တက်တိုး - အေဗရာဟင်လင်ကွန်း
နိဒါန်း
သက္ကရာဇ် ၁၈၀၀ နှင့် ၁၉ဝဝ ကြားရှိ (၁၉)ရာစုနှစ်များတွင် ထူးခြားသော ပုဂ္ဂိုလ်များစွာတို့သည် ဥဒါန်းတွင်ရစ်အောင် ဆောင်ရွက်ခဲ့ကြပေသည်။ ပြင်သစ်စစ်ဘုရင်ကြီး နပိုလီယံသည် ပြင်သစ်တော်လှန်ရေး အင်အားစုကို မိမိ အာဏာရရှိရေးအတွက် နောက်ဆုံး၌ အသုံးပြုသည်ဟု ဆိုရစေကာမူ ဥရောပ တိုက်၌ ရှေးအုပ်ချုပ်ရေးစနစ်များကို ပယ်ဖျက် တော်လှန်ခဲ့လေသည်။ စာပေ ရေးရာ၌လည်း အင်္ဂလိပ်စာဆိုကြီး ဘိုင်ရွန်သည် ရှေးခေတ် ထုံးဟောင်းစနစ် များကို ပယ်ဖျက်၍ သူ့ခေတ်တွင် နိုင်ငံရေးပြုပြင်မှုနှင့် စာပေမှုကို ပူးတွဲ ကာ စိတ်ကူးယဉ် စာပေသစ်ခေတ် တည်ထောင်ခဲ့လေသည်။ ။
ကားလ်မတ်က်စ်သည် ပြင်းထန်သော လူတန်းစားတိုက်ပွဲများ ဖြစ် ပွားစေသည့် ထူးခြားသောဝါဒကြီးကို တီထွင်ခဲ့ပေသည်။ ဂျာမနီပြည် နန်းရင်း ဝန်ကြီးဘစ္စမတ်သည် ဥရောပတစ်တိုက်လုံးကို ဂျာမနီလက်အောက်ခံဖြစ် အောင် ကြိုးပမ်းခြင်းဖြင့် ရာဇဝင်တွင်ခဲ့လေသည်။
သို့ရာတွင် ထိုပုဂ္ဂိုလ်ကြီးများ၏ အနေအထိုင် အပြုအမူ အတွေး အခေါ် အမြော်အမြင်တို့ကို နောင်လာနောက်သားတို့က စိတ်ဝင်စားခြင်း မရှိခဲ့ကြချေ။ အထက်ဖော်ပြရာပါ ပုဂ္ဂိုလ်ထူးကြီးလေးဦးတို့၏ အတ္ထုပ္ပတ္တိကို လေ့လာသော် နောင်လာနောက်သားတို့မှာ ယင်းတို့၏ ဝါဒများ၊ ဆောင်ရွက်မှု များ၊ တန်ခိုးအာဏာများ အကြောင်းကိုသာ တွေ့ရပေလိမ့်မည်။ ထိုပုဂ္ဂိုလ် ကြီးလေးဦးတို့အား လူသာမန်အဖြစ် စိတ်ထိခိုက်လောက်သည့် အပြုအမူ အပြောအဆို အနေအထိုင်တို့ကို တွေ့ရနိုင်မည် မဟုတ်ပေ။
အေဗရာဟင်လင်ကွန်းနှင့် နပိုလီယံ၊ ဘိုင်ရွန်တို့ မတူသည့်အချက် မှာ နပိုလီယံ၊ ဘိုင်ရွန်တို့က အတိတ်ကာလ၌ရှိသည့် ဓလေ့ထုံးစံတို့ကိုဖျက် ဆီးချေမှုန်းခဲ့ကြ၍ လင်ကွန်းကမူ အနာဂတ်ကာလအတွက် တည်ဆောက်မှုကို ပြုခြင်းပင် ဖြစ်သည်။
ဘစ္စမတ်၊ မတ်က်စ်တို့နှင့် လင်ကွန်း မတူသည်မှာ ထိုပုဂ္ဂိုလ်ကြီး နှစ်ဦးကဲ့သို့ မဟုတ်ဘဲ၊ လင်ကွန်းမှာ ရိုးသားဖြောင့်မတ်၍ တန်ခိုးအာဏာ ရှိသော်လည်း အမြင်ကျယ်ခြင်းပင် ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကြီးတို့ကို ကြည်ညို
