Skip to product information
1 of 3

Other Websites

တင်မောင်မြင့် - လေရဟတ်နီ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း (၁)

          “ မေမေ၊ ငြိမ်ငြိမ်နေ၊ မလှုပ်နဲ့နော်၊ မေမေ့ပုံ သားဆွဲမလို့ ”

          “ ဟင် .. မနေ့ကပဲ တစ်ပုံဆွဲသေးတယ်မဟုတ်လား သားရဲ့၊ ဓနေ့ကမေမေနဲ့ ဒီနေ့မေမေ ဘာများထူးလို့လဲ သားရယ် ”

          သားကလေးကို ငုံ့ကြည့်ပြီး မြို့စားကတော်လေး အာဒေလီ တူလုစ်လောထရက်က ပြောလိုက်သည်။ ။

          “ဂေါ်ဒွန့်ပုံကျတော့ သားဘာလို့မဆွဲတာလဲ၊ ပြောလေ ဟင်နရီ" ချာတိတ်ကစားပွဲအောက်တွင်အိပ်နေသော ခွေးကြီးကိုကြည့်ပြီး

          “ သား နှစ်ပုံတောင်ဆွဲပြီးပြီလေ၊ ခု သူ အိပ်ပျော်နေတယ်၊ အိပ်ပျော်နေရင် အသက်ဝင်အောင်ဆွဲလို့ ဘယ်ရမလဲ မေမေရဲ့၊ မေမေ့ ပုံပဲဆွဲမယ်၊ မေမေက ပိုလှတာပဲ” ဟု စောဒကတက်သည်။

          “ ကဲ .. ဆွဲဆွဲ၊ မေမေငါးမိနစ်ပဲ အချိန်ပေးမယ်နော်” မြို့စားကတော်လေးက ကျက်သရေရှိစွာ ပုံစံထိုင်ပေးသည်။ .

          “ ခဏနေရင် ဂျိုးဇက်ရောက်လာတော့မယ် သားရဲ့၊ မေမေတို့ အတွက် သူ မြင်းတွေအသင့်ဖြစ်နေပြီ"

          ချာတိတ်ကလေး ဘာမှ ပြန်မပြောတော့။ စက္ကူပေါ်တွင် သူ့ ခဲကြောင်းတွေ ပြေးလွှားနေပြီ။

          အချိန်မှာ၁၈၇၂ ခုနှစ်၊ နေခြည်ဖြာသည့် နွေဦးကာလဖြစ် သည်။ တူလုစ်လောထရက်မြို့စားကတော်လေးနှင့် သားငယ် မြို့စား

          လောင်းလျာလေး ဟင်နရီတို့ နေ့စဉ်လှုပ်ရှားနေပုံဖြစ်ပါ၏။ ဘဲဥပုံ ပြတင်းပေါက်ကြီးများနှင့် ဧရာမအလယ်ခေတ် ရှေးဟောင်းရဲတိုက်ကြီး တွင်ဖြစ်ပါသည်။ ရှေ့တွင် မြက်ခင်းစိမ်းစိမ်းကြီးက တပြန့်တပြော။ ကျေးငှက်သာရကာမျိုးစုံစွာ ကျက်စားသော ရှုမဆုံးတော့သည့် သစ်တော ကြီးလည်း ရှိ၏။ သို့သော် ပြင်သစ်ပြည်တောင်ပိုင်း အာလ်ဘီမြို့ပြင်ရှိ ရဲတိုက်ကြီးမှာ ကမ္ဘာ့အပြင်ဘက်တစ်နေရာကဲ့သို့ ဝေးလံသီခေါင်လှပေ သည်။

          စောစောကလေးကပင် ရထားထိန်းကြီးသောမတ်စ် လက်ဖက် ရည်ပွဲ လာသိမ်းသွားသည်။ လုပ်သက် ၁၂နှစ်မျှသာရှိသေးသော ၅၈နှစ် ရွယ်ဒေါမနစ်က သူ့ကိုဝိုင်းကူသည်။ ခဏကြာတော့ ဆွေနီးမျိုးစပ်တော် သည့် ဒေါ်လေးတန်တီက သတင်းစာကိုခေါက်ပြီး စာရေးစရာရှိသည် ဆိုကာ ထသည်။ အမှန်မှာ ညစာမစားမီ တစ်ရေးအိပ်ဖို့ဖြစ်၏။

