဩဇာအာဏာ ကိုင်တွယ်အသုံးပြုမှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို ရည်ညွှန်းဖော်ပြ သည့်နေရာတွင် လာရောက်ပေါင်းဆုံနေကြောင်းတွေ့ရှိရသည်။
အုပ်ချုပ်မှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးအရင်းအမြစ်များကို စီမံခန့်ခွဲမှုပြုရာတွင် ရရှိ ထားသောဩဇာအာဏာကို ကိုင်တွယ်အသုံးပြုခြင်းပင် ဖြစ်သည်။ အုပ်ချုပ်မှုတွင်ပါဝင်သော မတူကွဲပြားခြားနားသည့် ကဏ္ဍသုံးရပ် အကြောင်းကို ကမ္ဘာ့ဘဏ်က ထောက်ပြထားသည်။ (၁) နိုင်ငံရေးစနစ်ပုံသဏ္ဌာန်၊ (၂) နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးနှင့် လူမှုရေးအရင်း | အမြစ်များကိုစီမံခန့်ခွဲရာတွင် အာဏာခွဲဝေသုံးစွဲမှုဆိုင်ရာလုပ်ငန်းစဉ်၊ (၃) မူဝါဒများပုံစံထုတ်ခြင်း၊ ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း၊လုပ်ငန်းတာဝန်များခွဲဝေလုပ်ကိုင်စေခြင်း စသည်တို့နှင့် ပတ်သက်၍ အစိုးရအဖွဲ့ အစည်း၏ လုပ်နိုင်ကိုင်နိုင်သော စွမ်းဆောင်ရည် (ဖုကုဒါပါနှင့် ရစ်ချ်ပွန်ဇီယိုတို့၏ ၂၀၀၂ခုနှစ်၊စာ -၂ တွင် ကိုးကားထားသော ကမ္ဘာ့ဘဏ်၏ ၁၉၉၇ ခုနှစ် အစီရင်ခံစာ)။
ရက်ပ်တီမစ်ရှရာ
ကမ္ဘာလွှမ်းခြုံပြောင်းလဲမှုဖြစ်စဉ်နှင့် ဒီမိုကရေစီစနစ် ကျင့်သုံးမှု ထွန်းကားကျယ်ပြန့်လာသော ယနေ့ကမ္ဘာကြီးသည် ရင်ဆိုင်ကြုံတွေ့နေရသည့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကိုအောင်မြင်စွာဖြေရှင်းဆောင်ရွက်ပေးရန်အတွက် အစိုးရယန္တရား များသည် ဖိအားပေးမှုများနှင့်ရင်ဆိုင်နေရကာ ယနေ့ရေပန်းစား လူပြောများနေသည့် “အုပ်ချုပ်မှု” ဟူသော ဝေါဟာရသည် နိုင်ငံတော် (အစိုးရ) ၏ အခန်းကဏ္ဍနှင့် ကျင့်သုံးသည့် စည်းမျဉ်းစည်းကမ်းများ ၏အပြောင်းအလဲကို ထင်ဟပ်ဖော်ပြနေပေသည်။ ဤနေရာတွင် မေးခွန်းထုတ်စရာတစ်ခုမှာ အဘယ်ကြောင့် ဤအယူအဆအရေး ပါလာရသနည်းနှင့် ရှုပ်ထွေးပွေလီလွန်းသည့် နိုင်ငံရေး၊ လူမှုရေး ပြဿနာများကိုကိုင်တွယ်ရာတွင် ဤနည်းလမ်းကအကောင်းဆုံး ဖြစ်သည်ဟု အဘယ်ကြောင့်ရှုမြင်သနည်း။
