Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

တက်တိုး - အချစ်စိတ်ပညာနှင့်မိန်းမတို့အကြောင်း

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out

လေးဆယ်ကျော်လာရော ယောက်ျားက တက်ကြွတဲ့စိတ်တွေ ရှိသေးတယ်။ ခေတ်မီနေတယ်။ မိန်းမက နဂိုကတည်းက ဗဟုသုတနည်းတော့ ယောက်ျားကို မမီတော့ ဘဲ ကျန်ခဲ့တယ်။ ဒါနဲ့ ယောက်ျားက ကိုယ့်ထက် နှစ် ၂၀ လောက်ငယ်တဲ့ ခေတ်မီ မိန်းကလေးတစ်ယောက်ကို ပြုစုချင်လာတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီအရွယ်လောက် မိန်းကလေးမျိုးနဲ့မှ သူနဲ့ ခေတ်မီ တာချင်း တူနေတယ်”

          “မိန်းကလေးကလည်း အသက်ကြီးတဲ့ယောက်ျားရဲ့ အပြုအစု အယုအယကို သာယာလာတယ်။ ပြီးတော့ အိမ်ထောင်ရေး အရှုပ်အထွေးတွေ ဝင်လာတာပေါ့ ။ အဲဒီဝတ္ထု ရေးချင်တာ မရေးရဲလို့” သန်းဆွေက ရယ်၍ ပြောသည်။

          “ဘာဖြစ်လို့လဲကွ၊ ဒီအတွေးမျိုး ဘယ်လိုပေါ်လာ သလဲ”

          “ကိုယ်တွေ့လို့ပေါ့ ဆရာရယ်၊ ဒီဝတ္ထုရေးရင် မသန်းစိန် က အိမ်က ရိုက်ထုတ်မှာ ကြောက်လို့” ဟု ပြောကာ ရယ်ပြန် လေသည်။

          “အင်း ....... ရေးရင် သတိနဲ့ ရေးနော်။ အိမ်က ရိုက်ထုတ် ခံရမှာထက် အရေးရခက်တာလည်း ထည့်တွက်ဦး။ အတော် ကြိုးစားရေးရလိမ့်မယ်။ နို့မဟုတ်ရင် စာဖတ်သူ နားလည်မှာ မဟုတ်ဘူး။ ယောက်ျားက ကမြင်းကြောထသလို ဖြစ်သွားဦး မယ်”

          “ဆိုပါဦး ဆရာ၊ မေတ္တာစကားလေ”

          ဟု သန်းဆွေက ကျွန်တော့်အား စကားဆက်ရန် တောင်းပန်သည်။

          “အဓိပ္ပာယ်ရှိတဲ့ အချစ်အကြောင်း နည်းနည်းလောက်တော့ သိရောပေါ့ နော်။ အဓိပ္ပာယ်မရှိတဲ့ အချစ်အကြောင်း နည်းနည်းပြောပြဦးမယ်။ အဓိပ္ပာယ်မရှိတဲ့ အချစ်ကတော့ အလွယ်ကလေးပဲ။ တစ်ယောက်က တစ်ယောက်ကို ချစ် တယ်။ ဘာကြောင့်ချစ်သလဲ။ ဘာကြောင့်ရယ်လို့ မဟုတ်ဘူး။ ချစ်ကိုချစ်တယ်။ ဘာမှ မမျှော်လင့်ဘူး။ ဘာကိုကြိုက်လို့ ရယ်လို့ မဟုတ်ဘူး။ အချစ်စိတ်ဟာ သူ့ရင်ထဲမှာ ကိန်းအောင်း နေတယ်။

