Skip to product information
1 of 7

Other Websites

တင်စိန်(ဆေး၁) - တွေးမိတွေးရာ(အပိုင်း၅)

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

သီအိုရီကတော့

 

Need + Help = Business

Need + Help + Plan = Success Business

Need + Help + Plan + Hobby = Successful Business

 

          ကိုယ် အရင်းအနှီး ဘယ်လောက်ရှိလဲ ဘာလုပ်ချင်တာလဲ ဆိုတဲ့အရာနဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို မစပါနဲ့ ။ ဈေးကွက်ရဲ့ လိုအပ်ချက်က ဘာလဲ ငါဘယ်လိုကူညီနိုင်သလဲဆိုတာနဲ့ စပါ။ ကိုယ်လုပ်ချင်တာနဲ့ စလုပ်မယ်ဆိုရင် ကိုယ်လုပ်ချင်တဲ့ အလုပ် ကို လိုအပ်နေတဲ့သူတွေရှိတဲ့နေရာမှာ လုပ်ဖို့ လိုပါတယ်။ အဲဒါ နေတဲ့အိမ်နဲ့ ဝေးနေရင် စဖို့ ခက်သွားတတ်ပါတယ်။ အိမ်က မိသားစု အနီးမှာရှိရင် အနည်းဆုံးတော့ ဝိုင်းကြည့်ပေးတဲ့သူရှိ တယ်လို့ အထင်ခံရတာကြောင့် မဟုတ်တရုတ် လုပ်ဖို့ ကြံစည် တဲ့သူကနေ အကာအကွယ်ဖြစ်တတ်ပါတယ်။ အစားအသောက် တခုခု စရောင်းဖို့စဉ်းစားတဲ့အခါ အိမ်မှာစားဖို့ စီစဉ်ရင်း ရောစီစဉ် လို့ရတာကြောင့် စလုပ်ဖို့ ပိုအဆင်ပြေတတ်ပါတယ်။

          စီးပွားရေးတစ်ခုကို စလုပ်တော့မယ်ဆို ငါ့အတွက် ဘယ်လောက်အကျိုးအမြတ်ရမလဲလို့ စပြီး စဉ်းစားတာထက်ငါ ဒါလုပ်လိုက်ရင် သူတို့အတွက် ဘယ်လောက်အထိ အဆင်ပြေသွားမလဲ ပေါ် အခြေခံပြီး စဉ်းစားပါ ....

          သူတို့အဆင်ပြေသွားရင် ငါ့အတွက်လည်း အကျိုးအမြတ်ဆို တာ ရှိကို ရှိလိမ့်မယ်လို့ ယုံကြည်ပါး ၊ သေချာ အစီအစဉ်တွေ ဆွဲပြီး လေ့လာပါ၊ အကောင်အထည် ဖော်ပါ။

          စေတနာပါ ထပ်ပေါင်းထည့်လိုက်ရင်အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်လာမှာ သေချာပါတယ်။ အထူးသဖြင့် လုပ်ငန်းအစမှ မိတ်ဆွယ်တဲ့အနေနဲ့ လုပ်ငန်းအပေါ် စေတနာရှိဖို့ လိုပါတယ်။ အရှုံးခံပြီး စေတနာနဲ့ ပိုပိုသာသာ မပေးနိုင်တောင်ရောင်းတဲ့ စားစရာထဲမှာ စေတနာတွေ မေတ္တာတွေရောထည့်ပြီး အပြုံးလေး ဖြူးရောင်းနိုင်ရင် မိတ် စရနိုင်ပါတယ်။

          အဲဒီစီးပွားရေးက ကိုယ့်ရဲ့ ဝါသနာပေါ် အခြေခံပြီး စတင်ခဲ့ တာဆိုရင်တော့ ကြိုးစားအားထုတ်မှုရယ်၊ ဉာဏ်ပညာတွေ ကိုပါ ပေါင်းထည့်လိုက်တဲ့အခါ အတိုင်းထက်အလွန် အောင်မြင် တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာပါလိမ့်မယ် ။ ဒါ ပထမ ခြေလှမ်းပါ။

