Skip to product information
1 of 11

Other Websites

တင်စိန်(ဆေး၁) - တွေးမိတွေးရာအပိုင်း(၂)

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

တော်တော်အလုပ်ရှုပ်သွားတာပါပဲ

 

          မြန်မာပြည်မှာ စားသောက်ဆိုင်မှာ သွားစားသောက်ကြရင်း နဲ့ အသိမိတ်ဆွေတွေ တွေ့တဲ့အခါ မြန်မာ့ဓလေ့ထုံးစံလိုလို ဖြစ် နေတဲ့ အလေ့တစ်ခုက တစ်ဖက်လူ စားသောက်ထားတာတွေ ကို ငွေပေါင်းပြီး ရှင်းပေးနေကြတာပဲ ဖြစ်ပါတယ်။

          အရင်ရှင်းတဲ့လူက ပြောလေ့ရှိတဲ့ စကားတစ်ခွန်းက “ဟို ဘက်ဝိုင်းပါ ပေါင်းယူလိုက်ကွာ”။ ဒီဓလေ့ ဘယ်လိုစခဲ့လဲတော့ မသိပါဘူး၊ ဒါပေမဲ့ တော်တော်ခွကျပြီး အလုပ်ရှုပ်သွားစေတဲ့ အခြေအနေတွေ ရှိပါတယ်။ 

          ဥပမာ - တစ်ဆိုင်တည်းမှာ စားလေ့ရှိတဲ့ မိတ်ဆွေနှစ်ဦး ဆုံကြတယ် ဆိုပါတော့။ နေ့တိုင်းနီးပါး ဆုံကြတယ် ဆိုပါတော့။ တစ်ယောက်တည်းက ဒိုင်ခံပေးနေတာမျိုး (ပေးတဲ့သူက သိသိ သာသာကြီး အရမ်းချမ်းသာနေတာမျိုးမဟုတ်ရင်)က မကောင်း တော့ သူ လုရှင်းလိုက်၊ ကိုယ် လုရှင်းလိုက်နဲ့ အလုပ်တော်တော်ရှုပ်သွားနိုင်ပါတယ်။ နောက်တစ်မျိုးက တစ်ဖက်လူက ရှင်းခါ နီးမှ ကိုယ်က အိမ်အတွက် ပါဆယ်ဆွဲသွားချင်တာတို့၊ နောက် တစ်ပွဲ ထပ်စားချင်သေးတာတို့ကလည်း ခက်သွားပြန်ရော။ တစ်ဖက်လူက ရှေ့ပိုင်း ၃-၄ ရက်လောက် ဆက်တိုက်ရှင်းထား ပြီး ကိုယ့်အလှည့်ကျမှ ပိုက်ဆံအတိအကျပဲ ပါသွားတာမျိုး၊ ရှင်း တဲ့လူ ရှင်းသွားပြီးမှ စားပွဲထိုးမှားတွက်မိတာ သတိထားမိတာ တို့ဟာ အတော်ခွကျတဲ့ကိစ္စတွေပါ။ နောက်ပြီး တစ်ဖက်သူ ကိုယ့်အတွက် ရှင်းပေးလို့လည်း ပိုရင်းနှီးတာလည်း မပြတော့ ဒီအလေ့မျိုး မရှိသင့်တော့ပါဘူး။ ကိုယ့်ဘာသာကိုယ် ရှင်းတာ ပိုကောင်းပါတယ်။ မင်းအတွက် ငါရှင်းလိုက်ပြီလို့ ပြောမယ့် အစား “ငါ့ဘာသာငါ ရှင်းလိုက်ပြီ ́လို့ ပြောသင့်ပါတယ်။

          လူစုပြီးသွားစားကြရင်လည်း တစ်ယောက်တည်းရှင်းတာထက်ဝိုင်းမျှပြီး ရှင်းတာအချင်းချင်းပိုစည်းလုံး

တာပြပြီး ဝိုင်းတာဝန်ယူတာ ဖော်ညွှန်းတော့ ပိုကောင်းတယ် ထင်ပါတယ်။ တကယ်လို့ ခင်မင်လို့ကျွေးချင်ရင် သပ်သပ်ဖိတ်ပြီးကျွေးရင် ပိုကောင်းပါတယ်။

တွေးမိတွေးရာပါ။

 

 

ဘယ်လိုရေမွှေး ရွေးရမလဲ? 

သင်မွေးဖို့လား။ သင့်အဖော် မွေးဖို့လား

 

          ရေမွှေးစဆွတ်တဲ့ အချိန်မှာပဲ ကာယကံရှင်က ရေမွှေးရဲ့ အနံ့ရပါတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလို ကျင့်သားရ(adaptation) ဖြစ်သွားပြီး ရေမွှေးသုံးမယ့် ကာယကံရှင်က ရေမွှေးနံ့ မရတော့ပါဘူး။ ရေမွှေးနံ့နဲ့ နီးလိုက် ဝေးလိုက်ဖြစ်နေတဲ့ ရေမွှေး ဆွတ်ထားတဲ့လူနဲ့ အတူရှိနေတဲ့ အဖော်ကသာ အမွှေးနံ့ကို အကြာဆုံးနဲ့ အများဆုံး ရတာပါ။ အဲဒီတော့ သင်က ရေမွှေး သုံးဖို့ ရွေးတဲ့အခါ သင်ကြိုက်တာ ရွေးရမလား၊ သင့်ပတ်ဝန်း ကျင်က သင်အတူရှိနေတဲ့လူအကြိုက် ရွေးရမလား၊ စဉ်းစားဖို့ လိုလာပါတယ်။

