Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

တက်တိုး - လူဝါးဝကြစမ်းပါ

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out

ညမြင်းမ

          “ဟေ့ သူငယ်ချင်း ညက ညမြင်းမ တစ်ကောင်ရလို့ မင်းကိုလာ ပြောတာ”

          “ဟင် ည-မြင်းမ”

          “အေးလေကွာ၊ ငါက အင်္ဂလိပ်ဝေါဟာရကို ပြောင်ပြောင်ကြီး တိုက် ရိုက် မြန်မာမှုပြုလိုက်တာလေ။ ညဆိုတာ နိုက်ထဲ၊ မြင်းမဆိုတာက မဲယား။ နှစ်လုံးပေါင်းတော့ နိုက်မဲယားပေါ့ကွ။ အစာမကြေလို့ အိပ်တဲ့ အခါမှာ မဟုတ်တာတွေ လျှောက်မက်တဲ့ အိပ်မက်ပေါ့ ။ ထမင်းလုံး တစ္ဆေခြောက်တယ် ခေါ်တယ် မဟုတ်လား”

          “အင်း နိုက်ထံမဲယားကို ညမြင်းမတဲ့။ မင်းလို ကောင်မျိုးလာရင် မြန်မာစကား ပျက်လိမ့်မယ်။ မင်းတော့ အသက်ကြီးလာလေလေ စိတ် မမှန်လေလေ ဖြစ်နေပြီ။ သူငယ်ပြန်တယ် ဆိုရအောင်လည်း မဖြစ်သေး ဘူး။ စိတ်သာမမှန်တာ ပြောတာဆိုတာတွေက မမှန်ဘူးလို့ မဆိုနိုင်ဘူး။ ကဲ-ထားပါတော့။ အချိန်ကျလာရင် မင်းကို စိတ်ရောဂါကုဆေးရုံ ပို့ ပေးဖို့ ငါ တာဝန်ယူပါတယ်ကွာ။ မင်းကသာ စိတ်ချလက်ချ အရူးထစမ်းပါ”

          “ငါ မရူးဘူးကွ။ ငါ အိပ်မက်ကို သေသေချာချာ မှတ်မိတယ်။ မေ့တာလျော့တာတွေ မရှိဘူး”

          “ကဲ ... ကဲ ... မင်းရဲ့ ည မြင်းမအကြောင်း ပြောစမ်း။ ငါက စာရေးဖို့ အကြောင်းရှာနေတာ။ အရူးဆီကလည်း အိုင်ဒီယာကောင်း ရတတ်တယ်” ။

          “ဒါဖြင့် ငါပြောမယ်။ မင်း နားထောင်။ အေးအေးသက်သာ နား ထောင်ပါ။ ခဏခဏ နားရွက်မထောင်နဲ့။ ခဏခဏ နားရွက်ထောင်ရင် လူတွေက မင်းကို အရူးဆိုပြီး စိတ္တဇဆေးရုံ ပို့ကြမှာ”

          “ဆိုစမ်း မင်းရဲ့ ည မြင်းမ” “ဒီလိုကွ၊ အိပ်မက်ထဲမှာ ငါက တောစပ်ကလေးတစ်ခု ရောက် သွားတယ်။ ဟိုဘက်ရွာက မင်္ဂလာဆောင်တစ်ခုကို သွားမလို့။ အပေါ် အကျီဖြူဖြူဝတ်လို့။ အောက်ကတော့ မန္တလေးလုံချည်နဲ့ပေါ့ကွာ” “ဘာလို့ ကားနဲ့မသွားသလဲ”

          အိပ်မက်ထဲမှာ ကိုယ်လုပ်ချင်တိုင်း လုပ်လို့ မရဘူးလေ။ တောစပ် ရောက်တော့ သစ်ပင်ကြီးတစ်ပင်အောက်မှာ လူကြီး ကြီးကြီး .. ကြီး တစ်ယောက် ထိုင်နေတယ်။ ငါ့မြင်တော့ သူက ထလိုက်တယ်။ သူ့အရပ် အမောင်းကြီးက အတော်မြင့်တာ။ သူ့ဘေးနားမှာ စားပွဲတစ်လုံးရှိတယ်။ စားပွဲပေါ်မှာ ငွေစက္ကူစတွေ တစ်ပုံကြီးပဲ”