          ခဏကြာလျှင် မြို့စားကတော်လေးအတွက် ရထားအသင့် ပြင်ပြီးပြီဖြစ်ကြောင်း ရထားထိန်းကြီး လာရောက်သတင်းပို့တော့မည်။ နံရံပတ်ပတ်လည်မှ ဣန္ဒြေကြီးလှသော ဘိုးဘွားဘီဘင်များ၏ ပန်းချီ ကားကြီးများက ထမင်းစားခန်းကို ငုံ့ကြည့်နေ၏။

          ညစာနှင့် အချိုပွဲစားလို့ပြီးလျှင်တော့ မြို့စားငယ်လေးကို မိခင်လုပ်သူက ရှေးဟောင်းပုံပြင်တွေပြောပြီး ချော့သိပ်မည်။ ခရစ်တော် ၏ ငယ်ဘဝအကြောင်း၊ ဂျူန်းအော့ဖ်အခ်အကြောင်း၊ ပထမဘာသာရေး စစ်ပွဲများအကြောင်း စသည် စသည် . .။ ပြီးတော့ လွန်ခဲ့သည့် မျိုးဆက် ခုနှစ်ဆက်က တူလုစ်လောထရက်မြို့စားကြီးအကြောင်း။ နောက်ဆုံး မေမေ့ကို နှုတ်ဆက်ပြီး ဟင်နရီကလေး အိပ်ပျော်သွားမည်။ ပြီးမှ ရာစု နှစ်ချီပြီး ကြာခဲ့သည့်အစဉ်အလာအတိုင်း ရဲတိုက်ကြီးထဲမှ မီးတွေ တစ် ခန်းချင်း မှိတ်သွားမည်။

          “ ဒီနေ့ မေမေတို့ ဘယ်သွားကြမလဲ သား၊ စိန့်အင်း ဘုရား ကျောင်းကိုသွားရင် မကောင်းဘူးလား”

          ကလေးက ခပ်သွက်သွက် ခေါင်းညိတ်သည်။ ဘယ်သွားသွား ၁ ရပါတယ်ဟူသည့်သဘော။ သားငယ်ကိုကြည့်ပြီး မြို့စားကတော်လေး စိတ်မကောင်း ဖြစ်သွားသည်။ သနားစရာကောင်းလိုက်တဲ့ ‘ရီရီ' ကလေး။

          ( ဟင်နရီကို မအေက ချစ်စနိုး 'ရီရီ” ဟု ခေါ်တတ်သည်) ။ သည်နေ့ထွက် မည့် ရထားခရီးကို သူ၏နောက်ဆုံးခရီးဟု ဟင်နရီကလေး မသိရှာ သေးပေ။ ဘဝသည် နှုတ်ဆက်ခွဲခွာခြင်းများနှင့် ကြုံလို့မဆုံးနိုင်အောင် ရှိတတ်ကြောင်း သားကလေး မသိနိုင်သေး။ မနက်ဖြန်သည် ယနေ့နှင့်မတူ နိုင်ကြောင်းလည်း သူသိမည်မဟုတ်။

          တောလမ်းများနှင့် သူခွဲခွာရတော့မည်။ သည် ရဲတိုက်ကြီးနှင့် သော သုငယ်လုပ်နေကျ ဂျိုးဇက်နှင့်ပါ ... ။

          မြို့တော်လေး၏ နှတ်ခမ်းများ ကွေးညွှတ်သွားပြီး သက် ပြင်ထံက်သည်။ "

          “ ဆ..ငြိမ်ငြိမ်နေလေ၊ သား နှုတ်ခမ်းကိုဆွဲနေတာ၊ အဲဒါ ဆော်ဆုံး မေမေရ”