           ပထမဆုံးရွေးနည်းက ကိုယ်ကြိုက်တဲ့အနံ့ ရွေးပါ။ သင်ရွေး တဲ့ ရေမွှေးက သင့်ကို ကိုယ်စားပြုနေပါတယ်။ ကိုယ့်ရဲ့ Identity ဖြစ်တဲ့အတွက် ကိုယ့်အကြိုက် ရေမွှေးတစ်မျိုး ဒါမှမဟုတ် နှစ်မျိုးကို စွဲစွဲမြဲမြဲ လူစုလူဝေးဖြစ်တဲ့ ပွဲလမ်းသဘင် သွားတာမျိုး မှာ သုံးသင့်ပါတယ်။ Acqua ရေမွှေးနံ့ဆို ဘယ်သူပေါ့။ အနံ့ရ တာနဲ့လူမမြင်ရခင်မှာပဲ လူတိုင်းက ဘယ်သူလဲဆိုတာ သိနေ ကြပြီလေ။

         ဒါပေမဲ့တစ်စုံတစ်ယောက်သောလူနဲ့(အထူးသဖြင့်ကိုယ်ချစ်မြတ်နိုးရပါသောလူနဲ့)ပဲတွေ့ရတော့မယ်ဆိုရင်

တော့ အနံ့က ကိုယ်မရဘဲ တစ်ဖက်လူကပဲ ရမှာဆိုတော့ ကိုယ့်ရဲ့ Identity တို့ အကြိုက်တဲ့ လောဘတို့ မာန

တို့ကို ခဏ ခဝါချ ဘေးချိတ် ပြီး တစ်ဖက်လူကို လေးစားတဲ့အနေနဲ့သော်လည်းကောင်း၊ တမြတ်တနိုးရှိနေတယ်၊ ဂရုစိုက်တယ်၊ တန်ဖိုးထားတယ်လို့ ဆိုလိုတဲ့အနေနဲ့သော်လည်းကောင်း တစ်ဖက်လူကြိုက်တဲ့ အနံ့ မျိုးရွေးရင် ပိုကောင်းမယ်ထင်ပါတယ်။ အနည်းဆုံးတော့ တစ်ဖက်လူ သင့်အဖော်က မိန်းကလေးဆိုရင် မိန်းကလေး ကြိုက်တဲ့အနံ့၊ ယောက်ျားလေးဆိုရင် ယောက်ျားလေးကြိုက်တဲ့ အနံ့မျိုး ရွေးသင့်ပါတယ်။ အထူးသဖြင့် သင်နဲ့အတူရှိမယ့်လူ မကြိုက်တဲ့အနံ့မျိုးကို ရှောင်သင့်ပါတယ်။ တချို့လူက ရေမွှေးနံ့ မခံနိုင်ပါဘူး။ Allergy ဖြစ်တတ်ပါတယ်။ ဒါဆို သင် ရေမွှေးသုံး ခဲ့ရင် တစ်ဖက်လူ အရမ်းအနှောင့်အယှက်ဖြစ်မှာ သေချာတဲ့ အတွက် သင် ရေမွှေးအရူးအမူးကြိုက်ရင်တောင် အဲဒီနေ့ ရေမွှေး သုံးတာ ရှောင်သင့်ပါတယ်။

         (PSရေမွှေးရယ်လို့မဟုတ်ပါဘူး။ ဘာပဲလုပ်လုပ်(ဥပမာအစားအစာရွေးရတာမျိုး၊လျှောက်လည်ဖို့နေရာရွေး

တာမျိုး) ကိုယ်တိုင်တင် မကပါဘူး၊ တစ်ဖက်လူပါ အဆင်ပြေအောင် စဉ်းစားပြသင့်ပါတယ်။ ကိုယ်ရွေးချယ်ခွင့် ရှိမယ်ဆိုရင်တောင် ကိုယ်အကျိုးမရှိဘူးဆိုရင်လည်း တစ်ဖက်လူ အဆင်ပြေမယ်။ အကျိုးရှိနေမယ်ဆိုရင် လုပ်ဖို့စဉ်းစားသင့်ပါတယ်။ တစ်ဖက်လူ ကို တလေးတစားနဲ့ အလေးထားစဉ်းစားပေး လုပ်ပေးတာကို တစ်ဖက်လူ သတိထားမိပြီးတဲ့ ပြန်တုံ့ပြန်တဲ့အခါ ငွေကြေး တန်ဖိုးဖြတ်လို့မရတဲ့ မေတ္တာနဲ့ တုံ့ပြန်တာဖြစ်ပြီး ဆက်ဆံရေး ပိုခိုင်မာစေပါတယ်။ နှစ်ဦးနှစ်ဖက် အဆင်မပြေဘူးဆိုရင် အလဟဿဖြစ်အောင် မလုပ်တာကောင်းပါတယ်)

တွေးမိတွေးရာပါ။

   

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)