          နိုင်ငံတကာမှာတော့ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခု ကို ရွေးချယ်တဲ့အခါ မိမိလုပ်ချင်ရာ ဝါသနာပါရာ ချစ်မြတ်နိုးပြီး ရူးသွပ် Crazy ဖြစ်တဲ့ အလုပ်ကို ရွေးချယ်ကြဖို့ အကြံပြုကြပါ တယ်။ အကြောင်းက မိမိကြိုက်နှစ်သက်တဲ့ အလုပ်ဖြစ်မှ ရေရှည် မပင်မပန်း အားကြိုးမာန်တက် ကြိုးစားလုပ်ကိုင်နိုင်ပြီး ထူးချွန်အောင်မြင်နိုင်မှာ ဖြစ်လို့ပါ။ ဒါတစ်ကမ္ဘာလုံးမှာ လက်ခံထားတဲ့ အယူအဆပါ။ အဲလိုလက်ခံရတဲ့ အကြောင်းရင်းက နိုင်ငံတကာ မှာ ဘာအလုပ်မဆို သူ့ဘာသာသူ ဘဝရပ်တည်နိုင်အောင် သင့်တင့်တဲ့ ဝင်ငွေရလို့ပါ။

          ဆရာဝန်အလုပ်က ကျောင်းဆရာအလုပ်ထက် ပိုမကောင်း သလို၊ မော်ဒယ်အလုပ်က ကျောင်းဆရာ အလုပ်ထက် ပိုမနိမ့် ကျပါဘူး။

          အလုပ်ဟူသမျှ ဂုဏ်ရှိပြီး သူ့ဟာနဲ့သူ သိက္ခာရှိရှိရပ်တည် နိုင်ကြပါတယ်။ အဆင့်အတန်းကွာတယ်လို့ မယူဆကြပါဘူး။ 

          ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ အဲလို မဟုတ်ပါဘူး။

          မြန်မာပြည်မှာ တိုက်ရိုက်ပိုက်ဆံရှာတဲ့အလုပ်ကလွဲရင် ( ဥပမာ အရောင်းအဝယ် ဝန်ဆောင်မှုပေးတာမျိုး) တခြား ဝါသနာပါရာ အလုပ်တွေက အောင်မြင်ဖို့ အချိန်အတော်ကြာပြီး ဝင်ငွေအရ ရပ်တည်ဖို့ ခက်လို့ပါ။ လူငယ်တွေကြားမှာ ခေတ်စား လူကြိုက်များတာက အဆို အက၊ အတီး အမှုတ်၊ မော်ဒယ် သရုပ်ဆောင် အားကစား စတာတို့ပါ။ ဘယ်ဝါသနာပါတဲ့ အလုပ် မှ ဘဝရပ်တည်နိုင်ဖို့ သေချာတဲ့ဝင်ငွေ မပေးနိုင်ပါဘူး။ ထူးချွန် နေရင်တောင် အောင်မြင်ပြီး ဝင်ငွေနဲ့ ရပ်တည်နေတဲ့ အဆင်ပြေ တဲ့အထိဖြစ်အောင် တော်တော်မလွယ်ပါဘူး။ ၉၉ - ၉ ရာခိုင်နှုန်းလောက်က ကြိုးစားရင်းနဲ့ ကျဆုံးကြပါတယ်။ ဝါသနာပါပြီး ကံ၊ မိဘ၊ အိမ်ထောင်ဘက်၊ ညီအစ်ကိုမောင်နှမ မိသားစုတွေရဲ့ ပံ့ပိုး မှုတွေ မရရင် သိပ်မဖြစ်နိုင်ပါဘူး။ ပညာထူးချွန်တဲ့ ဆရာဝန်လို အလုပ်တောင် ဆရာဝန်ကြီးဖြစ်မှ ဝင်ငွေအရ ရပ်တည်နိုင်ပြီး အသက်အတော်ရမှ ဝင်ငွေကောင်းတော့ အချိန်တိုတတ်ပြီး ကိုယ်ရှာတဲ့ပိုက်ဆံ ကိုယ်တိုင်သုံးဖို့အချိန်မရှိကြတော့တာ များ ပါတယ်။ ဒါကြောင့် ဘဝရပ်တည်ဖို့ ဝမ်းစာအတွက် လုံလောက် တဲ့ အလုပ်လေးကို ပင်မအလုပ်အနေနဲ့လုပ်ရင်း ဝါသနာပါရာ အလုပ်လေးကို အပိုအလုပ်အနေနဲ့လုပ်ပြီး ကြိုးစားသွားသင့် ပါတယ်။ ဝါသနာပါရာအလုပ်လေးက နည်းနည်း စအဆင်ပြေလာမှ ဝါသနာပါရာအလုပ်ကို ပင်မအလုပ်အဖြစ်ပြောင်းပြီး ပုံမှန် ဝင်ငွေရတဲ့ မူရင်းအလုပ်ကို အပိုအလုပ်အနေနဲ့ ပြောင်းလုပ်ရင်း ဝါသနာပါရာအလုပ်ကို အောင်မြင်သည်ထက်အောင်မြင်အောင် အချိန်ပေးပြီး ကြိုးစားလို့ရအောင် ပံ့ပိုးပေးရပါတယ်။ အလုပ်က ကိုယ်တစ်သက်လုံး လုပ်ရမှာဖြစ်လို့ ကိုယ်တကယ် ချစ်မြတ်နိုးပြီး လုပ်ဖို့ ရူးသွပ်လောက်အောင် ဝါသနာပါပြီး ချစ်မြတ်နိုးတဲ့ အလုပ်ကို ရွေးချယ်သင့်တယ်ဆိုပေမဲ့ ဘဝရပ်တည်ဖို့ သေချာတဲ့ ဝင်ငွေရမယ့်အလုပ်လေးတစ်ခု စလုပ်ဖို့ပါပဲ။ ဝါသနာပါတာကို စိတ်လိုလက်ရ လုပ်ခွင့်ရတဲ့သူက ဘဝပေးကုသိုလ်များတဲ့ အနည်းစုပါ။

 

          ဒုတိယခြေလှမ်းက ပထမလုပ်တဲ့အလုပ်ကနေ ဘဝရပ်တည် ဖို့ ရရင် အဲဒီလုပ်ငန်းနဲ့ ဆက်နွယ်တာလေးတွေ တိုးချဲ့လုပ်ဖို့ လိုပါတယ်။ ဥပမာ ထမင်း၊ ဟင်း ရောင်းရာက အအေးစုံ တိုး ရောင်းတာမျိုးပေါ့။

          တက္ကသိုလ်ကျောင်းပြီးတော့ အလုပ်စလုပ်ဖို့ ဘယ်က စရ မှန်း မသိသူတွေ၊ ကိုယ့်ဘာသာကိုယ် ဘာလုပ်ချင်မှန်း မသိသူ တွေ အများကြီးပါ။ ဒါနဲ့ ဟိုသင်တန်း ဒီသင်တန်း လိုက်တက် တာ အများကြီးပါ။ ဒါမျိုးဖြစ်နေရင် ဘယ်လိုလုပ်မလဲ။