          သားငယ်ကို သေသေချာချာကြည့်လိုက်မိပြန်သည်။ မျက်ခုံး နှစ်ဖက်ကို ရွံ့ ထား၏။ အောက်နှုတ်ခမ်းကို ကိုက်ထား၏။ သည်ပုံဆွဲ ဝါသနာကို ဘယ်သူ့ဆီကများ သူအမွေရခဲ့တာပါလိမ့်။ ငယ်ပါသေး တယ်လေ၊ သင်္ဘောကပ္ပတိန်ဖြစ်ချင်တယ်လို့ သူခဏခဏပြောဖူးသား ပဲ။

          “ဆရာဘုန်းကြီးကို နွားပုံဆွဲပေးမယ်လို့ သားပြောဖူးတယ်နော်၊ အဲဒီအကြောင်း မေမေပြောဖူးလား”

          “ ညစာ လာလာစားတဲ့ ဟိုဖက်တီးပုပ်ကြီးလားမေမေ ”

          “ ညစာလာစားတာလို့ မပြောရဘူး ဟင်နရီ၊ မေမေတို့က ညစာဖိတ်ကျွေးတာ”

          မိခင်လုပ်သူ၏အသံ ချက်ချင်းမာလာကြောင်း ဟင်နရီ သိလိုက် ၏ ။

          “ ပြီးတော့ ဘုန်းတော်ကြီးတစ်ပါးကို အဲဒီလို ရိုင်းရိုင်းပျပျမပြောရဘူး ။

          “သူဝလို့ ဖက်တီးပုပ်လို့ ပြောတာပဲ မေမေရ၊ ကဲ ... သူမ ဘူးလား၊ အိမ်က သောမတ်စ်ထက်တောင် ပိုဆိုးသေးတယ်”

          “ သားပြောတာ ဟုတ်ပါတယ်၊ ဒါပေမဲ့ သာသနာ့ဝန်ထမ်း - တစ်ပါးဟာ သိပ်အရေးပါတယ်။ ဒါကြောင့် သူ့လက်စွပ်ကိုနမ်းပြီး မေမေ တို့ 'ကြည်ညိုပါသည်အရှင်” လို့ ဆိုကြရတာလေ”

          “ဒါပေမဲ့ ..”

          မြို့စားကတော်လေးက စကားလမ်းကြောင်း ပြောင်းလိုက် သည်။

          “သားရဲ့ အစ်ကို ရစ်ချဒ်ကင်ပွန်းတပ်မင်္ဂလာပွဲလုပ်တုန်းက .."

          “ဟင် .. သားမှာအစ်ကိုရှိတယ် ဟုတ်လား၊ သူဘယ်မှာသုံး ဟင်”

          “သူ ကောင်းကင်ဘုံကိုပြန်သွားတယ်၊ မေမေတို့နဲ့သူ လပိုင်း) နေသွားတယ် သားရဲ့”

          “ဟုတ်လား”

          ဟင်နရီ စိတ်ပျက်လက်ပျက် ဖြစ်သွားပုံနှင့် သည်းညည်းညူ ပြောလိုက်သည်။

          “ဒါဆို သူ့ကို ဘာလို့နှစ်ခြင်းမင်္ဂလာလုပ်ကြတာလဲ”

          “ကောင်းကင်ဘုံကိုရောက်ဖို့ အားလုံးလုပ်ကြရတယ် သားရဲ့”

           “သားရော ရောက်မှာလားဟင်"

          “ရောက်မှာပေါ့ သားရဲ့”

          ကျေနပ်သွားဟန်ဖြင့် ပုံဆက်ဆွဲသည်။

          “ဒါဆို သားလဲသေရင် ကောင်းကင်ဘုံကိုသွားမယ်”

          “ဒါပေါ့သားရဲ့၊ သားလိမ္မာရင် သွားရမှာပေါ့၊ ဘုရားသခင်ကို သားနှလုံးသားထဲက ချစ်ရမယ်”

          “ဟာ .. မေမေ့လောက်တော့ ဘယ်ချစ်နိုင်မလဲ” .

          “ဟဲ့ .. ဟို သား၊ အဲဒီလိုမျိုးမပြောရဘူး သိလား”

          ကလေးက မိခင်ကို စိမ်းစိမ်းကြည့်ပြီး .