          “ဘယ်သောအခါ ဘယ်ဒေသမှာ ဘာကို အကြောင်းပြု လို့ ကိန်းအောင်းပါသလဲလို့ မေးရင် ခေါင်းကလေး ယမ်းကာ ယမ်းကာနဲ့ မသိဘူးလို့ ဖြေရရုံပဲရှိမယ်။ ဒီလိုဆိုတော့ ဘာလုပ် ချင်သေးတာလဲ။ အချစ်စိတ်အစစ်ဟာ ပြုစုပျိုးထောင်ယူလို့ ဖြစ်တာမဟုတ်ဘူး။ စားချင်တဲ့ဆန္ဒ၊ အိပ်ချင်တဲ့ဆန္ဒတွေဟာ လုပ်ယူလို့ရတာလား။ မစားချင်ဘဲနဲ့ စားတာ၊ မအိပ်ချင်ဘဲနဲ့ အိပ်တာနဲ့ တခြားစီနော်”

          “အနောက်တိုင်း ယထာဘူတ ဆရာကြီးတစ်ယောက် ကတော့ အချစ်ဆိုတာဟာ အတွေ့အကြုံတွေထဲက ပေါက်ဖွား လာတယ်လို့ ဆိုတယ်။ အဲဒါ ဟုတ်တယ်မဟုတ်လား ဆရာ”

          “အချစ်ဆိုတာ ရုပ်ဝတ္ထုပေါ်မှာ တည်တာတော့ အမှန် ပေါ့။ ဒါပေမဲ့ အချစ်နဲ့ဆန္ဒ ကွာခြားတယ်။ ရုပ်ဝတ္ထုတစ်ခုခုပေါ် မှာ အာရုံကျရောက်ပြီး အဲဒီရုပ်ဝတ္ထုကို မိမိက ပိုင်ချင် လိုချင် တယ်ဆိုတာကတော့ ဆန္ဒပဲ။ ဆန္ဒက တောင်းဆိုခြင်း ပြုတယ်။ အချစ်ကတော့ ပြောင်းပြန်ပဲ။ မတောင်းဘူး ပေးတယ်။

          “ဥပမာဆိုစို့... ယောက်ျားတစ်ယောက်က မိန်းမ တစ်ယောက်ကို ချစ်တယ်ဆိုရင် ချစ်တဲ့လူက အချစ်ခံရတဲ့လူရဲ့ လိုသမျှကို ဖြည့်ဆည်းပေးတယ်။ သူ့အဖို့ ဘာကိုမျှ ပြန် မတောင်းဘူး။ ဆန္ဒရှိရင်တော့ ကိုယ်က မပေးဘူး။ သူ့ကိုသာ ကိုယ်က အရယူဖို့ ကြိုးစားတယ်။ ဒါကြောင့် ငါပြောခဲ့တယ် မဟုတ်လား။ အကြိုက်နဲ့ အချစ် ကွဲပြားပါတယ်လို့။ အိမ်ထောင်ပြုကြတာတွေဟာ အကြိုက်ပေါ် မူတည်ကြတာပဲ များ တယ်။ အကြိုက်ဟာ အဓိပ္ပာယ်ရှိတဲ့ အချစ်။ အချစ်စစ်ကတော့ အဓိပ္ပာယ်မရှိတဲ့ အချစ်လို့ ခေါ် ရလိမ့်မယ်” ။

          “အချစ်စိတ် ပေါ်ပေါက်လာပုံ နည်းနည်းလောက် ပြော ပြစမ်းပါဦး ဆရာ” 

          “အချစ်စိတ်ဟာ ရင်ထဲမှာ ကိန်းအောင်းနေတတ်တယ်။ အဲဒါကို အစတော့ သိချင်မှသိမယ်။ ဒါပေမဲ့ တစ်ချိန်ချိန် တစ်ခါခါမှာ အကြောင်းတစ်ခုခု ကြုံတွေ့ လို့ အဲဒီအချစ်စိတ် ဟာ ဘွားဘွားကြီး ပေါ်လာတတ်တယ်။ အဲဒီလိုပေါ်လာလို့ အချစ်ဆိုတာ မုန်တိုင်းကျသလို ဗြုန်းခနဲ ကျရောက်လာတာပဲ လို့တော့ မထင်လိုက်လေနဲ့။ ရင်ထဲမှာ ကိန်းအောင်းနေတာ အကြာကြီးပဲဆိုတာကိုလည်း သတိမူသင့်တယ်။