          တချို့လူငယ်တွေ ဘာဝါသနာပါမှန်းမသိ၊ ဘာထူးချွန်နိုင် မှန်း မသိတာ မိဘပေါ် တာဝန်ရှိနိုင်ပါတယ်။ အကြောင်းက လူ တစ်ယောက် ဘာထူးချွန်နိုင်သလဲဆိုတာ ကလေးဘဝ ခပ်ငယ် ငယ်အချိန်မှာပဲ ဇာတိပြတတ်ပါတယ်။ ဒါကို မိဘကပဲ သတိထား မိဖို့ အခွင့်အရေးရတတ်တာပါ။ မိဘက ဒါကို မသိဘဲ ကလေးက ကြီးပြင်းလာရင် ကျောင်းတက် ပညာသင် လူ့ဘောင်ဘဝကစည်းမျဉ်းစည်းကမ်းလိုက်နာရင်း သူတို့ထူးချွန်နိုင်တဲ့ အရည် အသွေးတွေကို ဖုံးကွယ်ပစ်တာခံလိုက်တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီအခါမှ ကာယကံရှင်က ကိုယ်ဘာထူးချွန်နိုင်ကြောင်းသိဖို့ ကိုယ်တိုင်လေ့လာနိုင်မှပဲ သိနိုင်တော့မှာပါ။ အဲဒီလိုလူမျိုး တွေကတော့ ဘဝရပ်တည်ဖို့ စီးပွားလုပ်ငန်းစမယ်ဆိုရင် ကိုယ့် လုပ်အားကို ရောင်းဖို့ပဲ ကျန်ပါတယ်။ လိုအပ်တဲ့ လုပ်ငန်းရှင် တွေဆီ ရောင်းရပါတယ်။ တော်တော်များများက လုပ်ငန်းကြီး ကုမ္ပဏီကြီးမှာ လုပ်ချင်ကြ၊ ရောင်းချင်ကြတာပါ။ တကယ်တော့ ကုမ္ပဏီကြီးဆိုတာ အလည်သွားကြည့်တာပဲ ကောင်းတာပါ။ အလုပ်လုပ်ဖို့ မကောင်းတတ်ပါဘူး။ အကြောင်းက အလုပ်လုပ် တဲ့သူက လုပ်ငန်းတစ်ခုလုံးရဲ့ အစိတ်အပိုင်းသေးသေးလေး ဖြစ် သွားလို့ပါ။ အဲဒါ တာဝန်ကျတဲ့နေရာလေးအကြောင်းပဲ သိပြီး လုပ်ငန်းတစ်ခုလုံးအကြောင်း သိပ်မသိတော့ပါဘူး။ ဥပမာ Marketing ဈေးကွက်ဆင်းရသူက HR ဝန်ထမ်းရေးရာဆို မသိ တော့ပါဘူး။ စက်ရုံလည်ပတ်နေသူက တခြားနေရာတွေ မသိ တော့ပါဘူး။ အဲဒါ ကိုယ်တိုင်စီးပွားရေး စလုပ်မယ်ဆို တော်တော် အဆင်မပြေပါဘူး။ ဒီထက်ပိုဆိုးတာက အလုပ်တစ်ခုမှာ ကြာကြာ မလုပ်တာပါ။ ဟိုဘက်ကုမ္ပဏီ လုပ်လိုက်၊ ဒီဘက် စက်ရုံပြောင်းလိုက် လုပ်တတ်ကြပါတယ်။ ရုပ်လှတဲ့ မိန်းကလေး၊ ပညာပိုတတ်သူ၊ ဘာသာစကား (အင်္ဂလိပ်၊ တရုတ်၊ အနည်း ဆုံးတတ်သူ) ကွန်ပျူတာ ပိုသုံးနိုင်သူတွေဟာ နေရာတကာ လိုနေတော့ လစာပိုရတာနဲ့ အလုပ်ပြောင်းတတ်သလို ပျင်းရင် လည်း အလုပ်ပြောင်းတတ်ကြပါတယ်။ အလုပ်ပြောင်းတတ်တော့ ကိုယ်လုပ်ဖူးပေမဲ့ သေချာမတတ်တော့ပါဘူး။ ဒီတော့ အလုပ်ရှင်က ရာထူးတိုးဖို့ စဉ်းစားတဲ့အခါ အလုပ်မြဲတဲ့သူကိုဦးစားပေးလိုက်ပါတယ်။ ဖြစ်သင့်တာက အလုပ်တစ်ခုမှာ နှစ်နှစ် သုံးနှစ်လောက် စွဲစွဲမြဲမြဲ လုပ်သင့်ပါတယ်။