          “သားတကယ်ပြောတာ၊ မေမေ့လောက် ဘယ်သူ့မှမချစ်နိုင်ဘူး”

          “ကဲ .. မေမေလဲ သားကိုချစ်တာပါပဲကွယ် နွားအကြောင်း ပြောပြမယ်၊ လွန်ခဲ့တဲ့ ၄ နှစ်လောက်က၊ သား အဲဒီတုန်းက သုံးနှစ်သားပဲ ရှိသေးတယ်၊ ပေါက်စကလေး ...” ။

          နူးညံ့သိမ်မွေ့လွန်းသည့်အသံဖြင့် သူလုံးဝမမှတ်မိတော့သော သူ့အစ်ကို၏ နှစ်ခြင်းမင်္ဂလာနေ့အကြောင်း မအေလုပ်သူက ပြောပြ သည်။ အခမ်းအနားပြီးဆုံးတော့ ဆရာတော်က ဧည့်သည်များကို ၀ ပိဋကတ်တိုက်ထဲခေါ်သွားပြီး ဧရာမမှတ်ပုံတင်စာအုပ်ကြီးတွင် လက် မှတ်ထိုးစေသည်။ ဟင်နရီက သူပါ လက်မှတ်ထိုးမည်တကဲကဲလုပ်နေ၏။

          “သားက စာမှမတတ်သေးဘဲနဲ့၊ ဘယ်လိုလုပ်ပြီး လက်မှတ် ထိုးမလဲ” ဟု ဆရာတော်က မေးတော့ ဟင်နရီကောက်ကာငင်ကာ ဖြေ သည်း

          “စာအုပ်ထဲမှာ နွားရုပ်ဆွဲထည့်မယ်”

          စာရွက်တစ်ရွက်တွင် ခဲတံနှင့်ဖြစ်နေသော ၃ နှစ်သားကလေး ကို ဘုန်းတော်ကြီး လုံးဝစိတ်မဝင်စားနိုင်ပါ။

          “ရော့ ... ဒီမှာ၊ ငါးမိနစ်တောင်မကြာဘူး”

          မြို့စားကတော်ကလေးက ပုံစာရွက်ကို လှမ်းယူပြီး

          “ကောင်းလိုက်တာကွယ်၊ သားက တကယ့်ပန်းချီဆရာပဲ”

           ဟု ဂုဏ်ပြကားဆိုသည်။

          “လာ .. မေမေ့အနားမှာ ထိုင်ပါဦး ရီရီရယ်”

          ဘယ်လိုအချိန်မျိုးတွင် မေမေက သူ့ကို ရီရီဟု ခေါ်လေ့ရှိသည် ကို ဟင်နရီကောင်းကောင်း နားလည်နေပြီ။ ။

          “သား ခု၊ ခုနစ်နှစ်ပြည့်ပြီနော်”

          မဆော့ရင်ခွင်ထဲ တိုးဝင်နေသည့်အချိန်တွင် မြို့စားကတော် လေးက ပြောနေခြင်းဖြစ်၏။

          “သားကြီးလာရင် ဧရာမ သင်္ဘောကြီးတွေမှာ ကပ္ပတိန် လုပ်ချင် တယ်ဆို၊ တစ်ကမ္ဘာလုံး လျှောက်သွားပြီး ကျားတွေ၊ ခြင်္သေ့တွေ၊ လူရိုင်း တွေရဲ့ ပုံတွေဆွဲမယ်ဆို”

          သုစိတ်မသက်မသာဖြင့် ခေါင်းညိတ်သည်။ အမေလုပ်သူက ထွေးပွေ့ပြီး ချော့မော့လိုက်၏။ သူစိတ်သက်သာရာရအောင် ကြိုးစား လုပ်နေခြင်းဖြစ်သည်။

          “အဲဒါဆိုရင်တော့ သားကျောင်းတက်ရတော့မယ်”

          “ဗျာ ကျောင်းတက်ရမယ်၊ ဟုတ်လား”