လေးစားသည်နှင့်အမျှ လင်ကွန်းအား ကြည်ညိုလေးစားကြရုံသာမက ခင်မင် မြတ်နိုးကြပေသည်။ ထိုပုဂ္ဂိုလ်ကြီးများမှာ ကြေးရုပ်၊ ကျောက်ရုပ်များကဲ့သို့ ကိုးကွယ်စရာဖြစ်သော်လည်း လင်ကွန်းမှာကား လူအဖြစ် သဘောထား၍ အားကိုးစရာ ဖြစ်ပေတော့သည်။
တောကြီးမျက်မည်းတွင် မွေးဖွား၍ အရေးအဖတ်ကို မိမိဘာသာ မိမိသင်ကြားခဲ့ရသော လင်ကွန်းမှာ သစ်ခုတ်သမားအဖြစ်သော်လည်းကောင်း၊လှေထိုးသားအဖြစ်သော်လည်းကောင်း၊ အလုပ်ကြမ်းကို လုပ်ရသည်နှင့်အမျှ မိမိဘာသာ မိမိသင်ကြား၍ တတ်မြောက်သောကြောင့် ရှေ့နေလည်း ဖြစ်ခဲ့ သည်။ နောက်ဆုံး၌ ကျွမ်းကျင်လိမ္မာသော နိုင်ငံခေါင်းဆောင်လည်း ဖြစ် ခဲ့လေသည်။ ယင်းသို့ အကြမ်းအနု လုပ်ကိုင်ခဲ့ရသူ ဖြစ်သည့်အလျောက်သူ့၌ ကာယအင်အားလည်း ရှိသည်။ စိတ်ဓာတ်အင်အားလည်း ထက်သန် သည်။ ဉာဏ်ပညာ အမြော်အမြင်လည်း ရှိသည်။ မြင့်မြတ်သော စိတ်ထား လည်း ရှိသည်။ ထိုအရည်အချင်းများကြောင့်သာလျှင် လင်ကွန်းသည် သူ့ တိုင်းပြည်ကြီး မီးဟုန်းဟုန်းတောက်၍ ပြည်တွင်းစစ်ဖြစ်ကာ ပျက်စီးနေ သည့်အထဲမှ လွတ်မြောက်အောင် ရှေ့ဆောင် အုပ်ချုပ်နိုင်ခဲ့ပေသည်။ သူ့ ခေတ်က ဖြစ်ပွားသော စစ်ကြီးမှာကား သာမန်စစ် မဟုတ်။ ညီအစ်ကိုအ ချင်းချင်း သတ်ဖြတ်သည့် ပြည်တွင်းစစ်ကြီးဖြစ်လေရာ နိုင်ငံရေးဝါဒ၊ ကိုယ် ကျင့်တရားကိစ္စတို့၌ အချင်းချင်း ကွဲလွဲ၍နေသော အခိုက်အခါကြီးလည်း ဖြစ်လေသည်။
မိမိတို့ တစ်ပြည်တည်းသားချင်း မျိုးဖြုတ်ရန် လက်နက်ကိုင်စွဲလျက် တိုက်ခိုက်သည့် ပြည်တွင်းစစ်ကြီးမှာ အခြားသော စစ်များထက် ပိုမို၍ ကြေကွဲဖွယ် ကောင်းလှသည်။ လင်ကွန်း မမွေးဖွားမီကတည်းက တဖြည်း ဖြည်း ယိုယွင်းပျက်စီးလာသော အခြေအနေတို့သည် လင်ကွန်း သမ္မတရာထူး လက်ခံပြီးနောက် ရက်သတ္တများမကြာမီလောက်တွင် ပြည်တွင်းစစ်ကြီး ဖြစ် ပေါ်လာအောင် ပို့ဆောင်ခဲ့လေသည်။ လင်ကွန်းခမျာမှာ သမ္မတဖြစ်သည်နှင့်တစ်ပြိုင်နက် “လွတ်လပ်ရေးကို အရင်းတည်၍ လူလူချင်း တန်းတူထားသည့် ၂ ဝါဒနှင့် တည်ထောင်ထားသော” ပြည်ထောင်စုကြီးမှာ နှစ်ခြမ်းကွဲ၍ ပဋိပက္ခ ကြီးဖြစ်ပေါ်လျက် ရှိလေပြီ။