          “ဒါနဲ့ မောင်ရင် ဂျိန်းဟစ်လ်တန်းရေးတဲ့ (WeAre Not Alone) ဆိုတဲ့ဝတ္ထု ဖတ်ဖူးသလား။ ရုပ်ရှင်ရော ကြည့်ဖူး သလား။ စစ်မဖြစ်ခင် ကလေးတွင်ပဲ ရန်ကုန်မှာ ပြသွားတယ်။

          “အဲဒီဝတ္ထုရဲ့ ဇာတ်လမ်းအကျဉ်းချုပ် ပြောပြမယ်။ အင်္ဂလန်ပြည်၊ တောမြို့ကလေးတစ်မြို့မှာ ဆရာဝန်တစ် ယောက်ရှိတယ်။

          “သူ့မှာ အမြဲတမ်းလိုလို မမာနေတဲ့ မယားနဲ့ လူမမည် သားကလေး တစ်ယောက်ရှိတယ်။

“ဆရာဝန်က အင်မတန်ရိုးတယ်။ သူ့မယားကတော့ မမာကလည်းမမာ၊ နဂိုကတည်းက ဆူဆူပူပူ မိန်းမမျိုးပဲ။ ဒါပေမဲ့ ဆရာဝန်က ခပ်အေးအေးပဲ။ သူတို့အိမ်မှာ ဂျာမန်မ ကလေးတစ်ယောက် အိမ်ဖော်အဖြစ်နဲ့ ရှိတယ်။

          “ပထမကမ္ဘာစစ်ကြီးဖြစ်လာတော့ အင်္ဂလန်ပြည်မှာ ရှိတဲ့ ဂျာမန်တွေကို လူတွေက ဝိုင်းပြီး ခဲနဲ့ပေါက်ကြတယ်။ ဆရာဝန်အိမ်ကိုလည်း ဝိုင်းကြတာပေါ့၊ ဂျာမန်မကလေးကို ထုတ်ပေးရမယ်လို့ တောင်းကြတယ်။ ဆရာဝန်က ကောင် မလေးကို ဝှက်ထားတယ်။ လူထုစဲတော့မှ နောက်ဖေး ပေါက်က ခိုးထုတ်ပြီး သူကိုယ်တိုင် စက်ဘီးနင်းပြီး ကောင်မလေးကို နောက်က ထိုင်ခိုင်းပြီး ခပ်လှမ်းလှမ်းက ဘူတာရုံကလေးဆီကို သွားကြတယ်။

          “လူတွေ ရုံးစုရုံးစု လုပ်နေတုန်းမှာ သားကလေးက သကြားလုံးဘူးကို မမီမကမ်း လှမ်းနှိုက်တာ ပုလင်းကွဲသွား တယ်။ ဒီတော့ စင်ပေါ်မှာ ရှိတဲ့ ပုလင်းတစ်လုံးထဲက ဆေး လုံးတွေကို အနားက ပုလင်းထဲ သွန်ထည့်ပြီး သကြားလုံးတွေကို လွတ်သွားတဲ့ ပုလင်းထဲထည့်ပြီး ဟန်မပျက် ထားလိုက်တယ်။

          “မိန်းမကြီးက အချိန်တန်တော့ သူယူနေကျ ပုလင်း ထဲက ဆေးလုံးကို ယူပြီး စားလိုက်တာ၊ အဆိပ်ဆေးလုံးကို စားမိပြီး သေသွားပါရော။ ဂျာမန်မကလေးနဲ့ ဘူတာရုံကို ထွက်ပြေးခိုက်မှာဖြစ်လို့ အိမ်မှာ အမှိုက်လှည်းတဲ့ မိန်းမကြီး က ပုလိပ်ကို တိုင်တယ်။ ဆရာဝန်က သူ့မယားကို အဆိပ်ကျွေး သတ်ပြီး ဂျာမန်မကလေးနဲ့ ထွက်ပြေးတယ်လို့ ထွက်ဆိုတယ်”

          “အမှုစစ်တဲ့အခါ အစိုးရရှေ့နေက ဆရာဝန်ကို ခင်ဗျား