          သူ အထိတ်တလန့်မေးသည်။ ။

          “သား ကျောင်းမနေချင်ဘူး မေမေ"

          “မေမေ သိပါတယ်သားရယ်၊ ဒါပေမဲ့ ကလေးတွေအားလုံး ကျောင်းသွားကြရတယ်လေ၊ ပါရီမှာ သိပ်ပျော်စရာကောင်းတဲ့ ဖွန်တိန်” ဆိုတဲ့ကျောင်းကြီးရှိတယ်၊ သိပ်ပျော်စရာကောင်းတဲ့ ကျောင်းကြီးလေး သားမှာ သူငယ်ချင်းတွေကစားဖော်တွေလဲ အများကြီးရလာလိမ့်မယ်”

          “ ဟင့်အင်း၊ သား ကျောင်းမနေချင်ဘူး ”

          ဟင်နရီမျက်ရည်ကျသည်။ မေမေ ဘာတွေပြောနေပါလိမ့် ကျောင်းနေရလျှင် မေမေနဲ့ရော၊ တန်တီနဲ့ပါ ခွဲနေရမှာပေါ့၊ စွတ်ဖားတွေ လဲ မရတော့ဘူးပေါ့။ ပြီးတော့ မြင်းပုကလေး တမ်ဘွားနဲ့ပါ ခွဲရမှာ၊ နောက် မြင်းစီးသင်ပေးတဲ့ ဂျိုးဇက်၊ ပြီးတော့ အဘိုးအဘွားများ၏ ပန်းချီ ကားကြီးတွေ၊ ရဲတိုက်ကြီး၏ သူရဲခိုတစ်လျှောက်တွင် အင်းနက် နှင့်လည်း တူတူပုန်းတမ်းမကစားရတော့ဘူးပေါ့။

          မေမေက နှုတ်ခမ်းတွင် လက်ညှိုးဖိပြီး တိတ်ခိုင်းသည်။

          “ မလုပ်ချင်ဘူးလို့ ဘယ်တော့မှ မပြောရဘူးနော် သား၊ ပြီးတော့ တူလုစ်လောထရက်မျိုးဆက်သွေး မြို့စားလောင်းတစ်ယောက်ဟာ ဘယ် တော့မှ မငိုရဘူး ကြားလား”

          မေမေက မျက်ရည်သုတ်ပေးသည်။ နှပ်ညှစ်ပေးသည်။ ပြီး တော့ ဘိုးဘိုးကြီးသူရဲကောင်း ရေမွန်အကြောင်း၊ ဘာသာရေး စစ်ပွဲများ

          အကြောင်း ပြောပြသည်။

          “ပြီးတော့ သား ဘာမှ ပျင်းစရာမရှိဘူး၊ ဂျိုးဇက်ကော၊ အင်း နက်ပါ မေမေတို့နဲ့ လိုက်လာမှာ”

          “ဟုတ်လား တကယ်နော်မေမေ” သူစိတ်သက်သာရာ ရသွားသည်။

          “ဒါတင်လားဆိုတော့ မဟုတ်သေးဘူး၊ သား ပါရီရောက်ရင် ဘယ်သူနဲ့ တွေ့ရမယ်ထင်သလဲ၊ မှန်းကြည့်စမ်း၊ သား ပါပါနဲ့ တွေ့ရမှာ”

          “ ပါပါ ဟုတ်လား ”

          အရာတိုင်းသည် ဟင်နရီကလေးအတွက် တောက်ပ၀င်းလက် သွားလေသည်။ ပါပါသည် လောကတွင် သူ့အတွက် အထူးဆန်းဆုံး ပုဂ္ဂိုလ်၊ ခွန်အားအပြည့်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ ရဲတိုက်ကြီးသို့ ပါပါရောက် လာလျှင် အရာတိုင်းသည် မြန်ဆန်သွက်လက်လာသည်။ မြင်းခွာသံတွေ၊ ဖိနပ်သံတွေ၊ ကျာပွတ်သံတွေ၊ အမိန့်ပေးသံတွေနှင့် အသက်ဝင်လှုပ်ရှား မ လာတတ်သည်။ ပြီးတော့ ပါပါနှင့်အတူ ကျေးလက်ခရီးထွက်ရ၏။ မြင်းများအကြောင်း၊ အမဲလိုက်ဇာတ်လမ်းများနှင့် စစ်ပွဲများအကြောင်း နား ထောင်ရ၏။