နှစ်ခြမ်းကွဲ၍ လက်နက်ကိုင်စွဲကာ အချင်းချင်း တိုက်ခိုက်ခြင်းဖြင့် စည်ပင်သာယာမှု ပျက်ပြားကာ ပျက်စီးယိုယွင်းမှုသာ ထွန်းကားလျက်ရှိ သည့်အပြင် စစ်ကြောင့် အခွန်တော်တိုးရ၊ လက်နက် လူ ငွေတို့ကို စုဆောင်း ရသည်သာမက နိုင်ငံခြားမေတ္တာကို ခံယူနေကြရတော့သည်။ ယင်းသို့ နိုင်ငံ ခြားမေတ္တာကို မရရှိပါမူ သူပုန်တို့အား နိုင်ငံခြားက လူအား ငွေအားနှင့် ထောက်ပံ့မည်ကို စိုးရိမ်ရသောကြောင့် နိုင်ငံခြားဆက်သွယ်မှုဖြင့် ကြိုးပမ်းဆောင်ရွက်နေကြရသည်။ ပုန်ကန်သောင်းကျန်းသူတို့ကြောင့် အခြေပျက် နေသော အစိုးရကိုလည်း အခြေမပျက်အောင် ဦးစီး၍နေရလေသည်။ ယင်း သို့လျှင် ခက်ခဲများမြောင်လှသော တာဝန်ဝတ္တရားတို့သည် လင်ကွန်းအပေါ် သို့သာ စုပြုံ ကျရောက် နေကြလေတော့သည်။
ခိုင်မာသော စိတ်ဓာတ်ဖြင့် လင်ကွန်းသည် ပြည်ထောင်စုကြီး ပြိုကွဲပျက်ပြားမှုကို အပြင်းအထန် ကာကွယ်လေသည်။ ပထမ သမ္မတကြီး ဝါရှင်တန်နှင့် သမ္မတဂျက်ဖာဆင်ကို ပြုစုပျိုးထောင်လာခဲ့သော ပြည်ထောင် စုကြီးကို တောင်ပိုင်းပြည်နယ်များက နုတ်ထွက်ဖျက်ဆီးရုံနှင့် ပြိုကွဲပျက် ပြားသွားရမည်ကို လင်ကွန်းက မရှုဆိတ်ဘဲ အပြင်းအထန် ကာကွယ်ခဲ့လေ သည်။ သူသည် စက်ဆုပ်ဖွယ်ကောင်းလှသည့် ကျေးကျွန်စနစ်ကို အရင်း တည်၍ ပြည်ထောင်စုမှ ခွဲခွာသွားခြင်းကို အပြင်းအထန် ကန့်ကွက်ခဲ့လေ သည်။ သူ့အလိုကား ပြည်ထောင်စုကြီးမှာ မည်သို့ပင်ဖြစ်စေ ဥမကွဲသိုက် မပျက် တည်နေရမည် ဖြစ်၏။ အိမ်ကြက်ချင်း အိုးမဲသုတ်၍ ခွပ်သည့်အဖြစ်ကို မည့်သည့်နည်းနှင့်မျှ မလိုလားချေး၊
သွေးချောင်းစီးလျက် ပျက်စီးမှု အထွေထွေနှင့် ပြည့်လျှံနေသည့် ပြည်တွင်းစစ်ကြီးသည်ကား လေးနှစ်တိုင်တိုင် ဖြစ်ပွားလျက် ခေတ်ကြီးတစ် ခေတ်လုံး၏စည်းစိမ်နှင့် နောင်ရေးကို ဖျက်ဆီးပစ်လိုက်လေသည်။ တောင်ပိုင်း နယ်သူပုန်များကို နောက်ဆုံး၌ ပြည်ထောင်စုဘက်မှ နှိမ်နင်း၍ အောင်ပွဲရသော်လည်း တိုင်းပြည်ကြီးတစ်ခုလုံးမှာ ရစရာမရှိအောင် ပျက်စီး ယိုယွင်းနေ လေသည်။ လင်ကွန်း၏ အရေးအကြီးဆုံး အလုပ်သည်ကား ကွဲအက်သွားသော ပြည်ထောင်စုကြီး ပြန်၍ရင်ကြားစေ့အောင် ဆောင်ရွက်ကာ အပိုင်းပိုင်းအစစ ဖြစ်နေသည့် တိုင်းပြည်ကြီးတစ်ပြည်လုံးကို သမ္မတကြီး ငါရှင်တန်နှင့် ဂျက်ဖာဆင်တို့ စတင်တည်ထောင်ခဲ့သည့်အတိုင်း ခိုင်ခံ့သစ်လွင်သော ပြည်ထောင် စုကြီး ပြန်လည်ဖြစ်မြောက်ရန် ကြိုးပမ်းဆောင်ရွက်ခြင်းပင် ဖြစ်လေသည်။