          “သူက မင်းကို ကြိုဆိုတာ ဖြစ်မှာပေါ့” သည်။

          “ဟယ် ဘယ်ဟုတ်ရမှာလဲ။ ငါ့ကို စူးစူးဝါးဝါးကြီး ကြည့်နေတာ။ သူ့မျက်နှာကြီးကလည်း ထူအမ်းအမ်းကြီး။ သူ့ကို စိုက်ကြည့်လိုက်ပြီး ငါ့ရင်တွေ တုန်လာတယ်။ လက်စသတ်တော့ ဘီလူးကြီးကိုး”

“ဘီလူးကြီး ... အစွယ်ကြီးတွေ ပါးစောင်က ထွက်နေသလား”

          “ဟင့်အင်း လူလိုပါပဲ။ လူနဲ့ ဘီလူးကြီးပေါ့။ ငါတော့ သူ့ကြည့် ပြီး ရင်တုန်လာတယ်။ ကျောချမ်းလာတယ်။ ငါ့ကို အစိမ်းလိုက် ဝါးစား တော့မလို့လားပေါ့ကွာ”

          “ဪ ... မင်းဘီလူးက ပေါရိသာဒအနွယ် ထင်ပါရဲ့ ။ လူက ဘဝမပြောင်းဘဲ ဘီလူးဖြစ်တာပေါ့ ဟုတ်လား”

          “ဟာ .. မဟုတ်ဘူး။ သူကပြောတယ်။ ကျုပ်ဟာ လူ့ဘဝက အရာရှိကြီး။ ကျုပ်လာဘ်စားတာတွေ မဖုံးနိုင် မဖိနိုင်လို့ ပေါ်တာနဲ့ တရားစွဲခံရပြီး ထောင်ကျသွားတယ်။ ထောင်ကျရာမှာ စားနေကျအစာ မစားရ၊ သောက်နေကျ အရက် မသောက်ရတာနဲ့ အာဟာရချို့တဲ့ပြီး ကွယ်လွန်သွားတာတဲ့။ ငါလည်း အစကတော့ လူစင်စစ်က ဘီလူးဖြစ်နေ တာ မှတ်တာ။ အခုတော့ ပြိတ္တာဘီလူးကြီးမှန်းသိရလို့ ပိုပြီး ရင်တုန်ကျော ချမ်းတာပေါ့”

          “သူ့ဘေးနားမှာရှိတဲ့ စက္ကူတွေက အရင်ဘဝက အစွဲမပြတ်လို့ ရုံးအလုပ် လုပ်မလို့ ဖြစ်မှာပေါ့”

          “မဟုတ်ဘူးကွ။ စက္ကူတွေကလည်း စနစ်တကျ ဖြတ်ထားတဲ့ စက္ကူ တွေ။ အဲဒီစက္ကူတွေကို ငါနဲ့ပြောနေရင်းမှာ ပလုတ်ပလောင်း စားတယ်” “စက္ကူစားတယ်။ ဘယ်လို အကျင့်မျိုးပါလိမ့်”

          “ငါကလည်း အရဲစွန့်ပြီး ခင်ဗျားဘာလို့ စက္ကူတွေစားနေရသလဲ။ တိရစ္ဆာန်တွေထဲမှာ ဆိတ်ဟာ ဘာပဲဖြစ်ဖြစ်စားတယ်။ အရွက်ဆိုရင် ဘာဖြစ်ဖြစ်စားတယ်။ စက္ကူတွေ့ရင်လည်း ချမ်းသာ မပေးဘူး”