          “ပါရီရောက်ရင် ပါပါနဲ့အတူ ဒီလိုရဲတိုက်ကြီးမျိုးနဲ့ နေရမှာလား ဟင် မေမေ”

          “ ပါရီက လူတွေဟာ ရဲတိုက်ကြီးတွေမှာ မနေကြဘူးသားရဲ့၊ သိပ်လှတဲ့တိုက်ခန်းကြီးတွေမှာ နေကြတယ်။ လေသာဆောင်က ထွက် ကြည့်ရင် လမ်းပေါ်ကမြင်ကွင်းတွေကို မြင်နေရတယ်” ။

          “အဲဒီတိုက်ခန်းကြီးထဲမှာ ပါပါနဲ့အတူတူ နေရမှာလားဟင် ”

          “ ခဏတဖြုတ်တော့ အတူတူနေရမှာပေါ့ သားရယ်၊ သားကို ပါပါက စကိတ်စီးတဲ့နေရာတွေ၊ ဆပ်ကပ်ပွဲတွေကို ခေါ်သွားမှာပေါ့။ တကယ့်ဆင်တွေ လူရွှင်တော်တွေကို သားတွေ့ရမှာ”

          ရထားပေါ်တွင် ရှုခင်းတွေကို ဟင်နရီကလေး တအံ့တဩ လိုက်လာ သည်။ ပါရီဘူတာသို့ ရထားဆိုက်တော့ ပလက်ဖောင်းတွင် ဧရာမ လူအုပ်ကြီးကို တွေ့ရ၏။ လူအုပ်ထဲတွင် အားလုံးထက်ခေါင်းတစ်လုံး ပိုမြင့်သော ပါပါကို လှမ်းမြင်ရသည်။ ထုံးစံအတိုင်း ရွှေလက်ကိုင် တုတ်ကောက်နှင့်၊ မုတ်ဆိတ်ကို သေသေသပ်သပ် ညှပ်ထား၏။ ဆောင်း ထားသည့်ဦးထုပ်က အခုံအညား၊ ကုတ်အင်္ကျီရင်ဘတ်တွင် ဇော်မွှားပန်း တစ်ပွင့်ထိုးလျက်။ ။

          မြို့စားကြီးအယ်လင့်စ်တူလုစ်လောထရက်သည် အင်္ဂလန် ရဲတိုက်ကြီးများတွင် တည်းခိုပြီး သူ့မိတ်ဆွေ မြို့စားနယ်စားကြီးများနှင့် တောပစ်နေချိန် မဟုတ်လျှင်၊ ပါရီကပွဲရုံများတွင် ဝိုင်ကလေးတမြမြနှင့် ကဇာတ်ကြည့်နေချိန်မဟုတ်လျှင် ပယ်ရီဟိုတယ်မှ သူပိုင်ဧရာမ အခန်း ကြီးထဲတွင် လူပျိုတစ်ယောက်လို လွတ်လွတ်လပ်လပ် အနားယူနေလေ့

          သူ့အခန်းကြီးထဲတွင် မြင်းစီးဝတ်စုံ အမျိုးမျိုးရှိသည်။ သေနတ် မျိုးစုံရှိသည်။အစေခံများစွာနှင့် သူ့အချစ်တော် သိမ်းငှက်ကြီးတွေရှိသည်း သိမ်းငှက်တွေထားသည့်အခန်းထဲတွင် အလင်းရောင် ဖျော့ဖျော့သာ ပေးထားသည်။

          သည်ညတော့ မြို့စားကြီးက မိသားစုနှင့်နေဖို့ စီစဉ်ထားသည်။ ခြေတံရှည်ရှည်ကြီး နှစ်ဘက်ကို မီးဖိုဘက်သို့ ဆန့်တန်းကာ သားကလေး ကို ကြည့်ပြီး ကြည်နူးနေ၏။ တူနစ်လောထရက်မြို့စားလောင်းအဖြစ်ဖြင့် မွေးဖွားခဲ့သည့်အဓိပ္ပာယ်ကို သားငယ် တဖြည်းဖြည်းနားလည်စေရမည်။