ယင်းသို့လျှင် အမေရိကန် ပြည်ထောင်စု အတိတ်ကာလသမိုင်းနှင့် အနာဂတ်ကာလ အခြေအနေတို့ကို ညီညွတ်အောင် ပေါင်းစပ်ပေးလိုက်ခြင်း အားဖြင့် လင်ကွန်းသည် ပြည်တွင်းစစ်ကြောင့် ပြာကျရသော ပြည်ထောင်စုကြီးအစား လွတ်လပ်ရေးနှင့် ညီညွတ်ရေးတို့ကို ပြည်လည်အရင်းတည်သည့် တိုင်းပြည်သစ်ကြီးတစ်ပြည်ကို တည်ထောင်ပေးခဲ့လေသည်။ ယင်းသို့ မော်ကွန်းတင်လောက်သည့် လုပ်ငန်းကို ဆောင်ရွက်ရသည့်အတွက် လင်ကွန်းဖို့ ရရှိသောဆုသည်ကား လူသတ်သမား၏ သေနတ်ကျည်ဆန်ပင် ဖြစ်သည်။ ပြည်တွင်းစစ်ကြီး ပြီးဆုံးသည့်နောက် များမကြာမီ ၁၈၆၅-ခုနှစ်၌ လူသတ်သမား၏ သေနတ်ကျည်ဆန်သည် မြင့်မြတ်လှသော လင်ကွန်း၏ နှလုံးသွေးကို | ရပ်တံ့စေတော့သည်။
လင်ကွန်းကို ရည်စူး၍ တည်ဆောက်ထားသော အထိမ်းအမှတ် အဆောက်အဦများမှာ အမေရိကန်ပြည်၌သာမက ကမ္ဘာအရပ်ရပ်၌ တည်ရှိ
လေသည်။ လင်ကွန်းအတ္ထုပ္ပတ္တိ စာအုပ်စာတမ်းများမှာ ဘာသာစကားအရပ် ရပ်ဖြင့် ပြန်ဆိုရေးသားပြီး ရှိလေသည်။
ယင်းသို့လျှင် လင်ကွန်းအား အမှတ်ရစေသည့် အချက်အလက်များ စွာရှိသော်ငြားလည်း လင်ကွန်းအား အထူးအမှတ်ရစေသည့် ပစ္စည်းကြီးတစ် ရပ်ကား ညီညွတ်၍ တိုးတက်လျက်ရှိသော အမေရိကန်ပြည်ထောင်စုကြီးပင် ဖြစ်ပေတော့သည်။ အမေရိကန်ပြည်ထောင်စုကြီးသည်ကား မှန်ကန်သော တရားထွန်းကားစေရန် ဒုက္ခကြီးစွာ ခံစားခဲ့ကြရလေသည်။ ပြည်ထောင်စု အချင်းချင်း မညီညွတ်၍ သွေးချောင်းစီးရသော ပဋိပက္ခမှုကြောင့် တိုးတက်ရ ခြင်းမှာ နစ်နာလှသည်ဟူသော သင်ခန်းစာများကိုလည်း ရရှိပြီးဖြစ်သည်။ သာယာငြိမ်းချမ်းစွာ တစ်စတစ်စ ပြောင်းလဲခြင်းသည်သာလျှင် လွတ်လပ်ရေး တည်မြဲ၍ နောင်ရေး သာယာကြောင်းကိုလည်း သိရှိနားလည်ခဲ့လေသည်။
ပြည်ထောင်စုအချင်းချင်းပင် အရှေ့ အနောက် တောင် မြောက် ခွဲခြားသော စိတ်မျိုး၊ လူဖြူ လူမည်း ခွဲခြားသောစိတ်မျိုး မရှိအပ်ကြောင်း ညီညွတ်မှု သာလျှင် အရေးအကြီးဆုံးဖြစ်ကြောင်း သမ္မတကြီး လင်ကွန်းထံမှ သင်ခန်းစာနာယူရရှိခဲ့ကြပေသည်။
လင်ကွန်းသည် ပြန်လည် ဖွဲ့စည်းတည်ထောင်သော အမေရိကန် ပြည်ထောင်စုသစ်၌ နီဂရိုးလူမျိုးတို့အား ကျွန်ဘ၀မှ လွတ်မြောက်စေခွင့် ပေးလိုက်ရာတွင် လင်ကွန်းသည် လူဖြူတို့ သခင်လုပ်သော ခေတ်ကြီးကို ပျက်သုဉ်းစေ၍ လူအချင်းချင်း အဆင့်အတန်း ခွဲခြားမှုမရှိသည့် လူ့ခေတ် အစစ်ကို တီထွင်လိုက်ပေသည်။