          “အေး ခင်ဗျားပြောတာမှန်တယ်။ ငါ လူ့ဘဝတုန်းကလည်း ဘာ ဖြစ်ဖြစ်စားတယ်။ အခုဘဝမှာတော့ စက္ကူရဲ့ အရသာကို ပိုသိလာလို့ စက္ကူပဲစားတယ်လို့ သူကဆိုတယ်။ ပြီးတော့ သူက ငါ့ကို စူးစူးဝါးဝါး ကြီး ကြည့်ပြီးတော့ မင်း အပေါ်အင်္ကျီ ချွတ်လိုက်၊ အဖြူဖြစ်အောင် ငါလျှော်ပေးမယ်၊ ပြီးတော့ လျှော်ခကို စက္ကူတစ်ထုပ် ဆက်သရမယ်တဲ့” “အင်း စက္ကူနဲ့ ဓာတ်တွေ့ နေတာကိုး”

          ငါက “ဟာ .. မလုပ်ပါနဲ့ဗျာ၊ ဒီအကျီဟာ အဖြူစက်စက်ပါ။ ခင်ဗျားကလည်း မျက်မှန်နက်မတပ်ဘဲနဲ့ အဖြူကို အမည်းထင်နေတာ ကိုး။ မလုပ်ပါနဲ့ဗျာ။ ဒီအင်္ကျီဖြူကလေးဟာ ကျွန်တော့် ရှိစုမဲ့စု စုပြီးတော့ ဝယ်ထားတာပါ”

          “သူက ဘာပြောသလဲ”

          “သူက မရဘူး မရဘူး။ မင်းအင်္ကျီအဖြူဆိုပေမဲ့ ငါတော့ အမည်း လို့ သတ်မှတ်တယ်။ ဒါကြောင့် ငါက ဝတ္တရားအရ ဖြူအောင် လျှော် ဖွပ်ပေးရလိမ့်မယ်။ ပြီးတော့သာ စက္ကူတစ်ထပ် လျှော်ခပေး လို့ဆိုတယ်”

          “ဒီဘီလူးကလည်း စက္ကူကြိုက်တဲ့ ဘီလူးပဲ။ ရှားပါ့ကွာ”

          “ခက်တာက လူ့ဘဝတုန်းက စက္ကူစွဲတဲ့ စိတ်ရောဂါရှိတာ ထင် ရှားတယ်။ စိတ်ပညာအရ စက္ကူအပေါ် အစွဲကြီးတာကို စိတ်ပညာ ဝေါဟာရ ဘယ်လိုခေါ်သလဲ ငါမသိဘူး။ မင်းကော သိလား”

          “မသိပါဘူးကွာ၊ ပေးပါးမဲနီးယားလို့ ခေါ်မလား မသိဘူး။ ဒေါက်တာ အုန်းမောင် တွေ့မှ မေးကြည့်ရဦးမယ်။ ကဲ ... ဆက်ပြောစမ်းပါဦး”

          “ဘီလူးကြီးက အမိန့်ပေးတဲ့ အသံနဲ့ ငါ့အကျီအဖြူကို သူ့အပ်ရ မယ်တဲ့။ အဖြူဆိုတာ လက်မခံနိုင်ဘူး။ သူလျှော်ပေးပြီးမှ အဖြူလို့ လက်ခံနိုင်မယ်တဲ့။ ငါလည်း မတတ်နိုင်တော့ဘူးကွာ။ အင်္ကျီကို အပ် လိုက်ရတာပေါ့”

          “အဲဒီတော့ ဘီလူးကြီးက အဖြူကို အဖြူဖြစ်အောင် လျှော်ရော့လား”

          “မဟုတ်ဘူး၊ ငါ့ အင်္ကျီအဖြူစက်စက်ကို သူ့နားမှာ အသင့်ရှိတဲ့ ရွှံ့အိုင်ထဲ နှစ်လိုက်တယ်။ ငါလည်း ရှိစုမဲ့စု ရိုးရိုးသားသားနဲ့ဝယ်ထားတဲ့ ငါ့အကျီကို နှမြောတာပေါ့ ။ သူက ရွှံ့ထဲက အင်္ကျီကိုယူပြီး သူ့နားက