          လုပ်ငန်းငယ်တွေမှာ အလုပ်ဝင်မယ်ဆိုရင်တော့ ကောင်းတာ တွေ အများကြီးရှိပါတယ်။ လုပ်ငန်း ဘယ်လို လည်ပတ်နေလဲ ဆိုတာ သေချာသိနိုင်မယ်။ လုပ်ငန်းရှင်နဲ့ အနီးကပ်နေခွင့်ရပြီး လုပ်ငန်းရှင်ရဲ့ စဉ်းစားပုံ စဉ်းစားနည်းတွေ သိမယ်။ မကောင်း တာတွေက လုပ်ငန်းရှင်ရဲ့ ကိုယ်ရေးပြဿနာတွေပါ ရောရှင်း ပေးရတတ်တယ်။ အလုပ်တွင်း အလုပ်ပြင်ပ အတိုအထွာလေး ကအစ လိုက်လုပ်ပေးရတတ်ပါတယ်။ လုပ်ငန်းကြီးပဲလုပ်လုပ် လုပ်ငန်းငယ်မှာပဲလုပ်လုပ် ကိုယ်ပိုင်အခွင့်အရေး ရှာလို့ရပါ တယ်။ ကိုယ့်လုပ်ငန်းရှင်ရဲ့ လိုအပ်ချက်ရှိတာတွေ ပံ့ပိုးပေးသူ (Supplier)ဒါမှမဟုတ်  (Distributor) ဖြန့်ချိသူဖြစ်ဖို့ပိုလွယ် သွားပါတယ်။ ပိုယုံကြည်နေရသူဖြစ်ခဲ့ရင် ရှယ်ယာခွဲပေးတာတို့၊ ဖက်စပ်လုပ်တာတို့ သမီးနဲ့ ပေးစားတာတို့အထိ ခံရတတ်ပါ တယ်။ ဒါ နောက်လိုက်ကောင်းတစ်ယောက်ဖြစ်တဲ့သူတွေ အတွက်ပါ။ ကိုယ့်ဘာသာကိုယ် ကြိုးစားဖို့က တော်တော်ခက် ပါတယ်။ နောက်လိုက်ကောင်း ပီသပြီး ဆရာကောင်း ရှာနိုင်ရင် ဆရာဆွဲတင်လို့ တက်တာပိုမြန်ပြီး အခြေခိုင်တတ်ပါတယ်။

          နောက်လိုက်လည်း မလုပ်တတ်၊ ရှေ့က ဦးဆောင်ဖို့ ဆိုပို ခက်တော့ တခြားနည်း ရှိပါတယ်။ စီးပွားရှာတတ်တဲ့ အိမ်ထောင် ဘက်ကို ရှာယူပါ။ အဲဒါ စီးပွားရှာတာထက် ပိုသေချာပြီး မြန် ပါတယ်။ ပြီးမှ လုပ်ငန်းဦးစီးနိုင်အောင် အိမ်ထောင်ဘက်ဆီက ပြန်သင်ယူရပါတယ်။ မသင်ခဲ့ရင်တော့ xx ကြီးဆိုပြီး ရာထူး တက်သွားတတ်ပါတယ်။

ဒါလည်း မလုပ်တတ်သေးဘူးဆိုရင် ချမ်းသာတဲ့ မိဘ၊ ဦးလေး၊ အဒေါ် ဒါမှမဟုတ် အလုပ်ရှင်တို့နားမှာ သံယောဇဉ်ရှိအောင်နေ၊ သစ္စာရှိရှိနေပါ။ ဖျားနာရင် သေချာပြုစုပေးလို့ သေရင် အမွေပေးတတ်ပါတယ်။ အဲဒါ တစ်ခါတစ်ခါ မထင်မှတ်နိုင်အောင် များပြားတတ်ပါတယ်။

          ဒါလည်း မလုပ်တတ်သေးဘူးဆိုရင် ဘုရားတရားနဲ့နေပါ။ ဘာသာရေးကို သေချာလုပ်ပါ။ ဘုန်းကြီး သီလရှင်ဝတ်ရင် ဒကာ ရှိပါတယ်။ ပြီးရင် ဘုရားက သင့်တော်သလို စီစဉ်ပေးပါလိမ့်မယ်။

 တွေးမိတွေးရာပါ။

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)