မွေးဖွားခြင်း (၁၈၀၈)
မုဆိုးကြီး ဒင်းနီးယားဇွန်းသည် မုတ်ဆိတ်ဆံများ ညှဉ်းဆိုးဆိုး ဖြစ်နေတော့ လေသည်။ သူသည် တောထဲမှ ထွက်လာပြီးနောက် ကမ်ဘာလင် တောင် ကြားတစ်ဖက်တွင် မြေယာများ မြောက်မြားစွာရှိကြောင်း သတင်းပေးလိုက် သဖြင့် ထိုသတင်းမှာ ဗာဂျီးနီးယား တောင်ကြားတစ်လျှောက်တွင် ပျံ့နှံ့သွား လေသည်။ မုဆိုးကြီးက လင်ကွန်းအား ကင်တတ်ကီနယ်၌ လယ်ယာများ၊ အမဲ၊ သား၊ ငါးများ ပေါများကြောင်း ပြောပြသဖြင့် မြေငတ်နေသော လူ တစ်စုသည် ကမ်ဘာလင် တောင်ကြားမှဖြတ်၍ ကင်တတ်ကီနယ်ရှိ မြေရိုင်း များသို့ သွားကြလေသည်။ ယင်းသို့ မြေယာရှာဖွေသူတစ်စုတွင် လင်ကွန်း၏ မိခင်၊ ဖခင်တို့နှင့် ကလေးခြောက်ယောက် ပါရှိလေသည်။ ထိုစဉ်က တွမ်လင်ကွန်းမှာ နို့စို့အရွယ်မျှသာ ရှိသေးသည်။ ထိုလူစုတွင် ဗာဂျီးနီးယားနယ်မှ လူစီဟင်း အမည်ရှိသော မိန်းမတစ်ယောက်သည် နမ်စီအမည်ရှိသော နို့စို့ရွယ်သမီးကလေးကို ပိုး၍ မြင်းစီး လိုက်ပါလာခဲ့လေသည်။ မြေယာရှာသူတို့ သည် နေဝင်ချိန်လောက်တွင် ကမ်ဘာလင် တောင်ကြားကိုဖြတ်၍ ကင်တတ် ကီမြေရိုင်းများရှိရာသို့ ရောက်သွားကြလေသည်။
လင်ကွန်းသည် ကွက်လပ်ကလေး တစ်ခုတွင် တဲကလေးတစ်ခု ဆောက်လျက် နေလေသည်။ သူ့ဇနီးမှာ ချည်ငင်ခြင်း၊ ဆပ်ပြာလုပ်ခြင်း၊ ရက်ကန်းရက်ခြင်း စသည့် အိမ်တွင်းလုပ်ငန်းများကို လုပ်လျက်ရှိလေသည်။ ကလေးတို့မှာ မိဘများအား တတ်နိုင်သမျှ ကူညီလုပ်ကိုင် ပေးနေကြသည်။ လင်ကွန်း၏ ဖခင်ကြီးမှာ မြေရိုင်းများကို ထွင်လျက် ရှိလေသည်။ ယင်းသို့ မြေရိုင်းကို ထွင်၍ လယ်ယာစိုက်ပျိုးနေခိုက်တွင် ချုံကြားမှ စောင့်ကြည့်နေသော လူရိုင်းတို့က လင်ကွန်း၏ ဖခင်ကြီးအား သေနတ်နှင့် ပစ်သတ်လိုက် ကြလေသည်။ လင်ကွန်းတို့ မိသားတစ်စုတို့သည် ဖခင်ကြီး သေဆုံးရသည်မှာ နောင်လာနောက်သားတို့ ပြောစမှတ်ဖြစ်နေလေသည်။ ဖခင်ကြီး၏မြစ်၊ သမ္မတ လင်ကွန်းမှာ လူမသမာတို့၏ သေနတ်ကျည်ဆန်ကြောင့် ကွယ်လွန်ခဲ့သည့် အခါ သူ့ဘိုးအေကြီးနှင့် ကံချင်းတူလှသည်ဟု ပြောစမှတ်ပြုကြသည်။ ဘိုး အေကြီး အေဗရာဟင်နှင့်အတူ ကလေးသုံးယောက်တို့ ဝိုင်း၍ မြေရှင်းနေ ကြစဉ် ဘိုးအေကြီး သေနတ်မှန်သောအခါ လူရိုင်းတို့က အငယ်ဆုံး တွမ်က လေးကို လာ၍ဆွဲကြရာ ကျန်ကလေး အကြီးနှစ်ယောက်က လူရိုင်းများကို သေနတ်နှင့် ခံ၍ပစ်သောကြောင့် လက်လွတ်ထွက်ပြေးသဖြင့် တွမ်ကလေးမှာ လူရိုင်းလက်သို့ မကျရောက်ဘဲ ကျန်ခဲ့လေသည်။
ယင်းသို့ လူရိုင်းဘေးမှ လွတ်၍လာသော တွမ်လင်ကွန်းနှင့် နမ်စီ တို့သည် မြေရိုင်းထွင်၍ ရွာသစ်ဆောက်နေသည့် အခိုက်အတန့်၌ ကြီးပြင်း လာပြီးလျှင် နွေဦးရာသီ တစ်ရာသီ၌ အိမ်ထောင်ပြုကြလေသည်။ တွမ်လည်းအိမ်ထောင်ကျပြီးနောက် သူ့ဇနီးနမ်စီကိုခေါ်၍ မြေကွက်တစ်ခုတွင် ဆောက် ကာ လက်သမားအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုလေသည်။ သူတို့ဇနီး မောင်နှံတွင် သမီးကလေးတစ်ယောက် ဖွားမြင်ရာ ဆာရာဟု အမည်ပေးထား
လေသည်။ သူတို့သည် ဟော်ဂန်ဗီရွာအနီးသို့ ပြောင်း၍ တွမ်က လယ်ယာ စိုက်ပျိုးမှုကို အစမ်းသဘောဖြင့် လုပ်ကိုင်ကြည့်လေသည်။ ၁၈၀၈ ခု ဖေဖော် ဝါရီလ (၁၂)ရက်နေ့တွင် တွမ်၏အိမ်၌ အူဝဲသံ ဆူညံသွားပြီးလျှင် တွမ်မှာ သားကလေးတစ်ယောက်အဖေ ဖြစ်လာလေသည်။ ထိုသားလေးကို မိဘများက လွန်စွာချစ်ခင်လှသဖြင့် ဘိုးအေကြီး၏ အမည်အတိုင်း အေဗရာဟင်ဟု အမည်မှည့်လေသည်။ အေဗရာဟင် နှစ်နှစ်အရွယ်မျှ ရှိသောအခါ လင်ကွန်း
တို့တစ်စု နေရာပြောင်းကြပြန်သည်။ သူတို့နေရာသစ်မှာ လူယူဘီလ်နှင့်နက်ချဘယ်လ်မြို့များကို ဆက်လျက်ရှိသည့် လမ်းမကြီးဘေးနား၌ဖြစ်ရာ နမ်စီနှင့်သမီးကလေးဆာရာ၊ သားကလေးအေဗရာဟင်တို့သည် လမ်းမကြီးတစ်လျှောက် တွင် သွားလာနေကြသော ကုန်တင်လှည်းကြီးများ၊ လူကုံထံတို့စီးသည့် ရထားကြီးများ၊ လမ်းလျှောက်သွားကြသော ခရီးသည်များ၊ စစ်သားများကို လက် ဝါးဖြင့် နေရောင်ကာ,ကာ ကြည့်နေကြလေသည်။ ဆာရာနှင့် အေဗရာဟင် တို့တွင် အော်စတင် အမည်ရှိသော ကစားဖော်ကလေးတစ်ဦးရှိရာ သူတို့သုံး ယောက်သည် နာ့ဗတ်ချောင်း၌ ငါးများ၍သော်လည်းကောင်း၊ လှေလှော်၍
သော်လည်းကောင်း၊ တသွင်သွင် စီးလျက်ရှိသော ချောင်းရေ၌ ကူး၍သော် လည်းကောင်း အမျိုးမျိုးစော့၍ နေကြလေသည်။ ညဉ့်နက်၍ အိမ်ပြန်ကာအိမ်ရာဝင်ကြသောအခါ သူတို့အိပ်ရာဘေးရှိ ပြတင်းပေါက်မှ လမင်းကြီးကို မြင်ရလေသည်။