          “.... အဲဒီနေ့က ဘုရင်မင်းမြတ်ရယ်၊ သားရဲ့ ဘကြီးတော်တဲ့ ထွန်တုလုစ်လောထရက် မြို့စားရယ်၊ ဖောင်တိန်ဘလူးတောထဲမှာ အမဲ “စ်ပြီး မြင်းကိုယ်စီနဲ့ အသားကျစီးပြန်လာကြတယ်တဲ့။ တစ်ခါတစ်လေ မေရီအင်တွိုင်းနက်ပါတတ်သတဲ့။ အဲဒီအချိန်မှာ သူက ၁၅ နှစ်သမီးပဲ ရှိသေးတယ်။ တော်လှန်ရေးဆိုတဲ့ လူသော လူသွမ်း လူသရမ်းတွေ မပေါ် ခင်ပေါ့ကွာ ."

          မြို့စားကြီးသည် ဘရန်ဒီခွက်ကို လှမ်းယူပြီး တစ်ကျိုက်မော့ လိုက်၏။

          “အဲဒီမှာ သားရဲ့ ဘကြီးတော်စီးလာတဲ့ မြင်းကြီးဟာ ဗွေဖောက် ပြီး သခင်ကို ခါချပါလေရော” .

          “ဟင် .. ဘကြီးတော်ကြီး သေရောလား ပါပါ”

          “မသေပါဘူး သားရဲ့”

          “ဒဏ်ရာကော ရ သမားတိုင်း ဒီအဖြစ်မျိုးနဲ့ ကြုံရတာ “

          " ဟင့်အင်း မရဘူး၊ မြင်းချည်းပါပဲ။ ဒါ ရှက်စရာမဟုတ်ဘူးလေ၊ ပါပါကိုယ်တိုင်လဲလိမ့်ကျဖူးတာပဲ။ အဲဒီအချိန်မှာ သားရဲ့ ဘကြီးတော်က ဘာလုပ်လဲသိလား”

          “မြင်းပေါ် ပြန်ခုန်တက်မှာပေါ့”

          “မတက်သေးဘူးသားရဲ့၊ ဘောင်းဘီကြယ်သီးတွေဖြုတ်ပြီး ရှူးရှူး သွားပေါက်သတဲ့”

          “ခင်ဗျာ၊ ဘုရင့်ရှေ့တော်မှောက်မှာ ရှူးရှူးပေါက်တယ်”

          “အဲဒါအမှန်ပဲ သား၊ အဲဒါဘာကြောင့်လဲသိလား၊ ပါပါတို့ရဲ့ ဘကြီးတော် မြို့စားကြီးဟာ မင်းရိပ်စိုးရိပ်မှာ ကြီးပြင်းခဲ့လေတော့ ရွှေ နန်းတော်ရဲ့ ဓလေ့ထုံးတမ်းတွေကို ကျွမ်းတယ်။ နန်းတွင်းဆိုရိုးဟောင်း တစ်ခုရှိတယ်သားရဲ့၊ ဘုရင့်ရှေ့တော်မှောက်မှာ မြင်းပေါ်ကလိမ့်ကျရင် ချက်ချင်းအပေါ့စွန့်လိုက်ရမယ်တဲ့။ အဲဒါမှတ်ထားနော်၊ အဲဒီလိုလုပ်ပြီးမှ ဘုရင်မင်းမြတ်ဟာ သူ့ပလ္လင်ရှိရာ ရွှေနန်းတော်ဆီကို ကြွချီတော်မူရတယ် တဲ့ "

          ဖြူဖွေးသွယ်တန်းနေသည့် သားကလေးရဲ့ သွားတွေကို ကြည့်ပြီး မြို့စားကြီး ကျေနပ်နေလေသည်း ညစာ စားအပြီးတွင် ဟာဘနာ

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)