၁၉၈ဝ ပြည့်နှစ် နှောင်းပိုင်းကာလမတိုင်မီအထိ အုပ်ချုပ်မှု ဟူသောဝေါဟာရမှာ ရေပန်းစားခြင်းမရှိသေးပေ။ နိုင်ငံတော် (အစိုးရ) ၏ ပြောင်းလဲ လာသည့် အခန်းကဏ္ဍနှင့်ပတ်သက်သော ပညာရှင်များ၏ယူဆ ဖွင့်ဆိုချက်များကို ယင်းစကားလုံးက ထင်ဟပ်ဖော်ပြနေသည်။ အချို့ ပညာရှင်များအဖို့မူ အုပ်ချုပ်မှုဆိုသည်မှာ နိုင်ငံတော်၏ပါဝင်ဆောင်ရွက်မှုအခန်းကဏ္ဍကို လျှော့ချရန်နှင့် အခြားသောလူမှုအဖွဲ့အစည်းများ ၏အခန်းကဏ္ဍကို ဒီမိုကရေစီနည်းအရပြန်လည်ချိန်ညှိပေးရန် ဖြစ်သည်။
အခြားပညာရှင်များအတွက်မူ အုပ်ချုပ်မှုဆိုသည်မှာအစိုးရမဟုတ်သော လှုပ်ရှားဆောင်ရွက်လုပ်ကိုင်နေသူများ၊ လူမှုအဖွဲ့အစည်းများစသည်တို့နှင့် နိုင်ငံတော်က မိတ်ဖက်အဖြစ် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်သည့်စနစ်ပင်ဖြစ်သည်။ နိုင်ငံတော်၏ အခန်းကဏ္ဍနှင့်ပတ်သက်သည့် အခြေခံကျသောဆွေးနွေးမှုများကို မဆွေးနွေးမီ ကမ္ဘာ့ရှေ့ဆောင်အဖွဲ့ အစည်းများက လက်ခံအသိ အမှတ်ပြုထားကြသော အခြေခံကျသည့် အုပ်ချုပ်မှုဆိုင်ရာ ဖွင့်ဆို ချက်များကို လေ့လာသွားမည် ဖြစ်သည်။
အုပ်ချုပ်မှုနှင့်ပတ်သက်သည့် ကမ္ဘာ့ရှေ့ဆောင်အဖွဲ့ အစည်း များ၏ဖွင့်ဆိုချက်များနှင့် လေ့လာချက်များသည် ဩဇာအာဏာ ကိုင်တွယ်အသုံးပြုမှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို ရည်ညွှန်းဖော်ပြ သည့်နေရာတွင် လာရောက်ပေါင်းဆုံနေကြောင်းတွေ့ရှိရသည်။
အုပ်ချုပ်မှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးအရင်းအမြစ်များကို စီမံခန့်ခွဲမှုပြုရာတွင် ရရှိ ထားသောဩဇာအာဏာကို ကိုင်တွယ်အသုံးပြုခြင်းပင် ဖြစ်သည်။ အုပ်ချုပ်မှုတွင်ပါဝင်သော မတူကွဲပြားခြားနားသည့် ကဏ္ဍသုံးရပ် အကြောင်းကို ကမ္ဘာ့ဘဏ်က ထောက်ပြထားသည်။ (၁) နိုင်ငံရေးစနစ်ပုံသဏ္ဌာန်၊ (၂) နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးနှင့် လူမှုရေးအရင်း | အမြစ်များကိုစီမံခန့်ခွဲရာတွင် အာဏာခွဲဝေသုံးစွဲမှုဆိုင်ရာလုပ်ငန်းစဉ်၊ (၃) မူဝါဒများပုံစံထုတ်ခြင်း၊ ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း၊လုပ်ငန်းတာဝန်များခွဲဝေလုပ်ကိုင်စေခြင်း စသည်တို့နှင့် ပတ်သက်၍ အစိုးရအဖွဲ့ အစည်း၏ လုပ်နိုင်ကိုင်နိုင်သော စွမ်းဆောင်ရည်....
(ဖုကုဒါပါနှင့် ရစ်ချ်ပွန်ဇီယိုတို့၏ ၂၀၀၂ခုနှစ်၊စာ -၂ တွင် ကိုးကားထားသော ကမ္ဘာ့ဘဏ်၏ ၁၉၉၇ ခုနှစ် အစီရင်ခံစာ)။