Skip to product information
1 of 5

Other Websites

တင်စိန်(ဆေး၁) - တွေးမိတွေးရာအပိုင်း(၁)

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

နှစ်သစ်မှာ ချောင်နိုင်ကြပါစေ!

 

          လူတွေ တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ကြတဲ့စကား တွေကို လေ့လာတဲ့အခါ သူတို့မှာ မရှိတဲ့အရာတွေကို ရကြပါစေ၊ ရှိကြပါစေဆိုပြီး ဆုတောင်းပေးတဲ့သဘောနဲ့ နှုတ်ဆက်ကြတာ ပါ။ ဥပမာ ရာသီဥတုဆိုးတဲ့ အနောက်နိုင်ငံတွေမှာ Good Morning, Good Afternoon စသည်ဖြင့် နှုတ်ဆက်ပြီး အငတ် ဘေးကျခဲ့ဖူးတဲ့ တရုတ်ပြည်မှာတော့ စားပြီးပြီလားလို့ နှုတ် ဆက်ပါတယ်။ ကျန်းမာရေး သိပ်မကောင်းတတ်တဲ့ မြန်မာနိုင်ငံ မှာတော့ နေကောင်းလားလို့ပြောပြီး နှုတ်ဆက်ကြပါတယ်။

           ဥပမာ - မင်းတုန်းမင်းတို့၊ သီပေါမင်းတို့က သက်တော် ၅ဝ ကျော်၊ ၆၀ ဝန်းကျင်မှာ ကံကုန်ကြပါတယ်။

            အခုခေတ် မြန်မာပြည်က လူတွေက ကျန်းမာရေး ပိုကောင်း လာတော့ နေကောင်းလားလို့ ဆက်ပြီး နှုတ်ဆက်ဖို့ မသင့်တော် ဘူးလေ။ လွန်ခဲ့တဲ့ ၄-၅ နှစ်က မြန်မာပြည်ကလူတွေ အများ ဆုံး ကြုံရတဲ့ပြဿနာက မီးပျက်တဲ့ပြဿနာပါ။ ဒါကြောင့် အဲဒီအချိန်က “လာလားဟေ့”လို့ နှုတ်ဆက်သင့်ပါတယ်။ မီးလာ လားလို့ ပြောချင်တာပါ။

          အခု ရန်ကုန်က လူအများစု နေ့တိုင်းကြုံတွေ့ရတဲ့ဒုက္ခ မဖြစ်ချင်ဆုံးပြဿနာက ကားကျပ်တဲ့ပြဿနာပါ။

          ဒါကြောင့် ရန်ကုန်ကလူတွေက တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်တဲ့အခါ ခေတ်ကာလနဲ့ညီအောင်

         “ချောင်ရဲ့ လား”လို့ နှုတ်ဆက်ကြပါ။ 

           ကားချောင်စေချင်လို့ပြောတာပါ။ ကားချောင်ဖို့မရှိတာကိုပြောတဲ့လူရောအပြောခံတဲ့လူရောသိပြီးဖြစ်

နေလို့ ပြန်ဖြေမယ် ဆိုရင် “ဒီလိုပဲပေါ့ကွာ” လို့ ဖြေကြပါ။ 

          နှစ်သစ်မှာ ဆုတောင်းရင်လည်း “သူငယ်ချင်းတို့ နှစ်သစ်မှာချောင်နိုင်ကြပါစေ ́၊မွေးနေ့ဆုတောင်းရင်လည်း “မွေးနေ့မှာ ချောင်နိုင်ပါစေ၊ လာနိုင်ပါစေ”ဆိုပြီး ဆုတောင်းကြပါ။

တွေးမိတွေးရာပါ။

 

အလကားပါပဲ ညီမလေးရယ်!

 

          gym သွားပြီး ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေ လုပ် တယ်ဆိုပြီး အစားအသောက်မဆင်ခြင်ရင် အလကားပါပဲ။

          အသက်ပိုငယ်တယ်ဆိုပြီး ပိုပြီး ကျန်းမာသန်စွမ်းတာ မရှိ ရင် အလကားပါပဲ။

          အသက်ပိုကြီးတယ်ဆိုပြီး ပိုပြီး စိတ်ဓာတ်ရင့်ကျက်မှုမရှိရင် အလကားပါပဲ။

          ပညာပိုတတ်တယ်ဆိုပြီး ပိုပြီး စဉ်းစားချင့်ချိန်နိုင်စွမ်းအား မရှိရင် အလကားပါပဲ။

          ပိုက်ဆံပိုရှိတယ်ဆိုပြီး လိုအပ်တဲ့နေရာမှာ မသုံးရက်နိုင်ရင် အလကားပါပဲ။

  ဥစ္စာပိုရှိတယ်ဆိုပြီး ပြန်ခွဲမပေးနိုင်ရင် အလကားပါပဲ။

          လုပ်ငန်းကြီးတယ်ဆိုပြီး မိမိလူမှုအဖွဲ့အစည်းကို အကျိုးမပြု နိုင်ရင် အလကားပါပဲ။

          အာဏာရှိတယ်ဆိုပြီး တရားဥပဒေစိုးမိုးမှုမရှိရင် အလကား ပါပဲ။

          အနိုင်ရတယ်ဆိုပြီး တစ်ဖက်သားကို မစာနာတတ်ရင် အလကားပါပဲ။ ရှုံးနိမ့်တယ်ဆိုပြီး သင်ခန်းစာ မယူနိုင်ရင် အလကားပါပဲ။

          အောင်မြင်တယ်ဆိုပြီး ကျေနပ်ပျော်ရွှင်မှုမရှိရင် အလကား ပါပဲ။

          ပိုင်ဆိုင်ခွင့်ရတယ်ဆိုပြီး ကြိုက်နှစ်သက်မှုမရှိရင် အလကား ပါပဲ။

          ဗုဒ္ဓဘာသာဆိုပြီး ကိုယ်တိုင်မကျင့်ကြံနိုင်ရင် အလကားပါပဲ။

          ဒီအတိုင်းပါပဲ။ ညီမလေး !

          ချစ်စရာကောင်းတယ်ဆိုပြီး ကိုယ့်ရင်ခွင်ထဲ ဝင်မလာနိုင် ရင် အလကားပါပဲ ညီမလေးရယ် !!!

တွေးမိတွေးရာပါ။

 

ဘယ်လိုယောက်ျားလေးကို 

အိမ်ထောင်ဖက်အဖြစ် ရွေးမလဲ

 

ညီမလေးကို -

 ၁၊ လှလို့ ကြိုက်တဲ့ ယောက်ျားလေး။ 

 ၂၊ တော်လို့ ကြိုက်တဲ့ ယောက်ျားလေး။ 

 ၃၊ စိတ်သဘောထားကောင်းလို့ ကြိုက်တဲ့ ယောက်ျားလေး။ 

 ၄၊ ချမ်းသာတာကို ကြိုက်တဲ့ ယောက်ျားလေး။ 

 ၅၊ ပြုံးတာကို ကြိုက်တဲ့ ယောက်ျားလေး။ 

 ၆၊ ချစ်လို့ ကြိုက်တဲ့ ယောက်ျားလေး။ 

     ဘယ်သူ့ကိုရွေးရင်ကောင်းမလဲ၊ ဘယ်သူ့ကို ရှောင်ရင် ကောင်းမလဲ …..

  • ပြုံးတာကြိုက်တဲ့ ယောက်ျားလေးကို ရွေးပါ။ ညီမလေး တစ်သက်လုံးပျော်ပြီး ပြုံးနေအောင် သူထားလိမ့်မည်။ တစ်သက်လုံး ကံကောင်းပြီတာမှတ်။
  • လှတာတို့၊ ချမ်းသာတာတို့ဟာ မမြဲတဲ့အတွက် အဲဒါတွေ အခြေခံရွေးတဲ့ယောက်ျားလေးမျိုးကို ရှောင်ပါ။ အထူးသဖြင့် ချမ်းသာတာကြိုက်တဲ့လူပါ။

-   တော်တာကြိုက်တဲ့ယောက်ျားလေးကိုရွေးရင် ညီမလေး

           သူညံ့တာ တော်တော်သည်းခံရမယ်၊ ဒါမှမဟုတ် မကြာခဏ ငြင်းခုံရလိမ့်မယ်။

  • စိတ်သဘောထားကောင်းလို့ ကြိုက်တဲ့ယောက်ျားဆို ညီမ

            လေး အနွံအတာခံရလိမ့်မယ်။ ညီမလေး ချစ်ပြီး စိတ်ရှည် ရင်တော့ မဆိုးပါဘူး။

            အခန့်မသင့်ရင် ဗိုလ်ကျခံရတတ်ပါ တယ်။

  • ချစ်ဖို့က ညီမလေးရဲ့ အဆင့်အတန်းပေါ် မူတည်ပြီးယောက်ျားလေးရဲ့ အရည်အချင်း Ability နဲ့ ညီမလေး အတွက် လုပ်ဆောင်ပေးရန် ဆန္ဒရှိမှု Willingness ပေါ် တည်ပြီး အဲဒီအချစ်ကို သူက ရေရှည်ထိန်းသိမ်းနိုင်၊ မထိန်း သိမ်းနိုင်မူတည်ပါတယ်။ ညီမလေးက လူမှုအဆင့်အတန်း မြင့်လေ ယောက်ျားလေးက သူ့အချစ်ကို ထိန်းသိမ်းဖို့ ခက်လေပါ။ အချစ်ခံရဖို့က လူမှုအဆင့်အတန်း Social
  • Status နည်းနည်း ပိုနိမ့်တဲ့သူသာ ရရှိသလိုပါပဲ။ လူမှုအဆင့် အတန်း အရမ်းမြင့်နေတဲ့သူကို ချစ်တယ်ဆိုတာ မဖြစ်နိုင် ဘူး မဆိုလိုပေမဲ့ ရယ်စရာ ဟာသတစ်ခုဖြစ်ဖို့ ပိုများပါ တယ်။
  • တကယ်လို့ ညီမလေးက လှလည်း လှတယ်။ တော်လည်း
  • တော်တယ်။ စိတ်သဘောထားလည်း ကောင်းတယ်။ ချမ်း လည်း ချမ်းသာတယ်။ ပြီးလည်း ပြုံးတယ်ဆိုပါတော့။ ဘယ်သူ့ကို ရွေးရင်ကောင်းမလဲ။ ဒါဆို စိတ်ကူးမလွဲပါနဲ့
  • ကျွန်တော့်ကို ရွေးပါ။
  • တွေးမိတွေးရာပါ။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)